HCF

HCF MYANMAR IN SINGAPORE

Tuesday, June 1, 2010

သင်ကယ်တင်ခြင်းရပြီးကြောင်း မည်ကဲ့သို့ သေချာစေမည်နည်း။


How to be sure you are saved!

Practical Christian Living

Lesson 2

သော့ချက် ကျမ်းပိုဒ်။

သက်သေခံတော်မူခဵက်ဟူမူကား၊ ဘုရားသခင္သည္ငၝတိုႛအား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပၝ၏။-သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။
(၁ယော၊ ၅း၁၁-၁၂)


ချစ်သောမိတ်ဆွေ

သင်၏ကယ်တင်ခြင်းစိတ်ချမှုအတွက် သံသယစိတ်များကြောင့် ဒုက္ခရောက်နေပါသလား။ သင်သည် ဝတ်ပြုစည်းဝေးများ၌ ရှေ့သို့တက်ကာ ဆုတောင်းခြင်း၊ ယေရှုခရစ်တော်ကို စိတ်နှလုံးတွင်းသို့ခေါ်ဖိတ်လက်ခံခြင်းပြုခဲ့သော်လည်း သင်၏ကယ်တင်ခြင်းအတွက်၊ မသေမချာဖြစ်နေပါသလား။ သင်ပြောမည် '' တခါတရံ၊ ကျွန်တော်/မ ကယ်တင်ခြင်းရပြီး ဟုခံစားရပါသည်။တခါတရံ ကျွန်တော်/မ ကိုယ့်ကိုယ်ကို ဘုရားသားဟုမခံစားရပါ။ ကျွန်တော်/မ ကယ်တင်ခြင်းစိတ် ချမှုရရှိချင်သည်။ ''

သင်စိတ်ချမှုရ ရှိနိုင်ပါသည်။ ဘုရားသခင်သည် သင်၏ဘဝအသက်တာတလျှောက် စစ်မှန်သောခရစ်ယာန်တစ် ယောက်ဟုတ်မဟုတ်၊ မသေမချာ၊ တွေဝေသူမဖြစ်စေချင်ပါ။

ခရစ်ယာန်ဟူသည်ကား အဘယ်နည်း။

ရှေးဦးစွာ၊ ခရစ်ယာန်ဟူသည်ကား အဘယ်နည်းကို သေချာတိကျ သိရှိထားဖို့လိုအပ်ပါသည်။ အကယ်၍တစ်ဦးတစ်ယောက် မှခရစ်ယာန်ဟူသည် ကားဘာလဲဟု သင့်အားမေးခဲ့သော်သင်မည် ကဲ့သို့ဖြေမည်နည်း။ သင်ကခရစ်ယာန်ဟူသည်ကား '' သမ္မာကျမ်းစာဖတ်၊ ဆုတောင်းပြီး ဘုရားကျောင်း မှန်မှန် တက်သောသူ '' ဟုဖြေကောင်းဖြေမည်။ ခရစ်ယာန်များသည် ဤသို့ပြုမူသည်မှာမှန်ပါသည်။ သို့သော် ဤလုပ်ရပ်ကို ခရစ်ယာန်မဟုတ်သူများလည်း လုပ်နိုင်ပါသည်။ တဖန် ''ခရစ် ယာန်ဟူသည်မှာ ကောင်းသောအသက်တာလိုက်လျှောက်သူ၊ အခြားသူများအားကူညီသူနှင့် ကောင်းမှုပြုသူ '' ဟူ၍ လည်း သင်ပြောနိုင်သည်။ ခရစ်ယာန်မဟုတ်သူများလည်း ဤလုပ်ရပ်ကိုလုပ်နိုင်ပါသည်။

'' ဒါဆိုရင်ခရစ်ယာန်ဟူသည်ကား အဘယ်နည်း '' အသက်တာထဲ၌ ယေရှုခရစ်တော်ကိန်းဝပ်နေသောသူကို ခရစ်ယာန်တ ဦးဟုခေါ်ပါသည်။ ယေရှုခရစ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၏အထဲ၌ကိန်းဝပ်ပါသည်။ '' ထိုသို့သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သောသားတော်၏ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံး ထဲသို့ ဘုရားသခင်စေလွှတ်တော်မူ၏ '' ဂလ ၄း၆။

ယေရှုခရစ်တော်၌ ရင်းနှီးကျွမ်းဝင်မှုမရှိသောသူသည် စစ်မှန်သောဘုရားသားမဟုတ်ဟု သမ္မာကျမ်းစာကအတိ အလင်းဖော်ပြထားပါသည်။ '' ခရစ်တော်၏ဝိညာဉ်ကို မရသောသူမည်သည်ကား ခရစ်တော်နှင့် မစပ်ဆိုင် '' ရော ၈း၉၂

ခရစ်ယာန်တစ်ယောက်ဖြစ်လာရန် မည်ကဲ့သို့လုပ်ဆောင်ရမည်နည်း။

ခရစ်ယာန်တစ်ဦး ဖြစ်လာရန်မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သေသေချာချာ နားမလည်ပါသောကြောင့် လူများ စွာတို့သည် ကယ်တင်ခြင်း စိတ်ချမှုမရှိကြပါ။ ခရစ်ယာန်တစ်ဦးဖြစ်လာဖို့လုပ်ဆောင်ရမည့်အရာနှင့်ပတ်သက်၍ သင့် တော်သည့်စကားလုံးမှာ (၁) နောင်တရပါ (၂) ယုံကြည်ပါ (၃) လက်ခံရရှိပါ ဖြစ်ပါသည်။ ဆိုလိုရင်းကို ဆက်လက်၍ ဆင်ခြင်ကြပါစို့။

