HCF

HCF MYANMAR IN SINGAPORE

Thursday, April 28, 2011

ဘုရားအလိုတော်အတိုင်း ကိုးကွယ်ကြသူများ

သင်ခန်းစာ (၃)

ဘုရားအလိုတော်အတိုင်း ကိုးကွယ်ကြသူများ



ဘုရားအလိုတော်အတိုင်း ကိုးကွယ်သောသူများ အနေဖြင့် မိမိတို့၏အလိုကို အဓိက မထားကြချေ။ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေကြသည်။


အာဗေလ

အာဗေလသည် ဘုရားအလိုတော်အတိုင်း ကိုးကွယ်ခဲ့သောကြောင့် သူ၏ ပူဇော် သက္ကာကို ဘုရားသခင်က လက်ခံခဲ့သည်။ ဟေဗြဲ ၁၁း၎ ၌ အာဗေလသည် ကာဣန ပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သော ယဇ်ကို ပူဇော်၍ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား သူလှူသော အလှူကို ဘုရားသခင်သည် လက်ခံတော်မူ ၏။ သို့ဖြစ်၍ အာဗေလ သေလွန်သောလည်း ယခုပင် တရားဟောသေး၏- ဟု ရေးထားသည်။ အာဗေလသည် အစ်ကို၏ မနာလိုမှုကြောင့် အသတ်ခံခဲ့ရသော်လည်း ဘုရားသခင်၏ အလိုတော်အတိုင်း ပူဇော်သောကြောင့် ဘုရားသခင်နှင့်အတူ ကောင်းကင်၌ အစဉ် ထာဝရ နေရသောကြောင့် အသက်ရှင်ရကျိုး၊ ကိုးကွယ်ရကျိုးနပ်သည်။ လောက၌ အသက် တာရှည်၍ ငရဲရောက်သည်ထက် အသက်တိုတောင်းသော်လည်း ကောင်းကင်နိုင်ငံ၌ ထာဝရ နေရခြင်းသည် နှိုင်းဆ၍ မရလောက်အောင် တန်ဖိုးကြီးသည်။


ဧနောက်

ဘုရားအလိုတော် စိတ်တော်နှင့် တွေ့သောသူ ဧနောက်အကြောင်းကို ကျမ်းစာထဲ၌ ဤသို့တွေ့ရသည်။ ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော် သား မသုရှလကို မြင် လေ၏။ မသုရှလ ဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့် အတူ သွားလာ၍ သားသမီးများကို မြင်လေ၏။ ဧနောက် အသက်နှစ်ပေါင်း သုံးရာခြောက် ဆယ် ငါးနှစ်တည်း။ ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တစ်ဖန် သူ သည် မရှိ။ အကြောင်းမူကား ဘုရားသခင် သိမ်းယူတော်မူသောကြောင့်တည်း။

(က ၅း၂၁-၂၅) ဟေဗြဲ ရေးသောသူကလည်း သူ့အကြောင်းကို ဤသို့ ရေးသားခဲ့ သည်။ ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘ၀ပြောင်းရ၏။ ဘုရား သခင်သည် သူ့ကို ဘ၀ပြောင်းစေတော်မူသောကြောင့် သူသည် နောက်တစ်ဖန် မပေါ်မရှိ။ သူ သည် ဘ၀မပြောင်းမီ ဘုရားသခင်၏စိတ်တော်နှင့် တွေ့သောသူ ဖြစ်သည်ဟု သက်သေခံခြင်း ကို ရလေ၏။ (ဟေ ၁၁း၅) ဧနောက်သည် ဘုရားသခင်၏အလိုတော်အတိုင်း ကိုးကွယ်သော သူ ဖြစ်သောကြောင့် ချီဆောင်ခြင်းခံခဲ့ရသည်။ ဘုရားသခင်သည် ဧနောက်နှင့် သွားလာခြင်း ကို အလွန်ပျော်မွေ့သောကြောင့် သူ့ကို လောက၌ မထားတော့ဘဲ ကောင်းကင်သို့ စောစော ခေါ်သွားခြင်း ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်နှင့်အတူ သွားလာပါသလား။


နောဧ

နောဧခေတ်က လူများသည် အလွန်ဆိုးသွမ်းကြောင်း ကျမ်းစာ၌ ဤသို့တွေ့ရသည်။ မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံး အကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက် ရှိကြောင်းကို ဘုရားသခင် သိမြင်တော်မူလျှင်- (က ၆း၅)။

