HCF

HCF MYANMAR IN SINGAPORE

Saturday, June 19, 2010

စိတ်ဝိညာဉ်များကို ခရစ်တော်ထံသို့လမ်းပြပို့ဆောင်ခြင်း

Leading Souls to Christ

New Life in Christ Course III

Lesson 21


သော့ချက် ကျမ်းပိုဒ်။ "….သူတပါးတို့၏စိတ်ဝိညာဉ်ကို ရသော သူသည်လည်း ပညာရှိ ဖြစ်၏" (သုတ္တံ၊ ၁၁း၃၀ခ)

ခရစ်ယာန်အသက်တာ၏ အကြီးမားဆုံး ပျော်ရွှင်မှုများထဲမှ တစ်ခုမှာ တစ်စုံတစ်ဦးကို ခရစ်တော် ထံသို့ လမ်းပြပို့ဆောင်ခြင်းဖြစ်သည်။ စဉ်းစားကြည့်ပါမိတ်ဆွေ။ သင်နှင့်ကျွန်ုပ်သည် အခြားလူများကို ကယ်တင်ခြင်း၌ အသုံးတော်ခံအနေဖြင့် ပါဝင်နိုင်သည်။

ခရစ်တော်ထံသို့ လူများကို မည်သူလမ်းပြပို့ဆောင်နိုင်သနည်း။ မည်သည့်ယုံကြည်သူမဆို ပို့ဆောင်နိုင်သည်။ ဤအရာသည် ရွေးချယ်ထား သော လူအချို့၏ အလုပ်သာ မဟုတ်ပါ။ ယုံကြည်သူတိုင်းသည် ခရစ်တော်၏သက်သေခံများဖြစ်ရန် ခေါ်တော်မူခြင်းခံရပြီး ယုံကြည်သူတိုင်းသည် ''စိတ်ဝိညာဉ်ကို ရရှိသူများ'' ဖြစ်နိုင်သည်။ သခင်ယေရှုက ဤသို့ဆိုခဲ့သည်။ ''ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသောတံငါဖြစ်စေခြင်းငှာ ငါပြုမည်ဟု အမိန့်တော်ရှိလေသော်'' မဿဲ ၄း၁၉

ခရစ်တော်ထံသို့စိတ်ဝိ

ညာဉ်များကို လမ်းပြ ပို့ဆောင်ရန် ဘာကြောင့် အလွန်အရေးကြီးသနည်း။ လူ့ စိတ်ဝိညာဉ်၏ တန်ဖိုးကြောင့်ဖြစ်သည်။ လူ့စိတ်ဝိညာဉ်သည် ဘာကြောင့် တန်ဖိုးအလွန်ကြီးသနည်း။ စိတ် ဝိညာဉ်သည် ထာဝရကာလအသက်ရှင်မည်ဖြစ်သောကြောင့် ဖြစ်သည်။

ကောင်းချီးမင်္ဂလာနှင့်ပြည့်လျက်ရှိသော ကောင်းကင်နိုင်ငံတွင်ဖြစ်စေ၊ ဆင်းရဲဒုက္ခများနှင့် ပြည့် လျက်ရှိသော ငရဲတွင်ဖြစ်စေ၊ ထာဝရ ကာလ အသက်ရှင်နေထိုင်မည့် စိတ်ဝိညာဉ်တစ်ခုသည် သင်တွေ့ဖူးသ မျှသော လူတိုင်းတွင်ရှိသည်။ ကျမ်းစာက ဤသို့ဆိုသည်။ ''သားတော်ကို ယုံကြည်သော သူသည် ထာဝရ အသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။ (ယော ၃း၃၆)

ဘုရားသခင်သည် လူများ၏ စိတ်ဝိညာဉ်ကို အလွန်တန်ဖိုးထားသဖြင့် လူများကယ်တင်ခြင်းရရန် မိမိ၏သားတော်ကို ကားတိုင်၌အသေခံရန် စေလွှတ်ခဲ့သည်။ လူများသည် ဘုရားသခင်အတွက် မည်မျှ အဖိုးထိုက်သည် ကျွန်ုပ်တို့သိမြင်လာသောအခါ၊ သူတို့၏စိတ်ဝိညာဉ်ကိုရယူ၍ ခရစ်တော် ထံသို့ ပို့ဆောင် နိုင်ရန် ကျွန်ုပ်တို့ မိမိတက်စွမ်းသမျှ လုပ်ဆောင်ကြမည်ဖြစ်သည်။


ဤသင်ခန်းစာအတွင်း အခြားသူများကို ခရစ်တော်ထံသို့ မည်သို့ လမ်းပြပို့ဆောင်နိုင်သည်ကို လေ့လာကြမည်ဖြစ်သည်။


ဘုရားသခင်၏နှုတ်ကပတ်တော်ကို အသုံးပြုရမည်။

စိတ်ဝိညာဉ်များကို ရရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုမည်သို့ အသုံးပြုရမည်ကို သိရမည်။ ဆရာဝန်သည် လူနာတိုင်းကို တူညီသော ဆေးညွှန်းမပေးသလိုမျိုး ကျမ်းပုဒ်တစ်ခုတည်းကလည်း လူတိုင်း၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည် မဟုတ်ပါ။ သင်သည် ကျမ်းစာအားဖြင့် အလုပ် လုပ်နိုင်ရန် ကျမ်းစာကို ကောင်းကောင်းနားလည်ရမည်။

နောက်ဆုံးသောသင်ခန်းစာ၌ သမ္မာကျမ်းစာကို ကောင်းကောင်းနားလည်နိုင်ရန်အတွက် မည်သို့ လုပ်ရမည်ကို လေ့လာခဲ့ပြီးဖြစ်သည်။ သင်သည် ကျမ်းစာကို နေ့တိုင်းဖတ်ပါရဲ့လား။ ကျမ်းပုဒ်များကို အလွတ်ကျက်မှတ်ပါရဲ့လား။ ဘုရားနှင့်တိတ်ဆိတ်စွာ မိတ်သဟာယဖွဲ့မည်အချိန်ကို သတ်မှတ်ထား ပါရဲ့ လား။ သင်သည်စိတ်ဝိညာဉ်များကို ရလိုပါက ဤအရာများကို လျစ်လျူမရှုပါနှင့်။


