HCF

HCF MYANMAR IN SINGAPORE

Tuesday, April 26, 2011

ဆုတောင်းခြင်းနှင့်ဝိညာဉ်တိုက်ပွဲ

Prayer and Spiritual Warfare

New Life in Christ Course III

Lesson 22

အဓိကကျမ်းချက်။(ယော၊၁၄း၁၄)

""သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစုံတခုသောဆုကို တောင်းလျှင်၊ တောင်းသည့်အတိုင်းငါပြုမည်""(ယော၊၁၄း၁၄)

ခရစ်တော်ထံ အခြားသောသူများကို ပို့ဆောင်ခြင်းနှင့်ပျောက်ဆုံးဝိညာဉ်များကိုရရှိခြင်းသည် စိတ်လှုပ်ရှားဘွယ်သော အကြောင်းအရာဖြစ်သည်။ သို့သော် ဤအရာကား စာတန်နှင့်သူ၏မှောင်မိုက်တန်ခိုးများနှင့် တိုက်ရိုက်ရင်ဆိုင် တိုက်ခိုက်ခြင်း ဖြစ်သည်။ ခရစ်တော်အတွက် ရရှိသော ၀ိညာဉ်တိုင်း အတွက် ၀ိညာဉ်တခုစီကို စာတန်၏လက်ထဲမှ ပြန်လည် နှုတ်ယူရခြင်း ဖြစ်သည်။ ဤအကြောင်းအရာကြောင့် ကျွန်ုပ်တို့ကို စာတန်သည် တိုက်ခိုက် ပေလိမ့်မည်။

သင်သည် ၀ိညာဉ်ရေးရာတိုက်ပွဲတွင် ပါဝင်နေကြောင်းကို သိမြင်နားလည်ခြင်း မရှိသေးလျှင် ခရစ်ယာန်အသက်တာ၏ အကြောင်းအရာများ ကို ဘယ်သောအခါမျှ နားလည်ခြင်း ရှိလိမ့်မည်မဟုတ်ပါ။ တိုက်ပွဲတွင် နိုင်ငံနှစ်နိုင် ပါဝင်သည်။ ဘုရားသခင်၏နိုင်ငံနှင့် စာတန်၏နိုင်ငံ တို့ဖြစ်သည်။ တိုက်ပွဲသည် လူ၏၀ိညာဉ်အတွက်ကြောင့်ဖြစ်သည်။

တိုက်ပွဲ၏ကဏ္ဍတခုတွင် ကျွန်ုပ်တို့ ပါဝင်ပါသလား။ အမှန်ပါဝင်ကြသည်။ ကျွန်ုပ်၏ကဏ္ဍသည် စစ်သားတယောက် အဖြစ်နှင့် စာတန်ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ဘုရားက အသုံးပြုနိုင်ရန်ဖြစ်သည်။

စာတန်ကို တိုက်ပွဲဝင်ရာတွင် ကျွန်ုပ်တို့ မည်သည့်လက်နက်ကို အသုံးပြုပါသနည်း။ ကျွန်ုပ်တို့ဝိညာဉ်ဆိုင်ရာ လက်နက် များကို အသုံးပြုပါ သည်။ ဘုရားပေးသော အကြီးဆုံးလက်နက်ကား ဆုတောင်းခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆုတောင်းခြင်းသည် ဘုရား၏တန်ခိုးကို ထွက်စေ သည်။ ကျွန်ုပ်တို့ဆုတောင်းစဉ် ဘုရားသခင်လှုပ်ရှားတော်မူ၏။ ဘုရားသခင်က ""ငါ့ ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ သင်မသိနိုင်အောင် နက်နဲသောအရာတို့ကိုငါပြမည်""ဟုမိန့်တော်မူ၏။(ယေ၊၃၃း၃)

ကျွန်ုပ်တို့ဆုတောင်းရမည်။ ဆုတောင်းခြင်း မရှိလျှင် ခရစ်ယာန်အသက်တာကို ရိုးသားစွာ အသက်ရှင်၍ မရပါ။ ဆုတောင်းခြင်းဖြင့်သာ ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ လိုအပ်သောအရာများကို ဆုတောင်းခြင်းဖြင့် ရရှိသည်။ အခြားသောသူများအတွက် ကိုယ်စားပြု လျှောက်လဲပြောဆိုခြင်းအမှုကို ဆုတောင်းခြင်းဖြင့်ပြုနိုင်သည်။ ဆုတောင်းခြင်းဖြင့် စာတန်၏တန်ခိုးကို ချည်နှောင်ခြင်းပြုလုပ်သည်။

ဤသင်ခန်းစာ၌ စာတန်ကို တိုက်ပွဲဝင်ရာတွင် ဘုရားသခင်သည် ကျွန်ုပ်တို့၏ဆုတောင်းခြင်းများကို ဘယ်ကဲ့သို့ အသုံးပြု နေကြောင်းကို သင် သိမြင်နားလည်ရန်ဖြစ်သည်။ သို့သော် ပထမဦးစွာ ဆုတောင်းခြင်းဆိုင်ရာ အချို့သော အရေးကြီးသော အချက်များကို စဉ်းစားကြမည်။

ဆုတောင်းခြင်းကား အဘယ်နည်း။

ဆုတောင်းခြင်းသည် ဘုရားနှင့်စကားပြောခြင်း ဖြစ်သည်။ ဆုတောင်းခြင်းသည် ဘာသာရေးထုံးတမ်းစဉ်လာပြုခြင်းနှင့် အများပြည်သူအရှေ့ ပြုမူလုပ်ဆောင်းခြင်း သက်သက်သါ မဟုတ်ပါ။ ၄င်းသည် သင်နှင့်ဘုရားသခင်တို့အကြား ပဂ်္ဂိုလ်ရေးဆိုင်ရာ အကြောင်းအရာသာ ဖြစ်သည်။ သခင်ယေရှုက""သင်သည်ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့""။ သခင်ယေရှုက ကျွန်ုပ်တို့အား ""သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ်မမြွက်ကြနှင့်""ဟုဆို၏။ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းများသည် ရိုးသားခြင်းနှင့် နှလုံးသား ထဲမှလာခြင်းဖြစ်ရမည်။

