HCF

HCF MYANMAR IN SINGAPORE

Tuesday, April 26, 2011

ယေရှုသည် အလျှင်အမြန်ကြွလာမည်


Jesus is Coming Soon!

New Life in Christ Course III

Lesson 25

အဓိကကျမ်းချက်။ ""သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။"" (မ၊၂၄း၄၂)


ယေရှု မကြာခင် ကြွလာ လိမ့်မည်။

ဘယ်ကဲ့သို့သိနိုင်သနည်း။ ယေရှုက""သင်တို့နေစရာအရပ်ကိုပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာ အရပ် ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌သင်တို့ရှိစေခြင်းငှါ သင်တို့ကိုငါ့ထံသို့ သိမ်းဆည်းမည်။ .."" (ယော၊၁၄း ၂-၃) ကျမ်းစာကပြောသော ကြွလာခြင်းသည် ခရစ်ယာန်သေခြင်းနှင့်သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ကြွလာခြင်းကို ပြောဆိုခြင်း မဟုတ်ပါ။ သခင်ယေရှုကိုယ်တော်တိုင် ကိုမြင်တွေ့ရလျက် ကြွလာခြင်းကို ပြောခြင်းဖြစ်သည်။

သခင်ယေရှုကောင်းကင်ပေါ်သို့ တက်ကြွနေစဉ် တပည့်တော်များကြည့်ရှုလျက်နေချိန် ကောင်းကင်တမန်နှစ်ပါးသည် တမန်တော် တို့အနား မှာပေါ်လာပြီး သူတို့က""အိုဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့မြော်ကြည့်လျက် နေကြသနည်း။ သင်တို့နှင့် ခွါ၍ ကောင်းကင်သို့ ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွား တော်မူသည် နည်းတူ တဖန်ကြွလာ တော်မူလတံ့ ဟုပြောဆို၏။""(တမန်၊၁း၁၁)


ဘယ်ကဲ့သို့လာမည်နည်း။

ကောင်းကင်သို့တက်ကြွတော်မူခဲ့သည် အတိုင်းပြန်ကြွလာပေမည်။ ယေရှုပြန်ကြွသွားခြင်းကိုတပည့်တော်များမြင်ရသကဲ့သို့ ပြန်ကြွလာ ချိန် ၌ အသက်ရှင်သောသူများ၊ ထိုကဲ့သို့မြင်တွေ့ရပေလိမ့်မည်။


ဘယ်အချိန်၌ကြွလာမည်နည်း။

သူကြွလာချိန်၌ ဘာဖြစ်လိမ့်မည်နည်း။ သခင်ကြွလာချိန်၌ မယုံကြည်သူများနှင့် ခရစ်ယာန် ဘာတွေဖြစ်လိမ့်မည်နည်း။ အရေးကြီးသော မေးခွန်းဖြစ်ပြီး၊ ဆက်လက်လေ့လာကြမည်။

ဘယ်အချိန်၌ကြွလာမည်နည်း။ သခင်ကြွလာခြင်းအချိန်ကို တစုံတယောက်က အတိအကျ သိပါသလား။ မည်သူမျှ မသိပါ။ သခင်ယေရှု က""ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ""သခင်ကြွလာမည့်အချိန်ကို အတိကျ မသိသောကြောင့် သူကြွလာမည် အချိန်တိုင်း၌ ကျွန်ုပ်တို့ အဆင်သင့် ဖြစ်နေသင့်ပါသည်။


ကြွလာခြင်း၏ နိမိတ်လက္ခဏာများကား အဘယ်နည်း။

ယေရှုကြွလာမည်ကို အတိအကျ မသိသော်လည်း မကြာမီကြွလာမည်ကိုကား သိပေသည်။ ဘယ်လိုသိသနည်း။ ယေရှုကြွလာခြင်းနှင့် ပတ်သက်၍ ကျမ်းစာက နိမိတ်များပေးထားပါသည်။ ပြည့်စုံခဲ့ပြီးသောအချက်များကို ကြည့်ကြပါစို့။


၁။ စစ်ပွဲများ။

စစ်ပွဲများစွာဖြစ်ခဲ့ပြီ။ ယေရှုကနောက်ဆုံးသောကာလ၌ စစ်ပွဲများ၊များပြားလာမည်။ သူက""လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့် တနိုင်ငံ ရန်ဘက်ပြုကြလိမ်မည်။"" ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း စစ်ပွဲပေါင်း(၅၀)ထက်မနဲ ဖြစ်ခဲ့ပါသည်။ (၁၀)မနဲသောစစ်ပွဲများသည် အဓိကကျသော စစ်ပွဲများဖြစ်သည်။


