HCF

HCF MYANMAR IN SINGAPORE

Saturday, June 26, 2010

မှန်ကန်သော ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ခြင်း (အပိုင်း ၂)


ပြသနာများကို ကိုင်တွယ်ခြင်း

Building Right Relationships (Part 2)

Handling Problems

Practical Christian Living Course

Lesson 20

သော့ချက် ကျမ်းပိုဒ်။ ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေလျှက်၊ သင်တို့ကိုလက်ခံတော်မူသည့်နည်းတူ၊ သင်တို့သည် တယောက်ကို တယောက် လက်ခံကြလော့။ (ရော၊ ၁၅း၇)


နည်းလမ်းမျိုးစုံသုံး၍ မိတ်ဆွေများရရှိအောင် လုပ်ဆောင်နိုင်သည်။ သို့သော် တချက်တည်းဖြင့် သူတို့ကို ပြန်လည် လက်လွှတ်ဆုံးရှုံး နိုင်ပါ သည်။ ကျွန်ုပ်တို့သည် မှန်ကန်သော ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ရုံသာမက ဆက်လက်တည်တံ့အောင် ထိန်းသိမ်းရမည်။ ပေါင်းသင်း ဆက်ဆံမှုများတွင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာများကို ဘုရားသခင်၏ ပုံစံမျိုးဖြင့် ဖြေရှင်းရမည်။ ဤသင်ခန်းစာတွင် အငြင်းအခုန်ဖြစ်ခြင်း၊ ကျူးလွန် စော်ကားခြင်း၊ မုန်းတီးခြင်း၊ အတားအဆီးများ နှင့် ငြင်းပယ်ခြင်းအစရှိသည့် ပြဿနာများကို ကြည့်ကြမည်ဖြစ်သည်။


အငြင်းအခုန်ဖြစ်ခြင်းများ

ကျွန်ုပ်တို့သည် ခရစ်တော်ကိုယ်ခန္ဓာ တခုတည်း၏ သင်းဝင်သူများဖြစ်ကြသော်လည်း ယုံကြည်သူများသည် တစ်ဦးနှင့်တစ်ဦး မတူညီ ကွဲပြားသူများဖြစ်ကြသည်။ ထို့ကြောင့် အငြင်းအခုန်ဖြစ်ကြသည့် အချိန်များလည်း ရှိပေမည်။ အငြင်းအခုန်ဖြစ်ခြင်းသည် ပုံမှန်သာဖြစ်သော်လည်း ပြဿနာကြီးများကို ဖြစ်စေနိုင်သည်။ အငြင်းပွားမှုများဖြစ်လာသောအခါ ကျွန်ုပ်တို့လုပ်သင့်သည့်အရာ အချို့တို့ကို လေ့လာကြ ပါစို့။


(၁) ကျွန်ုပ်တို့၏စိတ်သ ဘော ထားသည် မှန်ကန်ကြောင်း သေချာစေပါ။

ကျွန်ုပ်တို့ပြောသော အရာ များသည် မှန်နိုင်သော်လည်း ပြောသည့်ပုံစံသည် မှားယွင်းနိုင်းသည်။ ကျွန်ုပ်တို့၏ သဘောထား (သို့) စိတ်ဓာတ် သည် မှားယွင်းနေလျင် ကျွန်ုပ်တို့မှားသည်ဟု ဘုရားသခင်က ပြောသည်။

မှားယွင်းသောသဘောထားများသည် မှားယွင်းစွာတွေးတောခြင်းမှ ဖြစ်ပေါ်လာသည်။ ကျမ်းစာက ကျွန်ုပ်တို့၏ ဥာဏ်ပညာသည် ဘုရားသခင် ဆီမှ မလာလျှင် စာတန်ဆီမှ လာမည်ဟု ဆိုထားသည်။

ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် ခါးသီးမှုနှင့် အငြင်းပွားလိုသောစိတ်ရှိပါက ကျွန်ုပ်တို့၏ ဥာဏ် ပညာသည် စာတန်မှလာသည်ကို သေချာ သိနိုင်သည်။ ကျမ်းစာက ""သို့မဟုတ် သင်တို့စိတ်ထဲတွင်၊ ခါးစွာသောဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ သမ္မာတရားကို မုသာဖြင့်ဆန်၍ မ၀ါကြွားကြ နှင့်"" ထိုသို့သော ပညာသည် အထက်မှသက်ရောက်သောပညာမဟုတ်၊ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ် ၏""ဟုဆိုထားသည်။ (ယာကုပ် ၃း ၁၄-၁၅)

ကျွန်ုပ်တို့၏ ဥာဏ်ပညာသည် ဘုရားသခင်ဆီမှလာပါက ကျွန်ုပ်တို့သည် နူးညံ့သိမ်မွေ့၍ ပေါင်းသင်းဆက်ဆံရန် လွယ်ကူသူများ ဖြစ်ကြမည်ဖြစ်သည်။ ကျမ်းစာက ""အထက်မှသက်ရောက်သော ပညာမူကား၊ ရှေးဦးစွာစင်ကြယ်၏။ ထိုမှတပါး အသင့်အတင့်နေတက်၍၊ ဖြည်းညှင်း သောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ဂရုဏာနှင့်၎င်း၊ ကောင်းကျိုးနှင့်၎င်းပြည့်စုံ၏။ လျစ်လျူရှူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့် ကင်းစင်၏""ဟု ဆိုထားသည်။ (ယာ ၃း ၁၇)


(၂) ကျွန်ုပ်တို့၏လျှာကို ချုပ်တည်းရမည်။

ကျမ်းစာက လူမိုက်သည် ""စိတ်ထဲမှာရှိသမျှအရာအားလုံးကို ဖွင့်ပြောတတ်သည်""ဟု ဆိုထားသည်။ လျှာသည် ကိုယ်ခန္ဓာ၏ အသေးဆုံး သော အင်္ဂါများထဲမှတစ်ခုဖြစ်သော်လည်း အခြားအင်္ဂါများအားလုံး စုပေါင်း၍လုပ်သော အပျက်အစီးထက် သာ၍ကြီးသောအပျက်အစီးကို ဖြစ်စေနိုင် သည်။ ကျမ်းစာက ""လျှာ သည်မီးဖြစ်၏။ မိမိ သည်လည်း ငရဲမီး ရှို့ခြင်းကိုခံလျက်ရှိ၏။ သားရဲမျိုး၊ ငှက်မျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ ငါးတို့ကို လူမျိုးတို့သည် အောင်တက်သည့်အတိုင်း အောင်ခဲ့ပြီ။ လျှာကိုကား၊ အဘယ်သူမျှ မအောင်နိုင်၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော အဆိပ်အတောက်နှင့် ပြည့်စုံ၏""ဟု ဆိုသည်။ (ယာ ၃း ၆-၈)

