HCF

HCF MYANMAR IN SINGAPORE

Tuesday, June 1, 2010

အုကီးမြတ်ဆုံးသော ဆရာယေရှုခရစ်တော်



Jesus Christ The Great Teacher

သင်ခန်းစာ (၃)

ချစ်သောမိတ်ဆွေ၊

ပဌမပိုင်းသင်ခန်းစာများမှ သခင်ယေရှုသည် မည်သူနည်းဟူသော အကြောင်းအရာအချို့ကို သင် သိခဲ့ရပြီး။ သူသည် ခရစ်တော် ဖြစ်သည်။ သူသည် ကတိတော်နှင့်ဆိုင်သော ကယ်တင်ရှင် ဖြစ်သည်။ ယေရှုသည် အသက်ရှင်ခဲ့သမျှသော သူများတွင်အကြီးမြတ်ဆုံး သော ဆရာလည်းဖြစ်သည်။

သခင်ယေရှုကဲ့သို့သော ဆရာတစ်ဦးမျှ မရှိခဲ့ပါ။ သူ့အားပြောကြသည်မှာ''ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှ မဟောပြော စဖူး ပါ''ဟု ပြောကြသည်။

ဤသင်ခန်းစာ၌ သခင်ယေရှုသွန်သင်ခဲ့သော အကြောင်းအရာတချို့ကို လေ့လာကြမည်။ ကျွန်ုပ်တို့သည် သူ၏အံ့ဘွယ် သော သွန်သင် ခဲ့သောအရာ အနည်းငယ်မျှကိုသာ လေ့လာရန် တတ်နိုင်ပေလိမ့်မည်။

++လမ်းနှစ်သွယ်

ယေရှုက ကျွန်ုပ်တို့၏ အသက်တာသည် ဤနေရာ၌ခရီးတခုနှင့်တူ ကြောင်းကို ပြောပါသည်။ ယေရှုက အသက်တာ လမ်းသည် လမ်းနှစ်သွယ်ရှိကြောင်းကို ပြောပါသည်။ ကျယ်သောလမ်းတစ်လမ်းနှင့် အခြားကျဉ်းသောလမ်း တစ်လမ်းရှိသည်။

အသက်တာ၌ မည်သည့်လမ်းကိုလိုက်ရန် ကျွန်ုပ်တို့၌ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပါသည်။ သို့သော် ဤလမ်း နှစ် သွယ်သည် မည်သည့် နေရာသို့ ရောက်ကြောင်းကို သင်သည် သိသင့်ပါသည်။ယေရှုက လမ်းကျယ်သည်ပျက်စီးခြင်း(ငရဲ)သို့ ဦးတည်ပြီး လမ်းကျဉ်းသည် ကောင်းကင်ဘုံသို့ ဦးတည်ပါသည်။ သခင်ယေရှုက လူများကိုကျဉ်းသောလမ်းကို ရွေးချယ်ရန် တိုက် တွန်းပါသည်။ ယေရှုက''ကျဉ်းသော တံခါးကို ဝင်ကြလော့။ ပျက်စီးခြင်း သို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သော သူတို့သည်များကြ၏။''ဟုဆိုသည်။ (မ၊၇း၁၃)

++ကောင်း ကင်ဘုံနှင့်ငရဲ

ယေရှုကကောင်းကင်ဘုံသည် အမှန်တကယ်ရှိသောနေရာဖြစ်ကြောင်း သင်ပါသည်။ ဘုရားသခင်ကို ချစ်သောသူများအတွက် ပြင် ဆင် ထားသောနေရာ ဖြစ်သည်။''ငါ့အဖ၏အိမ်တော်''ဟု ယေရှုပြောပါသည်။ သူကတပည့်တော်များကို'' ငါ့အဘ၏ အိမ် တော်၌ နေစရာ အခန်း အများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။''ဟုဆို၏။(ယော၊၁၄း၂)

ယေရှုက ငရဲသည်လည်း အမှန်တကယ်ရှိသောနေရာဖြစ်ကြောင်း သင်ပါသည်။ ''မီးမငြိမ်းရာ ငရဲမီး''ဟု ယေရှု ရည်ညွန်း ပါသည်။ ယေရှုက လူများကို အပြစ်၏အကျိုးဆက်အဖြစ် သက်ရောက်ခံစားရမည်ဖြစ်ကြောင်း အလေးအနက်သတိ ပေးပါသည်။

++ပညတ်တရား

သခင်ယေရှုက ထာဝရဘုရား၏ပညတ်တရားသည် ကောင်းမြတ်ခြင်း၊သန့်ရှင်းခြင်းရှိကြောင်း သင်ခဲ့ပါသည်။ ယေရှုက'' ပညတ္တိ ကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ပြည့် စုံစေခြင်းငှါ ငါလာ သတည်း။''ဟုဆိုသည်။(မ၊၅း၁၇)

သခင်ယေရှုသည် ကျွန်ုပ်တို့အား သင်သည်မှာ ဘုရားသခင်၏ပညတ်တော်များကို အပြင်အမြင်ဖြင့်သာ နာခံစေါင့်ထိန်းရုံ သက် သက် မျှသာမဟုတ်ပါ၊ စိတ်နှလုံးတွင်းမှလည်း စေါင့်ထိန်းရမည်ဖြစ်သည်။ ဥပမာ သင်သည် လူတစ်ဦးကို စိတ်တွင် မုန်းခဲ့ သော် ဘုရား သခင်၏အမြင်၌ သင်သည် လူသတ်သမားဖြစ်သည်။(၁ယော၊၃း၁၅ ကိုကြည့်ပါ)

