HCF

HCF MYANMAR IN SINGAPORE

Tuesday, April 26, 2011

မည်ကဲ့သို့စုံစမ်းနှောက်ယှက်ခြင်းကို အောင်မြင်မည်နည်း

How to overcome temptation

New Life in Christ Course III

Lesson 23


သော့ချက်ကျမ်း။ ""လူ၌ ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည် ဖြစ် ၍၊ သင်တို့ မခံနိုင်သောစုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည် အကြောင်း စုံစမ်း နှောင့်ရှက် ခြင်း အရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။"" (၁ကော၊၁၀း၁၃)

ဘုရားသခင်သည် တန်ခိုးကြီးသောလက်နက်ဖြစ်သော ဆုတောင်းခြင်းကို ကျွန်ုပ်တို့၏လက်ဝယ် ပေးအပ်ခဲ့ကြောင်းကို သင်ယူခဲ့ရပြီ။ ဘုရား၏ သားသမီးများသည် ဆုတောင်းခြင်းအားဖြင့် အရာခပ်သိမ်းကို အောင်နိုင်ခဲ့ပြီ။ သို့သော် ကျွန်ုပ်တို့လက်ထဲ မှာရှိသော ဆုတောင်းခြင်း လက်နက်ကို ယူ ဆောင် သွားနိုင်သော အရာတခုရှိပါသည်။ မည်သည့်အရာနည်း။ အပြစ်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် အပြစ်နောက်သို့ လိုက်ပါသွားသောအခါ၊ ဘုရားသခင်သည် ဆုတောင်းခြင်းကို နားမညောင်းတော့ပါ။ စာတန်သည် ဤ အရာကို သိပြီး၊ ခရစ်ယာန်များကို အပြစ်ပြုရန် သူသည် စုံစမ်းခြင်းကို အလွန်မှ ကြိုးစားပြုလုပ်ရခြင်း၏အကြောင်း ရင်းတခု ဖြစ်သည်။

ခရစ်ယာန်တိုင်း စုံစမ်းနှောင့်ရှက်ခြင်းကို မည်ကဲ့သို့ အောင်မြင်နိုင်ကြောင်းကို လေ့လာသိထားရမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် စုံစမ်းခြင်းကို ခံရလိမ့်မည်။ သို့သော် ဘုရား၏ ကျေးဇူးတော်အားဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို အောင်မြင်နိုင် သည်။ ဤနေရာ၌ ဘယ်ကဲ့သို့ ပြုလုပ်ရမည် ကို လေ့လာမည်။ ပထမဦးစွာ အပြစ်၊ စုံစမ်းနှောင့်ရှက်ခြင်းနှင့် ဆိုင်သော အချို့သော မေးခွန်း များကို ဖြေကြမည်။

စာတန်သည် ကျွန်ုပ်တို့ကို အပြစ် ဖြစ်အောင် ပြုလုပ်နိုင်ပါသလား။ မပြုလုပ်နိုင်ပါ။ အပြစ်ကို ကျွန်ုပ်တို့ ပြုလုပ်ရန်သာ စာတန် သွေးဆောင် နိုင်သည်။ သို့သော်ကျွန်ုပ်၌ အပြစ်ရှိအောင် သူမလုပ်နိုင်ပါ။

စုံစမ်းနှောင့်ရှက်ခြင်းသည် အပြစ် ဟုတ်ပါသလား။ မဟုတ်ပါ။ သခင်ယေရှုသည် စုံစမ်းခြင်းများကို ခံခဲ့ရ၏။ သူသည် အပြစ်ကို မပြုခဲ့ကြောင်း ကျွန်ုပ်တို့သိသည်။ ကျမ်းစာ၌သူသည် ""...ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်း တို့ကိုခံဘူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွှတ်တော်မူ၏။""ဟုဆို၏။(ဟေဗြဲ၊၄း၁၅)

ဤအချက်၌ ကျွန်ုပ်တို့ရှင်းလင်းစွာ နားလည်ထားရန်မှာ၊ စုံစမ်းနှောင့်ရှက်ခြင်းသည် အပြစ် မဟုတ်ပါ။ ခရစ်ယာန်များ အပြစ်ကို မပြုလုပ်သည့် တိုင် စာတန်သည် သူတို့ကို ပြစ်တင် စွပ်စွဲလိုသည်။ အချို့သော အပြစ်များနှင့် သွေးဆောင်ရုံမျှဖြင့် ခရစ်ယာန်များ၏စိတ်တွင် အပြစ်ရှိသည်ဟု ခံစား လာရအောင် စာတန်သည် ပြုလုပ်လိုသည်။ သို့သော် စုံစမ်းခြင်းကို ခံရခြင်းသည် အပြစ် မဟုတ်ပါ။ ""စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏""ဟုဆို၏။(ယာ၊၁း၁၂)

မည်သည့်အချိန်တွင် အပြစ်ဝင်လာပါသနည်း။ စုံစမ်းနှောင့်ရှက်ခြင်းကိုအခွင့်ပေးလိုက်သောအခါအပြစ် ၀င်လာပါသည်။ စုံစမ်းနှောင့်ရှက်ခြင်း ကို လက်လျှော့အရှုံးပေးခြင်းဖြင့် ကျွန်ုပ်တို့ အပြစ် ပြုလုပ်ပါသည်။ ကျမ်းစာက အချို့အပြစ်များသည် ကိုယ်၏အပြင်ဘက်ရှိ အပြစ်များဖြစ်ပြီး၊ အချို့ အပြစ်များသည် ကိုယ်၏အတွင်းနှင့် ဆိုင်သောအပြစ်များ ဖြစ်ကြောင်း ပြောပါသည်။

အပြင်ဘက် အပြစ်များမှာ ဆဲဆိုခြင်း၊ လိမ်ညာခြင်း၊ ခိုးခြင်း၊ အကျင့်ပျက်ခြင်း၊ သောက်စားခြင်း၊ လူသတ်ခြင်းတို့ ကိုဆိုလို သည်။ ဤကဲ့သို့ သော အပြစ်များကို မည်သည့်ခရစ်ယာန်ကမျှ မပြုလုပ်သင့်ပါ။ ဤကဲ့သို့သော အပြစ်များက လူတစ်ဦး၏အသက် တာ၌ ရှိနေခဲ့သေးလျှင် သူ၌ အသစ်တဖန်မွေးခြင်း၏ လက္ခဏာ သက်သေသည် သူ၌မရှိပါ။