၁။ နောင်တရပါ။ ကျွန်ုပ်တို့သည် မိမိတို့၏အပြစ်များအတွက် နောင်တ ရကြရပါမည်။

နောင်တရခြင်းသည် ကယ်တင်ခြင်းအတွက်မရှိမဖြစ်လိုအပ်သည်။ ဓမ္မသစ်ကျမ်းထဲတွင်ငါးဆယ်ငါးကြိမ်တိုင်တိုင်ဖော်ပြ ထားပါသည်။ ကျမ်းစာလာ သည်ကား '' ယခုမှာ ကိုယ်အပြစ်ကိုမြင်၍နောင်တရကြလော့ဟု ခပ်သိမ်းသောအရပ်တို့၌ ရှိသောလူအပေါင်းတို့အားပညတ်တော်မူ၏။'' တ ၁၇း၃ဝ


နောင်တရပါဟူသည်ကား အဘယ်နည်း။
နောင်တရပါဟူသည်မှာ မိမိ၏အပြစ်ဒုစရိုက်များအတွက် စိတ်မကောင်းဖြစ်ရုံ လေးမဟုတ်ပါ။ ယုဒရှကာ ယုတ်သည် သခင်ယေရှုအပေါ် သစ္စာဖောက်မိသောကြောင့် စိတ်မကောင်းဖြစ်ခဲ့သော်လည်း နောင်တမရ ရှိခဲ့ပေ။ နောင်တရသည်ဟူသည်မှာ အပြစ်လုပ်ခြင်းမှ ရပ်တန်းရပ်ရုံလေး မဟုတ်ပါ။ အချို့သောလူများတို့ သည် အပြစ်လုပ်ခြင်းတချို့ မှရပ်တန်းရပ်ကြခြင်းသည် ဘုရား၏စကားကို နာခံချင်သောကြောင့် မဟုတ်ဘဲ မိမိ၏ကျန်းမာ ရေး၊ စီးပွားရေး ၊ သိက္ခာနှင့်မိသားစုအရေးများကြောင့်သာ ဖြစ်သည်။ ဤလုပ်ဆောင်ချက်များသည် နောင်တရခြင်း မဟုတ်ပါ။

ဒါဆိုရင်၊ နောင်တရခြင်းဟူသည်ကား အဘယ်နည်း။ နောင်တရခြင်းဟူသည်ကား ဘုရားသခင်၏အလိုတော်ကို ဆောင်ရန် အပြစ်လမ်းထဲမှ ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာစေသည့် အမှန်တကယ်ပင် စိတ်နှလုံးအတွင်းမှ မိမိ၏ အပြစ်များအတွက်ဝမ်းနည်းကြေကွဲမှုကိုခေါ်သည်။ ဒါဝိဒ်သည် မိမိ၏စစ်မှန်သောနောင်တရခြင်းကိုဖွင့်ဆိုသည်မှာ ''ကိုယ် လိုက်ရာလမ်းကို ဆင်ခြင်သောအခါ၊ သက်သေခံတော်မူချက်တို့သို့ လိုက်ပါ၏။ '' ဆာ ၁၁၉း၅၉

သခင်ယေရှုမှ ကျွန်ုပ်တို့အားနောင်တရခြင်း၏အဓိပ္ပာယ်ကိုရှင်းလင်းစွာ ဥပမာပေးဖွင့်ဆိုဖော်ပြခဲ့ပါသည်။

''တစ်စုံတစ်ယောက်သူ၌ သားနှစ်ယောက်ရှိ၏။ သားအကြီးဆီသို့သွား၍ ငါ့သား၊ ယနေ့ငါစပျစ်ဥယျာဉ်သို့သွား၍လုပ် ဆောင်လော့ ဟုဆိုလျှင်၊ သားက ငါမသွားဟုပြန်ပြောသည်။'' မ ၂၁း၂၈

'' အဘသည် အခြားသောသားဆီသို့သွား၍ ရှေ့နည်းအတူဆိုလျှင်၊ သားကသွားပါမည် အဘသခင်ဟုဆိုသော် လည်းမသွားဘဲနေ၏။'' မ ၂၁း၃ဝ

ဖခင်သည်သားတို့၏အပြုအမူကြောင့်အလွန်ပင်စိတ်ထိခိုက်မှာသေချာပါသည်။ သို့သော် ဤဥပမာလေးသည် ဤတွင်မဆုံးသေးပါ။ သားကြီး သည် မိမိ၏နာမခံခြင်း၊ ပုန်ကန်ခြင်းသည် ဖခင်အားမည်မျှစိတ်ထိခိုက်စေမည်ကို ပြန်လည် ဆင်ခြင်မိသောအခါ နောင်တရပြီး ဖခင်စေခိုင်းသည့်အတိုင်း သွား၍ လုပ်ဆောင်လေ၏။

ကျွန်ုပ်တို့သည် ပထမသားနှင့်တူကြပါသည်။ ဘုရားသခင်အား ကြိမ်ဖန်များစွာ ငြင်းဆန်ခဲ့ကြပါသည်။ တစ်ကိုယ်ကောင်းဆန်ပြီး မိမိ စိတ်ကြိုက်သာ ဦးစားပေးတတ်ပါသည်။ ဘုရားမျက်မှောက်တော်၌ စိတ်နှလုံးများ ခိုင်မာလှပါသည်။