ကျွန်ုပ်တို့တွင် ဘုရားသခင်၏ တန်ခိုးတော်ရှိရမည်။

ကျွန်ုပ်တို့သည် ''စိတ်ဝိညာဉ်ကိုရရှိသူများ'' ဖြစ်လိုလျှင် အခြားအရာတစ်ခုကို ကျွန်ုပ်တို့လိုအပ် သည်။ ထိုအရာမှာ ဘုရားသခင်၏ တန်ခိုးတော် ဖြစ်သည်။ ''စိတ်ဝိညာဉ်ကို ရရှိသူများ၏ တန်ခိုး''သည် သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသည်။ သခင်ယေရှုသည် သူ၏တပည့်တော်များ အား သတင်းကောင်းကို သတ္တဝါတိုင်းအား ဟောပြောရန် မိန့်မှာခဲ့စဉ် သူတို့ကို သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားပေးရန် အတွက်လည်း ကတိ ပေး ခဲ့သည်။ သူက ဤသို့ဆိုခဲ့သည်။ ''သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍...ငါ၏ သက်သေ ဖြစ်ကြလိမ့်မည်'' (တမန် ၁း၈)

ပင်တေကုတ္တေပွဲနေ့တွင် တပည့်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်လျက်ရှိစဉ် ပေတရုသည် မတ်တပ်ထ၍ သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့် ဟောပြောခဲ့သောကြောင့် လူပေါင်း (၃ဝဝဝ)နီးပါးသည် ကယ်တင်ခြင်းခံခဲ့ရသည်။

ယနေ့တွင် ယုံကြည်သူတိုင်း၌ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်နေထိုင်လျက်ရှိသည်။ လူများကိုအပြစ်ပြသောသူမှာ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်သည်။ ကယ်တင်ရှင် လိုအပ်ကြောင်း လူများကို ပြသသူမှာလည်း သန့်ရှင်းသောဝိညာဉ်ဖြစ်ပြီး ခရစ်တော်ကို လူတို့အား ထုတ်ဖော်ပြသ သူများလည်း သန့်ရှင်းသောဝိညာဉ်တော်ပင်ဖြစ်သည်။ သင်သည် ထိထိရောက်ရောက်လုပ်ကိုင်နိုင်သော စိတ်ဝိညာဉ်ရရှိသူ တစ်ယောက်ဖြစ်လာနိုင်ရန် အတွက် သန့်ရှုင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝနေစေရန်ဘုရားသခင်ထံ တောင်းခံပါ။ လူများကို ဧဝံဂေလိတရား (Gospel) ကိုပြောရမည်။


စိတ်ဝိညာဉ်ကို(winning soul)ရရှိသူတစ်ဦး၏ သတင်းစကားမှာ ဧဝံဂေလိဖြစ်သည်။ ဧဝံဂေလိဆိုသော စကားလုံး၏ အဓိပ္ပာယ်မှာ သတင်း ကောင်း ဖြစ်ပြီး သတင်းကောင်းဆိုသည်မှာ ခရစ်တော်သည် ကျွန်ုပ်တို့ ၏အပြစ်အတွက် အသေခံပြီး ကျွန်ုပ်တို့၏ အသက်ရှင်သော ကယ်တင်ရှင် အဖြစ် ရှင်ပြန် ထမြောက်သော အကြောင်းဖြစ်သည်။ တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်။ ''ဧဝံဂေလိတရားကို သင်တို့အား ငါကြား လိုက်၏။ ...ခရစ်တော် သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သင်္ဂြိုလ် ပြီးမှ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက် တော်မူ၏။'' ၁ကော ၁၅း၁၊၃၊၎


အခြေခံသမ္မာတရားလေးခု

ဧဝံဂေလိသတင်းစကားတွင် အခြေခံသမ္မာတရား(၄)ခုရှိသည်။

၁။ အပြစ်ရှိသည်ဆိုသောအချက် (သူသည်အပြစ်သားဖြစ်သည်ကို ပြသပါ။

အဓိကကျမ်းပုဒ် - ရောမ ၃း၂၃)

၂။ အပြစ်၏အဖိုးအခ (အပြစ်တရား၏အဖိုးအခသည် သေခြင်းဖြစ်သည်ကို သူ့အားပြသပါ။

အဓိကကျမ်းပုဒ် - ရော ၆း၂၃)

၃။ ဤအဖိုးအခကို ခရစ်တော်က ပေးဆပ်ခဲ့သည်။ (ကျွန်ုပ်တို့အပြစ်၏ အဖိုးအခကို ပေးဆပ်ရန် ခရစ်တော်အသေခံခဲ့သည်ကို သူ့အားပြသပါ။

အဓိကကျမ်းပုဒ် - ယော ၃း၆)

၎။ ကျွန်ုပ်တို့ခရစ်တော်ကို လက်ခံရမည်။ (ခရစ်တော်ကို သူ၏ကယ်တင်ရှင်အပြစ်လက်ခံမလားဟု သူ့အားမေးကြည့်ပါ။ အဓိကကျမ်းပုဒ် - ယော ၁း၁၂

ဤအချက် (၄)ချက် သင့်ခေါင်းထဲတွင် စွဲမြဲစွာမှတ်ထားပါ။ အကြောင်းမှာ စိတ်ဝိညာဉ်များကို ခရစ်တော်ထံသို့ ပို့ဆောင်ရန်အတွက် သင်အသုံးပြုရမည်ဖြစ်သောကြောင့်ဖြစ်သည်။


လူတစ်ဦးကို ခရစ်တော်ထံသို့ လမ်းပြပို့ဆောင်ခြင်း

တစ်စုံတစ်ဦးကို ခရစ်တော်ထံသို့ ပို့ဆောင်ရန်အတွက် ပထမဆုံးလုပ်ရမည့် အချက်မှာ သူသည် အပြစ်သားဖြစ်ကြောင်းကို သမ္မာကျမ်းစာ အားဖြင့် ပြသရမည်ဖြစ်သည်။ ယင်းအတွက် ကျမ်းပုဒ်ကောင်းမှာ ရောမ ၃း၁ဝ-၁၂ ဖြစ်သည်။ သူကို ထိုကျမ်းပုဒ်အားဖတ်စေပါ။ ကျွန်ုပ်တို့နှင့်ပတ်သက်၍ ဘုရားသခင် ပြောသောအရာဖြစ်သည်။ ထို့နောက် ရောမ ၃း၂၃ကိုသူ့အားဖတ်ခိုင်းပါ။ လူတစ်ဦးသည် ကယ်တင်ခြင်းမခံ ရမီ၊ သူသည် အပြစ်သား ဖြစ်ကြောင်းကို သိပြီး သူ၏အပြစ်ကို စွန့်လွှတ်ရန် ဆန္ဒရှိရမည်။ သခင်ယေရှုက ဤသို့ပြောခဲ့သည်။ ''သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်း သို့ရောက်ကြလိမ့်မည်။ လုကာ ၁၃း ၅