ကျွန်ုပ်တို့ပြောသောစကားများအားဖြင့် အခြားသူများအား နာကျင်စေခဲ့သည်ကို ကျွန်ုပ်တို့အားလုံး သတိရပေလိမ့်မည်။ စကားများသည် နာကျင်စေပြီး ဆက်လက်နာကျင်နေဆဲဖြစ်သည်။ ဆာလံဆရာကဲ့သို့ ဆုတောင်းရန်လိုအပ်သည်။ ""အို ထာဝရဘုရား အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်းကိုထားတော်မူပါ။ အကျွန်ုပ် ၏ နှုတ်ခမ်းတံခါးကို စောင့်တော်မူပါ။"" (ဆာလံ ၁၄၁း ၃)


(၃) အခြားသူများပြောတာကို ဂရုစိုက်နားထောင်ရမည်။

အဓိပ္ပာယ်ရှိသော ဆက်ဆံ မှုတိုင်းတွင်အပြန်အ လှန်ပြောဆိုဆက်သွယ်ခြင်းသည် အလွန်အရေးကြီး သည်။ အငြင်းပွားမှုများဖြစ်လာချိန်တွင် အခြားသူတစ်ဦးနှင့် ပြောဆိုဆက်သွယ်မှုရှိရန်မှာ အလွန် အရေးကြီးသည်။ ဤစကားလုံးများသည် ၀မ်းနည်းဖွယ်ကောင်းလေစွ။ ""သူ/သူမက ကျွန်ုပ်ပြောတာကို လုံးဝနားမထောင်တော့ဘူး"" အများအားဖြင့် တစုံတဦးသည် စိတ်ဆိုးနေချိန်တွင် ပြဿနတစ်ခုကို ဖြေရှင်း ရန်မှာ ခက်ခဲသည်။ ဤသို့သောအခြေအနေမျိုးတွင် ကျွန်ုပ်တို့လုပ်နိုင်သော အကောင်းဆုံးအရာတစ်ခုမှာ နားထောင်ပေးခြင်းဖြစ်သည်။

တစုံတဦးသည် စိတ်ဆိုး၊ စိတ်ပျက်နေချိန်တွင် ထိုသူ၏စိတ်ခံစားမှုများကို တင်းတင်းမှုတ်ထားသော ဘောလုံးနှင့်ခိုင်းနှိုင်းနိုင်သည်။ ဘောလုံး ကို လေမလျော့ပေးဘဲ ဖိအားများထပ်ပေးမည်ဆိုပါက ပေါက်ကွဲ သွားမှာသေချာသည်။

အကယ်၍ သင်သည် သူပြောတာကို ကြားဖြတ်မပြောဘဲ စိတ်ပါဝင်စားစွာ နားထောင်ပေးမည်ဆို ပါက ""ဘောလုံး""သည် လေလျော့သွားပြီး ဖိအားလည်း အနည်းငယ်ပြေလျော့သွားလိမ့်မည်။ ထိုအချိန်တွင် ပြဿနာကို ကိုင်တွယ်နိုင်ပြီ ဖြစ်သည်။


(၄) ကျွန်ုပ်တို့သည် အမှုကိစ္စတို့ကို အခြားသူ၏ ရှုထောင့်ဘက်မှလည်း ရိုသားစွာ ကြည့်ရှု၍ မြင် နိုင်သည်။

တစုံတဦးသည် သူတွေးတောလုပ်ဆောင်သောအရာရာတိုင်းအတွက် အကြောင်းပြချက်တစ်ခု သူ၌ ရှိသည်။ သင်သည် ရိုးသားစွာ သူ့နေရာ ကို ၀င်ယူ၍ သူ့အမြင်ဘက်မှ အမှုကိစ္စတို့ကို ကြည့်ကြည့်ပါ။ သူသည်မှန်ကန်၍ သင်သည်မှားယွင်းနေကြောင်း သင်သိကောင်းသိလာလိမ့်မည်။


ထိပါးစော်ကားခြင်းများ

ခရစ်ယာန်များသည် ထိပါးစော်ကားမှုကို လွယ်လွယ်ကူကူမခံယူဘဲ အခြားသူများနှင့် ပတ်သက်၍ စိတ်ရှည်သည်းခံတတ်ရန် သင်ယူ သင့် သည်။ ကျမ်းစာက ""ချစ်ခြင်းမေတ္တာသည် ခပ်သိမ်းသောအရာကို သည်းခံတတ်၏"" ဟုဆိုသည်။ သို့သော် ထိပါးစော်ကားမှုများရှိနိုင်သည်။ ထိပါးမှုများ ကို ကိုင်တွယ်ရာ၌ အခြေခံစည်းမျဉ်းတစ်ခုမှာ ထိုလူထံသို့သွား၍ ပြည်လည်ပြေလည်အောင် လုပ်ဆောင်ရန်ဖြစ်သည်။

ကျွန်ုပ်တို့ ကိုင်တွယ်ရမည့် ထိပါးစော်ကားမှု (၂)ခုရှိသည်။ (၁) ကျွန်ုပ်တို့က အခြားသူများအပေါ် ထိပါးစော်ကားမှုများနှင့် (၂) ကျွန်ုပ်တို့ကို အခြားသူများက ထိပါးစော်ကားမှုများဖြစ်သည်။ ဤတစ်ခုစီကို မည်သို့ကိုင်တွယ်ရမည်ကို ကြည့်ကြပါစို့။


(၁) ကျွန်ုပ်က သူတပါးအပေါ် ထိပါးမှု

ကျွနုပ်သည် တစုံတဦးအပေါ် ထိပါးစော်ကားသောအခါ ထိုသူနှင့် ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်ဖို့ ကျွန်ုပ်တွင် တာဝန်ရှိသည်။ သခင်ယေရှုက ""ထို့ကြောင့်သင်သည် ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက်၊ သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့် တစုံတခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍သွားလော့။ ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သက္ကာကို တင်လော့။""ဟု ဆိုခဲ့သည်။ (မ၊ ၅း၂၃-၂၄)

ကျွန်ုပ်တို့သည် အမှားလုပ်သောအခါ ရိုးသားစွာဖြင့် လှိုက်လှုက်လှဲလှဲ တောင်းပန်မှုသည် ပြဿနာ များပြေလည်စေရန် များစွာ အထောက် အကူပြုပေမည်။ မှန်ကန်စွာ တောင်းပန်နိုင်ရန်အတွက် ....