သို့သော် ပြောဆိုရန် ၀မ်းနည်းဘွယ်ရာကား၊ ခရစ်ယာန်များသည်လည်း ကယ်တင်ခြင်းကို မရသေးသောသူများကဲ့သို့ပင် ကိုယ်၏အတွင်း၌ အပြစ်များ ရှိကြပါသည်။ အတွင်းအပြစ်များမှာ မာန်မာနရှိခြင်း၊ မနာလိုခြင်း၊ သ၀န်တိုငြူစူခြင်း၊ တကိုယ်ကောင်း ဆန်ခြင်း၊ အပြစ်ခွင့်မလွတ်ခြင်း၊ မုန်းတီးခြင်း၊ အပြစ်တတ်မက်ခြင်း တို့ကိုဆိုလိုပါသည်။ ဤအပြစ်များသည် လူ၏မျက်စိဖြင့်မမြင်နိုင်သော လျှို့ဝှက်သောအပြစ်များ ဖြစ်သည်။ သို့သော် ဘုရားသခင်သည် မြင်တော်မူ၏။ဘုရား၏အမြင်၌ မုန်းတီး စက်ဆုပ်တော်မူ၏။ ထိုအရာများအပေါ် မည်ကဲ့သို့ အောင်မြင်ခြင်း ရမည်ကို ကျွန်ုပ်တို့ သင်ယူရပေမည်။

ခရစ်ယာန်တိုင်း၌ အမြဲတမ်းဒုက္ခပေးတတ်သော အပြစ်ရှိသည်။ ထိုအပြစ်ဖြင့် သင်သည် စုံစမ်းခြင်းကို အခံရဆုံး ဖြစ်သည်။ စာတန်သည် သင်၏ အားနည်းချက်ကို သိတော်မူပြီး၊ ထိုအားနည်းခြင်း၌ သူသည် သင့်ကို အနှောင့်အရှက် အပေးဆုံး ဖြစ်သည်။ ထိုအပြစ်အပေါ် အောင်မြင်ရန်နှင့် သင့်အသက်တာ၏အခြားသော အပြစ်များကိုအောင်မြင်ရန် သင်သည် စုံစမ်း နှောင့် ရှက်ခြင်းကို မည်ကဲ့သို့ အောင်မြင် ရမည်ကို သင်ယူရပေမည်။

စုံစမ်းနှောင့်ရှက်ခြင်းကိုအောင်မြင်ခြင်း။ စုံစမ်းနှောင့်ရှက်ခြင်းကို အောင်မြင်ရန် သင်သည် အောက်ပါအချက် လေးချက် ကို ပြုလုပ်ရမည်။

(၁) သင်သည်ခရစ်တော်နှင့်အတူသေခြင်းကိုသိမှတ်ပါ။

(၂) ခရစ်တော်၏အသက်သည်သင်၌ရှိကြောင်းကိုသိမှတ်ပါ။

(၃) ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့်သင့်ကိုယ်၌လက်နက်ပြုတတ်ဆင်ပါ။

(၄) ဇာတိပကတိ(အသွေးအသား)ကိုအခွင့်မပေးပါနှင့်။

ဤအချက်လေးချက်ကိုကျွန်ုပ်တို့စဉ်းစားကြမည်။

(၁) သင်သည်ခရစ်တော်နှင့်အတူ သေခြင်းကို သိမှတ်ပါ။

ခရစ်ယာန်တယောက်ဖြစ်သော သင်နှင့်ကျွန်ုပ်သည် အပြစ်တရားအုပ်စိုးသော အမှောင်နိုင်ငံထဲမှ လွတ်မြောက်ခြင်း ကို ရခဲ့ပြီး ဖြစ်သည်။ မည်ကဲ့သို့ လွတ်ခြင်းကို ရခဲ့ပါသနည်း။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ သေခဲ့ခြင်းဖြင့် လွတ်ခြင်းအခွင့်ကို ရခဲ့သည်။ ဘုရားက ကျွန်ုပ်တို့ကို လက်ဝါးကပ်တိုင်အပေါ် ခရစ်တော်ထဲ၌ ရိုက်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ခရစ်တော် သေစဉ် ကျွန်ုပ် လည်း သူနှင့်အတူသေ၏။ သူမြုပ်နှံစဉ် သူနှင့်အတူ မြုပ်နှံခြင်းခံခဲ့ရ၏။ သူတဖန် ထမြောက်စဉ် သူနှင့်အတူတဖန် ထမြောက် ခဲ့၏။ ကျမ်းစာက""အလင်း၌နေသော သန့်ရှင်းသူတို့၏အမွေကို ငါတို့သည် ဆက်ဆံ ၀င်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော် မူ၏။ -မှောင်မိုက်တန်ခိုးမှလည်းငါတို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏""ဟုဆို၏။ (ကော၊၁း၁၂-၁၃)

ဤသည်ကား မည်သည့် အဓိပ္ပါယ်နည်း။ အဓိပ္ပါယ်မှာ၊ ခရစ်တော်ထဲ၌ အပြစ်တရား အုပ်စိုးသော အမှောင်နိုင်ငံထဲမှ ကျွန်ုပ်သည် လွတ်ခြင်းအခွင့်ကိုရခဲ့သည်။ အပြစ်တရား၏အောက်၌ ကျွန်ုပ်မရှိတော့ပါ။ ဤကား မဟာအမှန်တရားတခု ဖြစ်သည်။ ကျွန်ုပ်တို့သိမှတ်ထားရပေမည်။ ကျမ်းစာက""ထိုနည်းတူသင်တို့သည် အပြစ်တရားနှင့်ဆိုင်သောအရာ၌ကား၊ အသေဖြစ်သည် ဟူ၍ ၄င်း၊ ဘုရားသခင်နှင့် ဆိုင်သောအရာ၌ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည် ဟူ၍၄င်း၊ ကိုယ်ကိုကိုယ် ထင်မှတ် ကြလော့။""ဟုဆို၏။(ရော၊၆း၁၁)