ဘုရားသခင်သည် သူ၏ကြီးမြတ်သောမေတ္တာ၊ ဂရုဏာတော်ဖြင့် နည်းအမျိုးမျိုးသုံး၍ ကျွန်ုပ်တို့၏စိတ်နှလုံးနူးညွတ်ပျော့ပြောင်းကာ သူ့ထံသို့ ပြန်လှည့်လာစေသည်။ ကျွန်ုပ်တို့သည် အဘယ်မျှလောက် တကိုယ်ကောင်းဆန်၍ အပြစ်ကြီးကြောင်း မိမိကိုယ်မိမိပြန်မြင်စေဖို့ သန့်ရှင်းသောဝိညာဉ်တော် အား စေလွှတ်သည်။ တစ်ခါတရံနောင်တရဖို့ခေါ်ဆောင်ခြင်းက ဘုရားသခင်၏ကောင်းမြတ်ခြင်း ဖြစ်သည်။ ဤအရာကိုကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် ငါတို့နှင့်အတူ ရှိနေပြီး မည်မျှ ချစ်၍သည်းခံစိတ်ရှည်ကြောင်း မြင်တွေ့ရသည်။

ကျွန်ုပ်တို့သည် နောင်တရပြီးဘုရားသခင်ထံတော်သို့ပြန်လာလျှင်သူသည် သနားခြင်း၊ ဂရုဏာကြွယ်ပြီး ကျွန်ုပ်တို့အား အခွင့်လွှတ်ချင်ဆုံးသူ ဖြစ်ကြောင်း တွေ့မြင်ရပါသည်။ ကျမ်းစာလာသည်ကား '' ဆိုးသောသူသည် မိမိလမ်းကို၎င်း၊ မတရားသောသူသည် မိမိ အကြံတို့ ကို၎င်း၊ စွန့်ပစ်၍၊ ထာဝရဘုရားသခင်ထံတော်သို့ပြောင်းလဲပါ၏။ သို့ပြုလျှင် သနားတော် မူလိမ့်မည်။ ငါတို့ ဘုရားသခင်ထံတော်သို့ပြောင်းလဲပါစေ။ သို့ပြုလျှင်အထူးသဖြင့် အပြစ်ကိုလွှတ်တော်မူလိမ့်မည်။'' ဟေရှာ ၅၅း၇

သင်သည် စစ်မှန်သောနောင်တရ၊မရသိရှိရန် အထောက်အကူအဖြစ်ရိုးစင်းသောမေးခွန်း အချို့ ဖော်ပြထားပါ သည်။ ကျွန်ုပ်တို့သည် ပုန်ကန်မှုကို ရပ်၍ဘုရားထံသို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လှည့်လာလျှင် သူ၏သားတော်ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံရန် အဆင်သင့်ဖြစ်ပြီး။

၂။ ယုံကြည်ပါ။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်ရပါမည်။

လူများစွာက ယေရှုခရစ်တော်နှင့်ပတ်သက်သောအကြောင်းအရာများကို ယုံကြည်ကြပါသည်။ သူသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း၊ လောကလူသားများအပြစ်တွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံကြောင်းယုံကြည်ကြပါသည်။ သို့သော်သူ့အားအလွန်တရာချစ်ရန်၊ သို့မဟုတ် သူ့အလို ဆန္ဒအတိုင်း နာခံလိုက်လျှောက်ရန် ဆန္ဒမရှိကြပါ။ ဤအရာသည်ခရစ်တော်ကို အမှန်တကယ်မယုံကြည်ပါသောကြောင့် ကယ်တင်ခြင်းလည်း မရ ရှိနိုင်ပါ။

ဘုရားသခင်၏ကယ်တင်ခြင်းသည် လူသား အသက်ရှင်သော သခင်ယေရှုကိုယ်တိုင်ပင် ဖြစ်သည်။ ကျမ်းစာလာသည် ကား''သားတော်ကို ရသော သူသည် အသက်ကိုရ၏'' ၁ယော ၅း၁၂။ '' သခင်ယေရှုခရစ်ကိုယုံကြည်ကြလော့၊ ယုံကြည်လျှင် သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်း သို့ရောက်ကြလိမ့်မည်။'' တ ၁၆း၃၁။

သခင်ခရစ်တော်ကိုယုံကြည်ခြင်းဆိုသည်ကားအဘယ်နည်း။သူသည်ဘုရားသခင်၏သား၊ ချစ်ရန်၊ကိုးကွယ်ရန်နှင့် နာခံရန်ထိုက်တန်သူဟု ယုံကြည် ခြင်း ဖြစ်သည်။

သမ္မာကျမ်းစာက ယုံကြည်ခြင်းသာမက ချစ်ခြင်းမေတ္တာကို အလေးထား ဖော်ပြထားပါသည်။ ကျွန်ုပ်တို့၏စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရပါမည်။ တနေ့သခင်ယေရှုကို''ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည် သာ၍ကြီးသနည်း"ဟုမေးသောအခါ ယေရှုက ''သင်၏ဘုရား သခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့ ဟူသော ပညတ်သည် ပထမပညတ် ဖြစ်၏။'' ဟုဖြေ၏။ မ ၂၂း၃၇-၃၈။