ထို့ကြောင့် ဘုရားသခင်က သူတို့ကို ဖျက်ဆီးဖို့ရည်ရွယ်သည်။ သို့သော် နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူ ဖြစ်၏။ ဘုရားသခင်နှင့်အတူ သွားလာ၏။ (က ၆း၉) နောဧသည် ဘုရားသခင်နှင့်အတူ သွားလာသည်ဟု ဆိုသောကြောင့် ဘုရား၏အလို တော်အတိုင်း အသက်ရှင်သောသူ၊ ဘုရားသခင်ကို မှန်ကန်စွာ ကိုးကွယ်သောသူ ဖြစ်သည်။ နောဧသည် မမြင်သေးသော အမှုအရာတို့ကို ဖော်ပြသော ဗျာဒိတ်တော်ကို ခံယူပြီးမှ ယုံကြည် ခြင်းအားဖြင့် ကြောက်ရွံ့သောစိတ် ရှိ၍၊ မိမိ အိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှာ သင်္ဘော ကို တည်လေ၏။ ထို့သို့ ယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်း နှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။ (ဟေ ၁၁း၇)


အာဗြာဟံ

အာဗြာဟံသည် ရုပ်တုကိုးကွယ်သောသူ ဖြစ်ခဲ့သည်။ ဟေဗြဲ ရေးသောသူက အာဗြဟံ သည် အမွေခံရလတံ့သော ပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ်တော်မူသော အခါ၊ သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင်မသိဘဲလျက် ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။ (ဟေ ၁၁း၈) ဟု ရေးခဲ့သည်။ သူသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း ရကြောင်း ဤသို့တွေ့ရသည်။ အာဗြာဟံသည် ထာဝရဘုရားကို ယုံကြည် သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏- (က ၁၅း၆)။ အာဗြာ ဟံသည် ရုပ်တု ကိုးကွယ်ခဲ့ရာမှ ဘုရားသခင်ကို ကိုးကွယ်၍ ဘုရားအလိုတော်အတိုင်း မှန်ကန် စွာ ကိုးကွယ်သောကြောင့် ဘုရားသခင်က ယုံကြည်ခြင်း၏ဖခင် အဖြစ် သတ်မှတ်သည်။


ဒါဝိဒ်

ဘုရား၏အလိုတော်ကို သိသော ဒါဝိဒ်က ဤသို့ဆိုသည်- ယစ်ပူဇော်ခြင်းကို အလို တော် မရှိ။ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့သောယဇ် ပူဇော်ခြင်းကိုပင် နှစ်သက်တော် မမူ။ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း။ အို ဘုရား သခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူတတ်ပါ- (ဆာလံ ၅၁း ၁၆-၁၇) ဘုရားသခင်သည် ယဇ်ပူဇော်ခြင်းထက် ကျိုးပဲ့ကြေမွသော စိတ်နှလုံး အလိုရှိကြောင်း ဒါဝိဒ်မင်း သိသည်။ ထို့ကြောင့် ဘုရားသခင်၏စိတ်တော်နှင့် တွေ့သောသူ ဖြစ်သည်။