သင်က ''တစ်စုံတစ်ယောက်သည် ပညတ်တော်ကိုပြည့်စုံစွာ စေါင့်ထိန်းနိုင်ခဲ့ပါသလား''ဟုမေးနိုင်ပါသည်။ သခင်ယေရှုမှတပါး ဘုရားသခင်၏ ပညတ်တော်ကို မည်သူမျှပြည့်စုံစွာ မစေါင့်ထိန်း နိုင်ခဲ့ပါ။ ပညတ်တော်ကို စေါင့်ထိန်းခြင်းဖြင့် မည်သူမျှ ကယ်တင်ခြင်းသို့ မရောက်နိုင်ပါ။ ကျမ်းစာက''ပညတ်တရား၏အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ''ဟု ဆိုသည်။(ဂလာ၊၂း၁၆ခ)

''ပညတ်တရားကိုစေါင့်ထိန်းခြင်းဖြင့် ကယ်တင်ခြင်းသို့ ဘယ်သူမျှ မရောက်နိုင်ခဲ့လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘာကြောင့် ပညတ်တရားကိုပေးခဲ့ပါသနည်း။''

ဘုရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တရားကို ပေးခဲ့ရခြင်းသည်-

(၁) ဘုရားသခင်၏အမြင်၌ အမှန်နှင့်အမှား ကို ကျွန်ုပ်တို့သိနိုင်ရန်ဖြစ်သည်။

(၂) ကျွန်ုပ်တို့သည် အပြစ်သားများ ဖြစ်ခြင်းနှင့် ကယ်တင်ရှင်တစ်ဦး လိုအပ်ကြောင်းကို မြင်တွေ့လာနိုင်ရန် ဖြစ်သည်။ ကျမ်းစာက''...ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏အထိန်းဖြစ်သည်။''ဟုဆိုသည်။(ဂလာ၊၃း၂၄)

ယခုချက်ခြင်း သင်သည် ပညတ်တော် (၁ဝ)ပါးကို ဖတ်ခြင်းဖြင့် သင့်အသက်တာကို စဉ်းစားပါ။ ပညတ်တော်၏ မည်သည့်အချက်ကို သင်သည် စကားအားဖြင့်၎င်း၊ စဉ်းစား ကြံစည်ခြင်းဖြင့်၎င်း၊ အပြုအမူ၊ အကျင့်အားဖြင့် ချိုးဖေါက်ခဲ့ခြင်းကို မြင် ကြည့်ပါ။

(၁) ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်ရ။

(၂) ရုပ်တုဆင်းတုကို ကိုယ်အဘို့ မပြုလုပ်ရ၊ ဦးမချဝတ်မပြုရ။

(၃) သင်၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုရ။

(၄) ဥပုတ်နေ့ကို သန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကိုအောက်မေ့လော့။

(၅) သင်၏မိဘကို ရိုသေစွာပြုလော့။

(၆)လူအသက်ကို မသတ်နှင့်

(၇)သူ့မယားကို မပြစ်မှားနှင့်။

(၈) သူ့ဥစ္စာကို မခိုးနှင့်။

(၉) ကိုယ်နှင့် စပ်ဆိုင်သောသူ တဘက်၌ မမှန်သော သက်သေကို မခံနှင့်။

(၁ဝ) ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဥစ္စာတစုံ တခု ကိုမျှ တတ်မက်လိုချင်သောစိတ် မရှိစေနှင့်။

++နောင်တရခြင်း

သခင်ယေရှုက ရှင်းလင်းစွာ ဆိုခဲ့သည်မှာ လူသည်မိမိ၏အပြစ်များကို နောင်တရခြင်းမရှိလျှင် အဘယ်သူမျှ ကယ်တင်ခြင်းသို့ မရောက်နိုင်ပါ။

ယေရှုက ''သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။''ဟုဆိုသည်။(လု၊၁၃း၅)

နောင်တရခြင်းကား အဘယ်နည်း။ သင်သည် အမှားကို မြင်လာခြင်းနှင့် အမှားကိုဝန်ခံခြင်းဖြစ်သည်။ ထိုနောက် ၄င်းမှနောက်သို့ လှည့်ခြင်းဖြစ်သည်။ သင်၏ဒုစရိုက်အပြစ်များမှ နောက်လှည့်ပြီး သခင်ယေရှုထံသို့ လာခြင်းဖြစ်သည်။