ဘုရားသခင်ကိုချစ်ခြင်းသည်ခံစားချက် သာမဟုတ်ပါ။ သေချာသောစိတ်ဆန္ဒ၏ရွေးချယ်မှုဖြစ်သည်။ ဒါဝိဒ်က'' ကိုယ်တော်ကို အကျွန်ုပ် ချစ်ပါ၏'' ဟု ဆာ ၁၈း၁ မှာဖော်ပြထားပါသည်။ ထိုကဲ့သို့ ကျွန်ုပ်တို့လည်းစိတ်နှလုံးပါ လျက်ပြောသင့်ပါသည်။ စိတ်နှလုံးကိုဖွင့်၍ သူ့အား ''သခင်ယေရှု၊ ကိုယ်တော်သည် ချစ်ရန်ထိုက်တန်သူ၊ ကိုးကွယ်ရန်ထိုက်တန်သူ၊ နာခံရန်ထိုက်တန်သူ ဖြစ်ပါ၏။ ကိုယ်တော်စား စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်စွမ်း သတ္တိရှိသမျှနှင့် ချစ်ပါမည်။'' ဟု ဝန်ခံကြပါစို့။

ကျွန်ုပ်တို့သည်ဘုရားသခင်ကို အမှန်တကယ် ချစ်ပါက သူ့ကို နာခံပါလိမ့်မည်။ ဘုရားသခင်ကိုလိုလိုလားလားနာခံ ချင်စိတ်မရှိဘဲနှင့် သူ့အား ချစ်တယ် ဆိုလျှင်တော့ ဘယ်လိုမျှ မဖြစ်နိုင်ပါ။ ယေရှုက'' ငါ့ကိုချစ်သောသူသည် ငါ့စကားကိုနား ထောင်လိမ့်မည်။''ဟုယော ၁၄း၂၃ မှာ ဆိုထားပါသည်။

သင်သည်ယေရှုခရစ်တော်ကိုအမှန်ပင်ယုံကြည်လက်ခံသူဖြစ်ကြောင်းသိရှိနိုင်ဖို့ အောက်ပါအထောက်အထားများကသင့်ကို ကူညီ ပေးပါလိမ့်မည်။

၃။ လက်ခံရရှိပါ။ ကျွန်ုပ်တို့သည် သခင်ယေရှုကိုကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် လက်ခံရရှိ ရကြပါမည်။

ဘုရားသားတစ်ယောက်ဖြစ်လာရန် တစ်စုံတစ်ခုကိုယုံကြည်ပြီး တစ်ဦးတစ်ယောက်ကို လက်ခံရ ရှိရပါမည်။ ထိုတစ်စုံတစ်ယောက်သော သူသည် ယေရှုခရစ်တော်ပင်ဖြစ်သည်။ သူသည် မည်သူဖြစ်ကြောင်း၊ မည်သည့်အရာများဆောင်ရွက်ခဲ့ ကြောင်းစသည့် သူ့အကြောင်းကို ယုံကြည်ယုံမျှမဟုတ်ဘဲ သူ့ကို ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် လက်ခံ ရရှိရကြပါမည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးတွင်းသို့ဝင်ရောက်ရန် ခေါ်ဖိတ်ခြင်း အားဖြင့် လက်ခံရရှိပါသည်။ ယေရှုက ကျွန်ုပ်တို့၏စိတ်နှလုံးကို တံခါးပေါက်ရှိသော အိမ်တစ်လုံးကဲ့သို့ ခိုင်းနှိုင်းထားပါသည်။ ဗျာ ၃း၂ဝမှာ ယေရှုက 'ငါသည်တံခါးရှေ့မှာ ရပ်၍ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍တံခါးကိုဖွင့်အံ့။ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည် လည်းငါနှင့်အတူ စားသောက်ရ လိမ့်မည်။'' ဟုမိန့်တော်မူသည်။

ဤသည်မှာ စစ်မှန်သောကယ်တင်ခြင်းဖြစ်သည်။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏စိတ်ထဲသို့လာရောက်ကိန်း ဝပ်နေမှာဖြစ်သည်။ ကျမ်းစာက '' ထိုသူကို လက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရား သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ '' ယော ၁း၁၂


ဘုရားသခင်၏ကယ်တင်ခြင်းအတွက် အထောက်အထားများ

တစ်ဦးတစ်ယောက်သည် စစ်မှန်သောနောင်တရပြီး ယေရှုခရစ်တော်ကို ယုံကြည်လက်ခံရရှိပါက သူ၏အသက်တာ၌ ကယ်တင်ခြင်း ရရှိကြောင်း သေချာပေါက် အထောက်အထား ရှိပေလိမ့်မည်။ ဤအထောက်အထားများကို ဆင်ခြင်သောအခါ '' အမှန်တကယ်ပင် ငါ၌ ဖြစ်ပျက်နေပါ သလား။ '' ဟု သင့်ကို သင်ပြန်၍ မေးခွန်းမေးသည့်အခါ ဘုရားသခင်သည်သင့် အားအမှန်ပင် စကားပြောပေလိမ့်မည်။

၁။ အခြားသူများအားယေရှုအကြောင်း ဝေငှလိုသောစိတ်ဆန္ဒ။

ဒုတိယမွေးခြင်းခံသူ၌ တွေ့ရသောလက္ခဏာများအထဲ မှပထမဆုံး လက္ခဏာမှာ ယေရှုခရစ်တော်၌သူရရှိသော ဝမ်း မြောက်ခြင်းနှင့် ငြိမ်သက်ခြင်း အတွေ့ အကြုံ ကို သူတစ်ပါးအား တွေ့ ကြုံခံစား ရရှိစေချင်သည်။

