HCF

HCF MYANMAR IN SINGAPORE

Saturday, June 19, 2010

ခရစ်တော်ေုကာင့်ခံစားရသောအရာများ


သင်ခန်းစာ (၁၈)

ငါတို့ သည်ခရစ်တော်နှင့်အ တူရှင်ပြန်ထမြောက်လာ သောအခါအောက်ပါ အကျိုးများကိုခံစားရကြသည်။

ဒုတိယအကြိမ်မွေးဘွားပြီ

သခင်ယေရှုက- ဒုတိယမွေးဘွားခြင်းကို မခံသော သူ မည်သည် ကား ဘုရားသခင်၏နိင်ငံတော်ကို မမြင်ရဟုဆိုသည် (ယော ၃း၃)။ သို့ဖြစ်လျှင်မည်ကဲ့သို့ ဒုတိယအကြိမ် မွေးဘွားရမည်နည်း။ သခင်ယေရှုက-ရေ နှင့်ဝိညာဉ်တော်အားဖြင့်မွေးဘွားရမည်- ဟုဆိုသည် (ယော၊၃း၅)၊ ရေဟုဆိုသောကြောင့် အချို့ သောသူများက ရေနှစ်ခြင်းအားဖြင့်ဒုတိယ အကြိမ်မွေး ဘွား ပြီ ဟုယူဆကြသည်။ သို့ သော် ရေနှစ်ခြင်းဖြင့် ဒုတိယအ ကြိမ် မမွေးဘွား နိင်ပါ။ မွေးဘွားနိင်လျှင်ခရစ်တော်ဤ လောကသို့ ကြွလာစရာမလို။

ဒုတိယမွေးဘွားခြင်းသိဘို့ ရန် ပဌမမွေးဘွားခြင်း သိဘို့ လိုသည်။ ပဌမ မွေးဘွားခြင်းသည် မိခင်ဝမ်းထဲမှ မွေးဘွား ခြင်းဖြစ်သည်။ ပဌမ မွေးဘွားသော အခါ အာဒံအမျိုး၊ အာဒံ မိသားစုထဲ၌ မွေးဘွားသည်။ အာဒံအမျိုးသည် လူဟောင်း ဖြစ်၍ အပြစ်သားဖြစ်သည်။ ထို ပဌမ မွေးဘွားခြင်းဖြင့် ကောင်းကင်သို့  မ၀င်နိင်ပါ။ ဒုတိယပြန်မမွေးလျှင်ဘုရားသခင်၏နိင်ငံတော်ကို မ၀င်ရသည်သာမက မြင်လည်း မမြင်ရပါ။ ဒုတိယ မွေးဘွားဘို့  ရန်ရေနှစ်ခြင်း၊ အကျင့်ပြောင်းလဲခြင်း၊ ဘုရားတရား ကြိုးစားခြင်း၊ ပညတ်တော်လိုက်လျှောက်ခြင်းဖြင့်မရပါ။

ဘုရားသခင်သည် လူဟောင်းအာဒံအမျိုးကို ခရစ်တော်နှင့်အတူလက်ဝါး ကပ်တိုင်၌ ရိုက်သတ်လိုက်သည်။ ထို့ နောက် သင်္ချိုင်းထဲ၌ မြှပ်နှံ၍ ရှင်ပြန်ထမြောက် စေသည်။ ထိုသို့  ထမြောက်လာသောအခါ လူဟောင်းမဟုတ်တော့ဘဲ လူသစ်ဖြင့် ထမြောက် စေ သည်။ ထိုသို့ လူသစ်ဖြစ်ဘို့ ရန် လူမတတ်နိင်ပါ။ ဘုရားသခင်၏ တန်ခိုးအားဖြင့်ဖြစ်သည် (၂ ကော၊ ၅း၁ရ)။ ထို သို့ လူသစ်အဖြစ်သို့  ရောက်ရှိခြင်း သည်သာ လျှင် ဒုတိယ မွေး ဘွားခြင်းဖြစ်သည်။