(၁) ကျွန်ုပ်သည် ကျွန်ုပ်ကျူးလွန်ခဲ့သော ထိပါးမှုအတွက် တာဝန်အပြည့်အ၀ယူ၍ မည်သူ့ အပေါ်မှလည်း အပြစ်ပုံမချပါ။

(၂) မည်သို့သော ထိပါးစော်ကားမှုဖြစ်သည်ကို နာမည်တပ်၍ ပြောမည်။

(၃) ထိုလူအား ကျွန်ုပ်ကို ခွင့်လွှတ်ပေးရန်ပြောပြီး သူ၏အဖြေကို စောင့်ဆိုင်းမည်။

အကယ်၍ ကျွန်ုပ်သည် တစုံတဦးကို ဆုံးရှုံးမှုများဖြစ်စေခဲ့ပါက ထိုက်သင့်သောအဖိုးအခကို ပြန်လျောပေးရမည်ဖြစ်သည်။


(၂) အခြားသူတစ်ဦး ကျွန်ုပ်အပေါ် ထိပါးခြင်း

အခြားသူတစ်ဦးသည် ကျွန်ုပ်အပေါ် ထိပါးလာပါက ကျွန်ုပ်လုပ်ရမည့် ပထမဆုံးတာဝန်မှာ သူ့ထံ သွား၍ သူ့အမှားကို ထောက်ပြရန်ဖြစ်သည်။ ယေရှုက ""ထိုကြောင့်သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှား လျင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍၊ ဆုံးမလော့။"" ဟု ဆိုခဲ့သည်။ (မသဲ ၁၈း၁၅)

တစုံတဦးက ကျွန်ုပ်တို့ကို ထိပါးသောအခါ ပထမဆုံး ကျွန်ုပ်တို့လုပ်လေ့လုပ်ထရှိသော အရာ တစ်ခုမှာ ကျွန်ုပ်တို့သည် မည်သို့ ဆိုးရွာစွာ ဆက်ဆံခြင်းခံခဲ့ရကြောင်းကို အခြားသူတစ်ဦးအား ပြောပြခြင်း ဖြစ်သည်။ ထိုသို့လုပ်ခြင်းသည် လုံးဝမှားယွင်းသည်။ ကျွန်ုပ်တို့ကို ထိပါးခဲ့သောသူထံသို့ ပထမဆုံး မသွားမပြီးမချင်း အခြားသူတစ်ဦးဦးကို လုံးဝမပြောရပါ။ တောင်းပန်ရန်အတွက် သူ့အားအခွင့်အရေး ပေးရမည်ဖြစ်ပြီး နားလည်မှုများ လွဲမှားနေပါကလည်း ရှင်းပြနိုင်ရန်အတွက် အခွင့်အရေးတစ်ခု သူ့အား ပေးရမည်ဖြစ်သည်။

တစုံတဦးက ကျွန်ုပ်တို့ကို ထိပါးသည်ဖြစ်စေ၊ ကျွန်ုပ်တို့က တစုံတဦးကို ထိပါးသည်ဖြစ်စေ၊ လုပ်ရ မည့်အရာမှာ ထိုသူထံသို့သွား၍ ကိစ္စတို့ကို ပြေလည်အောင်လုပ်ဆောင်ရန်ဖြစ်သည်။ လူနှစ်ဦးသည် ပြဿနာတက်နေပါက၊ သူတို့သည် ဘုရားသခင်ရှေ့၌ မိမိကိုယ်ကိုနှိမ့်ချခြင်းအားဖြင့်ဖြစ်စေ၊ ခွင့်လွှတ်ပေး ခြင်း နှင့် ပြဿနာကိုမေ့ပျောက်ခြင်းအားဖြင့် ဖြစ်စေ ပြဿနာကို ဖြေရှင်းနိုင်သည်။

မှတ်မိ သတိရရန်- ထိပါးစော်ကားခြင်းများ ကိုကိုင်တွယ်ရာ၌ အခြေခံနည်းလမ်းမှာ ထိုသူထံသို့ တစ်ဦးတည်းသွားပြီး ပြသနာကို ပြေလည် အောင် မှန်ကန်စွာ ပြုလုပ်ခြင်း ဖြစ်သည်။

ကျွန်ုပ်သည် အမှု့ကိစ္စတို့ကို ပြေလည်အောင် ဖြေရှင်းရန်အတွက် တစုံတဦးထံသွားသောအခါ မှန်ကန်သောစိတ်ဓါတ်ဖြင့် သွားရမည်ဖြစ်သည်။ ကျွန်ုပ်၏ရည်ရွယ်ချက်မှာ သူ့ကို ကျွန်ုပ်အားတောင်းပန်လာ အောင်ပြုလုပ်ရန် မဟုတ်ဘဲ ကျွန်ုပ်နှင့်၊ ဘုရားသခင်နှင့် ပြန်လည်မိတ်သဟာယာဖွဲ့စေရန် ပြု လုပ်ရန်ဖြစ်သည်။ သူသာနောင်တရပါက ကျွုန်ုပ်သည် သူ့အားခွင့်လွတ်ရမည်ဖြစ်သည်။ သခင်ယေရှုက ""သင့်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့အားဆုံးမလော့။ သူသည် နောင်တရလျှင် သူ၏အပြစ်ကို လွှတ်လော့။"" ဟုဆိုသည်။ လုကာ ၁၇း၃

တစ်ကြိမ်တစ်ခါတွင် ပေတရုက ယေရှုအား ""သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်များ၍ အကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ်ရပါအံ့နည်း၊ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့နည်း"" ဟုမေးသောအခါ ယေရှုက ""ခုနစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။ အကြိမ် ခုနစ်ဆယ်ခုနစ်လီမြောက် အောင်လွှတ်ရမည်""ဟု ပြန်ဆိုခဲ့သည်။ (မဿဲ ၁၈း၂၁-၂၂)

ကျွန်ုပ်တို့သည် အတိုင်းအတာမရှိ ခွင့်လွှတ်ပေးကြရန် သခင်ယေရှုက သင်ကြားပေးနေခြင်းဖြစ် သည်။ ""ခုနစ်ဆယ် ခုနစ်လီမြောက်အောင်"" ခွင့်လွှတ်ပေးရမည်ဆိုသည်မှာ ကျွန်ုပ်တို့၏ညီအစ်ကိုများအား အကြိမ်ပေါင်း ၄၉၀ ခွင့်လွှတ်ပြီးပါက နောက်ထပ်ခွင့်လွှတ်ပေးရန် မလိုတော့ပါဟု ဆိုလိုခြင်းမဟုတ်ပါ။ ဤနေရာတွင် သခင် သင်ကြားလိုသည်မှာ ခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့အတွက် အလေ့အထတစ်ခုဖြစ်လာရန် ဖြစ်သည်။ ကျွန်ုပ်တို့ခွင့်လွှတ်ပေးရမည့် အကြိမ်ပေါင်းကို မရေမတွက်နိုင်ပါ။