၂။ အခြားသောခရစ်ယာန်များအား ချစ်ခြင်း။

ကျွန်ုပ်တို့ ကယ်တင်ခြင်းသေချာရပြီးဟု သိနိုင်သောအခြားနည်းလမ်းတခုမှာ ယေရှုခရစ်တော်၌ မောင်နှမများ၊ ယုံကြည်သူများအား ချစ်ခြင်းပင် ဖြစ်သည်။ ကျမ်းစာက ''ငါတို့ သည်လည်း ညီအစ်ကိုချင်းတို့ ကိုချစ်သော ကြောင့်၊ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သည်ကို ကိုယ်သိရကြ၏။ မိမိညီအစ်ကိုကို မချစ်သောသူသည် သေခြင်း ၌တည်၏။'' ၁ယော ၃း၁၄

၃။ ပြုပြင်ပြောင်းလဲသွားသော လိုအင်ဆန္ဒများ

စစ်မှန်သောကယ်တင်ခြင်း ရရှိသူသည် လိုအင်ဆန္ဒအသစ်များရရှိလာသည်။ ယခင်ကဘုရားသခင်၏ အလို တော်ကို မနှစ်သက်သော်လည်း၊ ယခုမှာ ချစ်နှစ်သက်ပါသည်။ ကျမ်းစာလာသည်ကား ''လူမည်သည်ကား ခရစ်တော်၌ရှိ လျှင်အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့  သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့ သည် အသစ် ဖြစ်ကြပြီ။'' ၂ကော ၅း၁၇

၎။ သန့် ရှင်းသောဝိညာဉ်တော်၏ သက်သေ


ကျွန်ုပ်တို့သည် အမှန်ပင် ဒုတိယမွေးဖွားခြင်း ခံပြီးပါက သန့် ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ ၏အထဲ၌ ကိန်းဝပ်ပါသည်။ ထိုအခါ ဘုရားသခင် သည် ကျွန်ုပ်တို့ ၏ဖခင်ဖြစ်ပြီး၊ ကျွန်ုပ်တို့ က သူ၏သားများဖြစ်ကြောင်း သေချာသိရှိ လာစေသည်။ ကျမ်းစာလာသည်ကား '' ငါတို့ သည် ဘုရားသခင်၏သားဖြစ် ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့ ၏ ဝိညာဉ်နှင့် အတူ သက်သေခံတော်မူ၏။'' ရော၈း၁၆

၅။ ယေရှုခရစ်တည်ရှိနေခြင်း။

အဘယ်ကြောင့်သင်၏ အသက်တာ၌ဤကဲ့သို့ ပြောင်းလဲခြင်းများ ဖြစ်နေပါသလဲ။ ယေရှုခရစ်တော်သည် သင်၏ စိတ်နှလုံးထဲ၌ ဝင်ရောက် ကိန်းဝပ် တည်ရှိနေသောကြောင့် ဖြစ်ပါသည်။ တမန်တော်ရှင်ပေါလုက ပြောခဲ့သည်မှာ''သင်တို့ သည် ယုံကြည်ခြင်း၌တည်သလော၊ မတည်သလောဟု ကိုကိုယ်ကို စစ်ကြောကြလော့။ ကိုယ်ကိုယ်ကိုစုံစမ်းကြလော့။ အစစ်မခံနိုင် သောသူမမှန်လျှင် ယေရှုခရစ်တော်သည် သင်တို့၌တည်နေတော်မူသည်ဟု ကိုယ်အကြောင်း ကို ကိုယ်မသိကြသလော။'' ၂ကော ၁၃း၅

စစ်မှန်သောခရစ်ယာန်၏ စိတ်နှလုံးထဲ၌ ယေရှုသည်အသေအချာပင် ဝင်ရောက်ကိန်းဝပ်နေသည်။ တမန်တော် ရှင်ပေါလုက ''ခရစ်တော်သည် ငါ၌ ရှင်တော်မူသည်'' ဟု ဂလ ၂း၂ဝ၌ဆိုထားပါသည်။

သင်၏ကယ်တင်ခြင်းနှင့်ပတ်သက်၍ အသေအချာအခိုင်အမာ သိရှိခံစားလာသည်အထိ၊ အထက်ပါအထောက်အထားများ အားဖြင့် မိမိကိုယ်မိမိ အပြန်ပြန်အလှန်လှန် ဆန်းစစ်ကြည့်ပါ။ သင့်အသက်တာ၌ဘုရားသခင်၏အထောက်အထားများ အမှန်ပင်ရှိပါသဖြင့်ကယ်တင်ခြင်းရရှိပြီး သူလား (သို့မဟုတ်) သင့်အသက်တာ၌ ဘုရားသခင်၏အထောက်အထားများ မရှိပါသဖြင့် အမှန်ပင် ဒုတိယမွေးခြင်းမခံရသေးသူလား။ သင်သည် သင့်၏ကယ်တင်ခြင်းနှင့်ပတ်သက် ၍ သေချာခိုင်မာသိရှိခံစား လာသည်အထိ အထက်ပါအထောက်အထားများအားဖြင့် မိမိကိုယ်မိမိ အသေအချာ ပြန်လည်သုံးသပ် ဆန်းစစ်ကြည့်ပါ။