လုကာအခန်း(၁၅)၌ နောင်တရရန်အတွက် သရုပ်ဖေါ်ရှင်းလင်းသောပုံပြင်တခုဖြင့် သခင်ယေရှုပြောကြားခဲ့၏။ ယေရှုက''တဖန်မိန့် တော် မူသည်ကား၊ တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။-သားအငယ်သည်အဘထံသို့သွား၍၊ အဘ၊အကျွန်ုပ် ရထိုက်သောအမွေ ဥစ္စာကို ဝေ၍ပေးပါဟုတောင်းပန်လျှင်၊ အဘသည်ဥစ္စာများကို ဝေ၍သားတို့အား ပေးလေ၏။-ထိုနောက် များ မကြာ၊ သားအငယ်သည် မိမိ ဥစ္စာများကိုသိမ်းယူ၍ ဝေးစွာသောပြည်သို့သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊-ရှိသမျှကုန်သောအ ခါ၊ ထိုပြည်၌ ကြီးစွာသော အစာခေါင်းပါးခြင်းဖြစ်၍၊သူသည်အလွန်ဆင်းရဲခြင်းသို့ ရောက်၏။- ထိုအခါပြည်သားတယောက်ထံသို့ သွား၍အ စေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှါ သူ့သခင်သည် တောသို့ စေလွှတ်သဖြင့်၊-သူသည်ဝက် စားတတ်သော ပဲတောင့်ကိုပင် စားချင်မတတ် ငတ်မွတ်လျက်နေရ၏။ အဘယ် သူမျှ အစာကို မကျွေး။ထိုအခါသတိရလျှင်၊ ငါ့အဘ၏ အိမ်၌အခစားသောသူများတို့သည် ဝစွာစားရကြ၏။ ငါမူကားဤပြည်၌ သေအောင်အငတ်ခံရ၏။-ငါထ၍အဘထံ သို့ သွားမည်။ အဘ၊အကျွန်ုပ်သည်ဘုရားသခင်ကို¤င်း ကိုယ်တော်ကို¤င်း ပြစ် မှား ပါပြီ။-ယခုမှစ၍ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါ။ သူငှါးအရာ၌ အကျွန်ုပ်ကို ထားတော်မူပါဟု ငါပြောမည်ဟူ၍ အကြံ ရှိ သည်နှင့်၊-ထ၍အဘထံသို့သွားလေ၏ သွား၍ ဝေးသေးသောအခါ အဘသည်သူ့ကိုမြင်လျှင်၊ သနားသောစိတ်ရှိသည်နှင့်ပြေးသွား၍ သား ၏ လည်ပင်းကို ပိုက်ဘက်လျက်နမ်းရှုပ် လေ၏။- သားကလည်း၊ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို¤င်း၊ ကိုယ်တော်ကို¤င်း ပြစ်မှားပါ ပြီ။ ယခုမှစ၍ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါဟုဆိုလျှင်၊-အဘက၊ မြတ်သောဝတ်လုံကိုယူခဲ့၍ သူ့ကိုခြုံကြ၊ သူ၏လက်၌ လက်စွပ်တန်ဆာကိုဆင်ကြ။-ခြေနင်းကိုလည်း စီးစေကြ။ ဆူအောင်ကျွေးသော နွားကလေးကို ယူ၍သတ်ကြ။ သို့ပြီးမှ ငါတို့သည် စားကြ ကုန်အံ့။ ပျော်မွေ့ခြင်းကိုပြုကြကုန်အံ့။-ငါ့သားသည်အထက်ကသေ၏၊ ယခုရှင်ပြန်၏။ အထက်ကပျောက်၏၊ ယခုတွေ့ပြန်၏ဟု အစေ အပါးတို့ကိုဆိုပြီးမှ၊ ထိုသူ အပေါင်းတို့သည်ပျော်မွေ့ခြင်းကိုပြုကြ၏။''ဟုဆို၏။(လု၊၁၅း၁၁-၁၈) အဘသည်သား၏ အပြစ်များကို အခမဲ့အပြစ်လွတ်လျက် သူ၏အိမ်ထဲသို့ ပြန်၍လက်ခံခဲ့ပြီး သူ့သားအတွက် စားသောက်ပွဲကို ပြင်ဆင်ရန် အမိန့်ပေးခဲ့၏။ ဤကား ကျွန်ုပ်တို့သည် အပြစ်များကို နောင်တရလျက် ဘုရားသခင်ထံသို့ ပြန်လာခဲ့သော် သူသည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွတ်ပြီး၊ လက်ခံတော်မူ မည် ဖြစ်ကြောင်းကို ဖေါ်ပြသော လှပသော ရုပ်ပုံတခုဖြစ်ပါသည်။

လူတစ်ယောက်သည် သူ၏အပြစ်များအတွက် အမှန်တကယ်နောင်တရခဲ့ပြီး၊တဖန်မွေးခြင်းကိုခံရခဲ့သော် သူ၏အသက် တာ ၌ ပြောင်းလဲခြင်း ဖြစ်လာလိမ့်မည်။ ကျမ်းစာက ''လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါ ဖြစ်၏။ ဟောင်းသော အရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ပြုပြင်ကြလိမ့်မည်။'' ဟုဆိုသည်။(၂ကော၊ ၅း၁၇)

++အသစ်သောမွေးဘွားခြင်း

ကျမ်းစာ၌ နိကောဒင်အမည်ရှိသော သူတယောက်သည် ညအခါ သခင်ယေရှုထံ စကားပြောရန်လာခဲ့၏။ ထိုသူသည် ဘာသာရေး ကိုင်းရှိုင်းသူ၊ ယုဒတရားဇရပ်သို့ သစ္စာရှိစွာမှန်မှန်တက်သူ၊ များစွာဆုတောင်းသောသူ၊ အလှူပေးသောသူ၊ ကောင်း သောအမှုများကို ပြုသော သူဖြစ်၏။ သို့သော်လည်းသူ၏အသက်တာ၌ တစုံတခုလိုအပ်နေသေးကြောင်းကို ခံစားနေရသော သူ လည်းဖြစ်ပေ၏။ နိကောဒင်သည် သခင် ယေရှု၏အသစ်သော သွန်သင်ခြင်းများက သူ့အသက်တာ၏ လိုအပ်မှုများကို ဖြည့်ဆည်း ပေးနိုင်လိမ့်မည်ဟု စဉ်းစားမိခဲ့၏။ နိကောဒင် ၌ သွန်သင်မှုအသစ်ထက်သာ၍ လိုအပ်သောအရာသည် ဘုရားသခင်၏မိသားစု၌ ဘုရားသားအဖြစ် တဖန်ဒုတိယမွေးခြင်းခံရန်ဖြစ်ပေသည်။ ယေရှုက''ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရဟုငါ အမှန်အကန် ဆိုသည် ဟုပြန်၍ မိန့်တော်မူ၏။''ဟုဆိုသည်။ (ယော၊၃း၃)