နောက်ထပ်လုပ်ရ မည့်အချက်မှာ အပြစ်တရား၏အဖိုးအခသည် သေခြင်းဖြစ်သည်ကို သမ္မာကျမ်း စာအားဖြင့် သူ့အားပြသခြင်းဖြစ်သည်။ ''အပြစ်တရား၏အဖိုးအခသည် သေခြင်းဖြစ်သည်..''

ဤနေရာတွင် ''သေခြင်း''ဟူသော စကားလုံး၏အဓိပ္ပါယ်မှာ ဘုရားသခင်နှင့်ကွဲကွာ၍ မီးအိုင်ထဲ တွင် ထာဝရကာလနေရခြင်းကို ဆိုလို ကြောင်းသူ့အားရှင်းပြပါ။ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ပြီး ထာဝရကာလ သေဆုံးရန် သတ်မှတ်ခံရခြင်းကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ရှင် တစ်ယောက် လိုအပ် သည်။

နောက်ကျမ်းပုဒ်မှာ ကျွန်ုပ်တို့နှင့်အလွန် ရင်းနှီးကျွမ်းဝင်သော ယော ၃း၁၆ ဖြစ်သည်။ သူ့ကို ထိုကျမ်းပုဒ်အား ပေးဖတ်ပါ။ ''လောကီသားများ'' ဟု ပြောသောအခါ ဘုရားသခင်သည် မည်သူ့ကို ရည်ရွယ်၍ ပြောသနည်း။ လူအားလုံးကို ရည်ရွယ်သည်။ သင်နှင့် ကျွန်ုပ် အပါအဝင်ဖြစ်သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘာပေးခဲ့သနည်း။ သူ့သားကို ပေးခဲ့သည်။ ဆိုလိုရင်းမှာ ကျွန်ုပ်တို့အပြစ်များအတွက် ကားတိုင်ထက်၌ အသေခံရန် သူ့သားကို ကျွန်ုပ်တို့အားပေးအပ်ခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့အား ဘာကြောင့်ကယ်တင်ရှင်ကို ပေးသနည်း။ အကြောင်းမှာ သူသည် ကျွန်ုပ်တို့ကိုချစ်ပြီး ကျွန်ုပ်တို့သည် ကယ်တင်ရှင် လိုနေ၍ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို မကယ် တင်နိုင်သောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ် ယေရှုကို ပေးအပ်ခဲ့သည်။

အကယ်၍ ကျွန်ုပ်သည် သင့်ကို တစ်ခုခုလက်ဆောင်ပေးလျှင် သင်သည်ကျွန်ုပ်ကို တန်ရာတန်ကြေး ပေးရန်လိုအပ်မည်လော။ ထိုအရာ အတွက် အလုပ်တစ်ခုခုလုပ်ပေးရမည်လော။ မလုပ်ပေးရပါ။သင်လုပ်ရ မည့်အရာတစ်ခုသာရှိသည်။ သင်ထိုအရာကို လက်ခံရမည်ဖြစ်သည်။ ဘုရားသခင် သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင် သခင်ယေရှုကို ကျွန်ုပ်တို့အားလက်ဆောင်အဖြစ် ပေးသည်။ သို့သော် ကျွန်ုပ်တို့သူ့ကို လက်ခံရမည်ဖြစ်သည်။

သင်ယခု ယော ၁း၁၂ ကိုလှန်ပါ။ ဤကျမ်းပုဒ်ကို သူ့အားဖတ်ခိုင်းပါ။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏သား မည်သို့ဖြစ်လာ နိုင် မည်နည်း။ သခင်ယေရှုကို လက်ခံခြင်းအားဖြင့် ဖြစ်လာနိုင်သည်။ ''ထိုသူကိုလက်ခံသမျှသေသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သော သူတို့အား ဘုရားသခင် ၏သား ဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။''



ယခုတွင် သင်သည် ဤမေးခွန်းများကို မေးခိုင်းပြီးဖြစ်သည်။


သခင်ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်တာကို သင်ယုံပါသလား?

သူသည် သင့်အပြစ်များအတွက် ကားတိုင်ပေါ်၌အသေခံပြီး ရှင်ပြန်ထမြောက်တာကိုရော ယုံပါသလား?

သူသည် သင့်ကို ကယ်တင်နိုင်တာကို သင်ယုံပါသလား?

သူသည် သင့်ကိုကယ်တင်လိုတာကိုရော သင်ယုံပါသလား?

အကယ်၍သင်သာ သူကိုကယ်တင်ရန် တောင်းဆိုပါက သူသည် ယခုချက်ချင်းပင် သင့်နှလုံး တွင်းသို့ဝင်ရောက်ပြီး သင့်ကိုကယ်တင်မည်ဖြစ်တာကိုရော သင်ယုံပါသလား?