ပေါလု

ပေါလုသည် ရှောလု ဖြစ်ခဲ့စဉ်တွင် ဘုရားသခင်၏အလိုတော် မသိသောကြောင့် အသင်းတော်ကို ညှင်းဆဲသောသူ ဖြစ်ခဲ့သည်။ အသင်းတော်သည် လမ်းလွဲသောသူများဟု ထင်မှတ်သောကြောင့် ဖျက်ဆီးဖို့ ကြိုးစားခဲ့သည်။ သို့သော် ဒမသက်မြို့အ၀င်၌ အလင်းရောင် ၏ ထိုးခြင်းခံရပြီး သခင်ခရစ်တော်ကို သိရှိပြီးနောက်ပိုင်းတွင် ဘုရားသခင်၏အလိုတော်ကို ပြန်သိရသည်။ ထို့ကြောင့် ဇာတိအားဖြင့် သူကြိုးစားခဲ့သမျှသည် ဘာမျှမဟုတ်ကြောင်း ဤသို့ ရေးသားခဲ့သည်- ငါသည် ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကို ခံရ၏။ ဣသရေလ အမျိုး၊ ဗင်္ယာမိန်အနွယ် ဖြစ်၏။ ဟေဗြဲလူမှ ဆင်းသက်သော ဟေဗြဲလူစစ် ဖြစ်၏။ တရားအား ဖြင့် ဖာရိရှဲ ဖြစ်၏။ စိတ်အားကြီးခြင်းကို မေးသော် ငါသည် အသင်းတော်ကို ညှင်းဆဲသောသူ ဖြစ်၏။ ပညတ်တရားအားဖြင့် ရသော ဖြောင့်မတ်ခြင်းကို မေးပြန်သော်၊ ငါသည် အပြစ်တင်ခွင့် နှင့် ကင်းလွတ်သောသူ ဖြစ်၏။ သို့သော်လည်း ငါ၏အကျိုးစီးပွားကို ပြုစုသော အရာရှိသမျှတို့ ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော်ကြောင့် ငါထင်မှတ်၏။ ထိုမျှမက ငါ၏သခင်ယေရှုကို သိ သော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါ ထင်မှတ်၏။ ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီ။ သေခြင်းမှ ထမြောက်သောအခွင့်ကို ငါ ရနိုင်ကောင်းလျှင်၊ ကိုယ်တော်သည် အသေခံတော်မူ သည်နည်းတူ၊ ငါသည်လည်း အသေခံ၍ ထိုသခင်ကို လည်းကောင်း၊ ထမြောက်တော်မူခြင်း၏ တန်ခိုးကိုလည်းကောင်း၊ ဆင်းရဲခံတော်မူခြင်းကို ဆက်ဆံ၍ခံခြင်းကို လည်းကောင်း၊ သိကျွမ်း ခြင်းငှါ ပညတ်တရားအားဖြင့် ရသော ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရသော ဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင် ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့်၊ ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည်အကြောင်း၊ ခပ်သိမ်းသော အရာတို့ကို မစင်ကဲ့သို့ ငါ ထင်မှတ်၏။ (ဖိလိ ၃း၅-၁၁)

ရှင်ပေါလုသည် ဘုရားသခင်၏အလိုတော် သိရှိသောနောက် ယခင် ဘုရားကိုးကွယ် နည်းများကို ပယ်၍ သူကိုယ်တိုင် ဖျက်ဆီးခဲ့သော အသင်းတော်အတွက် အသက်ပေး ဆောင် ရွက်ခဲ့သည်။ ဒုက္ခမျိုးစုံ ညှင်းဆဲခြင်း မျိုးစုံကြားမှ အမှုဆောင်ခဲ့သည်။ ဇာတိအားဖြင့် တည် ဆောက်ခဲ့သောအရာများသည် မစင်ကဲ့သို့ ထင်မှတ်သည်။ ဘုရား၏အလိုတော်အတိုင်း ကိုး ကွယ်သောကြောင့် ဘုရားသခင်၏နက်နဲသော အရာများကို သိ၍ သြ၀ါဒစာစောင်များစွာ ရေး သားနိုင်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့လည်း အကျိုးခံစားကြသည်။


သင်ခန်းစာ (၃) မေးခွန်းများ


၁။ ဘုရားသခင်အလိုတော်အတိုင်း ကိုးကွယ်နိုင်ရန် ……………အလိုကို ပယ်ဖို့လိုသည်။

၂။ အာဗေလသည် မည်သူ၏အလိုတော်အတိုင်း ကိုးကွယ်ခဲ့သနည်း။ ……………………

၃။ ဧနောက်သည် ဘုရားသခင်က အဘယ်ကြောင့် ချီဆောင်သွားသနည်း။ …………………

၎။ နောဧသည် သူ့ခေတ်က လူများ ဆိုးသွမ်းသော်လည်း သူတို့ကဲ့သို့ ဆိုးသွမ်းပါ သလား။……………

၅။ အာဗြာဟံသည် ယုံကြည်ခြင်းအားဖြင့် ဘာရသနည်း။……………..

၆။ အာဗြာဟံသည် ဘုရားသခင်က ခေါ်သောအခါ သူသွားမည့်နေရာ သိပါသလား။…………

မိတ်ဆွေကို ဘုရားသခင်က သူကဲ့သို့ ခေါ်လျှင် လိုက်နိုင်ပါမည်လား။…………………..

၇။ ဒါဝိဒ်သည် အဘယ်ကြောင့် ဘုရားသခင်၏စိတ် ထိတွေ့သောသူ ဖြစ်ရပါ သနည်း။……………

၈။ ပေါလုသည် အဘယ်ကြောင့် အသင်းတော်ကို ညှင်းဆဲခဲ့သနည်း။……………….

၉။ ပေါလုက ခရစ်တော်ကြောင့် ခပ်သိမ်းသောအရာတို့ကို ဘာကဲ့သို့ မှတ်သနည်း။

……………………….

၁၀။ ပေါလုသည် အဘယ်ကြောင့် ဆင်းရဲဒုက္ခ ခံရသနည်း။……………………..

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support