သခင်ယေရှု၏ပြောစကားက သူ့အားတုန်လှုပ်စေခဲ့ပြီး၊ သူသည်အကျင့်ကောင်းသောသူ၊ ဘာသာရေးကိုင်းရှိုင်းသူ၊ ဘုရားသခင်၏ အလုပ်များ၌ ပေးလှူသောသူ၊ ဂျူးလူမျိုးများအကြား ကျမ်းစာ သင်ပေးသော ဆရာတဦး၊ ဤအရာများအားလုံးက သူ၌ရှိသော်လည်း၊ သို့သော် သူသည် ဘုရားသားတဦးတော့ မဟုတ်ပေ။ ယေရှုက ''ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ် ဖြစ် ၏။ -ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါပြောသည်ကို အံ့သြခြင်း မရှိနှင့်။'' ဟု ဆိုသည်။ (ယော၊၃း၆,၇)

ဤသွန်သင်ချက်များက နိကောဒင်တဦးတည်းကိုသာမက အားလုံးသောသူများနှင့် သက်ဆိုင်ပေသည်။ သင်သည် မည် သူမည်ဝါဖြစ်ပါစေ၊ ဒုတိယမွေးခြင်းကိုခံရန် အမှန်လိုအပ်ပေသည်။

အဘယ်ကြောင့် ဒုတိယမွေးခြင်းကို ခံရန်လိုအပ်ပါသနည်း။ အပြစ်သားမျိုးနွယ်အဝင် ဖြစ်ခြင်းနှင့် ဘုရားသခင်၏အပြစ်ဒဏ်ကို စီရင်ခြင်း၊ ခံထားရ သောကြောင့်ဖြစ်၏။ ပထပဦးဆုံးသောသူ အာဒံသည် ဘုရား၏ပုံသဏ္ဌာန်နှင့် အညီ ဖန်ဆင်းခံခဲ့ရပြီး၊ သူသည် ဘုရားသခင်ကို ပုန်ကန်ခဲ့၏။ ဘုရား၏ စကားနားမထောင်ခြင်းက အပြစ်သား ဖြစ်စေခဲ့၏။ အာဒံသည် လူသားတရပ်လုံး၏အစ၊ တနည်း ဦးစီးခေါင်းဆောင် ဖြစ်ပြီး၊ သူ၏အပြစ်ဗီဇကို လူသား တရပ်လုံးသို့ လက်ဆင့်ကမ်းခဲ့၏။

ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်သောကြောင့် ထာဝရသေပြစ်ကို ပြစ်ဒဏ်စီရင်ခြင်း ခံထားရပြီးဖြစ်၏။ အဓိပ္ပါယ်မှာ ဘုရား သခင်နှင့် ထာဝရအဆက်ပြတ်ပြီး ငရဲမီးအိုင်၌နေရပေမည်။ ကြောက်ဖွယ်ကောင်းလှပေသည်။

သို့သော်၊ ကျမ်းစာ၌ သတင်းကောင်း ရှိပေသည်။ ထိုသတင်းကောင်းကား၊
ဘုရားသခင်၏သားတော် ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ အပြစ်များအတွက် အသေခံပြီး၊ သေခြင်းမှ ထမြောက်ခဲ့ပြီး။ သူသည် သေခြင်းမှထမြောက်ခြင်းဖြင့် ဘုရား၏သားသမီး များ ဖြစ် သော အသစ်သော မျိုးနွယ်၏ဦးကောင်း ဖြစ်လာခဲ့၏။ ကျွန်ုပ်တို့၏ ပထမမွေးခြင်းသည် အပြစ်သားအာဒံ၏ မျိုးနွယ်ဝင်များဖြစ်ပြီး၊ ခရစ်တော် ကိုကယ်တင်ရှင်အဖြစ် လက်ခံပြီးနောက် ဘုရားသားဖြစ်ခြင်းနှင့် ဘုရား၏မိသားစုဝင် ဖြစ်လာခဲ့ပေသည်။ ဤအကြောင်းအရာသည် ဒုတိယမွေးခြင်းဖြစ်ပေသည်။

++ကယ်တင်ခြင်း စိတ်ချမှု

သင်သည် ဘုရား၏မိသားစုအထဲ၌ မွေးဘွားခြင်းခံရပြီးခဲ့သော် သင်သည် ကယ်တင်ခြင်းသို့ ရောက်ကြောင်းကို သိရန်ဘုရားသခင် အလိုရှိသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ရောက်ကြောင်းကို သိနိုင်သည်။ နှုတ်ကပတ်တော်၌ ဘုရားသခင်က ပြောထားခြင်းကြောင့် ဖြစ်သည်။ များစွာသော ယုံကြည်သူများသည် သူတို့၏ကယ်တင်ခြင်း၌ စစ်မှန်သော စိတ်ချမှု မရှိရခြင်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ရမည့်အစား သူတို့၏စိတ်ခံစားမှုများကို ဦးစားပေး ရှာဖွေနေသောကြောင့် ဖြစ်သည်။

သခင်ယေရှုသည် သူ၏ယုံကြည်သူများကို ''သိုး''အဖြစ် မကြာခဏ ပြောဆို၏။ သူက''ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင် ၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။-ထာဝရ အသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက် မှမနှုတ်မယူရာ။''ဟုဆိုသည်။(ယော၊၁ဝး၂၇-၂၈)

ယေရှု ဘာပြောသနည်း။ သူက သူ၏သိုးများသည် သူ့စကားသံကို နားထောင်ပြီး သူ့နောက်သို့လိုက်ကြောင်း ပြောပါသည်။ သူတို့ကို ထာဝရအသက်ကို သူပေးကြောင်း သူပြောပါသည်။ သူတို့သည်ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြောင်းကို ယေရှုပြောပါသည်။ ကျွန်ုပ်ကိုသခင်ယေရှုပိုင်ဆိုင်ခဲ့သော် ကျွန်ုပ်သည် သူ၏နှုတ်ကပတ်တော်အရ သူ့ကိုကိုင်ဆွဲလျက်''ငါသည် ကယ်တင် ခြင်း သို့ ရောက်ကြောင်းကို ငါသိသည်''ဟုပြောဆိုကြပါစို့။