၂။ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းများ။

သခင်ယေရှုက ""အရပ်ရပ်တို့၌အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ""လွန်ခဲ့သော နှစ်ပေါင်း(၂၀) က ဤကဲ့သို့မြေကြီးလှုပ်ခြင်း၊ များပြားလာခြင်းကို မှတ်တမ်းများမရှိခဲ့ပေ။


၃။ ဣသရေလူမျိုး။

ခရစ်တော်မပေါ်ခင် နှစ်ပေါင်း(၆၀၀)ခန့်မှစ၍ ဣသရေလသည် နိုင်ငံတနိုင်ငံအဖြစ်မတည်ရှိတော့ပါ။ ဂျူးလူမျိုးများသည် ကမ္ဘာ အရပ်ရပ်သို့ပျံ့နှံ့ရောက်ရှိခဲ့ပြီးဖြစ်သည်။ သို့သော်ကျမ်းစာကနောက်ဆုံးသောနေ့တွင် ဘုရားသခင်သည် ဂျူးလူမျိုးများကို မိမိနေရင်းတိုင်းပြည်သို့ ပြန်လည်ပို့ဆောင်လိမ်မည်။ ""တောနှင့်လွင်ပြင်သည်...နှင်းပွင့်ကဲ့သို့အပွင့်ပွင့်လိမ့်မည်။ ""ဟုကြို၍ ပရောဖက်ပြု ဟော ထားခဲ့ပါသည်။ ယနေ့ ပြည့်စုံခဲ့ပြီ။


၎။ ဂျေရူဆလင်မြို့။

သခင်ယေရှုက နောက်ဆုံးသောကာလ၏ တိကျသောနိမိတ်လက္ခဏာကို ပေးခဲ့ပါသည်။ ဂျေရူဆလင်မြို့နှင့် ပတ်သက်၍ ""တပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလမပြည့်စုံမီတိုင်အောင် ဂျေရုရှလင်မြို့ကို ခြေနှင့်နင်းကြလိမ့်မည်။ ""(လု၊၂၁း၂၄) ဂျူး မဟုတ်သော တပါးအမျိုးသားများက ယေရုရှလင်မြို့ကို နှစ်ပေါင်း(၁၉၀၀)ကျော် ထိန်းချုပ်ခဲ့ကြ၏။ သို့သော်၁၉၆၇ခုနှစ်၌ အစ္စရေးလ်တို့က ယေရုရှလင်မြို့ကို ပြန်လည်သိမ်းပိုက်ရရှိခဲ့၏။ ယေရုရှလင်ကို ဂျူးများက ယနေ့ ပြန်လည်ထိန်းချုပ်ခဲ့ပြီးဖြစ်သည်။ ဤအချက်ကား သခင်ယေရှု မကြာခင် ပြန်ကြွလာ ခြင်း၏တခုသော နိမိတ်လက္ခဏာဖြစ်သည်။


၅။ (၁၀)နိုင်ငံအဖွဲ့အစည်း။

ကျမ်းစာက နောက်ဆုံးသောနေ့များ၌ (၁၀)နိုင်ငံမဟာမိတ်အဖွဲ့အစည်းသည် ရောမအင်ပါယာဟောင်း နိုင်ငံများထဲမှ ပေါ်ထွက် လာပေလိမ့်မည်။ ဥရောပဘုံဈေးအဖွဲ့ဖြစ်ပေါ်လာခြင်းသည် ထိုအဖွဲ့ဖြစ်နိုင်သည်။

၆။ ငြိမ်းချမ်းရေးကြိုးပမ်းမှုများ။

အခြားသောနိမိတ်တခုမှာ နေက်ဆုံးသောနေ့များ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြီးအကျယ်ပြုလုပ်ကြလိမ့်မည်။ သို့သော် ဆွေးနွေး ပွဲ မအောင်မြင်ခြင်းနှင့် ယေရှုကြွလာသည့်နေ့တိုင်အောင် ဆက်လက်မအောင်မြင်ခြင်း ရှိပေလိမ့်မည်။ ကျမ်းစာက ""မိဿဟာယ စကားကို ပြောသော တမန်တော်တို့သည် ပြင်းစွာငိုကြွေးကြ၏။""(ဟေရှာ၊၃၃း၇)


၇။ ခရီးသွားခြင်းနှင့်ပညာဗဟုသုတ။

ကျမ်းစာက နောက်ဆုံးသောအချိန်ကာလ၌ ""အမှုကုန်ရသည် ကာလတိုင်အောင်....အများသော သူတို့သည် ...ပညာ တိုးပွား ကြလိမ့်မည်။""(ဒံ၊၁၂း၎)