ယေရှုက ကျွန်ုပ်တို့သည် ကျွန်ုပ်တို့က ထိပါးခဲ့သောသူများထံမှ ခွင့်လွှတ်ခြင်းကို မရမချင်း၊ ကျွန်ုပ် တို့ကိုထိပါးခဲ့သောသူများအား ခွင့်မလွှတ် မချင်း၊ ဘုရားသခင်နှင့်ကျွန်ုပ်တို့ပြန်လည်သင့်မြတ်ရန်မှာ မဖြစ် နိုင်ပါဟုဆိုသည်။ ထိပါးမှုများနှင့်ပတ်သက်၍ သခင်၏ သင်ကြားမှုကို အပြည့်အ၀ နားလည် နိုင်ရန်အတွက် မသဲအခန်းကြီး ၅၊၁၈ နှင့် လုကာအခန်းကြီး ၁၇ ကိုဖတ်ပါ။


မုန်းတီးစိတ်နှင့် အတားဆီးများ

ထိပါးမှုများကို ဆီလျှော်စွာ မကိုင်တွယ်မ ဖြေရှင်း ပါကမုန်တီးစိတ်နှင့် အတားအဆီးများသည် လူများကြားသို့ ၀င်ရောက်လာနိုင်သည်။ မုန်းတီးစိတ်ဆိုသည်မှာ အခြားသူအပေါ် စိတ်မကောင်းရြှိခင်းနှင့် ရန်လိုမုန်းတီးခြင်းကို ဆိုလိုသည်။ အတားအဆီးဆိုသည်မှာ လူများကြားတွင် နံရံကဲ့သို့ ဖြစ်သည်။ မုန်းတီးစိတ်နှင့် အတားအဆီးများရှိသော နေရာများတွင် စစ်မှန်သော ပြောဆိုဆက်သွယ်ခြင်းများရှိမည် မဟုတ်ပါ။

ဘုရားသခင်သည် မုန်းတီးစိတ်၊ အတားအဆီးနှင့်ပတ်သက်၍ မည်သို့ကိုင်တွယ်ခဲ့သည်ကို နားလည်နိုင်ရန်အတွက်၊ ကျွန်ုပ်တို့သည် အသင်းတော်၏ ကနဦးအစကို ပြန်ကြည့်ရမည်ဖြစ်သည်။ အစပိုင်းတွင် အသင်းတော်ကို ဂျူးယုံကြည်သူများဖြင့်သာ လုံးလုံးလျားလျား ဖွဲ့စည်း ထားခဲ့ သည်။ နောက် ပိုင်းတွင် သတင်းကောင်းကို တပါးအမျိုးသားများ(ဂျူးမဟုတ်သူများ)ထံ ဟောပြောသောအခါ တပါးအမျိုး သားများစွာသည် ယုံကြည် ခဲ့ကြပြီး အသင်းတော်တွင်းသို့ ပေါင်းထည့်ခြင်းကို ခံခဲ့ကြသည်။

ဂျူးများနှင့်တပါးအမျိုးသားများကြားတွင် ကာလကြာရှည်စွာ တည်ရှိခဲ့သော မုန်းတီးစိတ်နှင့် အတားအဆီးများကြောင့် ဤသို့ ပေါင်းထည့်ခြင်း သည် ပြဿနာတစ်ခုကို ဖြစ်စေခဲ့သည်။ ဂျူးများက သူတို့ သည် တပါးအမျိုးသားများထက် မြင့်မြတ်သူများဖြစ်ကြသည်ဟု မှတ်ယူပြီး တပါးအမျိုးသားများ နှင့် အစာပင်အတူမစားပါ။ ထိုနည်းတူပင် တပါးအမျိုးသားတို့ကလည်း ဂျူးများကို ရွံ့ရှာကြသည်။

ဘုရားသခင်သည် ဂျူးများနှင့်တပါးအမျိုးသားများကြားတွင် ရှိသောမုန်းတီးစိတ်နှင့် အတားအဆီး ကိုမည်သို့ကိုင်တွယ်ဖြေရှင်းခဲ့သနည်း။ ကားတိုင်တော်အားဖြင့် ဖြေရှင်းခဲ့သည်။ ကျမ်းစာက ဂျူးနှင့်တပါး အမျိုးသားများအပါအ၀င် ယုံကြည်သူတိုင်းသည် ခရစ်တော်နှင့်အတူ ကားတိုင်တော်၌ အသေသတ်ခြင်းကို ခံရသည်ဟု ပြောသည်။ ဂျူးနှင့်တပါးအမျိုးသားယုံကြည်သူများကို စုပေါင်းထားသော ""လူသစ်"" တစ်ဦးကို ဘုရားသခင်သည် ဖြစ်ပေါ်စေခဲ့သည်။ လူသစ်တွင် ယေရှုခရစ်တော်ကိုယ်တိုင်က ဦးခေါင်းဖြစ်ပြီး ကိုယ်ခန္ဓာကိုမူ ယုံကြည်သူများ အားဖြင့် ဖွဲ့စည်း ထား သည်။

သူ၏သေခြင်း အားဖြင့် သခင်ယေရှုသည် ဂျူးနှင့်တပါးအမျိုးသားများကြားတွင်ရှိသော အတား အဆီးကို ချိုးဖျက်၍ မုန်းတီးစိတ်ကို ဖယ်ရှား ခဲ့သည်။ ကျမ်းစာက ""အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့၏၏ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူ၏။ ၀ိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရား တည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓာပေါ်တွင် ပယ်ရှားတော်မူသဖြင့် ပိုင်းခြားလျက် ရှိသောစပ်ကြား အုတ်တံတိုင်း၊ နံရံကိုဖြိုဖျက်၍လူမျိုးနှစ်ခုတို့ကို တစုတည်းဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင် ကိုယ်တော်၌ထိုလူနှစ်စုတို့ကို လူသစ် တစ်ဦး တကိုယ် တည်း ဖြစ်စေခြင်းငှာ ပြင်ဆင်၍ တလုံးတ၀တည်းဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကိုသတ် ဖြတ်လျက်၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့စေမည်အကြောင်းတည်း။"ဟု ဆိုသည်။ (ဧဖက် ၂း၁၄-၁၆)