ကျွန်ုပ်တို့သည် စာတန်၏အာဏာအောက်မှ လွှတ်မြောက်ခဲ့ချိန်မှစ၍ အပြစ်တရားသည်ကျွန်ုပ်တို့အပေါ်အုပ်စိုး ခွင့်မရှိ တော့ပါ။ အပြစ်၏အမိန့်ကို လုံးဝ နာခံစရာ မလိုတော့ပါ။

အပြစ်တရားကို အစေခံခြင်းမှ ကျွန်ုပ်တို့ မည်ကဲ့သို့ လွတ်ခြင်းကို ရရှိခဲ့ပါသနည်း။ ကြေညာပြောဆိုခြင်းအားဖြင့် ဖြစ်သည်။ ကျမ်းစာက ""ထိုကြောင့်၊သင်တို့၏ သေတတ်သော ကိုယ်ခန္ဓာ၏ တတ်မက်ခြင်း အလိုသို့ လိုက်ရသည်တိုင်အောင် အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်""ဟုဆို၏။(ရော၊၆း၁၂)

စစ်တပ်တွင် နာမည်စာရင်းရေးသွင်းထားသော လူငယ်တယောက် အကြောင်းကို စဉ်းစားကြပါစို့။ သူသည် စစ်တပ်၏ အမိန့် အာဏာ အောက်တွင် ရှိပါသည်။ သူသည် အထက်အရာရှိ၏ အမိန့်ကို နားထောင်ရပြီး၊ အလုပ်ကို ကြိုးစား လုပ်ရပါသည်။ အချိန်စေ့သောအခါ တနေ့ သူသည် တပ်မှ နှုတ်ထွက်ခွင့်ကို ရခဲ့ပါသည်။ ထိုနေ့ နောက်ပိုင်းတွင် ထိုလူငယ်သည် သူ၏ အထက် အရာရှိနှင့်တွေ့ပါသည်။ အထက်အရာရှိက သူ့အား တပ်အဆောင်သို့ ပြန်ပြီး သန့်ရှင်းရေးလုပ်ရန်နှင့် သေနတ်ကို တိုက်ချွတ်သန့်ရှင်းရန် အမိန့်ပေး စေခိုင်းပါသည်။ ထိုလူငယ်သည် အရာရှိထံသို့ လှည့်၍ ရိုသေစွာဖြင့် ပြန်ပြောခဲ့သည်မှာ ""ကျွန်ုပ် ပြုလုပ်ရန် မ လိုတော့ပါ၊ ခင်ဗျား""ဟု၍ဖြစ်သည်။ အရာရှိက ""ဟေ့၊မင်း ဘာကိုဆိုလိုသလဲ။ မင်း ငါ့အမိန့်ကို လေးနှစ်လုံးလုံး နား ထောင်ခဲ့ပြီး၊ ယခု ကျွန်ုပ် လုပ်စရာမလိုတော့ဘူးလို့ ဘာကြောင့် ပြောရသလဲ""ဟုပြန်၍ပြောပါသည်။

"အဘယ်ကြောင့်ဆိုသော်" ထိုလူငယ်သည် ""တပ်မှနှုတ်ထွက် ခွင့်ပြုခြင်းကို ရခဲ့ခြင်းကြောင့်ဖြစ်သည်""ထိုလူငယ်သည် တပ်မှ နှုတ်ထွက် ခွင့် ကိုရရှိခြင်းနှင့် တပ်တွင် အစေခံအမှုထမ်းခြင်းမှ ကင်းလွှတ်ခွင့်ကို ပိုင်ဆိုင်ကြောင်းကို သိမှတ်ကြေညာ ပြောဆို ပါသည်။

ကျွန်ုပ်တို့၌ နှုတ်ထွက်ခွင့်ကိုရရှိခဲ့ပြီ။ ယုံကြည်သူ တယောက်အနေဖြင့် အပြစ်တရားကို အစေခံခြင်းမှ ကင်းလွှတ်ခွင့်ကိုရ ခဲ့ပြီး ဖြစ်သည်။ ကျမ်းစာက""သေသောသူသည် အပြစ်တရား၏လက်မှလွှတ်လျက်ရှိ၏""ဟုဆို၏။ ထိုသူသည်လွှတ်ခြင်း ကို ရခဲ့ပြီ။

ဘုရားသခင်က သင့်ကို ပြောသည်မှာ""သင်သည် အပြစ်တရားကို အစေခံခြင်းမှ ကင်းလွှတ်ခွင့်ကိုရပြီး""ဟုဆိုသည်။ ဤ အမှန်တရားကို သိမှတ်ပါ။ သင်၏လွှတ်ခြင်းအခွင့်ကို ကြေညာပြောဆိုပါ။ အပြစ်တရားသည် နောက်တဖန် သင့်အား အုပ်စိုးခြင်းကို ဘယ်သောအခါမျှ အခွင့်မပေးပါနှင့်။

အပြစ်သည် သင့်ထံသို့ သွေးဆောင်ရန် ရောက်လာသော် ဤသို့ပြောဆိုပါ။ ""သင်၏တည်ရှိခြင်းနှင့် ဆွဲဆောင်ခြင်းကို ငါသိ မှတ်ပါသည်။ သို့သော် သင့်ကို နာခံရန် ငါငြင်းဆိုပါသည်။ ဘုရားသခင်၏ရှင်းလင်းစွာ ပြောထားသော နှုတ်ကပတ်တော် ပေါ်အခြေ ခံပြီး၊ ငါသည် သခင်ယေရှုနှင့် အတူ အပြစ်တရားအတွက် သေခဲ့ကြောင်းကို သိမှတ်သည်။ သင်သည် ငါ့ကို မအုပ်စိုးရတော့ပါ"" ဤကား ဘုရားသခင်၌ နှုတ်ကပတ်တော်အတိုင်း ဆွဲကိုင်ခြင်း ဖြစ်သည်။ သင့်အသက်တာထဲ၌ ရှိသော အပြစ်တန်ခိုးကို ချိုးဖျက်လိုက် ခြင်းဖြစ်သည်။

(၂) ခရစ်တော်၏အသက်သည် သင်၌ရှိကြောင်းကို သိမှတ်ပါ။

စုံစမ်းသွေးဆောင်ခြင်းသည် ကျွန်ုပ်တို့ထံသို့ စာတန်ထံမှသာ လာခြင်းမဟုတ်ပါ၊ ကျွန်ုပ်တို့အထဲမှလည်း လာပါသည်။ ကျမ်းစာက ""မိမိ တတ်မက်သော စိတ် ဆွဲငင် ဖြားယောင်းခြင်းကို ခံသောသူ မည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက် တတ်၏""ဟုဆို၏။(ယာ၊၁း၁၄)