၈။ ဆိုးသွမ်းမှုများပြားလာခြင်း။

ကမ္ဘာကြီး၏အခြေအနေသည် ကောင်းလာရန်မရှိပါ။ ယင်းအစား သာ၍ဆိုးသွမ်းမှုများလာသည်။ ဤအချက်ကား သခင်ယေရှု၏ စကား ကို ပြည့်စုံစေသည်။ ""နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။"" (လု၊၁၇း၂၆) နောဧ၏ လက်ထက်၌ ဘယ်ကဲ့ သို့ ဖြစ်ပျက်ခဲ့ပါသနည်း။ မြေကြီးပေါ်၌ ဆိုးသွမ်းမှု အမြင့်မားဆုံးအချိန် ဖြစ်ခဲ့ပါသည်။ ကျမ်းစာက ""မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူစိတ်နှလုံး အကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက် ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော် မူလျှင်""ဟုဆိုသည်။ (က၊၆း၅)


၉။ နတ်ဝိညာဉ်ဆိုင်ရာ သြ၀ါဒ၊ စုံးအတတ် မှော်အတတ်။

ကျွန်ုပ်တို့နေထိုင်ရာ နောက်ဆုံးသောကာလ၏အခြားနိမိတ်များမှာ ဗေဒင်၊ လက္ခဏာ၊ ရှေးဖြစ်ဟောခြင်းများ၊ စုံးနှင့်မှော် အတတ်များ၊ နတ်ဝိညာဉ်ဆိုင်ရာ အယူအဆများကို စိတ်ဝင်စားမှုများ၊ လက်ရှိ၌များပြားလာခြင်း တို့ဖြစ်သည်။ ကျမ်းစာ၌ ""၀ိညာဉ်တော်သည် အတည့် အလင်း ဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌သြတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကို ခံပြီးလျှင် မုသာစကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက်ခြင်း အားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍ လှည့်ဖြားတတ်သောစိတ်ဝိညာဉ်တို့၌ ၄င်း၊ နတ်ဘုရားတို့နှင့် စပ်ဆိုင်သော သြ၀ါဒတို့၌၄င်း မှီဝဲဆည်းကပ်ကြလိမ့်မည်။(၁တိ၊၄း၁-၂)


၁၀။ ယုံကြည်ခြင်းမှ လမ်းလွဲဖေါက်ပြန်ခြင်း။

ကျမ်းစာကနောက်ဆုံးသောကလတွင်၊ ယေရှုမကြွလာခင် ကြီးစွာသောဖေါက်ပြန်ခြင်းသည် အရင်ဖြစ်ခြင်းသည် လက္ခဏာ တခုဖြစ် သည်။ သမ္မာတရားလမ်းမှ လွဲသွားခြင်းဖြစ်သည်။ ဤဟောထားချက်ပြည့်စုံခဲ့ပြီ။ ကျမ်းစာကျောင်းအများ၌ ဆရာများ၊ ပရောဖက်ဆာများတို့သည် ကျမ်းစာသည် ၀ိညာဉ်တော်မှုတ်သွင်းထားသော ဘုရား၏နှုတ်ကပတ်တော် ဖြစ်သည်ကို မယုံကြတော့ပါ။ နိမိတ်လက္ခဏာများကို ပေါ့ပျက်စေခြင်း၊ ခရစ်တော်၏အပျိုကညာမှ ဖွားမြင်ခြင်းကို ငြင်းပယ်ခြင်း၊ ယေရှုခရစ်သည်ဘုရားဖြစ်ခြင်းကို ငြင်းပယ်ခြင်းနှင့် သူတို့သွန်သင်သော ယုံကြည်ခြင်းကို ဖျက်ဆီးခြင်းတို့ဖြစ်သည်။


သတိပေးချက်။ ကျမ်းစာ အမှန်တရားများကို ငြင်းပယ်သော သွန်သင်ခြင်းအောက်၌ မနေပါနှင့်။ ကျမ်းစာက ""ငါ့သား၊ ပညာတရားကို ပယ်စေခြင်း ငှါ၊ သွန်သင်သောသူ၏စကားကို နားမထောင်နှင့်။""(သု၊၁၉း၂၇)အသင်းတော်အများ၌ လည်း သမ္မာတရားလမ်းမှ လွဲချော် မှုများ ရှိနေပြီဖြစ်သည်။ ခရစ်တော်၏အစေခံဟု ပြောသော အမှုတော်ဆောင်များ ဧ၀ံဂေလိတရားကို မဟောတော့ပါ။ လူသည် ပျောက်ဆုံးသော အပြစ်သားဖြစ်ပြီး၊ ခရစ်တော်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြောင်းကို လုံးဝ မဟောပြော တော့ပါ။ ယင်းအစား ဤသူများသည် အသစ်သောမွေးဖွားခြင်း၏ အရေးပါမှုကို ငြင်းပယ်ခြင်းနှင့် ဘုရားသခင်သည် လူသား အားလုံး၏အဘဖြစ်ခြင်းနှင့် လူသားအားလုံးသည် ညီအစ်ကိုများဖြစ်ကြသည်ဟု ဟောပြောကြသည်။ ကျမ်းစာက""လမ်းလွဲကြပြီ""ဆို၏။