ဤအရာသည် ဂျူးများနှင့်တပါးအမျိုးသားတို့တွင် သာမက ယုံကြည်သူတိုင်းအတွက် မှန်ကန်သည်။ ကျွန်ုပ်တို့သည်လည်း ခရစ်တော် ကိုယ်ခန္ဓာ၏ သင်းဝင်သူများဖြစ်လာနိုင်ရန်အတွက် ခရစ်တော်နှင့် အတူကားတိုင်ထက်၌ အသေသတ်ခြင်းကို ခံခဲ့ကြပြီဖြစ်သည်။

ကားတိုင်တော်၏ လုပ်ဆောင်မှုအားဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့ကို ကွဲကွာစေသော အတား အဆီးရှိသမျှကို ဖယ်ရှားခဲ့ပြီးဖြစ်သည်။ ကားတိုင်၌အသေခံခြင်းအားဖြင့် ယုံကြည်သူများကြားတွင်ရှိသော မုန်းတီးစိတ်ကိုလည်း ""သတ်ဖြတ်""ခဲ့ပြီဖြစ်သည်။ ခရစ်တော်သည် ယုံကြည်သူတိုင်း ကို သူနှင့်တလုံးတ၀ တည်းဖြစ်စေပြီး ယုံကြည်သူအချင်းချင်းလည်း တလုံးတ၀တည်းဖြစ်စေသည်။

ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကို ဘုရားသခင်ထံပို့ဆောင်ရန်သာမက ကျွန်ုပ်တို့၏အချင်းချင်း ပေါင်းသင်းဆက်ဆံမှုတွင်ရှိသော အနာများ ကိုငြိမ်းစေရန်အတွက် ကားတိုင်ထက်၌ အသေခံခြင်းဖြစ်သည်။ ကျွန်ုပ်နှင့်အခြားယုံကြည်သူတဦးကြားတွင် အတားအဆီးနှင့် မုန်တီးစိတ်ကို တည်ရှိရန် ခွင့်ပြုပါက ထိုသို့ လုပ်ခြင်းသည် ခရစ်တော်၏ ကားတိုင်ထက်၌ လုပ်ဆောင်ခဲ့ခြင်းကို ငြင်းပယ်ခြင်းဖြစ်သောကြောင့် အပြစ် ဖြစ်သည်။


ငြင်းပယ်ခြင်း

ကျွန်ုပ်တို့၏ အခြားသူတဦးနှင့် ဆက်ဆံမှု၌ ကျွန်ုပ်တို့တွင် အခြေခံ စိတ်နေသဘောထား (၂)မျိုးအနက် တခု ရှိနိုင်သည်

(၁) သူ့ကိုငြင်းပယ်လိုသည့်သဘောထားနှင့်

(၂) သူ့ကိုလက်ခံလိုသည့် သဘောထားနှင်


အခြားသူတဦးကို ငြင်းပယ်ခြင်းသည
ထိုသူ၏လက်ရှိဖြစ်နေ သောဘ၀ကို ငြင်းပယ်ခြင်းဖြစ်သည်။ ငြင်းပယ်ခြင်းသည် သဘောထား တစ်ခုဖြစ်ပြီး ထိုသဘောထားက ""သင့်ကိုလက်ခံစေလိုပါက ကျွန်ုပ်ကို နှစ်သက်စေရန် သင့်ကိုသင်ပြောင်းလဲရမည်""ဟု ပြောနေခြင်းဖြစ်သည်။

အခြားသူတဦးကိုလက်ခံခြင်းဆိုသည်မှာ ထိုသူအပေါ်သို့ မည်သည့်ကန့်သတ် ချက်မှမထားရှိဘဲ သူအား လွတ်လပ်စွာလက်ခံခြင်းဖြစ်သည်။ ဤသို့လက်ခံခြင်းဖြင့် သင်သည် သူ၏အမှားများကို မမြင်ခြင်း(သို့) သူလုပ်သမျှအရာအားလုံးကို သဘောတူလက်ခံသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဤအရာအား ရိုးရှင်းစွာဆိုလိုသည်မှာ ခရစ်တော်သည် သင့်ကိုလက်ခံခဲ့သလိုမျိုး ထိုသူကိုလက်ခံခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကျမ်းစာက ""ခရစ်တော်သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကို လက်ခံတော်မူသည့်နည်းတူ၊ သင်တို့သည် တယောက်ကိုတယောက် လက်ခံကြလော့""ဟု ဆိုသည်။ (ရောမ ၁၅း၇)

ကျွန်ုပ်တို့သည် အချင်းချင်းလက်ခံရမည့်အကြောင်းအရင်းမှာ ခရစ်တော်က ကျွန်ုပ်တို့ကို လက်ခံခဲ့သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်သားဖြစ်စဉ်၌ပင် ကျွန်ုပ်တို့အတွက် အသေခံခဲ့သည်။ သူက ""သင်တို့မပြောင်းမလဲမချင်း၊ သင်တို့ကို လက်မခံပါ"" ဟူ၍မပြောခဲ့ပါ။ သူသည် ကျွန်ုပ်တို့၏ လက်ရှိဘ၀၌ပင်ကျွန်ုပ်တို့ကို လွတ်လပ်စွာဖြင့် လုံးဝဥသုန်လက်ခံခဲ့ပြီး ဘုရားသားသမီးတဦးအနေဖြင့် ခံစားထိုက်သော အခွင့်ထူးများနှင့် အကျိုးကျေးဇူးများကို ရရှိနိုင်အောင် ပြုလုပ်ပေးခဲ့သည်။ ဤသဘောထားသည် ဘုရားသခင်က ကျွန်ုပ်တို့အား အခြားသူများအပေါ်တွင် ထားစေလိုသော သဘောထား ဖြစ်သည်။ ကျွန်ုပ်တို့နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ အခြားသူတဦးအပေါ်တွင် ထားရှိသော ကျွန်ုပ်တို့၏သဘောထားသည် ထိုသူအပေါ်သို့ နက်ရှိုင်းသောအကျိုးသက်ရောက်မှု ရှိနိုင်သည်။

++လူတဦး ကို ငြင်းပယ်သောသဘောထားသည် ဘုရားသခင်၏ မေတ္တာတော်ကို သင့်အားဖြင့် ထိုသူအပေါ်သို့ စီဆင်းကျရောက်စေခြင်းကို တားဆီးသည်။ ထိုငြင်းပယ်ခြင်းသည် သူ့အား ""ချည်နှောင်၍"" ဘုရားသခင် ဖြစ်စေလိုသော သူတဦး မဖြစ်လာစေရန် တားဆီးသည်။