ကျွန်ုပ်တို့အထဲ၌ အပြစ်ထဲသို့လိုက်ပါရန် ကြိုးစား၍ဆွဲချနေသော အရာအချို့ရှိနေပါသည်။ ကျမ်းစာက ""ငါ့အထဲ၌နေ သော အပြစ်တရား""ဟု ဆိုပါသည်။

တရားဆိုသည်မှာ အဘယ်နည်း။ ထပ်၍ထပ်၍ ဖြစ်ပျက်နေသော တစုံတခုသော အကြောင်းအရာ ကိုဆိုသည်။ ဤ နေရာ၌၊ ""မြေဆွဲအား ဆိုင်ရာ ဥပဒေသတရား""ကို ပြောဆိုမည်။ ဤကား အဘယ်နည်း။ အရာဝတ္ထုတခုကို လွှတ်ချလိုက်စဉ် မြေပေါ်သို့ ကျရန် ထိုဝတ္ထုပေါ်သို့ သက်ရောက်သော အားတစုံတခု ရှိနေခြင်းကို ဆိုသည်။ သင်သည် မည်သည့်နေရာသို့ သွားနေပါစေ၊ အကြောင်းမဟုတ်ပါ။ ဤအတိုင်း ဖြစ်နေပေမည်။ ဤကား ""မြေဆွဲအားဆိုင်ရာဥပဒေသတရား""ဖြစ်သည်။

ကျွန်ုပ်တို့၏အထဲ၌ ရှိနေသော အပြစ်တရားသည် အပြစ်ထဲသို့ လိုက်ပါရန် အမြဲတမ်း ကြိုးစား၍ ဆွဲချနေသော အရာ ဖြစ်သည်။ ထို့ကြောင့် ဤအရာကိုကျမ်းစာက ""အပြစ်တရား"" ဟုခေါ်ပါသည်။

ကျွန်ုပ်တို့၏ ကြိုးစား အားထုတ်မှုဖြင့် အပြစ်တရားကို အောင်မြင်နိုင်ပါသလား။ မရနိုင်ပါ။ ဘုရားသခင်က အပြစ်၏တန်ခိုးမှ ကျွန်ုပ်တို့ လွှတ်မြောက်ခြင်း ကိုရရန် ပြုလုပ်ရပေမည်။

ဘုရားက ကျွန်ုပ်တို့ကိုဘယ်ကဲ့သို့လွှတ်မြောက်စေခဲ့သနည်း။ ဘုရားက ခရစ်တော်ကို ပေးခဲ့ခြင်းဖြင့် ကျွန်ုပ်တို့ ကို လွှတ် မြောက်စေခဲ့သည်။ ခရစ်တော်၏အသက်တာသည် ကျွန်ုပ်တို့၏အထဲ၌ရှိသော အပြစ်တရားနှင့်သေခြင်းကို အောင်မြင်ခဲ့ပြီး။ မြေဆွဲအား အကြောင်းကို တဖန်ပြန်၍ စဉ်းစားကြပါစို့။ မြေဆွဲအားသည် အမြဲ သက်ရောက်လျက် ရှိကြောင်းကို ကျွန်ုပ်တို့ သိကြသည်။ ကျွန်ုပ်တို့ကို မြေပေါ်သို့လျင်မြန်စွာဖြင့် ကျဆင်းစေသည်။ စက်မှုဆိုင်ရာ အကူမပါလျှင် ကျွန်ုပ်တို့ မပျံနိုင်ပါ။

သို့သော် ငှက်များပျံကြသည်။ မြေဆွဲအားသည် ငှက်များအပေါ် သက်ရောက်ခြင်း မရှိသောကြောင့် ဖြစ်ပါသလား။ မဟုတ်ပါ။ ကျွန်ုပ်တို့ ကဲ့သို့ပင် မြေသို့ဆွဲခြင်းကိုခံရပါသည်။ သို့သော်ငှက်များ၌ မြေဆွဲအားကို ဆန့်ကျင်၍ ပျံနိုင်သော အသက်တာမျိုး သူတို့၌ ရှိပါသည်။ ငှက်၏အသက်၌ ပျံသန်းရန် နိယမ""တရား""ရှိသည်။

ယခု ကျွန်ုပ်တို့၏အနေအထားကို စဉ်းစားကြမည်။ ကျွန်ုပ်တို့အထဲ၌""အပြစ်တရား""သည် ရှိနေသည်။ ထို့အတူ ခရစ်တော်သည်လည်း အထဲ၌ ရှိနေပါသည်။ ခရစ်တော်၏အသက်တာ၌ တရားတပါး ရှိပါသည်။ ထိုတရားသည် အပြစ်ကို အောင်မြင်သည်။ သူ့အသက်တာသည် အပြစ်ကို အစဉ် အောင်နိုင်ခဲ့ပြီ။ ကျွန်ုပ်တို့ အထဲ၌ ရှိနေသော ခရစ်တော်၏အသက်တာသည် အပြစ်တရားနှင့် သေခြင်းကို အောင်မြင်ခဲ့သည်။ ကျမ်းစာက ""ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ၀ိညာဉ်တော်၏ တရားသည် အပြစ်တရား ၏လက်မှ၎င်း၊ သေခြင်းတရား၏လက်မှ၎င်း၊ ငါ့ ကိုကယ်လွှတ်ပြီ"" ဟုဆို၏။(ရော၊၈း၂)

ဤကား အံ့ဘွယ်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့အသက်တာ၌ အပြစ်ကို အောင်မြင်ရန်ခရစ်တော်၏အသက်တာကို အလိုရှိခဲ့သော် တခုသော အကြောင်းအရာကို လိုက်နာ ပြုလုပ်ရပေမည်။ ခရစ်တော် လုပ်ဆောင်ရန် သူ့ကို ယုံကြည်ကိုးစား ရမည်။ ဤအကြောင်းကို နောက်သင်ခန်းစာ၌ လေ့လာကြမည်။

(၃)ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သင်၏ကိုယ်၌ လက်နက်ပြုတတ်ဆင်ပါ။