++သခင်ဘုရားကို ဝန်ခံပြောဆိုခြင်း

ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ရောက်ကြောင်း သိလျှင် ချက်ခြင်းပင် အခြားသောသူများကို ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံခဲ ခြင်းကို ကျွန်ုပ်တို့ပြောသင့်ပါသည်။ ကျမ်းစာက''...ထာဝရဘုရားနှုတ်၍...ရွေးတော်မူသော သူတို့သည်ဝန်ခံ...ကြစေ..''ဟုဆို ၏။(ဆာ၊၁ဝ၇း၂-၃)

ရှင်မာကု အခန်း(၅)၌ နတ်ဆိုး စွဲသော သူတယောက်အကြောင်းကို တွေ့ရ၏။ ယေရှုသည် သူ၏အထဲမှ နတ်ဆိုးကို နှင်ထုတ်ခဲ့ပြီး သူ့အား''သင်သည် ကိုယ်အိမ်သို့သွားလော့။ထာဝရဘုရားသည် သနားခြင်းစိတ်တော်နှင့် သင်၌အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့''ဟုဆို၏။(မာ၊၅း၁၉)

သင်သည် သခင်ယေရှုကိုကယ်တင်ရှင်အဖြစ် လက်ခံရရှိပြီးခဲ့သော် ဤအကြောင်းအရာများကို မိတ်ဆွေများအား ပြော ရန်သခင်ဘုရား အလိုရှိသည်။ အသစ်သောခရစ်ယာန်တယောက်သည် ချက်ခြင်းပင် သူ၏မိတ်ဆွေများကို အစပြု ပြောသင့်ပါသည်။ ''ကျွန်ုပ် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ရယူခဲ့ပြီး''ဟူ၍ဖြစ်သည်။

ယေရှုက သူ့ကိုလူများရှေ့တွင် ကျွန်ုပ်တို့ဝန်ခံခဲ့လျှင် ကောင်းကင်ဘုံ၌ ခမည်းတော်ရှေ့တွင် သူသည် ကျွန်ုပ်တို့ကိုဝန်ခံ လိမ့်မည်ဟု ပြောပါ၏။ သို့သော် သူ့ကိုရှက်လျှင် သူသည်တဖန်ကြွလာချိန်၌ ကျွန်ုပ်တို့ကို ရှက်တော်မူလိမ့်မည်။

++သန့်ရှင်းသောဝိညာဉ်တော်

ယေရှုသည် လောက၌ရှိခဲ့စဉ် သူ၏တပည့်တော်များနှင့်အတူ လမ်းလျှောက်ခြင်း၊ စကားပြောခြင်းရှိ၏။ တပည့်တော်များသည် သူတို့၏ဆရာ၊ သူတို့၏ခေါင်းဆောင် ဖြစ်သော ယေရှုနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြ၏။ တနေ့သောအခါ ယေရှုက သူသည် မကြာခင် သူတို့နှင့်ခွဲခွာမည်ဖြစ်ကြောင်း ပြောပါသည်။ ဤအရာက သူတို့ကို အလွန်ဝမ်းနည်းစေ၏။ သို့သော် ယေရှုသည် အံ့ဘွယ် ကတိများဖြင့် သူတို့ကို နှစ်သိမ့်စေခဲ့သည်။''ခမည်းတော်သည် သမ္မာတရားကို ပြသော ဝိညာဉ်တော်တည်းဟူသော တပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူအစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အား

ပေးတော်မူမည်။-ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သော ကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူ တည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ ၏''(ယော၊၁၄း၁၆း၁၇)

သခင်ယေရှု စေလွတ်ရန် ကတိပြုခဲ့သော ဥပဇ္ဈာယ်ဆရာသည် သန့်ရှင်းသောဝိညာဉ်တော် ဖြစ်သည်။ ယေရှုသည် သေခြင်းမှထ မြောက်ပြီးနောက် ရက်(၅ဝ)မြောက် ပင်တေကုတ္တေပွဲနေ့၌ သခင်ယေရှုသည် သူ၏တပည့်တော်များတွင် ကိန်းဝပ်ရန် သန့်ရှင်းသော ဝိညာဉ်တော်ကို စေလွတ်ခဲ့၏။ ထိုအချိန်မှစ၍ လူတယောက်သည်တဖန်မွေးခြင်းကို ခံရသော် သန့်ရှင်းသောဝိညာဉ်တော်သည် ချက်ခြင်းပင် သူ၌ရှိပြီးဖြစ်သည်။''ယုံကြည်သူတိုင်း သူတို့၏အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် ရှိပါသလား။'' အမှန်ပင်သူတို့၌ရှိ၏။ ကျမ်းစာက ''...ခရစ်တော်၏ဝိညာဉ်ကို မရသောသူသည် ခရစ်တော်နှင့်မဆိုင်''ဟုဆိုသည်။(ရော၊၈း၉)