++လူတဦးကို လက်ခံခြင်းသဘောထားသည်
ဘုရားသခင်၏ မေတ္တာတော်ကို သင့်အားဖြင့် ထိုသူ အပေါ်သို့ စီးဆင်းကျရောက်စေရန် အခွင့်ပေးသည်။ ဤလက်ခံခြင်းသည် သူ့အား ""လွတ်မြောက်စေ""၍ သူ့ကို ဘုရားသခင်ဖြစ်စေလိုသောသူတဦး ဖြစ်လာစေသည်။

ခရစ်ယာန်ဖခင်တဦးက သူ့အသက်တာနှင့် သူ့သား၏အသက်တာတို့၌ ဘုရားသခင် လုပ်ဆောင်ခဲ့သောအမှုကို ဝေမျှပြောပြခဲ့သည်။


""ကျွန်တော်လိုက်ရမှာလား""ဟု ကျွန်တော်တို့၏ ၁၅ နှစ်အရွယ်သားက သုန်မှုန်စွာပြောသည်။ လေးလံသောခြေလှမ်းများဖြင့် လျှောက်၍ ကျွန်တော်အိမ်မှာပဲ သူငယ်ချင်းတွေနဲ့အတူ နေချင်တယ်"" ပြီးတော့ ကားကလည်း လူတွေပြည့်ကျပ်နေပြီ။ ဘယ်သူက မိုင် ၆၀၀ ခရီးကို ကားအစုတ်ပလုတ်ထဲမှာ ငချင်သိပ်ထားသလိုမျိုး ကျပ်ကျပ်သိပ်သိပ်နဲ့ လိုက်နိုင်မှာလဲ""ဟူ၍ ဆက်ပြောခဲ့သည်။

ဘရက်၏ မီးခိုးထွက်သလိုထွက်နေသော ဒေါသသည် မကြာသေးမီက ကျွန်ုပ်၏ဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေခဲ့သော ကြီးထွားလာ နေသည့် ပြဿနာတခုကို မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်၏ နှလုံးသားအတွင်းပိုင်း နက်နက်ထဲ၌ ဘရက်ကို တဖြည်းဖြည်း မနှစ်မြို့ လာကြောင်းကို ၀န်ခံပါသည်။ ကျွန်တော်သည် သူ့သူငယ်ချင်းများကို မနှစ်သက်ပဲ သူဆံပင်ပုံစံကိုလည်း မနှစ်သက်ပါ။ သူစွဲလမ်း နေသည့် ဂီတအမျိုးအစားကို ကျွန်တော်အထူးသဖြင့် စိတ်ပျက်သည်။ ကျွန်တော်တို့နှစ်ဦးကြားရှိ ပြောဆို ဆက်ဆံမှုများမှာ အရောင်စွန်းထင်လာသည်။

ဘရက်သည် စိတ်မပါစွာဖြင့် ကျွန်တော်တို့နှင့်အတူလိုက်လာပြီး ကျွန်တော်တို့သည် တပတ်တာကို တော့ ဖြတ်ကျော်နိုင်ခဲ့သည်။ ကျွန်တော်တို့အိမ်ပြန်ရောက်သောအခါတွင်မူ မိဘများအဖြေင့် ကျွန်တော်တို့ သည် ဘုရားသခင်ရှေတွင် ဒူးထောက်၍ ""သခင်၊ ဘရက်သည် ယခုလိုသာ ဆက်ပြီးရိုင်းစိုင်း ပုန်ကန်နေ မည်ဆိုပါက ဘရက်ကိုသာမက အခြားသူများကိုပါ ထိခိုက်စေနိုင်သော အဖြစ်အပျက်ဆိုးကြီး ဖြစ်ပေါ်လာ စေနိုင်သည်ကို ကျွန်တော်တို့ သေချာသိပါ၏။ ကျွန်တော်တို့သည် သူ့ကို ဒီလိုမျိုးဆက်လက်ပြုမူစေမှာ မဟုတ်ဘူး။ ကိုယ်တော်အဖြေပေးပါ။ ကျွန်တော်တို့ တောင်းဆို ပါ၏။ ကျွန်တော်တို့ကို ပြသတော်မူပါ""ဟု ဆုတောင်းခဲ့သည်

ကျွန်တော်သည် ဘုရားသခင်၏ အဖြေအတွက် ပြင်ဆင်ထားခြင်း လုံးဝမရှိခဲ့ပါ။ သူသည် သူ၏ မီးမောင်းကို ကျွန်ုပ်နှလုံးသား၏ သဘောထားများအပေါ်သို့ အဓိကထား၍ ထိုးခဲ့သည်။ ကျွန်တော်၏ နှလုံးသားထဲမှ သဘောထားများသည် အချိန်တော်ကြာ အရိပ်ဖုံးလွှမ်းနေခဲ့ပြီး ယခုတွင်မှ နာကျင်စရာ ကောင်းလောက်အောင် ထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။ ""သင်သည် ဘရက်ကို ငြင်းပယ်၊နာကြည်း၊ ရှုံ့ချ နေသမျှ ကာလ ပတ်လုံး ငါ့လက်တွေဟာ ချည်နှောင်ထားခြင်းခံရတယ်""ဟု ဘုရားကပြောသည်။ ငါသည် သင့်သားကို မထိတွေ့နိုင်အောင် သင်က ကာဆီးထားတယ်။ သင်ဟာ အဓိကပြဿနာပဲ"" ဟူ၍ဆက်ပြော ခဲ့သည်။


"အို၊ ဘုရားသခင်" ဟူ၍ ကျွန်တော်သည် အံ့အားသင့်စွာ ငြီးတွားမိသည်။ ဘုရားသခင်သည် ကျွန်တော့ကို ဆက်ရှာခဲ့သည်။ ""ငါသင့်ကို ငါ့သားယေရှုအားဖြင့် လက်မခံခဲမီက၊ သင်သည် သန့်ရှင်း၊ ဖြောင့်မတ်လာရမည်ဟု ငါတောင်းဆိုခဲ့သလော။ ထိုအချိန်၌ သင့်ဘ၀တွင် ငါ့ကို မနှစ်မြို့ စေသောအရာများ စွာမရှိခဲ့သလော။ အဲ့ဒါတောင် ငါသည်သင့်ကို ငါ့မေတ္တာတော်ပတ်စည်း၍ ငါ့သားတော်ကြောင့် သင့်ကို လက်ခံခဲ့သည်မဟုတ်လော။""