သင်သည် တန်ခိုးကြီးသောလက်နက်ဖြစ်သော ဆုတောင်းခြင်း အကြောင်းကို နားလည် သင်ယူခဲ့ရပြီ။ သို့သော် စာတန်ကို တိုက်ခိုက်ရန် ဘုရားက အခြားသောလက်နက်ကိုလည်း ပေးထားပါသည်။ ဤကားဘုရားသခင်၏နှုတ်ကပတ်တော်လက်နက် ဖြစ်သည်။ ကျမ်းစာက ""...ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ၀ိညာဉ်တော်၏ထားကို၎င်း ယူကြလော့""ဟုဆို၏။(ဧ၊၆း၁၇)

သခင်ယေရှုသည် တော၌ စုံစမ်းနှောင့်ရှက်ခြင်း ကိုခံရစဉ် နှုတ်ကပတ်တော်ဖြင့် စာတန်ကို ရှုံးနှိမ့်စေခဲ့၏။ ယေရှုကိုစာ တန်သည် သုံးကြိမ် စုံစမ်းခဲ့၏။ သုံးကြိမ်စလုံး ယေရှုသည်ဘုရား၏နှုတ်ကပတ်တော်ဖြင့် ဖြေကြားခဲ့၏။ သခင်ယေရှုသည် စာတန်၏ စုံစမ်းခြင်း တခုခြင်းကို ရင်ဆိုင်ရာ၌ တိကျ၍ မှန်သော ကျမ်းပိုဒ်ကိုအသုံးပြုခဲ့၏။ စာတန်သည် ယေရှုကို သူ့အား ကိုးကွယ်လာရန် အတွက် ဤလောက နိုင်ငံများအားလုံးဖြင့် ကမ်းလှမ်းခဲ့စဉ် ယေရှုသည် ဆာလံကျမ်း(၂၃)ကို ကိုးကားခဲ့ခြင်းမရှိပါ။ ဤကျမ်းသည် ကျမ်းစာ၌ လှပသောကျမ်းပိုဒ် ဖြစ်သည်။ သို့သော် စုံစမ်းခြင်းကို တိုက်ခိုက်ရန် လက်နက်အဖြစ် မသုံးခဲ့ပါ။ ယင်းအစား ယေရှုက ""အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထို ဘုရားသခင်ကိုသာ ၀တ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။""

သခင်ယေရှုသည် စာတန်ကို ရှုံးနှိမ့်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းပိုဒ်များကို အလွတ်ရရှိထားခြင်းနှင့် မည်ကဲ့သို့ အသုံးပြုရ မည်ကို သိနေခြင်းဖြစ်သည်။ သင်သည် ကျမ်းပိုဒ်များကို ဘာကြောင့် အလွတ်ကျက်မှတ်ရန် အရေးတကြီးလိုအပ်ကြောင်းကို သင် နားလည်ပါသလား။ သင်သည် သင့်ကိုယ်၌ ဘုရား၏နှုတ်ကပတ်တော်ကို လက်နက်ပြုတတ်ဆင်ရပေမည်။

ဤနေရာ၌ အောင်မြင်ခြင်းဆိုင်ရာကျမ်းပိုဒ် အချို့ကိုပေးပါမည်။ အဓိပ္ပါယ်ကိုလေ့လာပါ။ အလွတ်ကျက်မှတ်ပါ။စာတန် ကို တိုက်ခိုက်ရာတွင် အသုံးပြုပါ။

§ ""သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အားမိန့် တော် မူ၏""(ယော၊၈း၃၂)

ဘုရား၏နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်သည်။ သင်သည် အပြစ်၊ စာတန်နှင့် စုံစမ်းနှောင့်ရှက်ခြင်းတို့ကို သမ်္မာ တရားအားဖြင့် သိလာသောအခါ၊ သင့်အပေါ်၌ ရှိသော ထိုတန်ခိုးများမှ လွှတ်ခြင်းအခွင့်ကို သင် ရရှိနိုင်သည်။


§ ""သင်တို့သည် ပညတ်တရားလက်၌ မရှိ၊ ကျေးဇူးတရားလက်၌ ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။"" (ရော၊၆း၁၄)

အပြစ်တရားသည် သင့်အပေါ် အုပ်စိုးခွင့်မရတော့ပါ။ အဘယ်ကြောင့်နည်း။ သင့်ကိုယ်စား ဘုရား၏ကြီးစွာသော တန်ခိုးဖြင့်ပြုလုပ်ပေးသော နေရာဖြစ်သော""ကျေးဇူးတရားအောက်""၌ သင်သည် ရှိနေပြီးဖြစ်သည်။ ခရစ်တော်သည် သင်၌ ရှင်တော်မူပြီ။ သူသည် သင့်အား အပြစ်တန်ခိုးကို အောင်နိုင်ရန် တတ်နိုင်တော်မူသည်။

§ ""မာရ်နတ်ကိုဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။""(ယာ၊၄း၇ခ)

စာတန်အား ဆီးတားခြင်းကိုလေ့လာပါ။ ဘုရား၏နှုတ်ကပတ်တော်ဖြင့် သူ့ကိုဆီးတားပါ။ ယေရှု၏နာမ၌ သူ့ကို ဆီးတားပါ။ ကရာနိကုန်း၏ အောင်မြင်ခြင်းဖြင့် သူ့ကိုဆီးတားပါ။ သူသည်ရှုံးနှိမ်သူဖြစ်ကြောင်းကို သတိပေးခြင်းနှင့် သင့်ထံမှ သူထွက်သွားရန် ပြောပါ။

§ ""ချစ်သားတို့ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိ သောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏""(၁ယော၊၄း၎)

ယေရှုခရစ်သည် သင်၌ရှိသော သူ ဖြစ်သည်။ စာတန်သည်""လောက၌""ရှိသော သူ ဖြစ်သည်။ ဤကျမ်းပိုဒ်၌ သင်၏ ဘက်၌ရှိသော ယေရှုခရစ်သည် လောကဘက်၌ ရှိသော စာတန်ထက် သာ၍ကြီးတော်မူ၏။

§ ""ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အားပေးတော်မူသည် မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသော စိတ်သဘောကို ပေးတော်မူ၏""(၂တိ၊၁း၇)