ဤလက္ခဏာများက ကျွန်ုပ်တို့အား ဘာပြောနေပါသနည်း။

သခင်ယေရှု အမြန်ကြွလာတော့မည်ဖြစ်ကြောင်း ပြောနေပါသည်။ သခင်ယေရှုက ""ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ ဘုရားသခင်၏နိုင်ငံတော် တည်လုနီးသည်ကို သိမှတ်ကြလော့။""(လု၊၂၁း၃၁)


ယေရှုကြွလာချိန်၌ ဘာဖြစ်လိမ့်မည်နည်း။

ပထမ၌သခင်ယေရှုသည် အသင်းတော်ကို ဤလောကမှ လျှို့ဝှက်စွာလာ၍ သိမ်းဆည်းမည်။ ""မျက်စိတမှိတ်""တခဏခြင်း ယုံကြည်သူအားလုံး သခင်ဘုရားထံတော်သို့ တွေ့ဆုံရန် ချီဆောင်ခြင်းခံရပေမည်။ ခရစ်ယာန်များ အားလုံး မရှိတော့သောအခါ ကမ္ဘာကြီး သည် မည်ကဲ့သို့ ဖြစ်မည်နည်း။ ကမ္ဘာကြီး၌ ယဉ်ကျေးခြင်းမရှိ၊ အထိန်းအချုပ် မရှိတော့ပေ။ မကောင်းမှုနှင့်မတရားမှုများ ယခင်ကဲ့သို့ မဟုတ်ဘဲ ချက်ခြင်း ပေါများလာပေမည်။ ထိုအချိန်၌ လူသာမာန်ထက်ထူးခြားသောသူတဦး ပေါ်လာပြီး၊ အကြီးဆုံးသောခေါင်းဆောင် အရည် အချင်း နှင့် အံ့ဘွယ် တန်ခိုးကို ပိုင်ဆိုင် ပေလိမ့်မည်။ သူသည် ကောင်းကင်မှ မီးကျလာခြင်းကို ပင် ပြုလုပ်နိုင်ပေလိမ့်မည်။ သူ၏တန်ခိုးသည် ဘုရားသခင်ထံမှ မဟုတ်၊ စာတန်ထံမှ ဖြစ်သည်။ ကျမ်းစာက ထိုလူကို""အန်္တီခရစ်""ဟုခေါ်သည်။ ဘုရားသခင်နှင့် ခရစ်တော်ကို ဆန့်ကျင်သူဖြစ်သည်။ လှည့်ဖြားခြင်းနှင့် နိမိတ်လက္ခဏာ တန်ခိုးအားဖြင့် ကမ္ဘာကြီးတခုလုံးကို စာတန်၏အန်္တီခရစ်သည် ထိန်းချုပ် ရရှိလာပေမည်။ သူ၏အမှတ်တဆိတ် မပါဘဲ မည်သူမျှ ရောင်းခြင်း၊ ၀ယ်ခြင်း မပြုလုပ်နိုင်ပါ။ သူသည် ကြီးမားသောရုပ်တုကို ပြုလုပ်ပြီး၊ သူနှင့်သူ၏ရုပ်တုကို ကိုးကွယ်ရန် တောင်းဆိုပေလိမ့်မည်။ ကိုးကွယ်ရန်ငြင်းဆိုသူများသည် အသေသတ်ခြင်းကိုခံရပေမည်။


ဘေးဒဏ်ကြီးကာလ။

အန်္တီခရစ်၏ပထမပိုင်းအုပ်ချုပ်ခြင်းကာလသည် လောက၌ အောင်မြင်မှုရှိမည်။ ဤကာလသည်(၃နှစ်နှင့်၆လ)ကြာမည်။ ယင်း နောက် ခရစ်တော်ကို ငြင်းပယ်သော ကမ္ဘာကြီးအပေါ် ဘုရားသခင်၏အမျက်တော် သွန်းလောင်းခြင်းဖြင့် ဘေးဒုက္ခနှင့်ပူပန်ခြင်းကာလ သို့ ရောက်ရှိလာ ပေမည်။ ထိုကာလကို ဘေးဒဏ်ကြီးကာလဟုခေါ်ပါသည်။