ထိုမေးခွန်းမျာ၏အဖြေမှာ ''ဟုတ်ကဲ့'' ဖြစ်မည်ဆိုပါက သင်ဤသို့မေးနိုင်သည်။


သခင်ယေရှုကို သင့်စိတ်နှလုံးတွင်းသို့ ဝင်ရောက်ရန် ယခုပင် သင်တောင်းဆိုလို ပါသလား။ တောင်းဆိုလိုလျှင် ဤဆုတောင်းချက်ကို ကျွန်ုပ်နှင့်အတူ လိုက်ဆိုပါ။

''သခင်ယေရှု၊ ကျွန်ုပ်သည် အပြစ်သားတစ်ဦးဖြစ်ပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပြီး ကျွန်ုပ်၏ အပြစ်များအတွက် ကားတိုင်ထက်၌ အသေခံခဲ့ သည်ကို ယုံကြည်ပါသည်။ ကျွန်ုပ်၏စိတ်နှလုံးတွင်းသို့ ယခင်ဝင်ရောက်၍ ကျွန်ုပ်ကို ကယ်တင်တော်မူပါ။''


သင် ကယ်တင်ခြင်း ခံရပြီဆိုတာကို သိခြင်း

လူတစ်ဦးသည် ခရစ်တော်ကို သူ၏ကယ်တင်ရှင်အဖြစ်လက်ခံပြီးပါက သူသည်ကယ်တင်ခြင်းခံရ ပြီဆိုတာကို ဘုရားသခင်သည် သူ့အား သိစေလိုသည်။ လူတစ်ဦးသည် ကယ်တင်ခြင်းခံရပြီဆိုတာကို မည်သို့ သိနိုင်သနည်း။

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့်သိနိုင်သည်။

သန့်ရှင်းသောဝိညာဉ်တော်၏သက်သေခံခြင်းအားဖြင့် သိနိုင်သည်။


ဘုရားသခင်၏သားတော်ကို ယုံကြည်သူများနှင့်ပတ်သက်၍ ဘုရားသခင်ဘာပြောခဲ့သနည်း?

''သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်''ဟုသူပြောခဲ့သည်။ ''ရသည်'' ဟူသောစကားလုံး၏အဓိပ္ပာယ်မှာ ယခု ချက်ချင်းပင် သင်ရရှိသည်ကို ဆိုလိုခြင်းဖြစ်သည်။

ယခု ၁ယော ၅း ၁၁၊၁၂၊၁၃ ကိုလှန်လိုက်ပါ။

ဤကျမ်းပုဒ်များတွင် ကျွန်ုပ်တို့တွင် ထာဝရအသက်ရှိခြင်းကို သိနိုင်သည်ဟု ဘုရားသခင်က ပြော ထားတာကို သတိပြုပါ။ ဘုရားသခင်က ကျွန်ုပ်တို့တွင် ထာဝရအသက်ရှိသည်ဟု ပြောခဲ့သည်။

ထိုအရာကို ကျွန်ုပ်ယုံကြည်သည်။ ထို့ကြောင့် ထာဝရအသက်ရှိခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်စိတ်ချ မှုရှိသည်။

သန့်ရှင်းသောဝိညာဉ်တော်၏သက်သေခံခြင်းအားဖြင့်လည်း ကယ်တင်ခြင်းစိတ်ချမှုကို ရရှိသည်။ ဤအရာကား ရိုးရှင်းစွာ ဆိုလိုသည်မှာ ကယ်တင်ခြင်းခံရပြီဆိုတာကို ကျွန်ုပ်တို့အတွင်းရှိ စိတ်ဝိညာဉ်အား သန့်ရှင်းသောဝိညာဉ်တော်က သိစေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကျမ်းစာက ဤသို့ ဆိုသည် ''ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏။'' (ရော ၈း ၁၆)။


အခြားလူတစ်ဦးသည် ကယ်တင်ခြင်းရပြီဆိုတာကို ကျွန်ုပ်တို့ မည်သို့ သိနိုင်မည်နည်း။

အတိအကျတော့မသိနိုင်ပါ။ လူတစ်ဦးသည် ခရစ်တော်ကို သူ၏ကယ်တင်ရှင်အဖြစ် လက်ခံလိုက် ပြီဟု ကျွန်ုပ်တို့ ရိုးသားစွာ ယုံကြည်ကြ မည်ဖြစ်သော်လည်း ကျွန်ုပ်တို့မှားယွင်းနိုင်ပါသည်။ ဤအကြောင်း ကြောင့် သူသည်ကယ်တင်ခြင်းခံရပြီးဟု လူတစ်ဦးအား မည်သည့်အခါမှ မပြောသင့်ပါ။ ထိုအလုပ်မှာ သန့်ရှင်းသောဝိညာဉ် လုပ်ရမည့် အလုပ်ဖြစ်သည်။


ယဉ်ကျေး ပျူငှာ၍ လိမ္မာပါးနပ်ပါ။

လူတစ်ဦးကို ခရစ်တော်ထံသို့ ပို့ဆောင်နိုင်ရန် ကြိုးပမ်းနေစဉ် သင်သည်ရဲရင့်ပြီး ယဉ်ကျေးပျူငှာ၍ လိမ္မာပါးနပ်ရမည်။ သင်တို့ လက်ရှိ ပြောနေသော အကြောင်းအရာမှ ဝိညာဉ်ရေးရာနှင့်ဆိုင်သော အရာများအကြောင်းကို ပြောနိုင်ဖို့ သူ့အား ထိခိုက်စော်ကားမှုမရှိဘဲ စကား လမ်းကြောင်း ပြောင်းနိုင်ရမည်ဖြစ် သည်။ ထို့နောက် ထိုလူသည် ကယ်တင်ခြင်းနှင့်ပတ်သက်၍ ယုံကြည်မှုရှိလား/မရှိလားဆိုတာကို သိရှိရန် ကြိုးစားရမည်။ ထိုသို့သိနိုင်ရန် သင်မေးရမည့်မေးခွန်းတစ်ခုမှာ ''အကယ်၍ တစ်စုံတစ်ယောက်က၊ ဘုရား သခင်၏သားသမီးတစ်ဦး မည်သို့ ဖြစ်လာ မည်နည်းဟု သင့်အား မေးလျှင် သင်မည်သို့ဖြေမည်နည်း'' ဟု သူ့အားမေးရမည်။ ကယ်တင်ခြင်းမခံရသူအများစုသည် နှစ်ခြင်းခံခြင်းအားဖြင့်ဖြစ်စေ ဘုရားကျောင်း တက် ခြင်းအားဖြင့် ဖြစ်စေ၊ ကောင်းမှုကုသိုလ်လုပ်ခြင်းအားဖြင့်ဖြစ်စေ၊ ခရစ်ယာန်တစ်ယောက်ဖြစ်လာနိုင်သည် ဟု တွေးထင်ကြသည်။ ဤအရာများ သည် ကောင်းသောအရာများဖြစ်သော်လည်း မည်သူ့ကိုမျှ ကယ်တင်မည် မဟုတ်ပါ။ ကျမ်းစာက ဤသို့ဆိုသည်။ ''ယုံကြည်သောအားဖြင့် ကျေးဇူးတော် ကြောင့် ကယ်တင်ခြင်း သို့ရောက်ရကြ၏။ ကိုယ်အလိုအလျှောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာဖြစ်သနည်း။'' ဧဖက် ၂း၈,၉