ကြောက်တတ်သော စိတ်သည် စာတန်ထံမှဖြစ်သည်။ လက်မခံပါနှင့်။ ဘုရားသခင်သည် ကြောက်တတ်သော စိတ်ကို ကျွန်ုပ်တို့ကို မပေးပါ။ ယင်းအစား၊ ချစ်တတ်သောစိတ်၊ တန်ခိုးပါသောစိတ်နှင့် ရှင်းလင်း သောစိတ်သဘောကို ပေးတော်မူ၏။

§ ""သင်တို့တွင် ကောင်းသောအမှုကို ပြုစ ပြုတော်မူသော သူသည်၊ ယေရှုခရစ်၏နေ့ရက် တိုင်အောင် ပြီးစီးလျက် ပြုတော် မူ မည်ဟု ငါ သဘော ကြ၏""(ဖိ၊၁း၆)

သင်သည် ဘုရားသခင်၏သားသမီး ဖြစ်ခဲ့သော် ဘုရားသခင်သည် သင်၌ ကောင်းသောအမှု ကို အစပြုနေပြီး ဖြစ်သည်။ ဘုရားသခင်သည် ထိုကောင်းသောအမှုကို သင်သည် သူနှင့် တွေ့ဆုံမည့် နေ့ရက်တိုင်အောင် သင်၌ဆက်လက် ပြုနေပါ သည်။

§ ""ငါ့ကို ခွန်အားနှင့်ပြည့်စုံ စေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါတတ်စွမ်းနိုင်၏""(ဖိ၊၄း၁၃)

သခင်ယေရှုသည် ကျွန်ုပ်တို့ကို သူလုပ်စေခြင်သော မည်သည့်အရာကိုမဆို လုပ်ရန် ခွန်အားကို ပေးတော်မူ၏။ အဘယ် ကြောင့်နည်း။ သူသည် ကျွန်ုပ်တို့အထဲ၌ အသက်ရှင်တော်မူသည်။ ထိုအလုပ်ကို ပြုလုပ်ပေးသော သူတစ်ဦးသည် သူကိုယ်တိုင်ပင် ဖြစ်သည်။

§ ""ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အားဖြင့်၎င်း၊ ခိုင်ခန့်ခြင်း ရှိကြလော့။""(ဧ၊၆း၁၀)

မိမိကိုယ်၌မိမိ ခိုင်ခန့်ရန် မဟုတ်ပါ။ သခင်ဘုရား၌ ခိုင်ခန့်ရန်ဖြစ်သည်။ အဓိပ်္ပါယ်မှာ သူ့ကို အားကိုးရန်နှင့် ကျွန်ုပ် တို့ကို အောင်ခြင်းအခွင့် ကိုပေးရန် သူ၏တန်ခိုးကို အားကိုးရန် ဖြစ်သည်။

§ ""သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ပြောစရာ ရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌ နေနိုင်မည်နည်း။""(ရော၊၈း၃၁)

ဘုရားသခင်သည် ဘုရားသားသမီးဖြစ်သော သင့်အတွက်ဖြစ်သည်။ သင်သည် သူ၌ စိတ်ချနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် သူ ပြောထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက်ဖြစ်ခြင်းကြောင့် မည်သူသည် သင့်တဘက်၌ ဆန့်ကျင်၍နေပါစေ အမှုထားစရာ မလိုတော့ပါ။

§ ""ဘုရားသခင်ကို ချစ်သော သူတည်းဟူသော ကြံစည်တော်မူခြင်း အတိုင်း ခေါ်တော်မူသော သူတို့၏အကျိုးကို ခပ်သိမ်းသော အရာတို့သည် တညီတညွှတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။""(ရော၊၈း၂၈)

အချို့သော အကြောင်းအရာများသည် ကျွန်ုပ်တို့အဘို့ အမြင်အားဖြင့် ကောင်းခြင်မှ ကောင်းပေမည်။ သို့သော်ဘုရားကို ချစ်သောသူများအတွက် ကောင်းကျိုးအလို့ငှါ အရာခပ်သိမ်းသည် တညီတညွှတ်တည်းဖြစ်စေရန် ဘုရားသခင်က ပြုလုပ်ပေးခြင်း ဖြစ်သည်။

(၄)ဇာတိပကတိ(အသွေးအသား)ကို အခွင့်မပေးနှင့်။

စုံစမ်းနှောင့်ရှက်ခြင်းကို အောင်မြင်ရန် ဇာတိပကတိကို အခွင့် ဖြစ်စေသော မည်သည့် အရာကိုမျှ အခွင့်ကို မပေးရပေ။ အဓိပ္ပါယ်မှာ သင်သည် အပြစ်ထဲသို့ အလွယ်တကူ လိုက်ပါစေသော အကြောင်းအရာနှင့် အခြေအနေကို အခွင့်ပေးခြင်းကို မပြု လုပ်ရပေ။ ကျမ်းစာက""သခင်ယေရှုခရစ်ကို ယူတင် ၀တ်ဆောင်ကြလော့။ ကိုယ်ကာယ၏တတ်မက်ခြင်းအလိုငှါ မကြံစည်ကြနှင့်။"" (ရော၊၈း၂၈)

ဤနေရာ၌ အချို့သော အကြံပြုချက်များသည် သင့်အား စုံစမ်းနှောင့်ရှက်ခြင်းကို အောင်မြင်ရန် ကူညီမစမှုကို ဖြစ်စေ လိမ့်မည်။

မကောင်းမှုများကို ပြုလုပ်ရာသို့ပို့ဆောင်နေသောမိတ်ဆွေနှင့်အပေါင်းအသင်းများကို ရှောင်ပါ။ မည်ကဲ့သို့""ငြင်းဆိုခြင်း""

တနည်း ""NO"" ကို ပြောတတ်ရန် သင်ယူပါ။ ကျမ်းစာက""ငါ့သား၊ လူဆိုးတို့သည် သင့်ကို သွေးဆောင်လျှင် ၀န်မခံနှင့်""ဟုဆို၏။ (သု၊၁း၁၀)

သင်ကြည့်သော အရာများ၌ သတိရှိစေပါ။ သင်သည် မကောင်းသောအရာ အချို့ကို မြင်ရန် မရှောင်နိုင်ပါ။ သို့သော်