ကျမ်းစာက ထိုကာလ၌ကောင်းကင်တွင် ဆူပူလှုပ်ရှားမှုဖြစ်ပေလိမ့်မည်။ နေသည်မိုက်လိမ့်မည်။ လသည် အသွေးကဲ့သို့ နီ လိမ့်မည်။ မြေကြီး ပေါ်၌ကာလနာများ၊ ရောဂါဘေးများ၊ မြေကြီးလှုပ်ခြင်းနှင့်အစာငတ်ခြင်းဘေးများ ဖြစ်ပေါ်လိမ့်မည်။ ကမ္ဘာပေါ်ရှိ လူသုံးစုတစု သေ ကြ လိမ့်မည်။ ထိုဘေးဒဏ်ကြီးကာလ၌ ယခင်က ဧ၀ံဂေလိတရားကို ကြားလျက် ငြင်းပယ်ခဲ့သောသူများသည် မိမိတို့အပြစ်များကို နောင်တရလျက် ခရစ်တော်ထံ နောက်လှည့်ကြလိမ့်မည်ဟု တဦးတယောက်သည် ထင်ကောင်း ထင်ပေမည်။ သို့သော် နောင်တမရကြပါ။

ကျမ်းစာက""ထို့ကြောင့်၊ သမ္မာတရားကိုမယုံဘဲ၊ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည် တရားရှုံးခြင်းသို့ ရောက်မည် အကြောင်း၊ မုသာစကားကို ယုံစိမ့်သောငှါ၊ မိစ္ဆာဒိဌိ ပြုပြင်အားထုတ်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင်စေလွတ်တော်မူလိမ့်မည်။"" (၂သက်၊၂း၁၀-၁၂) (ဗျာ၊၉း၂၀-၂၁)ကိုလည်းဖတ်ပါ။ ဧ၀ံဂေလိတရားကို ငြင်းပယ်ပါက အမှန်တကယ် စိုးရိမ်စရာ အလွန်ကောင်းပေသည်။ ဘေးဒဏ်ကြီးကာလ၏ ကြောက်မက်ဘွယ်ကောင်းသော ဖြစ်ပျက်မှုနှင့်နောက်တဆက်တည်း သခင်ယေရှုသည် တန်ခိုးနှင့်၊ ဘုန်းနှင့် မြေပေါ် သို့ ပြန်ကြွလာလိမ့်မည်။ သူ၏ရန်သူများကို ဖျက်ဆီးပြီး သူ၏နိုင်ငံတော်ကို ဤမြေကြီးပေါ်၌ ထူထောင်လိမ့်မည်။ ""...သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့ နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူတော်မူ၍၊ ဘုရားသခင်ကို မသိသောသူ၊ ငါတို့ သခင် ယေရှုခရစ်၏ ဧ၀ံဂေလိတရားကို နားမထောင် သောသူတို့ကို မီးလျှံအားဖြင့်ဒဏ်ပေးတော်မူသောအခါ... ဘုရားသခင်ဆပ်ပေး၍ တရားသဖြင့်စီရင်တော်မူလိမ့်မည်။""(၂သက်၊၁း၇-၈)


ယေရှု မကြာခင် အလျင်အမြန်ပြန်ကြွလာမည်။

အထက်ပါအကြောင်းအရာများကို နားလည်ရခြင်းဖြင့်၊ သခင်ယေရှု မကြာခင် အလျင်အမြန်ပြန်ကြွလာလိမ့်မည်။ မယုံကြည်သူ အတွက် သခင်ယေရှုကြွလာခြင်းသည် ကြောက်ဘွယ်ကောင်းသော အချိန်နှင့်တရားစီရင်ခြင်းအချိန်ဖြစ်သည်။ သို့သော် ယုံကြည်သူ၌ သခင်ကြွလာခြင်း သည် ""မြော်လင့်ခြင်း"" ဟူသော စကားနှင့်သက်ဆိုင်ပေသည်။