ဘုရားသခင်နှင့်သင်၏တော်စပ်မှုသေချာခိုင်မာအောင် မည်ကဲ့သို့လုပ်ဆောင်ရမည်နည်း။

သင်သည် ကယ်တင်ခြင်း မရသေးဘူး(သို့) ကယ်တင်ခြင်းရရှိပြီးကြောင်း မသေချာသေးဘူးဆိုလျှင် သေချာအောင် လုပ်ဖို့လိုအပ်ပါသည်။ ယာတောမှာ နေသော လူငယ်တစ်ဦးသည် သူ၏ကယ်တင်ခြင်းအတွက် စိတ်ချမှုမရှိသေးပါ၊ သံသယများရှိနေပါသည်။ ယေရှုခရစ်တော်ကို သူ၏ ကယ်တင်ရှင်အဖြစ် အမှန်ယုံကြည်လက်ခံပြီးလား၊ သူသည် ဘုရားသားဖြစ်ပြီးလား စသည့် အတွေးမျိုးစုံလင် ဝင်လာပါသည်။ သူသည်၊ သူ၏ သံသယစိတ်များ လုံးဝမရှိတော့အောင် စပါးကျီနား တွင်ဒူးထောက်ပြီး '' ဘုရားသခင်၊ ယခင်ကကိုယ်တော်အား ကျွန်ုပ်၏ကယ်တင်ရှင်အဖြစ် တစ်ခါမျှ မယုံကြည်၊ မလက်ခံသေးပါ က ယ္ခုပင် ကိုယ်တော်အား ကျွန်ုပ်၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပါပြီး။ ကျွန်ုပ်၏စိတ်နှလုံး အတွင်းသို့ဝင် ရောက်ကာ ကျွန်ုပ်၏အပြစ် ရှိသမျှကို ဆေးကြောတော်မူ၍ ယနေ့မှအသက်ထက်ဆုံး ကိုယ်တော်၏သားဖြစ် စေပါ။'' ဟုဆုတောင်းလိုက်ပါသည်။ ပြီးနောက် သူဆုတောင်းသည့်နေရာတွင် သစ်သားတစ်ချောင်းဖြင့် ပန္နက်တိုင်ရိုက်ကာ နေ့စွဲရေးထားလိုက်ပါသည်။

ထိုနေ့မှစ၍ သူ၏ကယ်တင်ခြင်းစိတ်ချမှုအတွက် စာတန်ကသံသယစိတ်ဝင်အောင်သွေးဆောင်လာတိုင်း သူပန္နက် ရိုက်ထားသော သစ်ချောင်း ဆီသို့ သွားပြီး လက်ညှိုးထိုးကာ '' ဟေ့ကြည့်၊ စာတန် - ဒီနေ့စွဲဟာ ငါယေရှုခရစ်တော်ကိုငါ ရဲ့ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံတဲ့ န့စွဲဘဲ၊ ကျမ်းစာ လာသည်ကား''သားတော်ကို ရသောသူသည် အသက်ကိုရ၏။''ဟု သူရွတ်ဆိုလိုက်သည်။

ချစ်မိတ်ဆွေ၊ သင်လည်းကယ်တင်ခြင်းစိတ်ချမှုအတွက် သံသယရှိနေပါက ထိုလူငယ်ကဲ့သို့တစ်ကြိမ်တစ်ခါနှင့်အ ပြီးလုပ်လိုက်ပါလား။ ယခုပင် သင်လုပ်နိုင်ပါသည်။ နှိမ့်ချစွာနှင့်သခင်ယေရှုထံတိုးဝင် ဒူးထောက်ကာသူ့အားပြောလိုက်ပါ။ '' သခင်ယေရှု၊ ကိုယ်တော်သည် ဘုရားသခင်၏သားဖြစ်ပြီး ကျွန်ုပ်၏အပြစ် ကြွေးအတွက် အသေခံလျက်ကျွန်ုပ် ၏အသက်ရှင်သော ကယ်တင်ရှင်အဖြစ် သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ကြောင်း ယုံကြည် လက်ခံပါပြီး၊ ကိုယ်တော်အား ကျွန်ုပ်၏ကယ်တင်ရှင်အဖြစ် ယခုပင်ယုံကြည်လက်ခံပါ၏။

ကျွန်ုပ်၏စိတ်နှလုံးအတွင်းသို့ ဝင်ရောက်ကာ ကျွန်ုပ်၏စိတ်နှလုံး ပလ္လင်၌ အရှင်သခင်အဖြစ် အုပ်စိုးတော်မူပါ။ ကိုယ်တော်အား စိတ်နှလုံးအကြွင်းမဲ့ချစ်၍ နာခံလိုပါ၏။''

သင်သည် သခင်ယေရှုခရစ်ကို ယုံကြည်လက်ခံကြောင်း ရိုးသားစွာ ဆုတောင်းပြီးသည့်အခါ သင်၏ဆုံးဖြတ်ချက် အတွက် မှတ်တမ်း တင်ထားပါ။ သင်၏သမ္မာကျမ်းစာအုပ်၌ ရေးထားပါ။

'' ကျွန်ုပ်သည် ( နေ့စွဲ ) နေ့၌ယေရှုခရစ်ကိုကျွန်ုပ်၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပြီး၍သံသယ စိတ်များချထားခဲ့ပြီး။ အမှုပြီးပြီ။'' ဤမှတ်တမ်းသည် သင်အား စာတန်က ကယ်တင်ခြင်းစိတ်ချမှုနှင့်ပတ်သက်၍ သံသယဖြစ်ရန် စုံစမ်းသည့်အခါတိုင်း ညွှန်ပြရန် ပန္နက်တိုင် ဖြစ်နိုင်ပါသည်။