ထိုအရာများကို ဒုတိယအကြိမ် တဖန်ပြန်ကြည့်ပါက အပြစ်ကို ဖြစ်စေနိုင်ပါသည်။

သင့်အသက်တာ၏စဉ်းစား၊ ကြံစည်သော အရာများကို ကာကွယ်ထားပါ။ သန့်ရှင်းသော စိတ်သဘောသည် တန်ဖိုး ကြီးသည်။ သင်သည် ညစ်ညမ်းသောစာပေများကို ဖတ်ရှုခြင်းနှင့်မကောင်းသောရုပ်ရှင်များကို ကြည့်ရှုခြင်းဖြင့် သန့်ရှင်းသောစိတ် ကို မဖြစ်စေပါ။

သင်၏စိတ်ထဲတွင် မကောင်းသော အယူအဆ အတွေးအခေါ်များ ဆက်လက်ရှိနေခြင်းကို အခွင့် မပေးပါနှင့်။ သင်၌ စာတန်၏ မကောင်းသော အကြံများကို သင့်စိတ်တွင် ထည့်သွင်းခြင်းမှ ကာကွယ်ရန် မတတ်နိုင်ပါ။ သို့သော် သင်သည် ၄င်းကိုချက်ခြင်းပင် ငြင်းပယ်နိုင်ပါသည်။ တစ်စုံတဦး ပြောခဲ့သည်မှာ""သင်၏ခေါင်းအပေါ်ငှက် ဖြတ်ပျံသန်းခြင်းကို မရှောင်နိုင်ပါ။ သို့သော် သင်၏ခေါင်းတွင် အသိုက်ပြုလုပ်ခြင်းကို တားဆီး နိုင်ပါသည်""

သင်၏စိတ်တွင် ဘုရား၏နှုတ်ကပတ်တော်ဖြင့် ပြည့်စေပါ။ ကျမ်းစာက""ကိုယ်တော်ကို မပြစ်မှားဘဲနေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။""ဟုဆို၏။(ဆာ၊၁၁၉း၁၁)

သင်၏အားနည်းသောအချက် ကို သိပါ။ သင့် အသက်တာ၏အားနည်းဆုံးသောအပိုင်းကို အထူးကာကွယ် စေါင့်ရှောက်ပါ။ လိင်မှုဆိုင်ရာ စုံစမ်းသွေးဆောင်ခြင်းကို ခံရပါက ဖြေရှင်းရန် အကောင်းဆုံးသောနည်းလမ်းတခုမှာ ထိုနေရာမှ ထွက်ပြေးခြင်း ဖြစ်သည်။(ဥပမာပေးခြင်းဖြစ်သည်)။ မကောင်းသောအမျိုးသမီးတစ်ဦးအားဖြင့် ယောသပ်သည် စုံစမ်းခံရစဉ် ထိုသို့ ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။

သခင်ယေရှု ကြွလာစဉ် သင်ရှိနေရန် အလိုမရှိသောနေရာ၊ မည်သည့်နေရာသို့မဆို မသွားပါနှင့်။ သခင်ယေရှု ကြွလာစဉ် သင်ပြုလုပ်ရန် အလိုမရှိသောအလုပ်၊ မည်သည့်အလုပ်ကိုမျှမပြုလုပ်ပါနှင့်။

အပြစ်ကို ချက်ခြင်း ၀န်ချတောင်းပန်ပါ။ အရှုံးထဲ၌ ဆက်လက် မနေပါနှင့်။ စုံစမ်းနှောင့်ရှက်ခြင်းမှ လွှတ်မြောက်ရန် ဘုရားသခင်ထံ မျှော်ကြည့် အားကိုးပါ။ ဆာလံဆရာက""ကျွန်ုပ်သည် ထာဝရဘုရားကို အစဉ်မြော်လင့်လျက် နေပါ၏။ အကြောင်းမူကား အကျွန်ုပ်၏ခြေကို ကျော့ကွင်း ထဲက နှုတ်ယူတော်မူမည်။""ဟုဆို၏။(ဆာ၊၂၅း၁၅)

စာတန်၏လှည့်ဖြားခြင်းကို မခံပါနှင့်။ ကျမ်းစာက""ကောင်းမြတ်စုံလင်သော ဆုကျေးဇူး ရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှလာကြ၏""(ယာ၊၁း၁၇)

ဘုရားသခင်၏နည်းလမ်းနှင့်၊ ဘုရားသခင်ထံမှ မဟုတ်ခဲ့သော် ၄င်းသည် အပြစ် ဖြစ်သည်။ ထိုကဲ့သို့သော အရာများကို သိမှတ်ပါ။ ငြင်းပယ်ပါ။ ""တပ်မက်သောစိတ်သည် ပဋိသန္ဓေ ယူ၍ ဒုစရိုက်ကိုဘွားတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင်သေခြင်း ကို ဘွားတတ်၏""(ယာ၊၁း၁၅)

မှတ်မိသတိရစေရန်။ အပြစ်ဒုစရိုက်တိုင်း၌ အမြဲတမ်း ငါးမျှားချိတ်ကဲ့သို့ ပါရှိသည်။

ဘုရားသခင်၏အံ့ဘွယ်ကောင်းသောဂတိတော်။ ""လူ၌ ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်း အရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။""(၁ကော၊၁၀း၁၃)

ဘုရားသခင်သည် ကျွန်ုပ်တို့ကို (၁ကော၊၁၀း၁၃) ထဲ၌ အံ့ဘွယ် ကောင်းသော ကတိတော် ကိုပေးထားပါသည်။ ခရစ်ယာန်တိုင်း ဤကျမ်းပိုဒ်ကို အလွှတ် မှတ်မိ သင့်သည်။

ဤကျမ်းပိုဒ်က ဘာကိုဆိုလိုသနည်း။ သင်ခံရသောစုံစမ်းခြင်းနှင့် အခြားသောသူများ ခံရသောစုံစမ်းခြင်းသည် အတူတူ ပင်ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ""ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ""သူသည် သင်၌ပြောသည့် အတိုင်း ပြုလုပ်လိမ့်မည် ဖြစ်သည်။ သူ့ကို သိမှတ် အားကိုးရန် ဆိုလိုခြင်းဖြစ်သည်။ ဤနေရာ၌ ဘုရားက ဘာကို ကတိ ပေးပါသနည်း။ သင်မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင့်ထံသို့ ကျရောက်ခြင်းအခွင့်ကို ပေးလိမ့်မည် မဟုတ်ကြောင်း ကတိပေးထားပါသည်။ သင့်အတွက် ထွက်မြောက်ရာလမ်းကို ပြင်ဆင်ထားကြောင်း ဘုရားက ကတိပေးထားသောကြောင့် သင်သည် အပြစ်ကို မပြုလုပ်ရ တော့ပါ။