သန့်ရှင်းသောဝိညာဉ်တော်သည် ဘာကိုပြုလုပ်ပါသနည်း။ သူသည် ကျွန်ုပ်တို့ကို ခရစ်တော်၏ အကြောင်းအရာများ ကိုသင်ခြင်း၊ ကျွန်ုပ် တို့ကို လမ်းညွန်ခြင်း၊နှစ်သိမ့်ခြင်း၊ဆုတောင်းခြင်း၌မစခြင်း၊အပြစ်ကို အောင်မြင်ရန် သူသည် ကျွန်ုပ်တို့အား တန်ခိုးကို ပေးခြင်း၊ သခင်ယေရှုနှင့် ကျွန်ုပ်တို့ သာ၍တူလာရန် သူသည် မစခြင်းတို့ဖြစ်သည်။ ကျွန်ုပ်တို့၌ ကိန်းဝပ်ရန် သန့်ရှင်းသောဝိညာဉ်တော်ကို စေလွတ်ခဲ့သော သခင်ယေရှုကို အလွန်မှကျေးဇူး တင်သင့်ပါသည်။

++အခြားသော သူများ၏ အပြစ်များကို ခွင့်လွတ်ခြင်း

သခင်ယေရှုက ကျွန်ုပ်တို့အား ဘုရားသခင်သည် အခမဲ့ ကျွန်ုပ်တို့၏အပြစ်များကိုလွတ်သကဲ့သို့ အခြားသောသူ များ၏အပြစ်များ ကို ကျွန်ုပ်တို့ အခမဲ့ ခွင့်လွတ်ရမည်ဟု သင်တော်မူ၏။

အပြစ်ခွင့်လွှတ်ခြင်းအကြောင်း ကျွန်ုပ်တို့ကိုသင်ရန် သခင်ယေရှုသည် ဘုရင်တပါးနှင့် သူ၏ကျွန်တယောက်၏ အ ကြောင်း ပုံတခုကိုပြောခဲ့၏။ ကျွန်သည် ဘုရင်ကြီးကိုပေးရန်အကြွေး ဒေါ်လာ(၁ဝ)သန်းနှင့်ညီမျှသော ငွေများစွာရှိ၏။ ဘုရင်သည် ကျွန်ကို သူ၏ အကြွေးကို ပေးရန်ခေါ်သောအခါ ကျွန်သည်မပေးနိုင်ပါ။ ဘုရင်သည်ကျွန်အား သူနှင့်တကွ ဇနီးနှင့်သားသမီးများ ကို သူ့ထံရောင်းလျက် ကျွန်ခံရန် အမိန့်ချခဲ့၏။

ကျွန်သည် ဘုရင့်ရှေ့မှောက် ပြတ်ဝပ်လျက်သနားရန် အသနားခံ၏။ ဘုရင်သည် သနားခြင်းစိတ်နှင့် သူ၌ကြီးစွာသော အကြွေးး ရှိသမျှ ကို လွှတ်၍ချမ်းသာပေးတော်မူ၏။

ကျွန်သည် မည်သည့်အမှုကို ပြုခဲ့သည်ကို သင်သည် သိပါသလား။ ထိုကျွန်သည် ထွက်သွားရာတွင် မိမိ ငွေဒေနာရိ တရာ ကြွေးတင်သော ကျွန်ချင်းတယောက်ကို တွေ့လျှင် လည်ပင်းကိုညှစ်၍ ငါ့ငွေကိုဆပ်ပေးလော့ဟုဆို၏။ ထိုကျွန်ချင်းသည် ကြွေးရှင် ၏ခြေရင်း၌ ပြပ်ဝပ်လျက် ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု တောင်းပန်သော်လည်း၊ ငွေရှင်သည် နားမထောင်ဘဲသွား၍ ကြွေးကို မဆပ်မခြင်း တိုင်အောင် သူ့ကို ထောင်ထဲမှာ လှောင်ထား၏။ ထိုအမှုအရာကို အခြားသော ကျွန်ချင်းတို့ သည်မြင်လျှင် အလွန်နာကြည်းသောစိတ် နှင့်သွား၍၊ ပြုလေသမျှတို့ကို မိမိတို့ဘုရင်၌ ကြားလျှောက်ကြ၏။ ထိုအ ခါ ဘုရင်သည် ထိုကျွန်ကိုခေါ်၍၊ ဟယ် ဆိုးညစ်သော ကျွန်၊ သင်သည်ငါ့ကို တောင်းပန်သောကြောင့် သင်၌တင်သမျှသော ကြွေးး ကို ငါရှင်းလင်းစေ၏။ ငါသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလောဟု ဆိုလျက်၊ အမျက် ထွက်၍ကြွေးရှိသမျှကို မဆပ်မည်တိုင်အောင် အာဏာသားတို့ လက်ကိုအပ်လေ၏။ သင်တို့သည်လည်း ညီအစ်ကို အချင်းချင်း တို့ကိုစိတ်နှလုံးပါလျက် အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူ သင်တို့ကို စီရင်တော်မူ လတံ့ဟု မိန့်တော်မူ၏။

ဤပုံပြင်၌ သခင်ယေရှုသည် ဘယ်အရာကို သင်နေကြောင်းကို သင်သည်နားလည်ပါသလား။ ဘုရားသခင်ကို ဆန့် ကျင်လျက် ကျွန်ုပ်တို့သည် အပြစ်များစွာကို ပြုခဲ့ကြပါသည်။ သို့သော် ဘုရားသခင်သည်ကျွန်ုပ်တို့အပေါ် သနားဂရုဏာဖြင့် ကျွန်ုပ်တို့၏အပြစ်များ၊ ထောင်ပေါင်း များစွာသော အပြစ်များကို ခွင့်လွတ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် ကြီးစွာ သောသနားခြင်းကျေးကို ပြုခဲ့ချိန်မှ စ၍ ကျွန်ုပ်တို့၌ အခြားသောသူများပြုခဲ့သော အနည်းငယ်သောအပြစ်များကို ကျွန်ုပ်တို့သည် ခွင့်လွှတ်သင့်ပါသည်။ ကျမ်းစာက ''အချင်း ချင်း ကျေးဇူးပြုခြင်း၊ သနား စုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏ အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။''ဟု ဆိုသည်။(ဧ၊၄း၃၂)