သင်ဤအရာကို ရှင်းပြပြီးပါက ဤသို့ဆက်လက်မေးပါ။ လူတစ်ဦးကယ်တင်ခြင်းခံရပုံနှင့် ပတ်သက်၍ ကျမ်းစာထဲ၌ ဘုရားသခင် မည်သို့ ပြောထားကြောင်းကို သင်သိလိုပါသလား။ အကယ်၍ အဖြေမှာ ''ဟုတ်ကဲ့''ဖြစ်ပါက လူတစ်ဦးကို ခရစ်တော်ထံပို့ဆောင်ခြင်း၌ အထက်တွင် ဖော်ပြ ထား သော အဆင့်(၄)ဆင့်ကို ဆက်လုပ်ပါ။


ချစ်ခြင်းမေတ္တာရှိရန် လုံးဝလိုအပ်သည်။

''စိတ်ဝိညာဉ်ကိုရရှိသူ'' တစ်ဦး၏အဓိကလိုအပ်သော အရည်အသွေးမှာ ချစ်ခြင်းမေတ္တာဖြစ်သည်။ အကယ်၍ သင်သည် စိတ်ဝိညာဉ်များကို မချစ်ပါက စိတ်ဝိညာဉ်များကို ရရှိမည်မဟုတ်ပါ။ ဘုရားသခင် သည် လူတိုင်းကိုချစ်ပြီး သူ၏အမြင်၌လူအားလုံးသည် အလွန်တန်ဖိုးရှိသည်။ သင်၏ စိတ်နှလုံးကို ချစ်ခြင်းမေတ္တာဖြင့် ပြည့်ဝနေစေရန် ဘုရားသခင်ထံ တောင်းခံပါ။


ကလေးများ၏ စိတ်ဝိညာဉ်ကိုလည်း သင်ရနိုင်သည်။

ကလေးများကယ်တင်ခြင်းခံရနိုင်လား။ လုံးဝခံရနိုင်သည်။ တကယ်တမ်းဆိုလျှင် လူကြီးများထက် ကလေးများသည် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်ရန် သူတို့အတွက် ပို၍လွယ်ကူသည်။ သခင်ယေရှုက ဤသို့ဆိုခဲ့သည်။ ''ငါအမှန်ဆိုသည်ကား သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ် လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။ (မသဲ ၁၈း ၃)

ကလေးတစ်ဦးသည် ကယ်တင်ခြင်းခံရရန် အသက် ဘယ်လောက်ရှိရမည်နည်း။ မိမိအမှားလုပ်တာ ကို သိသော အသက်အရွယ်မျိုးဖြစ်ရမည်။ ကလေးတစ်ဦးကို ခရစ်တော်ထံ မည်သို့ ပို့ဆောင်မည်နည်း။ သူ၌အပြစ်ရှိပြီး ကယ်တင်ရှင်လိုအပ်ကြောင်း နှုတ်ကပတ်တော်ထဲမှ ပြသပါ။ ထို့နောက် သူ၏အပြစ် အတွက် အသေခံခဲ့သော ကယ်တင်ရှင်အကြောင်းပြော၍ သခင်ယေရှုကို သူ၏စိတ်နှလုံးအတွင်းသို့ ဖိတ်ခေါ်ရန်ပြောပါ။


အချို့လူများသည် ကန့်ကွက်၍စောဒကတက်ကြမည်။ စောဒကတက်မှုများကို ဖြေရန် သမ္မာကျမ်း စာကိုအသုံးပြုပါ။


''ကျွန်ုပ်သည် အပြစ်ကြီးသူတစ်ဦးမဟုတ်ပါ။''


အဖြေ ။ ။ ကျွန်ုပ်တို့အားလုံးသည် အပြစ်သားများဖြစ်သည်ဟု ဘုရားသခင်ကပြောသည်။ ''လူအပေါင်း တို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။ ရော ၃း၂၃


''ကျွန်ုပ်သည် နှစ်ခြင်းခရစ်ယာန် (သို့) မက်သဒစ် (သို့)ကက်သလစ်ဖြစ်သည်။


အဖြေ ။ ။ အသင်းတော်တစ်ခု၏အသင်းသားဖြစ်ခြင်းသည် သင့်ကိုကယ်တင်မည်မဟုတ်ပါ။ ဒုတိယအကြိမ်မွေးဖွားခြင်းကို သင်ခံရမည်။ ယေရှုက ဤသို့ဆိုသည်။ ''ဒုတိယမွေးခြင်း ကို မခံသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်မမြင်ရဟု ငါအမှန်အကန် ဆိုသည်။'' ယော ၃း ၃


''အသင်းတော်ထဲတွင် ဘုရားတရားကိုင်းရှိုင်းသယောင်ဟန်ဆောင်သူများရှိသည်''


အဖြေ ။ ။ ဟုတ်တယ်။ ရှိပါတယ်။ သို့သော် ကောင်းကင်နိုင်ငံတွင်မူ ထိုသို့သောသူများမရှိပါ။ အခြားသူတစ်ယောက်လုပ်ဆောင်သောအရာအားဖြင့် သင်သည် စီရင်ခြင်းခံရမည် မဟုတ်ပါ။ သင်လုပ် သောအရာအားဖြင့်သာ စီရင်ခြင်းခံရမည်။ ကျမ်းစာကဤသို့ဆိုသည်။ ''သို့ဖြစ်၍ငါတို့ရှိသမျှသည် စစ်ကြောတော်မူခြင်းကို ခံရကြမည်။'' ရော ၁၄း၁၂


''ကျွန်ုပ်စွန့်လွှတ်ရမည့်အရာများစွာရှိသည်။''


အဖြေ ။ ။ အကယ်၍ သင့်အပြစ်ကို သင်မစွန့်လိုပါက၊ သင်သည် ထာဝရကာလဆုံးရှုံးပျောက်ကွယ် လိမ့်မည်။ ယင်းမှာ သင့်အတွက် ထိုက်တန်ပါရဲ့လား။ ယေရှုက ဤသို့ဆိုသည်။ ''လူသည် ဤစကြာ ဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျင် အဘယ် ကျေးဇူးရှိသနည်း။'' မာကု ၈း ၃၆