၁။ မင်္ဂလာရှိသောမြော်လင့်ခြင်း။

ယေရှုကြွလာချိန်၌ ကျွန်ုပ်တို့၏ခန္ဓာသည် သူ၏ဘုန်းတန်ခိုးနှင့်ထမြောက်သောခန္ဓာကဲ့သို့ ပြောင်းလဲခြင်း ခံရကြလိမ့်မည်။ ရုတ်ချည်း ဖြစ်မည်။ သခင်ဘုရားနှင့်အတူ ထာဝရ နေရပေလိမ့်မည်။ ကျမ်းစာက""အကြောင်းမူကား၊ မင်္ဂလာရှိသောမြော်လင့်ရာကို၎င်း၊ ကြီးမြတ်သော ဘုရားသခင်တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်၏ ဘုန်းအသရေတော်ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည် မြော်လင့်လျက်။""(တိတု၊၂း၁၁-၁၃)


၂။ သက်သာခြင်းနှင့်ဆိုင်သောမြော်လင့်ခြင်း။

မယုံကြည်သောလူများသည် တဖန်ပြန်လည်ဆုံတွေ့ရန် မြော်လင့်ခြင်းမရှိဘဲနှင့် သေခြင်း၌မြုပ်နှံကြလိမ့်မည်။ သို့သော် ယုံကြည်သူများ ၌ ကား ထိုကဲ့သို့ မဟုတ်ပါ။ ယေရှုကြွလာချိန်၌ သူ့ကို ယုံကြည်၍ သေလွန်သွားခဲ့ကြသော ချစ်ခင်သူများသည် သေခြင်းမှ ထမြောက်၍ ကျွန်ုပ်တို့နှင့် အတူ တကွ ပြန်လည်ဆုံတွေ့ကာ အစဉ်ထာဝရ နေရကြပေလိမ့်မည်။


၃။ သန့်ရှင်းသောမြော်လင့်ခြင်း။

သခင်ပြန်ကြွလာချိန်နီးကြောင်းကို အမှန်တကယ်ယုံကြည်သူသည် ""မိမိကိုယ်ကိုသန့်ရှင်းစေခြင်း""ဖြင့် သခင်လာခြင်းကို အဆင်သင့် ပြင်ဆင်ပေလိမ့်မည်။ အဘယ်ကြောင့်နည်း။ မကြာခင် သခင်ယေရှု၏ ရှေ့တော်မှောက်ရပ်လျက် မိမိ၏အသက်တာကို အစီရင်ခံ ရမည်ကို သူ သိ သောကြောင့် ဖြစ်သည်။ ကျမ်းစာက""အကြောင်းမူကား ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်း ရှိသည်အတိုင်း၊ အကျိုး အပြစ်ကို အသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။""(၂ကော၊၅း၁၀) ခရစ်တော်၏ တရားပလ္လင်၌ ကယ်တင်ခြင်း သို့ရောက်ပြီးနောက်၊ ဘယ်လိုအသက်ရှင် လုပ်ဆောင်ခဲ့သနည်း။ တနည်း၊ အကျင့်အတိုင်းကို တရားစီရင် မှာဖြစ်သည်။ ခရစ်ယာန်တိုင်း အလေး အနက် ထားရမည့် အရာဖြစ်သည်။ ထိုနေ့၌သခင်သည် အချို့သော ဘယ်အရာများကို တရားစီရင် မည်နည်း။ သင်သည် သူ၏နှုတ်ကပတ်စကားကို ဘယ်လောက်လေ့လာခြင်းနှင့် နာခံခြင်းရှိမရှိ၊ မဟာအမှုတော်မြတ်၌ သင်သည် နာခံ လုပ်ဆောင်ခြင်းရှိမရှိ၊ စီရင်မှာဖြစ်သည်။ သူသည် သင့်အား ရှေ့တော်မှောက်သို့ ခေါ်ပြီ ""သင်၌ငါသည် ကယ်တင်ခြင်းသတင်းကို အပ်ပေးခဲ့ပြီ။ အခြားသောသူများ ကယ်တင်ခြင်းသို့ ရောက်ရန် သင် ဘာ ပြုလုပ်ပေးခဲ့သနည်း""စသည်တို့ကို ပြောဆိုမှာဖြစ်သည်။ ကျွန်ုပ်တို့၏ အချိန် ၊ငွေကြေးနှင့် စွမ်းရည်တို့ကို ဘယ်ကဲ့သို့ အသုံးပြုခြင်း ကို စစ်ဆေးမှာ ဖြစ်သည်။ အချို့သောယုံကြည်သူများ သစ္စာရှိစွာ စေခံခြင်း ကို တွေ့ရပေလိမ့်မည်။ သခင်ဘုရားထံမှ ကြီးစွာသော ဆုလပ်ကို ရကြပေလိမ့်မည်။ သစ္စာရှိစွာ အစေမခံသော အခြားသော သူများ ကိုလည်းတွေ့ရပေလိမ့်မည်။ ထိုသူများသည် ဆုလပ်မရဘဲ ရှက်ခြင်းနှင့် ရပ်ရပေလိမ့်မည်။ အချို့သော သူများသည် ဖြစ်နိုင်ပါက တဖန် ဤဘ၀ပြီး နောင်ဘ၀ကို ရလိုခြင်းငှါ ဆန္ဒရှိကြမည်ဖြစ်သည်။ သို့သော် လူ၏အသက်တာသည် ယခု တဘ၀ သာ ဖြစ်ကြောင်း ကျမ်းစာက သွန်သင်ပါသည်။ (ဟေဗြဲ၊၉း၂၇) သခင့်အတွက် လုပ်ဆောင်လိုပါက ယခုလုပ်ဆောင်ပါ။