နောက်ဆုံးအချက်း နားလည်သော်လည်း ဆန္ဒမရှိခြင်း။

သင်သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံရမည်အကြောင်းကိုသေချာနားလည်ပါလျက်နှင့် ကယ်တင် ခြင်းစိတ်ချမှုမရရှိသေးပါက အကြောင်းရှိသည်။ အကြောင်းရင်းက သင်သည်သင်၏စိတ်နှလုံးအားဘုရားသခင်ကို အကြွင်းမဲ့ပေးအပ်ရန်၎င်း၊ သူ့စကားနားထောင်ရန်၎င်း၊ ဆန္ဒ မရှိသေး သောကြောင့်ဖြစ်သည်။

သင်ကယ်တင်ခြင်းစိတ်ချမှုရရှိရန် အတားအဆီးများကို သိနားလည်ဖို့ အောက်ပါမေးခွန်းများကိုဆင်ခြင်ပါ။

သင့်အသက်တာ၌ သင်လက်မလွှတ်နိုင်သေးသော အပြစ်ဒုစရိုက် ရှိနေပါသေးလား။

္ဓ အပြစ်ဖြစ်သော သူတစ်ဦးတစ်ယောက်နှင့် ဖောက်ပြန်မှုအတွက် လက်မလွှတ်နိုင် ဖြစ်နေပါသလား။

သူတစ်ဦးတစ်ယောက်ကို နာကျဉ်းပြီးခွင့်မလွှတ်နိုင်ဖြစ်နေသေးလား။

္ဓ ကယ်တင်ခြင်းရဖို့အတွက် အချို့ကိစ္စများ၌မာနကြီးနေဆဲလား။

္ဓ သူတပါးအားပြစ်မှားမိအပြစ်အတွက်ဝန်ချတောင်းပန်ရန်ဝန်လေးနေဆဲလား။

အထက်ပါ အပြစ်များ ရှိနေလျက်၊ သင်ကိုယ်တိုင် ဘုရားစကား နာခံလိုစိတ် မရှိသေးပါက သင်သည်စစ်မှန်သော နောင်တမရသေးဟု နားလည် ရသည်။ သင်နောင်တရပြီး မပြောင်းလဲသ၍ သင်ကယ်တင်ခြင်း စိတ်ချမှု မရရှိနိုင်ပါ။

ယေရှုက''သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်''ဟု ငါဆို၏။ လု ၁၃း၃


သင့်အတွေးများကို သင့်အားချစ်၍ သင့်အပြစ်အတွက် အသေခံပေးခဲ့သော ကယ်တင်ရှင်ထံသို့ ပြန်လှည့်ပါ။ သခင်ယေရှုသည် ကျွန်ုပ်တို့၏ အပြစ် အတွက် အသွေးများသွန်းခဲ့သည် သာမကမျက်ရည်များစွာသွန်းခဲ့လေပြီး။ အပြစ်လွှတ်ခြင်းမခံရသေးပါက၊ကြောက်မက်ဖွယ်အပြစ်ရဲ့အခ၊ နောက်ဆက်တွဲ အကျိုးဆက်များ အကြောင်းကို သခင်ယေရှုကမေတ္တာနှင့်ကြပ်ကြပ်သတိပေးလှုံ့ဆော်ခဲ့သည်။ မာ ၉း၄၃-၄၈ ကိုဖတ်ကြည့်ပါ။ သင့်အား ဘုရားသခင် စကား ပြောပါစေ။


သင်က '' မှန်ပါ၏၊ ဘုရားသခင်က ကျွန်ုပ်၏အထဲ၌ရှိ အချို့သောအပြစ်များအတွက် သတိပေးနေပါပြီ။ သို့သော်လည်း ထိုအပြစ်မှ လွှတ်မြောက်ရန် လမ်း ကျွန်ုပ်၌ မရှိပါ။'' ဟုပြောကောင်း ပြောပေမည်။

မိတ်ဆွေ၊ ယေရှုခရစ်တော်ထံသို့သင်လာပါက သင့်အတွက် မြော်လင့်ချက်ရှိနေပါသည်။ သူသည်အပြစ်သားများ၏ မိတ်ဆွေဖြစ်ပါသည်။ အရှိ အတိုင်း လာပါ။ သူ့ရှေ့မှောက်တွင် ဒူးထောက်ပြီး အရှိအတိုင်းဝန်ခံပါ။ အပြစ်ကိုလည်း ဆက်လုပ်နေသေးပါက ထိုအတိုင်းဝန်ခံပါ။ သင့်ကို အပြစ်လမ်းမှ ထွက်လာရန် ကူညီပေးဖို့ ဆန္ဒရှိပါကလည်း ထိုအတိုင်းတောင်းခံပါ။ အမှန်အတိုင်း ရှည်လျားစွာ ပြောဖို့မစိုးကြောက်ပါနှင့်။ သခင်ယေရှုထံရိုးသားစွာတိုးဝင်ပါ။

စိတ်နှလုံးခိုင်မာခြင်းမရှိပါနှင့်။ သင့်စိတ်နှလုံးအား သခင်ယေရှုထံ အပ်နှံပါ။ သင့်ကို သူပြောင်းလဲပေးနိုင်သည်။ ယေရှုက '' ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသော သူတို့သည် ငါထံသို့လာကြလိမ့်မည်။ ငါ့ထံသို့လာသော သူကိုငါသည် အလျှင်း မပယ်'' ယော ၆း၃၇


ရှာဖွေတွေ့ရှိသော ရတနာ

ခရစ်ယာန်ဆိုသည်မှာ သူ့အထဲ၌ခရစ်တော် ကိန်းဝပ်တည်နေသောသူဖြစ်သည်။


မေးခွန်းများ (သင်ခန်းစာ- ၂)

၁။ ခရစ်ယာန်ဆိုသည်ကား .........................................................