''ပိုမိုကောင်းမွန်သောလူတစ်ဦးဖြစ်လာသည့်အထိ ကျွန်ုပ်စောင့်ဆိုင်းလိုသည်''


အဖြေ ။ ။ ကိုယ့်ကိုကိုယ် ကောင်းလာအောင် သင်မလုပ်နိုင်ပါ။ ယခုလက်ရှိဘဝဖြင့်သာ သူ့ဆီသို့ လာရန် သခင်ယေရှုကပြောထားပြီး ကျွန်ုပ်တို့ကို လက်ခံမည်ဟု ကတိပေးထားသည်။ ''ငါထံသို့လာ သောသူကို ငါအလျှင်မပယ်''ဟု သူဆိုခဲ့သည်။ ယော ၆း ၃၇


ခရစ်ယာန်အသက်တာကို ကျွန်ုပ်အသက်မရှင်နိုင်လောက်ပါ။''


အဖြေ ။ ။ မည်သူမျှအသက်မရှင်နိုင်ပါ။ ခရစ်တော်သူ့အတွင်းသို့ ဝင်ရောက်အသက်ရှင်မှသာ ခရစ် တော်က ထိုသူကို ခရစ်ယာန်အသက်တာကို အသက်ရှင်နိုင်စေသည်။ တမန်တော်ပေါလုက ဤသို့ ဆိုသည်။ ''ငါ့ကိုခွန်အားဖြင့် ပြည့်စုံစေသောခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါတတ်စွမ်း နိုင်၏'' ဖိ ၄း ၁၃


ကျွန်ုပ်၏အပြစ်သည် အလွန်ကြီးလှသည်။''


အဖြေ ။ ။ အပြစ်သားများကို ကယ်ဆယ်ရန် ယေရှုကြွလာသည်။ သူ့ထံသို့လာသောမည်သူ့ကိုမဆို သူကယ်လိမ့်မည်။ တမန်တော်ပေါလုက ဤသို့ဆိုခဲ့သည်။ ''ယေရှုခရစ်သည်။ အပြစ်ရှိ သောသူတို့ကို ကယ်တင်ခြင်းငှာ၊ ဤလောကသိြု့<ွကလာတော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံ ယူအပ်သောစကားလည်းဖြစ်၏။ အပြစ်ရှိသောသူတို့ တွင် ငါသည်အကြီးဆုံးဖြစ်၏။ ၁တိ ၁း ၁၅


''တက်နိုင်သမျှအကောင်းဆုံးကျွန်ုပ်အသက်ရှင်နေသည်။''


အဖြေ ။ ။ ကောင်းမှုကုသိုလ်လုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့ကယ်တင်ခြင်းမခံရပါ။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းခံရသည်။ ''ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရကြ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။'' ကိုယ်ကုသိုလ်ကြောင့်ကယ်တင် ခြင်းသို့ရောက်သည်မဟုတ်။ ထို့ကြောင့်အဘယ်သူမှ ဝါကြွားစရာ အကြောင်း မရှိရ''။ ဧဖက် ၂း ၈,၉


''သင်ရိုးရိုးသားသားလုပ်ပါက နည်းလမ်းတစ်ခုသည် အခြားနည်းလမ်းတစ်ကဲ့သို့ပင် ကောင်းသည်''


အဖြေ ။ ။ သင်ရိုးသားကောင်းရိုးသားမည်။ သို့သော် သင်သည် ရိုးသားစွာ မှားယွင်းနိုင်သည်။ ကျမ်းစာက ဤသို့ဆိုသည်။ ''လူထင်သည့် အတိုင်း မှန်သော လက္ခာရှိသော်လည်း အဆုံး၌သေခြင်းသို့ ပို့ဆောင်သောလမ်းတစ်မျိုးဖြစ်၏။'' သုတံ္တ ၁၄း၁၂

သခင်ယေရှုသည် တဦးတည်းသော ကယ်တင်ရှင်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူ့အားဖြင့်သာ ဘုရားသခင်ထံ ချဉ်းကပ်တိုးဝင်နိုင်သည်။ ယေရှုက ဤသို့ဆိုခဲ့သည်။ ''ငါသည်လမ်းခရီးဖြစ်၏။ သမ္မာ တရားဖြစ်၏။ အသက်လည်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ် သူမျှခမည်းတော်ထံသို့ မရောက်ရ။'' ယော ၁၄း၆


''နောက်မှပဲယုံကြည်တော့မယ်''


အဖြေ ။ ။ အလွန်အရေးကြီးသောကိစ္စတစ်ခုကို ချက်ချင်းမလုပ်၍ ရွေ့ဆိုင်းသည်မှာ အန္တရာယ်ရှိသည်။ ကျမ်းစာက ဤသို့ဆိုသည်။ ''နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက်အတွင်းမည်သို့ဖြစ် မည်ကို မသိနိုင်''။ သုတံ္တ ၂၇း ၁


''အကျွန်ုပ်၏အပြစ်များကို မစွန့်လွှတ်လိုပါ။''


အဖြေ ။ ။ ထိုသို့ဆိုလျှင် သင်သည် ထာဝရဆုံးရှုံးပျောက်ကွယ်သွားလိမ့်မည်။ ယေရှုကဤသို့ဆိုခဲ့ သည်။ ''သင်တို့ရှိသမျှသည် နောင်တမရလျင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။'' လုကာ ၁၃း၅


''ငရဲရှိသည်ကို ကျွန်ုပ်မယုံပါ။''


သင်၏မယုံကြည်ခြင်းက ငရဲရှိသည်ဟူသောအချက်ကို မပြောင်းလဲနိုင်ပါ။ ကျမ်းစာက ဤသိုဆိုခဲ့ သည်။ ''ကြောက်တတ်သောသူ၊ မယုံကြည် သောသူ၊ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ လူအသတ်ကိုသတ်သော သူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကို ကိုးကွယ် သော သူ၊ သစ္စာပျက်သော သူအပေါင်းတို့ကား ဒုတိယသေခြင်းတည်းဟူသော ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ မိမိတို့အဘို့ကို ရကြ လိမ့်မည်။'' ဗျာ ၂၁း ၈