သင်သည်စုံစမ်းနှောင့်ရှက်ခြင်းတိုင်းကို အောင်မြင်ခြင်းကို ရနိုင်သည်။ ဘုရားက""အပြစ်တရားသည် သင့်ကိုမအုပ်စိုးရ"" ဟုဆိုသည်။ (ရော၊၆း၁၄)။ ဤအကြောင်းအရာ လေးပါးကို မှတ်မိသတိရပါ။

(၁) သင်သည် ခရစ်တော်နှင့်အတူ သေကြောင်းကို သိမှတ်ပါ။

(၂) ခရစ်တော်၏အသက်သည် သင်၌ရှိကြောင်းကို သိမှတ်ပါ။

(၃) သင့်ကိုယ်ကို ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် လက်နက်ပြုတတ်ဆင်ပါ။

(၄) ဇာတိပကတိ(အသွေးအသား)ကို အခွင့် မပေးပါနှင့်။


မေးခွန်းများ

၁။ စာတန်သည် ကျွန်ုပ်တို့၌ အပြစ်ဖြစ်အောင် ပြုနိုင်ပါသလား။

(က) ပြုနိုင်သည်။ (ခ ) မပြုနိုင်ပါ။


၂။ စုံစမ်းနှောက်ယှက်ခြင်းသည် အပြစ် ဟုတ်ပါသလား။

(က) ဟုတ်ပါသည်။ (ခ ) မဟုတ်ပါ။


၃။ အပြစ် အမျိုးအစား နှစ်မျိုးမှာ၊

(က) ကိုယ်၏အတွင်းပိုင်းနှင့် ကိုယ်၏အပြင်ပိုင်း

(ခ ) အမှန် မကောင်းခြင်းနှင့် အလွန် မကောင်းခြင်းတော့ မဟုတ်ပါ။


၎။ စုံစမ်းခြင်းကို အောင်မြင်ရန် သင်သည်………..။

(က) ခရစ်တော်၌သင်သည် သေခြင်းကို သိမှတ်ရမည်။

(ခ ) သင်၌ခရစ်တော်၏အသက်ရှိခြင်းကို သိမှတ်ရမည်။

(ဂ ) သင့်ကိုယ်၌ ဘုရားသခင်၏နှုတ်ကပတ်တော် ဖြင့် လက်နက်ပြုဝတ်ဆင်ပါ။

(ဃ) ဇာတိပကတိကို အခွင့်မပေးပါနှင့်။

(င ) အထက်ပါအရာများအားလုံး။


၅။ ခရစ်တော်သည် ကျွန်ုပ်တို့ကို အပြစ်တရား အုပ်စိုးသော အမှောင်နိုင်ငံမှ လွှတ်ခြင်းအခွင့်ပေးခဲ့ပါသလား။ အပြစ်သည် ကျွန်ုပ်တို့အပေါ် အုက်စိုးခွင့် ရှိပါသေးသလား။

(က) လွှတ်စေသည်။ မအုပ်စိုးရပါ။

(ခ ) မလွှတ်စေပါ။ အုပ်စိုးသည်။


၆။ အပြစ်ကိုအစေခံခြင်းမှ ကျွန်ုပ်တို့ မည်ကဲ့သို့ လွှတ်ခြင်းရခဲ့ပါသနည်း။

(က) တောင်းဆို ကြေညာခြင်းဖြင့်၊

(ခ ) ဘုရားသခင်၏နှုတ်ကပတ်တော်ဖတ်ခြင်းနှင့် ဘုရားကျောင်းသို့ အပတ်စဉ်သွားခြင်းအားဖြင့်။


၇။ အပြစ်တရားနှင့်သေခြင်းမှ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ……လွှတ်မြောက်စေသည်။

(က) ကျွန်ုပ်တို့၌ ခရစ်တော်ကို ပေးခြင်းဖြင့်၊

(ခ ) နောက်တဖန် အပြစ်ပြုချင်စိတ် မရှိအောင် ကျွန်ုပ်တို့၌ ပြုလုပ်ပေးခြင်းဖြင့်။

(ဂ ) အထက်ပါ အရာများအားလုံး။


၈။ ဘုရားသခင်သည် ကျွန်ုပ်တို့၌ တန်ခိုးကြီးသော လက်နက် နှစ်ခုကို စာတန်ကို ဆန့်ကျင်ရာ၌ အသုံးပြုရန် ပေးခဲ့သည်။

(က) ကျွန်ုပ်တို့ သင်းအုပ်ဆရာ နှင့် ကျွန်ုပ်တို့ အသင်းတော်၊

(ခ ) ဘုရားနှုတ်ကပတ်တော်နှင့် ဆုတောင်းခြင်း။


၉။ စုံစမ်းနှောင့်ရှက်ခြင်းကို အောင်မြင်ရန် သင်သည် ….အခွင့် မပေးရပါ။

(က) ဇာတိပကတိ၊

(ခ ) အပြစ်ထဲသို့ အလွယ်တကူ ကျရောက်စေမည့် အခြေအနေများဖြစ်စေခြင်း သို့မဟုတ် ပြုလုပ်ခြင်းများ။

(ဂ ) အထက်ပါအရာများ အားလုံး။


၁၀။ သင်၌ စုံစမ်းနှောင့်ရှက်ခြင်းမျိုး အလားတူ အခြားသောသူများသည် လည်း ခံကြရပါသလား။

(က) ခံရသည်။

(ခ ) မခံရကြပါ။


ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံပါသလား။ သင်မခံနိုင်သောစုံစမ်းနှောင့်ရှက်ခြင်းထက် လွန်သောအရာကို ခွင့်မပြုကြောင်း ကတိရှိပါသလား။ သင်၌ ထွက်မြောက်ရာ လမ်းကိုပြင်ဆင်ပေးလိမ့်မည် ကတိရှိပါသလား။


ရှိပါသည်။ ရှိပါသည်။ ရှိပါသည်။


စိတ်လှုပ်ရှားဘွယ်ရာ မဟုတ်ပေဘူးလား။


အန်ဒရူး


Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support