(က) ကျမ်းစာဖတ်ခြင်း၊ ဘုရားထံဆုတောင်းခြင်းနှင့် ဘုရားကျောင်းကို သွားသောသူ။

(ခ ) ကောင်းသောအသက်ရှင်ခြင်း၊ လူများကို ကူညီခြင်းနှင့် ကောင်းသောအကျင့်ရှိသူ။

(ဂ ) ခရစ်တော် ကို ရသောသူ။


၂။ နောင်တရခြင်းဆိုသည်မှာ .........................................................

(က) အပြစ်များအတွက် ၀မ်းနည်းခြင်းသက်သက်မျှသာ။

(ခ ) အပြစ်ရှိသော အပြုအမူ ကို စွန့်ပစ်ခြင်း။

(ဂ ) အပြစ်အတွက် အမှန်ဝမ်းနည်းခြင်းနှင့် ထိုအပြစ်များမှ နောက်လှည့်ပြီး ဘုရားသခင်ထံ သူ၏အလိုကို ဆောင်ရန် လာခြင်း ဖြစ်သည်။


၃။ သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံခြင်းဆိုသည်မှာ...................................

(က) ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်း နှင့် သူသည် ချစ်ခြင်း၊ ကိုးကွယ်ခြင်းနှင့် နာခံခြင်းကို ခံထိုက်တော်မူသည်။

(ခ ) ခရစ်တော်နှင့်ပတ်သက်သော အကြောင်းအရာများကိုယုံကြည်ပြီး သို့သော် ယခု မိမိအသက်ရှင်လိုသည့်အတိုင်း အသက်ရှင်နိုင်သည်။

(ဂ ) သမိုင်းတွင် တချိန်က ကားတိုင်ပေါ် အသေခံခဲ့သော ယေရှုခရစ်တော်ကို ယုံကြည်ခြင်း။


၎။ ဘုရားသားဖြစ်လာရန်.....................................................

(က) ဖြစ်လာရန် နည်းလမ်းများစွာရှိသည်။

(ခ ) တစုံတခုသောအကြောင်းအရာကို ယုံကြည်ခြင်းနှင့် တစုံတဦးသော သူကို လက်ခံခြင်း ဖြစ်သည်။

(ဂ ) ယေရှုနှင့် ပတ်သက်သော အကြောင်းအရာများကို ယုံကြည်ယုံမျှသာ လိုအပ်သည်။

ကယ်တင်ခြင်းသို့ ရောက်ကြောင်း အထောက်အထားများအတွက် အမှန်နှင့်အမှားကို ဖေါ်ပြပါ။


၅။ လူ့ဘဝနှင့်ပတ်သက်၍ အစဉ်အမြဲကောင်းသည်ဟု ခံစားရပါလိမ့်မည်။...............................

(က) မှန် (ခ ) မှား


၆။ ကျွန်ုပ်၏လိုအင်ဆန္ဒများ ပြောင်းလဲပြီ။............................................

(က) မှန် (ခ ) မှား


၇။ ကျွန်ုပ်သည် ဒေါသမကြီးတော့ပါ။.............................................

(က) မှန် (ခ ) မှား


၈။ အခြားခရစ်ယာန်များကို ချစ်မည်။...............................................

(က) မှန် (ခ ) မှား


၉။ သင့်အတွက်မည်သည့် အချက်က မှန်ကန်နေပါသလဲ။..............................................

(က) ကျွန်ုပ် ကယ်တင်ခြင်းရပြီး၊ ရကြောင်းကို သိသည်။

(ခ ) ကျွန်ုပ် ကယ်တင်ခြင်း မရသေးပါ။

(ဂ ) ကျွန်ုပ် မသေချာ ပါ။


၁ဝ။ သင်သည် သင်ပြုဆဲအပြစ်အတွက် လက်မလွှတ်ချင်သေးလျှင်လည်း သခင်ဘုရားအား လုံးဝရိုးသားစွာဝန်ခံဖို့ကောင်း ပါသည်။...........................................................

(က) မှန် (ခ ) မှား


အလွတ်ကျက်မှတ်ရန် ကျမ်းပိုဒ်။
။ သက်သေခံတော်မူခဵက်ဟူမူကား၊ ဘုရားသခင္သည္ငၝတိုႛအား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပၝ၏။-သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။
(၁ယော၊ ၅း၁၁-၁၂)


ကျမ်းချက် အလွတ် ကျက်မှတ်ခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စဉ်းစားဆင်ချင်ခြင်းအတွက် အကောင်းဆုံးသော နည်း တစ်ခု ဖြစ်သည်။


သင်သည် ဤ သင်ခန်းစာများလေ့လာခြင်း၌ ၀မ်းမြောက်ခြင်းရှိပါက သင်၏မိတ်ဆွေများကိုလည်း ဤ အကြောင်းအရာများကို သိစေပါ။


Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support