သားတော်နိင်ငံသို့ ရောက်ပြီ

ယခင်လူဟောင်းဘ၀တွင် အမှောင်နယ်မြေ၌နေရသည်။ ထိုအမှောင်နယ် ထဲမှ ထွက်တတ်သော်လည်းဘုရား သခင်သည် ခရစ်တော်အား ဖြင့် ငါတို့ကို ဆွဲနှုတ် လိုက်သည်။ ကျမ်းစာ၌- မှောင်မိုက်တန်ခိုးမှလည်းငါတို့ ကိုနှုတ်၍ ချစ်တော် မူသောသားတော်၏ နိင်ငံထဲသို့ သွင်း တော် မူ၏- ဟုဆိုသည် (ကော၊၁း၁၃)။ ထို့ ကြောင့်မိတ်ဆွေသည် မှောင်မိုက်တန်ခိုး၌ မရှိတော့ချေ။ ခရစ်တော်၏ နိင်ငံသို့ရောက်ပြီ။ တဖန်-ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ- ဟုဆို ပြန်သည် (ဧဖက် ၊၂း၆)။ ထို့ ကြောင့်မိတ်ဆွေသည် ယာယီတဲဖြစ်သော မိတ်ဆွေ၏ မြေအိမ် (ကိုယ်ခန္ဓာ) ပျက်လျှင် ကောင်းကင်ဘုံ၌ လူ့ လက်ဖြင့်မလုပ်ဘဲ ဘုရားသခင်ပြင်ဆင် တော် မူ သော နိစ္စထာဝရ နေအိမ်ရှိပြီ (၂ ကော ၅း၁)။ မိတ်ဆွေသည်ကောင်းကင်၌ နေရာမဲ့ဖြစ်မည် မဟုတ်သော ကြောင့် ဤလောကကိုမစွဲလန်းသင့်။ ဤလော ကောင်းကင် ကိုယ်စားလှယ်အဖြစ် နေသင့်သည်။

ထာဝရအသက်ရပြီ

မိတ်ဆွေသည် ကယ်တင်ခြင်းအကြောင်းနှင့်ယှဉ်သော ဧ၀ံဂေလိ တရားတည်းဟူသော သမ္မာတရားကို ကြားနာ၍ထို ခရစ်တော်ကို ယုံကြည် ပြီးမှ ကတိတော်နှင့်ယှဉ်သောသန့် ရှင်း သောဝိညာဉ်တော်၏ တံဆိပ် ခပ်ခြင်းကိုခံရပြီ(ဧ ၁း၁၃)၊ သန့် ရှင်း သော ၀ိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရလျှင်ခရစ် တော်ကိုရရှိပြီ။ ခရစ်တော်ကို ရရှိသောကြောင့် ထာဝရအသက် ကိုလည်းရရှိပြီ။ ထိုသို့ ရ ရှိကြောင်းကို မိတ်ဆွေကိုယ်တိုင်နား လည်ဘို့  လိုသည် (၁ယော ၊၅း၁၁-၁၃)။

ဘုရားသားဖြစ်ပြီ

မိတ်ဆွေသည် ပဌမမွေးဘွားသောအခါ စာတန်သားဖြစ်ခဲ့သည် (ယော ၈း၄၄)။ သို့ သော်ယေရှုခရစ်ကို လက်ခံချိန်မှစ၍ ဘုရားသား ဖြစ်ရသော အခွင့်ကိုရပြီ (ယော ၁း၁၂)။ ထို့ ကြောင့်ငါတို့သည် ဘုရားသား ဖြစ်ရကြသည်ဟု ၀ိညာဉ် တော်သည်ငါ တို့ ၏ ၀ိညာဉ်နှင့်အတူ သက်သေခံ တော်မူ၏ (ရော ၈း၁၆)။သားဖြစ်သောကြောင့်လည်းအမွေး စား အမွေခံများ လည်းဖြစ် ကြပြီ (ရော ၈း၁ရ)။