ဤစောဒကတက်မှုများနှင့်အဖြေများကို အလွတ်မှတ်ပါ။ သို့မှသာ သင်အသုံးလိုသည့်အခါ အသုံးချနိုင်မည်ဖြစ်သည်။


လုပ်ရမည့်အရာများနှင့် မလုပ်ရမည့်အရာအချို့

ခရစ်တော်ထံသို့ လူများကိုပို့ဆောင်ရန်ကြိုးပမ်းစဉ် သင့်ကျမ်းစာအုပ်ကို အမြဲအသုံးပြုပါ။ သင်သည် ကျမ်းပုဒ်ကိုအလွတ်ရွတ်နိုင်ရင်တောင်မှ ထိုသူများကို ကျမ်းပုဒ်အား ကိုယ်တိုင် ဖတ်ခိုင်း သင့်သည်။

ကျမ်းပုဒ်အများအပြားကို အသုံးမပြုပါနှင့်။

သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ရရှိရန် ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ထံ တောင်းခံပါ။

သူတို့စကားပြောနေစဉ် ဖြတ်မပြောပါနှင့်။ သူတို့၏ပြသနာကိုသိအောင် ကြိုးစားပါ။ သို့သော် လမ်းမချော်သွားပါနှင့်။ ဘုရားသခင်နှင့် သူတို့၏ ဆက်ဆံရေး အကြောင်းကို ပြောနိုင်ရန် သူတို့ အားပြန်လည်ဆွဲခေါ်ပါ။

လေးနက်မှုရှိပါ။ ဟာသပြောရမည့်အချိန် မရှိပါ။ စိတ်ဝိညာဉ်များကို ရရှိရန် ကြိုးပမ်းခြင်းသည် အလေးအနက်ထားပြီး လုပ်ရမည့်ကိစ္စမျိုး ဖြစ်သည်။

သူတို့နှင့်မငြင်းခုံပါနှင့်။ အငြင်းအခုံဖြစ်ခြင်း၌ အနိုင်ရရန် ဘုရားသခင်သည် ကျွန်ုပ်တို့ကို စေလွှတ်ခြင်း မဟုတ်ပါ။ စိတ်ဝိညာဉ်များကို (အနိုင်)ရရှိရန် စေလွှတ်ခြင်းဖြစ်သည်။

မိမိ၏လေသံကိုဂရုစိုက်ပါ။

မလိုအပ်ပဲ လူများကို မစော်ကားပါနှင့်။

မေးခွန်းတစ်ခု၏အဖြေကို သင်မသိပါက မသိကြောင်း ဝန်ခံပါ။ ဤသို့ပြောပါ။ ''ထိုမေးခွန်း၏ အဖြေကို ကျွန်ုပ်မသိသော်လည်း အဖြေကတော့ရှိမှာ သေချာ ပါတယ်။ ကျွန်ုပ်သေချာသိသော အချက်မှာ သခင်ယေရှုသည် ကျွန်ုပ်အသက်တာကို ပြောင်းလဲစေခဲ့ပြီး သင့်အသက်တာကို လည်း ထိုကဲ့သို့ ပြုလုပ် ပေးမှာ ဖြစ်ပါတယ်။

လူတိုင်းကို တန်ဖိုးအလွန်ထားပါ။ ခရစ်တော်သည် တစ်ဦးချင်းစီအတွက် အသေခံခဲ့သည်ကို ကျွန်ုပ်တို့သိရမည်။ အကယ်၍ လူတစ်ဦးဦးကိုအထင်သေး၍ ရွံရှာမုန်တီးပါက ကျွန်ုပ်တို့သည် ဘုရားသခင်၏အစေခံများ မဖြစ်ထိုက်ပါ။

စိတ်ဓာတ်မကျပါနှင့်။ လူအချို့သည် ကယ်တင်ရှင်ကို ငြင်းပယ်ကြလိမ့်မည်။ သို့သော် စိတ်မ ပျက်ပဲ ခရစ်တော်၏အသက်တာကို ဆက်လက် သက်သေ ခံပါ။

သူတပါးတို့အတွက် စိုးရိမ်မှုရှိပါ။ ခရစ်တော်သည် ဆုံးရှုံးသောဝိညာဉ်တို့အတွက် ငိုကြွေး၍ ဆုတောင်းပေးခဲ့သလို ကျွန်ုပ်တို့သည်လည်း ထိုသို့ ပြုလုပ် ရမည်။

အသစ်သော ယုံကြည်သူများကို ခရစ်တော်အကြောင်း အခြားသူများအား သက်သေခံရန် တိုက်တွန်း၍ အခွင့်အရေးရသည်နှင့် တပြိုင်နက် သမ္မာတရား ကို ယုံကြည်သက်ဝင်သော အသင်းတော်တစ်ခု၌ ပါဝင်ရန်လည်း တိုက်တွန်းပါ။