သင်သည်အဆင်သင့်ဖြစ်ပြီလား။

သခင်ယေရှုမလာခင် ကျွန်ုပ်၏ကယ်တင်ရှင်အတွက် ဘာလုပ်ပေးနိုင်သနည်း။ သူ၏ဘုန်းကို ကျွန်ုပ် ဘယ်ကဲ့သို့ ထင်ရှားစေနိုင်မည် နည်း။ ကျွန်ုပ်၏အချိန်၊ေ ငွကြေးနှင့်စွမ်းရည်များကို သူ့အဘို့ ဘယ်လို အသုံးပြုမည်နည်း။ အလေးထား ခံယူစိတ် ရှိကြသော ခရစ်ယာန်တိုင်း ဆင်ခြင် သင့်သော မေးခွန်းဖြစ်သည်။ ယေရှုမကြာခင် ပြန်ကြွလာမည်ကို သင်သည် အမှန်တကယ်ယုံကြည်သော်၊ အောက်ဖေါ်ပြပါ အချို့သော အရာ များသည် သင်လုပ်ဆောင်သင့်သော အရာများဖြစ်သည်။

၁။ လက်ထဲ၌ရှိနေသော အလုပ်ကို လုပ်ဆောင်ပါ။ သင့်အတွက် ယခု ဘုရားသခင်၌ အလုပ် ရှိပါသည်။ ကောင်းစွာ လုပ်ဆောင်ပါ။ သင် လုပ်ဆောင်ရန် ဘုရားသခင်၌ အခြား အလုပ် ရှိပါက သူသည် သင့်အား ဖေါ်ပြပါလိမ့်မည်။

၂။ ကျေးဇူးတော်၌၄င်း၊ သခင်ယေရှုကို သိကျွမ်းခြင်း၌၄င်း ကြီးထွားခြင်းရှိပါ။ ထိုသို့ဖြစ်ရန် ဆုတောင်းခြင်း၊ ကျမ်းစာ လေ့လာခြင်း နှင့် သခင့်ကို အစေခံပါ။

၃။ ဘုရားကို အစေခံရန် သင်ကိုယ်တိုင် ပြင်ဆင်ပါ။ ဘုရား၏နှုတ်ကပတ်တော်ကို လေ့လာပါ။ ကျမ်းချက်များကို ကျက်မှတ်ပါ။ နေ့စဉ် ဘုရားသခင်နှင့် အချိန်ယူခြင်းကို ပြုလုပ်ပါ။

၎။ အခြားသောသူများကို သခင်ယေရှုထံ ပို့ဆောင်ပါ။

၅။ သင့်ကိုယ်ကို သင်ငြင်းပယ်ပါ။ ခရစ်တော်နှင့်အခြားသောသူများအတွက် အသက်ရှင်ပါ။ ဤသည်ကား အသီးသီးသော အသက် တာ၏ လျှို့ဝှက်ချက်ဖြစ်သည်။ သခင်ယေရှုက""ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ကျသောစပါးစေ့သည်မပျက်လျှင် တခုတည်း နေ၏။ ပျက်လျှင် မူကား၊ များစွာသော အသီးကို သီးတတ်၏။""(ယော၊၁၂း၂၄)


၆။ အခြားသော ယုံကြည်သူများနှင့် ခရစ်ယာန်မိသဟာယဖွဲ့ခြင်းကို စေါင့်ထိန်းပါ။

သင်သည်ကျမ်းစာကို ယုံကြည်သော ဌာနေအသင်းတော်ကို သစ္စာရှိစွာ ပံ့ပိုးခြင်းနှင့် အသင်းဝင်တဦး ဖြစ်သင့်သည်။