ဘုရားလက်ထဲ၌

မိတ်ဆွေ၏အသက်သည်ဘုရား သခင်ထံ၌ရှိပြီ။ကျမ်းစာ၌- သင်တို့သည် သေသောသူဖြစ်၍သင်တို့ ၏အသက်သည် ခရစ်တော် နှင့်အတူ ဘုရား သခင်၌၀ှက်ထားလျက်ရှိ၏-ဟုဆို သည် (ကော၊၃း၃)။ ထို့ ကြောင့် မိတ်ဆွေ၏ အသက်ကို စာတန်သည် မထိခိုက် နိင် တော့ချေ။ ထို့အပြင်ခရစ်တော်က- ငါ့သိုးတို့သည် ငါစကားသံကိုနားထောင်၍ ငါ့ နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ ကို ငါသိ၏။ ထာဝရ အသက်ကိုလည်း ငါပေး၏။ ထိုသိုးတိုသည် ပျက်စီးခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုး တို့ကို ငါ့လက်မှ မနှုတ်မယူရာ။ ထိုသိုးတို့ ကိုငါ့လက်၌ အပ်ပေး တော်မူ သော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီး မြတ် တော်မူ သည် ဖြစ်၍ အဘယ်သူ မျှထိုသိုးတို့ ကိုငါ့ခမည်းတော်၏လက်မှ မနှုတ် မယူရာ- ဟုဆိုသည် (ယော ၁၀း၂ရ-၂၉)။

ယခုမိတ်ဆွေသည် ခရစ်တော်၏သိုးဖြစ်သောကြောင့် ထာဝရ အသက် ရှင်ပြီ၊ ပျက်စီးခြင်းနှင့်လည်း အစဉ် ကင်းလွတ်သောသူဖြစ်သည်။ ပျက်စီးခြင်း ဆိုသည်မှာ ငရဲသွားခြင်းကို ဆိုလိုသည်။ မိတ်ဆွေသည် ခမည်းတော်နှင့် ခရစ်တော်၏ လက် ထဲ၌ ရှိသောကြောင့် စာတန်သည်မိတ်ဆွေကို မထိခိုက် မစွဲနှုတ် နိင်တော့ချေ။ သို့ သော်အပြစ်ပြုလုပ်ဘို့ရန် သွေးဆောင်နိင်သေးသောကြောင့် သတိထားရမည်။

ဖြောင့်မတ်သူဖြစ်ပြီ

ပညတ်တရားအားဖြင့် မရနိင်သော ဖြောင့်မတ်ခြင်းကို မိတ်ဆွေသည် ရရှိပြီဖြစ်သည်။ ဖြောင့်မတ်ခြင်းကို ဘုရားသခင်ကသာ ပေးပိုင်သည်။ ကျမ်းစာက -ဖြောင့်မတ်ရာကတည်စေသောသူကား ဘုရားသခင်ပေတည်း-ဟုဆိုသည် (ရော၊၈း၃၃)။ ဘုရားသခင်သည် ခရစ်တော်၏ အသွေးအားဖြင့် မိတ်ဆွေကို ဖြောင့်မတ်စေပြီ။ ကျမ်းစာ၌ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့် မတ်ရာ သို့ ရောက်ပြီ- ဟုဆိုသည် (ရော၊၅း၉)။ ထိုဖြောင့်မတ်ခြင်းသည် လူ့ အမြင်၌ မဟုတ်။ ဘုရားအမြင်၌ဖြစ်သည်။ ကျမ်းစာကဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သော သူကို ငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေ တော်မူ၏။ အကြောင်းမူကား ငါတို့ သည်ထိုသူအား ဖြင့် ဘုရားသခင်ရှေ့ တော်၌ ဖြောင့်မတ် သောသူ ဖြစ်မည့်အကြောင်းတည်း -ဟုဆို သည် (၂ ကော ၅း၂၁)။ ထို့ ကြောင့် မိတ်ဆွေသည် ဘုရားအ မြင်၌ ဖြောင့်မတ်ပြီ။ ထို့  ကြောင့် ဖြောင့်မတ်သောသူကဲ့သို့ အသက်ရှင်ဘို့ လိုလာသည်။