++ထာဝရဘုရားကိုချစ်ခြင်း

သခင်ယေရှုက ပညတ်အားလုံးတို့တွင် ဘုရားသခင်ကို ကျွန်ုပ်တို့ စိတ်နှလုံးအကြွင်းမဲ့ ချစ်ခြင်းသည် အကြီးမြတ်ဆုံးဖြစ်သော ပညတ် ဖြစ်ကြောင်း ပြောပါသည်။ ယေရှုသည် ဘုရားဖြစ်သောကြောင့် သူ့ကိုချစ်ခြင်းသည် ထာဝရဘုရားကိုချစ်ခြင်းဖြစ်၏။

ပျော်ရွှင်သော၊ အသီး သီးသော ခရစ်ယာန်အသက်တာ၏ လျှို့ဝှက်ချက်သည် သခင်ယေရှုကို ကျွန်ုပ်တို့ စိတ်နှလုံး အကြွင်းမဲ့ ချစ်ခြင်း ဖြစ်သည်။ သခင်ယေရှုကိုသာ၍ ချစ်လာလေ၊ သူ့ကို ကျွန်ုပ်တို့သာ၍ ဝမ်းမြောက်စေပါသည်။


သခင်ယေရှုသည် သင့်အား အဘယ်မျှလောက် ချစ်ကြောင်းကို သင်သည် စဉ်းစား ခဲ့ဘူးပါသလား။ သူသည် သင့်ကို အလွန် ချစ်သောကြောင့် သင့်အတွက်အသေခံရန် စိတ်ရှိတော်မူသည်။ သူသည် ကျွန်ုပ်တို့ကို အလွန်ချစ်သကဲ့သို့ သခင်ယေရှု သည် သူကို ကျွန်ုပ်တို့ချစ်ရန် အလိုရှိသည်။ ''ဘုရားသခင်သည် ငါတို့ကို ရှေးဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။''(၁ယော၊၄း၁၉)

သခင်ယေရှုကို ကျွန်ုပ်တို့ ချစ်ကြောင်းကို မည်ကဲ့သို့ ကျွန်ုပ်တို့ ဖေါ်ပြကြမည်နည်း။ သူ့ကို ကျွန်ုပ်တို့ချစ်ကြောင်းကို သူ၏ပညတ်တို့ကို စေါင့်ရှောက်ခြင်းဖြင့် ဖေါ်ပြရမည်။ ယေရှုက''သင်တို့သည်ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စေါင့်ရှောက်ကြ လော့''ဟု ဆို၏။(ယော၊၁၄း၁၅)

သခင်ယေရှုကိုချစ်ခြင်းနှင့် သူ၏ပညတ်တော်များကို စေါင့်ရှောက်ခြင်း၌ ကြီးစွာသောဆုလဒ် ရှိပါသည်။ ကျွန်ုပ်တို့ သည် သူ့ကို ချစ်ခြင်းနှင့် သူ၏ပညတ်များကို စေါင့်ရှောက်ခဲ့လျှင် ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူပြီး၊ သခင်ယေရှု သည် လည်း ကျွန်ုပ်တို့နှင့် အတူရှိကြောင်း ထင်ရှား ပြတော်မူလိမ့်မည်။ ယေရှုက''ငါ့ပညတ်တို့ကို ရ၍ စေါင့်ရှောက်သော သူသည် ငါ့ကို ချစ်သော သူ ဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည်လည်း ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကို ချစ်၍ သူ့အား ကိုယ်တိုင် ထင်ရှား မည်ဟု မိန့်တော်မူ၏''ဟုဆို၏။(ယော၊၁၄း၂၁)

ရှာဖွေတွေ့ရှိခဲ့ရသော သမ္မာကျမ်းစာ ရတနာ

ယေရှုသည် ကျွန်ုပ်၏ကြီးမြတ်ဆုံးသော ဆရာဖြစ်တော်မူသည်။ သူ့ကိုချစ်လျှင် ကျွန်ုပ်သည်သူ့ကို နာခံရပေလိမ့်မည်။

သင်ခန်းစာ (၃) မေးခွန်းများ

အဖြေမှန်ကို ရွေးပါ။ မေးခွန်းတခုအတွက် ( က သို့ ခ သို့ ဂ ) ဖြစ်ပါသည်။

၁။ သခင်ယေရှုခရစ် သွန်သင်သည်မှာ ကောင်းကင်သို့ ပို့ဆောင်သော လမ်းသည်

(က) အလွန် ကျယ်သည်။

(ခ ) ကျဉ်းသည်။

(ဂ ) လူများ ရွေးချယ်ရမည့် လမ်း တစ်လမ်း ဖြစ်သည်။

၂။ ဘုရားသခင်၏ပညတ်တော်ကို ပြည့်စုံစွာ စေါင့်ထိန်းသောသူ ဘယ်မျှလောက် ရှိပါသနည်း။

(က) သခင်ယေရှုမှတပါး မည်သူမျှ မရှိပါ။

(ခ ) သန့်ရှင်းသော လူ အနည်းငယ်မျှသာ ဖြစ်သည်။

(ဂ ) ကောင်းသော ခရစ်ယာန်များ အားလုံးနီးပါး ဖြစ်သည်။

၃။ ဘုရား၏အမြင်၌ အမှားနှင့်အမှန် ကျွန်ုပ်တို့ သိရန် ဘုရားသခင်က ပညတ်တရားကို ပေးခြင်းနှင့် ထို့အပြင်