မာရနသာ။

ကနဦးအသင်းတော်များ၌ တွေ့ဆုံခြင်းနှင့်ခွဲခွါခြင်းများတွင် နှုတ်ဆက်အသုံးပြုသော စကားတလုံးရှိခဲ့ပါသည်။ ၄င်းသည် ""မာရနသာ"" ဟူသော စကားလုံးဖြစ်သည်။ စကားလုံး၏အဓိပ္ပါယ်မှာ ""ကျွန်ုပ်၏သခင်ပြန်ကြွလာမည်""ဖြစ်သည်။ သခင်ယေရှု ပြန်ကြွလာမည်ကို စဉ်းစားခြင်း ထက် အခြားကောင်းသောအရာ မရှိပါ။ အာမင်။ (အန်ဒရူး)


မေးခွန်းများ

၁။ ကျမ်းစာ၌ ပြောသော သခင်ယေရှုပြန်ကြွလာခြင်းသည် သေခြင်းကို ပြောဆိုနေခြင်းလော။ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက် ကြွလာခြင်းကို ပြောဆိုခြင်းလော။

(က) ဟုတ်သည်။ (ခ ) မဟုတ်ပါ။


၂။ သခင်ဘုရား၏ကြွလာမည့်အချိန် အတိအကျ ကို တစုံတဦး သိပါသလား။

(က) သိသည်။ (ခ ) မသိပါ။


၃။ ယေရှုက "တပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလ မပြည့်စုံမီတိုင်အောင် ဂျေရုရှလင်မြို့ကို ခြေနှင့်နင်းကြလိမ့်မည်။"

(က) တပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလ ပြည့်စုံသည့်အချိန်ထိ။

(ခ ) သူတို့ အရှုံးပေးခြင်းဖြင့်။


၎။ လမ်းလွှဲ ဖေါက်ပြန်ခြင်း ဟူသော စကား၏ ဆိုလိုခြင်းသည်

(က) အသင်းတော်

(ခ ) တပည့်တော်

(ဂ ) သမ္မာတရားလမ်းမှ သွေဖယ်ခြင်း။


၅။ ကျမ်းစာ အမှန်တရားများကို ငြင်းပယ်သော သူတို့၏သွန်သင်ခြင်းအောက်၌ ကျွန်ုပ်တို့ နေသင့်ပါသလား။

(က) နေသင့်သည်။ သူတို့၌ မှန်သောလမ်းကို ပြရန် ကြိုးစားရမည်။

(ခ ) မနေသင့်ပါ။


၆။ ပရောဖက်ပြုချက် နိမိတ်များက ကျွန်ုပ်တို့အား ဘာကို ပြောနေပါသနည်း။

(က) ယေရှု ပြန်ကြွလာခြင်း မတိုင်ခင် တခဏတာ အချိန် ရှိနေလိမ့်မည်။

(ခ ) ယေရှု အမြန် ပြန်လာမည်။ သူ ယနေ့ ပြန်လာနိုင်သည်။


၇။ မယုံကြည်သူများအတွက် သခင်ဘုရားကြွလာခြင်းသည် …….အချိန် ဖြစ်လိမ့်မည်။

(က) ထိတ်လန့်ကြောက်ရွံ့ခြင်း၊

(ခ ) တရားစီရင်ခြင်း၊

(ဂ ) အထက်ပါအရာအားလုံး။


၈။ သခင်ဘုရား ကြွလာခြင်း နီးပြီးဖြစ်ကြောင်း အမှန်ယုံကြည်ကြသော ခရစ်ယာန်များ၌

(က) သက်တောင့်သက်သာရှိနေခြင်းနှင့် သူတို့ပြုချင်သောအရာများကို ပြုလုပ်နေကြသည်။

(ခ ) မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် နေကြသည်။


၉။ ခရစ်တော်၏တရားပလ္လင်၌ ကျွန်ုပ်တို့……တရားစီရင်ခြင်းကို ခံရလိမ့်မည်။

(က) ကယ်တင်ခြင်းသို့ရောက်ပြီးနောက် ကျွန်ုပ်တို့၏လုပ်ဆောင်ခဲ့ခြင်းများအတွက်၊

(ခ ) သူ၏နှုတ်ကပတ်တော်၌ ကျွန်ုပ်တို့ ဘယ်လောက်လေ့လာခြင်းနှင့် နာခံခြင်းအတွက်၊

(ဂ ) မဟာအမှုတော်မြတ်ကြီး၌ ကျွန်ုပ်တို့နာခံခြင်းနှင့် မနာခံခြင်း၊

(ဃ) အထက်ပါ အရာများအားလုံး။


၁၀။ မရနသာ ဟူသော စကား၏ဆိုလိုခြင်းသည်၊

(က) ငါတို့ သခင် ပြန်ကြွလာမည်။

(ခ ) ဟာလေလုယ။


အန်ဒရူး

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support