သူနောက်ထပ်ပြောသည့်စကားကို ကျွန်တော်ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ""သင် ယခု သင့်သားဆီသွားပြီး သင်၏ မှားယွင်းသော သဘောထားများနှင့် နာကြည်းခြင်း၊ ဝေဖန်ခြင်းနှင့် ငြင်း ပယ်ခြင်းတို့ကို သွား၍၀န်ခံမလား""ဟု သူ့အပေါ်တွင် ကျူးလွန်ခဲ့သော သင်၏အပြစ် အတွက် သင်သွား၍ တောင်းပန်မလား""


""ဒါပေမယ့်၊ သခင်၊ သူဟာ ပုန်ကန်ပြီး မှားယွင်းသူဖြစ်တယ်"" ဟု ကျွန်တော် အားတက်ခဲ့သည်။


""ငါ့သား၊ ငါသည် ထိုအရာကို သိ၏။ ငါ့တွင် အနာငြိမ်းစေနိုင်သော အစွမ်းလည်းရှိ၏။ သို့သော် သင်သည် သာ၍ကြီးသော ပြဿနာ ဖြစ် သည်။ ဒီလိုဆိုဘယ်လိုဘဲ။ သင်သည် ငါ့ကိုစောင့်ဆိုင်းစေလိုသမျှ ကာလပတ်လုံး ငါ့စောင့်ဆိုင်းနိုင်၏။ အကယ်၍သင်သာ ကတိကို ချိုးဖျက်ပါက သင်သည် သင့်သားကို ဆုံးရှုံးမှာမဟုတ်ဘူးဟု ငါကတိမပေးနိုင်ပါ။""

ကျွန်ုပ်သည် ဘုရားသခင်၏ ကမ်းလှမ်းချက်နှင့် ရုန်းကန်လွန်ဆွဲနေချိန်တွင် ဤကိစ္စသည် ကျွန်တော့်အတွက် နာကျင်ဖွယ် ကောင်းလောက် အောင် ပို၍ရှင်းလင်းလာခဲ့ပြီး ကျွန်တော့်သားနှင့်ပတ်သက် ၍ ဘာတွေဖြစ်ပျက်လာမည်ကိုလည်း ဘယ်သူကမှ အာမ၊ မခံနိုင်ပါ။ သူဖခင်၊ ကျွန်တော်သည် ဘယ်လို လုပ်ရမည်ကို နားလည်သွားခဲ့သည်။ ဘုရားသခင်က ကျွန်တော့သား၏ ပုန်ကန်မှုအားလက်ခံရန် ပြောနေခြင်း မဟုတ်ပါ။ ကျွန်တော် ဖြစ်စေ လို သည့်အတိုင်း မဟုတ်ဘဲ ကျွန်တော့်သား၏လက်ရှိဘ၀၌ပင် သူ့အား စစ်မှန် စွာနှင့် အကန့်အသတ်မရှိသော မေတ္တာမျိုးဖြင့် ချစ်ရန် ပြောနေခြင်း ဖြစ်သည်။ နှိမ့်ချခြင်းသည် ကျွန်တော့် အတွက် နာကျင်ဖွယ်ကောင်းသော်လည်း၊ ကျွန်တော့်အလိုကို မစွန့်လွှတ်ပါက ဘရက်နှင့် ကျွန်တော်တို့ တွင်ဖြစ်ပေါ်လာမည့် ဆိုးရွားသော အကျိုးဆက်များကို ကျွန်တော်အလွန် ကြောက်လန့်ခဲ့သည်။ ဘုရား သခင်သည် ဘရက်ကို စောင့်ဆိုင်းနေခြင်း မဟုတ်ပါ။ ကျွန်တော့်အား စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ဖခင်က သူသည် ဘုရားသခင်၏စကားကို နာခံသောအခါ ဘာဖြစ်ခဲ့သည်ကိုပြောပြသည်။

ကျွန်တော်တို့သည် တဦးနှင့်တဦး ဖက်ထားစဉ်တွင် မျက်ရည်များသည် ဘရက်အပေါ်တွင်ထားရှိသော ကျွန်တော့်၏နာကြည်းမှုများကို တိုက်စားသွားခဲ့သည်။ ဘရက်သည်လည်း စတင်ငိုကြွေး၍ စိတ်နှလုံးကြွေကွဲစွာဖြင့် သူပုန်ကန်မှုကို အသိအမှတ်ပြုပြီး ခွင့်လွှတ်ပေးရန် တောင်းပန် ခဲ့သည်။ ထို့နောက် မိခင်ဘက်သို့လှည့်၍ သူမကိုပွေ့ဖက်ကာ သူမပေါ်တွင်ထားရှိသော သူ၏မှားယွင်းသော သဘောထားကို ငိုကြွေးခြင်းအားဖြင့် စွန့်ထုတ်ခဲ့သည်။

ထိုနေ့ရက်မှစတင်၍ ၂-နှစ်ကုန်ဆုံးခဲ့ချိန်တွင် ကျွန်ုပ်သည် ကျွန်တော်လုပ်သောအရာများ၌ ဆုံးရှုံးမှုများရှိခဲ့သော်လည်း ထိုအချိန်က ဘုရားသခင်၏ နက်ရှိုင်းစွာ လုပ်ဆောင်မှုကြောင့် ဘရက်သည် သခင် ရှိရာသို့ နီးကပ်စွာ ပုံမှန်လျှောက်လှမ်းလာခဲ့သည်။ ဘုရားသခင်က သူသည် ကျိုးပဲ့ကြွေမွသော နှလုံးသားကို မရွံရှာပါဟုပြောခဲ့သည်။ သူ၏ရွေးနှုတ်၍ အားကြီးသောမေတ္တာတော်သည် ကျွန်ုပ်တို့၌ လမ်းကြောင်း (Channel) တခုကို ရှာတွေ့သောအခါ အသက်တာများတွင် ဘာတွေဖြစ်လာမည်ကို မည်သူ ပြောနိုင်သနည်း။ ထိုမေတ္တာ တော်၏ စွမ်းအားသည် ဒိုင်းနမိုက် ကဲ့သို့ဖြစ်သည်။ (Will Longenecker)


ယခုတွင်ပင် လူများနှင့် သင့်မြတ်စေပါ။

ဤသင်ခန်းစာကို ဖတ်နေတုန်း ဖြစ်သင့်သလိုမဖြစ်သော သင်၏ပေါင်းသင်းဆက်ဆံမှုအချို့ကို ဘုရားသခင်သည် သင့်နှလုံးသားကို ပြောပြခဲ့သလော။ သင့်တွင် ဖြေရှင်ရန်လိုအပ်သော ထိပါးမှုတခုရှိ ကောင်းရှိလိမ့်မည်။ သင်သည် ကိုယ်ကိုကိုယ် နှိမ့်ချလျက် ဘုရားသခင်ကိုနာခံပါက ပြေလည်အောင်လုပ် နိုင်ပေမည်။