(က) ကောင်းကင်ဘုံသို့ရောက်ရန် ဘာလုပ်ရမည်ကို ကျွန်ုပ်တို့အား ပြောပါသည်။

(ခ ) ကောင်းသောခရစ်ယာန်များဖြစ်ရန် ပြုရမည့်အရာများကို သိစေသည်။

(၈ ) ကျွန်ုပ်တို့သည် အပြစ်သားဖြစ်ကြောင်းနှင့် ကယ်တင်ရှင် လိုအပ်ကြောင်း သိနိုင်ရန် ဖြစ်သည်။

၎။ နောင်တရခြင်း၏ အကောင်းဆုံး အဓိပ္ပါယ် ဖွင့်ဆိုခြင်းမှာ၊

(က) ကျွန်ုပ်တို့၏အပြစ်များအတွက် ၀မ်းနည်းခြင်း သက်သက်မျှသာ ဖြစ်သည်။

(ခ ) ကောင်းသော ခရစ်ယာန် ဖြစ်ရန် အလိုရှိခြင်း ဖြစ်သည်။

(၈ ) နောက်လှည့်ခြင်း၊ အပြုအမူပြောင်းလဲခြင်း ဖြစ်စေသော စိတ်ပြောင်းလဲခြင်း ဖြစ်သည်။

၅။ ကျွန်ုပ်တို့ တဖန် မွေးခြင်းကို အမှန်ခံ ရမည်။ အကြောင်းမှာ၊

(က) ဘာသာရေးသမားများနှင့်အတူ ကောင်းစွာ ယှဉ်၍ ရပ်တည်နိုင်ရန် ကျွန်ုပ်တို့အား ပြုပေးလိမ့်မည်။

(ခ ) ကျွန်ုပ်တို့ အားလုံးသည် အပြစ်သားမျိုးနွယ်ဝင် ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ဒဏ် စီရင်ခြင်းကို ခံထားရ၏။

(ဂ ) ဘုရား၏ပညတ်တော်ကို ပြည့်စုံစွာ ကျွန်ုပ်တို့ လိုက်နိုင်ရန် ပြုပေး လိမ့်မည်။

၆။ ကျွန်ုပ်တို့ ကယ်တင်ခြင်းသို့ရောက်ကြောင်း သိရှိပြီးနောက် ကျွန်ုပ်တို့ ပြုသင့်သည်မှာ၊

(က) သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ကြောင်းကို အခြားသူများကို ပြောရမည်။

(ခ ) ကောင်းသော ခရစ်ယာန် မဖြစ်လာမချင်း အခြားသူများကို မပြောရပါ။

(ဂ ) ယေရှုသည် ကယ်တင်ရှင်ဖြစ်ကြောင်း ပြောရာ၌ အခြားသူများကို အနှောက်အယှက်ဖြစ်ခြင်း၊ တိုက်ခိုက်ခြင်း မဖြစ်ရန် သတိထားရမည်။

၇။ မည်သူ၌ သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်ခြင်း ရှိပါသနည်း။

(က) ယုံကြည်သူ အားလုံး၌။

(ခ ) ရင့်ကျက်သော ယုံကြည်သူများ သာလျှင်။

(ဂ ) ယုံကြည်သူ အနည်းငယ် သာလျှင်။

၈။ ပျော်ရွှင်သော၊ အသီး သီးသော ခရစ်ယာန် အသက်တာ၏ လျှို့ဝှက်ချက်မှာ၊

(က) ကျွန်ုပ်တို့၏ကျန်ရှိသော အသက်တာ၏အကျိုးထိခိုက်ခြင်းမရှိရန် ယေရှုနှင့် ဆက်နွယ်မှုကို စေါင့်ထိန်းရမည်။

(ခ ) သခင်ယေရှုကို စိတ်နှလုံး အကြွင်းမဲ့ ချစ်ရမည်။

(၈ ) ဘာသာတရား အနည်းငယ် ရှိ ရုံမျှ ဖြစ်ရမည်။

၉။ (ယော၊ ၁၄း၁၅) အရ သခင်ယေရှုကို ကျွန်ုပ်တို့ ချစ်ကြောင်း ပြသရန် မှာ။

(က) နိုင်ငံခြားတိုင်းပြည်သို့ သာသနာပြုတယောက် အဖြစ်သွားခြင်း။

(ခ ) စုံလင်သော၊ စရိုက်ကောင်းသော အသက်တာဖြင့် အသက်ရှင်ခြင်း။

(၈ ) သူ၏ပညတ်တော်များကို စေါင့်ထိန်းခြင်း။

၁၀။ ယေရှုက ယော၊ ၁၄း၂၁ ၌ သူကိုချစ်ခြင်းနှင့် သူ၏ပညတ်ကို စေါင့်ရှောက်ခြင်း၌ ရမည့် ဆုလဒ်ကြီးတခုမှာ၊

(က) ကျွန်ုပ်တို့ အသက်တာ၌ အခက်အခဲ့ ဘယ်သောအခါမျှ ရှိလိမ့်မည်မဟုတ်။

(ခ ) သူသည် ငွေရေးကြေးရေးဆိုင်ရာ ကြွယ်ဝခြင်းနှင့် ကောင်းသော ကျန်းမာခြင်းကို ကျွန်ုပ်တို့အား ပေးလိမ့်မည်။

(ဂ ) သူကိုယ်တိုင် ကျွန်ုပ်တို့ ၌ ထင်ရှားတော်မူခြင်း (ဧကန်အမှန် သူအတူရှိနေခြင်းကို ပြုလုပ်ပေးခြင်း) ရှိလိမ့်မည်။


သင်သည် ဤ သင်ခန်းစာ လေ့လာခြင်း၌ ဘယ်အရာသည် အရေးကြီးဆုံး ဖြစ်ပါသနည်း။

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support