သင်၏ကြောက်ရွံ့မှုများအား ကျော်လွှားအနိုင်ယူပါ။

သင်၏လုပ်ဆောင်မှုကို တားဆီမည့် အကြီးမားဆုံးအဆီးအတားတစ်ခုမှာ လူများကို ကြောက်ရွံ့ ခြင်းဖြစ်သည်။ အခြားသူများ မည်သို့ ထင်ကြမည်ကို ကျွန်ုပ်တို့ ကြောက်ရွံ့ကြသည်။ အကြောက်းတရား မရှိသော ခရစ်ယာန်လုပ်ဆောင်သူတစ်ဦးအား သူသည်အရင်ကလည်း ဤကဲ့သို့ ကြောက်ရွံ့မှုကင်းမဲ့လားဟု မေးကြည့်သောအခါ၊ အခြားသူများကဲ့သို့ပင် တစ်ခါက သူလည်း ကြောက်ရွံ့မှုရှိခဲ့ကြောင်း ပြန်ဖြေခဲ့သည်။ တစ်နေ့တွင် သူသည် သူ၏ကြောက်ရွံ့မှုကို သည်းမခံနိုင်တော့ဘဲ ကျမ်းစာထဲမှ ဆာလံ ၃၄း ၄ ကို ဖွင့်ကာ ဤသို့ ဒူးထောက်ဆုတောင်းခဲ့သည်။ ''ကိုယ်တော်၊ ဒါဝိတ်သည် ကိုယ်တော်ကိုရှာဖွေ၍ သူ၏ကြောက်ရွံ့ မှုအားလုံးကို ဖယ်ရှားပေးရန် တောင်းခံခဲ့သောအခါ ကိုယ်တော်သည် သူ၏ကြောက်ရွံမှု အားလုံးကို ဖယ်ရှားပေးခဲ့သလိုမျိုး ကျွန်ုပ်ကိုလည်း ထိုသို့ပြုလုပ်ပေးတော်မူပါ''ဟု ဆုတောင်းခဲ့သည်။ ဘုရားသခင်သည် သူ၏ဆုတောင်းသံကိုကြား၍ အဖြေပေး ခဲ့သည်။ သင်၏ကြောက်ရွံ့မှုများအား ဖယ်ရှားပေးရန်အ တွက် သင်လည်းဘုရားသခင်ထံ တောင်းခံပါ။ လူများကို ထာဝရအသက်ရစေမည့် သတင်း စကား သင့်တွင်ရှိ သောကြောင့် အခြားသူများအား ထိုသတင်စကားအား ရဲဝင့်စွာ လက်ဆင့်ကမ်း ရမည်ဖြစ်သည်။ ကျွန်ုပ်တို့ သည်လူများကို ကြောက်ရွံ့ ကြသောအခါ သူတို့သည် ဧဝံဂေလိတရားထက် ကြီးသူများဖြစ်ကြောင်း သက်သေခံသလိုဖြစ်သွားသည်။ ထိုအရာမှာ အပြစ်ဖြစ်သည်။


သင်သည် လူ့စိတ်ဝိညာဉ်များကို ရနိုင်သည်။

ကယ်တင်ခြင်းရရန်လိုအပ်သော လူများစွာ သင့်ဘေးနားတွင် ရှိသည်။

(၁) ယခုချက်ချင်းပင် သူတို့အတွက် စတင်ဆုတောင်းပါ။

(၂) သူတို့အား သက်သေခံနိုင်မည့် အခွင့်အရေးကို စောင့်ကြည့်နေပါ။

(၃) ဧဝံဂေလိတရား၏အခြေခံသမ္မာတရား (၄)ခုကို သင်ယူလေ့လာပါ။

(၄) စောဒကတက်ခြင်းများကို မည်သို့ပြန်လည် ဖြေကြားရမည်ကို လေ့လာသင်ယူပါ။

(၅) အသင့်ဖြစ်နေပါ။ ဘုရားသခင်သင့်ကို အသုံးပြုလိမ့်မည်။

အမှားလုပ်မိမည်ကို မစိုးရိမ်ပါနှင့်။ အကယ်၍ သင်သာလူတစ်ဦးကို ခရစ်တော်ထံသို့ ပို့ဆောင် ရန် မကြိုးစားလျှင် သင်သည် အမှားကြီးတစ်ခု ကို လုပ်နေခြင်းဖြစ်သည်။


မေးခွန်းများ

၁။ လူများကို ခရစ်တော်ထံသို့ လမ်းပြပို့ဆောင်ရန်အတွက် မည်သူ့တွင် ဤအခွင့်ထူးရှိသနည်း။

(က) မည်သူမဆို

(ခ) မည်သည့် ယုံကြည်သူမဆို။

၂။ အခြားသူများကို ခရစ်တော်ထံသို့ ပို့ဆောင်ပေးရန် ဘာကြောင့် အရေးကြီးသနည်း။

(က) ကောင်းကင်နိုင်ငံတွင် သင်ရမည့်ဆုလာဒ်ကြောင့်ဖြစ်သည်။

(ခ) လူစိတ်ဝိညာဉ်၏ တန်ဖိုး ကြီးများမှုကြောင့် ဖြစ်သည်။

၃။ လူ့ဝိညာဉ်သည် ဘာကြောင့် တန်ဖိုးအလွန်ကြီးသနည်း။

(က) ထာဝရကာလအသက်ရှင်မည်ဖြစ်သောကြောင့်ဖြစ်သည်။

၎။ ၀ိညာဉ်များကိုရရန် ………ကို အသုံးပြုတတ်ရန် ကျွန်ုပ်တို့ ကောင်းစွာ နားလည်ထား ရမည်။

(က) ဘုရားသခင်၏နှုတ်ကပတ်တော်၊

(ခ ) ကျွန်ုပ်တို့အသင်းတော်ရှိ အစီအစဉ်များ၊

၅။ စိတ်ဝိညာဉ်ကို ရသူ၏တန်ခိုးသည် .....

(က) ဘုရားသခင်၏နှုတ်ကပတ်တော်ထံမှ လာသည်။

(ခ ) သန့်ရှင်းသောဝိညာဉ်တော်ထံမှ လာသည်။

၆။ ဧဝံဂေလိတရားတွင် အခြေခံသမ္မာတရား (၄)ခု မှာ .....

အပြစ်ရှိသည်ဆိုသောအချက်

အပြစ်တရား၏အဖိုးအခ

အဖိုးအခကို ခရစ်တော်ပေးဆပ်ခဲ့သည်

ကျွန်ုပ်တို့ခရစ်တော်ကို လက်ခံရမည်။

(က) မှန် (ခ) မှား

၇။ လူတစ်ဦးသည် ကယ်တင်ခြင်းခံရပြီဆိုတာကို ဤသို့သိနိုင်သည်။

(က) ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့်။

(ခ ) သန့်ရှင်းသောဝိညာဉ်တော်၏ သက်သေခံခြင်းအားဖြင့်။

၈။ လူတစ်ဦးသည် ကယ်တင်ခြင်းခံရပြီဟု သင်အသေအချာပြောနိုင်သည်။

(က) မှန် (ခ) မှား

၉။ စိတ်ဝိညာဉ်ကိုရရှိသူ၏ အဓိကအရည်အသွေးတစ်ခုမှာ .....

(က) လူများအပေါ်တွင် ထားရှိသောချစ်ခြင်းမေတ္တာဖြစ်သည်။

(ခ ) အပတ်စဉ်တိုင်း ဘုရားကျောင်းမှန်မှန်တက်ခြင်းဖြစ်သည်။

(ဂ ) က နှင့် ခ

၁၀။ ကလေးများသည် ကယ်တင်ခြင်း ခံရနိုင်ပါလား။

(က) ရနိုင်သည်။

(ခ ) မရနိုင်ပါ။


Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support