သင်နှင့်အခြားသူတဦးကြားတွင် မုန်းတီးစိတ်ရှိသလော၊ သင်နှင့်အခြားယုံကြည်သူတစ်ဦးကြားတွင် အတားအဆီးတခုရှိသလော၊ သခင်ယေရှု သည် မုန်းတီးစိတ်ကို ""သတ်ဖြတ်"" ရန်နှင့် အတားအဆီးအားလုံး ကို ဖယ်ရှားပစ်ရန်အတွက် ဒုက်္ခဝေဒနာခံစားကာ အသေခံခဲ့သည်ကို သတိရပါ။

သင်နှင့် အခြားသူတဦးကြားတွင် ငြင်းပယ်ခြင်းများရှိသလော။ သင်သည် သား(သို့) သမီးတဦး ဖြစ်ပါက သင့်အဖေနှင့် အမေကို ငြင်းပယ် ခဲ့ဖူးမည်။ သင်သည် မိဘတဦးဖြစ်ပါက သင့်သားနှင့်သမီးကို ငြင်းပယ်ခဲ့ပြီး။ သင်မိန်းမ(သို့)ယောက်ျားကိုလည်း ငြင်းပယ်ခဲ့ဖူးမည်။ သင်ငြင်းပယ်ခဲ့သူများ မှာ သင့် အစ်ကိုနှင့်အစ်မလည်းဖြစ်နိုင်သည်။ မည်သူကို ငြင်းပယ်ခဲ့သည်ဖြစ်စေ၊ သင်၏ငြင်းပယ်ခြင်းကို စွန့်လွှတ် ပြီး သင့်အားဖြင့် ဘုရားသခင်၏ မေတ္တာတော် ကို ထိုသူထံသို့စီးဆင်းကျရောက်စေရန် အခွင့်ပေးမည်လော။

နာခံခြင်းကြောင့် ကောင်းချီးခံစားရသည်။ ဘုရားသခင်က သင့်ကိုမည်သည့်အကြောင်းပြောသည်ဖြစ်စေ၊ သင်သည်နာခံမည်လော။


ရှာဖွေတွေ့ရှိသော ရတနာ

ကျွန်ုပ်နှင့် အခြားသူများ ပေါင်းသင်းဆက်ဆံရေး၌ အနာငြိမ်းစေရန် ယေရှုခရစ်တော်သည် ဒုက္ခဆင်းရဲခြင်းနှင့်အသေခံခြင်း ခံခဲ့၏။


မေးခွန်းများ

မှန်/မှား

၁. ကျွန်ုပ်တို့သည် အငြင်းအခုန်ဖြစ်ကြသောအခါ ကျွန်ုပ်တို့၏စိတ်သဘောထားသည် မှန်ကန်ကြောင်း သေချာစေပါ။


၂. မိမိထင်သောအရာများကို မိမိသိပါက အခြားသူများ၏ အမြင်မှာ အရေးမပါပါ။


၃. ကျွန်ုပ်တို့သည် မှားယွင်းသောအခါ၊ မိမိတို့၏ကျူးလွန်ခဲ့မှုအတွက် မည်သူ့အပေါ်မှ အပြစ်ပုံမချဘဲ မိမိဘာသာ တာဝန်အပြည့်အ၀ယူရမည်။


၎. ကျွန်ုပ်တို့သည် လူတဦးအားခုနှစ်ဆယ်ခုနှစ်လီမြောက်သောအကြိမ်သာ ခွင့်လွှတ်ရန်လိုအပ်သည်။


၅. အခြားသူတဦးအပ်ါတွင် ထားရှိသော ကျွန်ုပ်တို့၏သဘောထားသည် ထိုသူအပေါ်သို့ နက်ရှိုင်းသော အကျိုးသက်ရောက်မှုရှိနိုင်သည်။


၆. မုန်းတီးစိတ်ဆိုသည်မှာ အခြားသူတဦးအပေါ်တွင် စိတ်ကောင်းမရှိခြင်းနှင့် ရန်လိုစိတ်ရှိခြင်းကို ဆိုလိုသည်။


၇. တစုံတဦးသည် ကျွန်ုပ်တို့ကို အမှားကျူးလွန်သောအခါ ပထမဆုံးကျွန်ုပ်တို့လုပ်ရမည်မှာ အခြားသူ တဦးထံသွားရန် မိမိသည် မှားယွင်းစွာ ပြုတာခံရကြောင်း သဘောတူ/မတူ ထိုသူနှင့် တိုင်ပင်ရန်ဖြစ် သည်။


၈. ကျမ်းစာက ဂျူးများနှင့်တပါးအမျိုးသားများအပါအ၀င် ယုံကြည်သူတိုင်းသည် ခရစ်တော်နှင့်အတူ ကားတိုင်ထက်၌ အသေသတ်ခြင်းကို ခံရ သည်ဟု ပြောသည်။


၉. မည်သည့်အတားအဆီးနှင့် မုန်းတီးစိတ်ကိုမဆို သင်နှင့်အခြားယုံကြည်သူတဦးကြားတွင် ဖြစ်တည်ရန် ခွင့်ပြုခြင်းသည် ကားတိုင်ထက်၌ ခရစ်တော်၏လုပ်ဆောင်ခဲ့သော အမှုကိုငြင်းပယ်ခြင်းပင်ဖြစ်သည်။


၁၀. ဤသင်ခန်းစာ၌ ရှာဖွေတွေ့ရှိခဲ့သော အဖိုးထိုက်သောရတနာမှာ "" ယေရှုခရစ်သည် ကျွန်ုပ်တို့၏ပေါင်း သင်းဆက်ဆံမှုနှင့် ဆိုင်သော အနာများကို ငြိမ်းစေရန်အတွက် ဒုက္ခဝေဒနာခံစားကာ အသေခံခဲ့သည်။""


မိတ်ဆွေများကြားတွင် ပြသာနာများဖြစ်ပေါ်လာနိုင်သည်။ သင်ခန်းစာ ၂၀ တွင် ဖြစ်တတ်သော ပြဿနာ(၄)မျိုးကို တင်ပြ ဆွေးနွေးထားသည်။ သင်သည် သင်၏မိတ်ဆွေတဦးနှင့် ပြန်လည် သင့်မြတ် အောင် ပြုလုပ်လိုပေမည်။

ရဲလင်းထွန်း(အင်းစိန်)

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support