ဘုရားသခင်၏ အပေါင်းအသင်းဖြစ်ပြီ

ယခင်ဘ၀၌ မိတ်ဆွေသည် ဘုရားသခင်နှင့်ဘာမျှမဆိုင်။ ထိုမျှသာမက ဘုရားသခင်၏ ရန်သူဖြစ်ခဲ့သည်။ သို့သော် ယခုတွင် မှောင်မိုက်ထဲ မှ အံ့ဘွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသော သူ၏ဂုဏ် ကျေးဇူး တော်များကို ဖေါ်ပြစေခြင်းငှါ ရွေးချယ်တော်မူ သော အမျိုး ဖြစ်ပြီ။ မင်းစည်း စိမ် ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့် ရှင်းသောလူမျိုး ပိုင်ထိုက် တော်မူသော အပေါင်းအသင်းဖြစ်ပြီ။ အထက်က အပေါင်း အသင်း မဟုတ်။ ယခုတွင်ဘုရားသခင်၏ အပေါင်းအသင်းဖြစ်ပြီ။ ဂုဏ်ကျေးဇူး တော် ကိုအထက်ကမခံရသော်လည်း ယခုတွင်ခံရပြီ(၁ ပေ ၂း၉-၁၀)။

မိတ်ဆွေသည် ယဇ်ပုရောဟိတ်မျိုးဖြစ် သောကြောင့် မင်းစည်း စိမ်ခံစားခွင့် ရှိသည်သာမက ကိုယ်တိုင်ဆုတောင်း နိင်သည်။ ဘုရားသခင်၏ အပေါင်းအသင်း ဖြစ်သောကြောင့် ဘုရားသခင်နှင့်အစဉ်မပြတ်မိဿဟာရဖွဲ့ နိင်သည်။ ကျေးဇူးတော် ခံစားသောသူ လည်းဖြစ်ပြီ။


သင်ခန်းစာ (၁၈) မှမေးခွန်းများ

၁။ ပဌမမွေးဘွားခြင်းသည်---------------မှမွေးဘွားခြင်းဖြစ်သည်။

၂။ ဒုတိယမွေးဘွားခြင်းသည်ခရစ်တော်နှင့်အတူ---------သောအခါဖြစ်သည်။

၃။ မိတ်ဆွေကို ----------တန်ခိုးမှနှုတ်၍ချစ်တော်မူသော----------၏နိင်ငံသို့ ပို့ဆောင်ပြီ။

၎။ မိတ်ဆွေသည်လောက၏-------------ကိုယ်စားလှယ် ဖြစ်သည်။

၅။ မိတ်ဆွေသည်---------------၏ တံဆိပ်ခပ်ခြင်းခံရပြီ။

၆။ မိတ်ဆွေသည်သခင်ယေရှုကိုယုံကြည်သောကြောင့်ဘုရားသခင်၏ ----------------------ဖြစ်ပြီ။

ရ။ မိတ်ဆွေသည်ခရစ်တော်၏----------ထဲ၌ရှိသောကြောင့် စာတန်သည် မိတ်ဆွေကို မ-------------------ခိုက်နိင်ချေ။

၈။ မိတ်ဆွေသည်ဘုရားသခင်၏အမြင်၌------------------ပြီ။

၉။ မိတ်ဆွေသည်မင်းစည်းစိမ်ရှိသော---------------------ဖြစ်ပြီ။

၁၀။ မိတ်ဆွေသည်---------------၏ အပေါင်းအသင်းဖြစ်ပြီ။

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support