မည်သူ့ထံ ကျွန်ုပ်တို့ ဆုတောင်းကြမည်နည်း

အဘဘုရားသခင်ထံ ဆုတောင်းခြင်းဖြစ်သည်။ သခင်ယေရှုက""ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ...""ဟုဆို၏။(မ၊၆း၉)

ဘုရားသခင်ထံ လူတိုင်း၏အဖေတဦးအနေဖြင့် လူတိုင်းဆုတောင်းနိုင်ပါသလား။ မရနိုင်ပါ။ ဘုရားသခင်၏မိသားစုထဲမှာရှိသော သူများ သာ လျှင် ဘုရားကို""အဘ""ဟုခေါ်နိုင်သည်။ ကယ်တင်ခြင်းသို့ မရောက်သေးသော သူတဦး၏...""အပြစ်ခွင့်လွှတ်ခြင်းသို့ရောက်ရန် ဆုတောင်းခြင်း " တခုတည်း ကိုသာလျှင် ဘုရားက နားညောင်းပေလိမ့်မည်။ ကယ်တင်ခြင်းမရသောသူထံမှ ဤ ဆုတောင်းချက်ကို ဘုရားသခင်သည် အစဉ်အမြဲ နားညောင်းတော်မူသည်။

ယေရှု၏နာမ၌ ကျွန်ုပ်တို့ဆုတောင်းရမည်

ကျွန်ုပ်တို့၏ ဆုတောင်းခြင်းများကို အဖြေရရှိလိုသော် ယေရှု၏နာမ၌ ကျွန်ုပ်တို့ ဆုတောင်းရမည်။ သခင်ယေရှုက ""ငါအမှန်အကန် ဆိုသည် ကား သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်""။ (ယော၊၁၆း၂၃)

သခင်ယေရှုသည် ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့၏အကြီးမြတ်ဆုံးသော ကိုယ်စားပြု လျှောက်လဲပေးသူဖြစ်သည်။ ကျွန်ုပ်တို့ ခမည်းတော်ထံ၊ သူ(ယေရှု)၏နာမ၌ ဆုတောင်းကြသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့၏ဆုတောင်းခြင်းများကို ကြားနာခြင်းနှင့် အဖြေများကို ရရှိရန်ခြင်းသည်၊ သခင်ယေရှု ဘုရားသားဖြစ်ခြင်းနှင့် သူ၏ပြုရန်အမှု ပြီးစီးခြင်းကို ပြုခဲ့သောကြောင့် ဖြစ်သည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ဆုတောင်းခြင်း၌ မစတော်မူသည်။

ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့အတွက် ကိုယ်းစားပြု ဆုတောင်းသူ ရှိနေခြင်းသာမက ကျွန်ုပ်တို့၏စိတ်နှလုံးတွင်လည်း သန့်ရှင်းသောဝိညာဉ် တော်သည် ကိုယ်စားပြုဆုတောင်းသူဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဆုတောင်းခြင်း၌ မစတော်မူသည်။ အကြောင်းအရာကိစ္စ တချို့ ၌ ဘုရား၏အလိုတော်၊ ဘယ်ကဲ့သို့ရှိသနည်းဆိုတာကို ကျွန်ုပ်တို့နားမလည်ခြင်း၊ ကြိမ်ဖန်များစွာဖြစ်ရသည်။ ထိုအတွက် ဘယ်ကဲ့သို့ ဆုတောင်းရမည်ကို မသိ ကြပါ။ သို့သော်သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရား၏စိတ် ကို သိတော်မူပြီး၊ ဘုရား၏အလိုတော်အတိုင်း ဆုတောင်းရန် ကျွန်ုပ်တို့ကို မစတော်မူ သည်။ ကျမ်းစာက""ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း၊ အဘယ်ဆုကိုတောင်းရမည်ဟု မသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက် နိုင်သော ညည်းတွားခြင်း အားဖြင့် ၀ိညာဉ်တော်သည် စောင့်မတော်မူ၏""ဟုဆို၏။(ရော၊၈း၂၆)

ဆုတောင်းခြင်း၌ ဘုရားသခင် အရေးယူလုပ်ဆောင်လာရန် ဧကန်အမှန် တန်ခိုးသြဇာရှိပါသလား။ ရှိပါသည်။ မည်ကဲ့သို့ သိနိုင်မည်နည်း။ ဘုရားက ပြောထားသောကြောင့်ဖြစ်၏။ သခင်ယေရှုက"သင်တို့သည်ငါ၏နာမကိုအမှီပြု၍တစုံတခုသောဆုကို တောင်းလျှင်၊ တောင်းသည်အတိုင်း ငါပြုမည်""ဟုဆိုသည်။(ယော၊၁၄း၁၄)။

ဤကျမ်းချက်၌ သခင်ဘုရားက ကျွန်ုပ်တို့အားရှင်းလင်းစွာ ပြောသည်မှာ သူ၏လုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့၏ဆုတောင်းခြင်းအပေါ် မူတည်သည်။ ""သင်တောင်းလျှင်...ငါပြုမည်""ဟုဆို၏။

ဘုရားသခင်သည် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသည်။ ပြုလုပ်ရန် သူရွေးချယ်သောအရာခပ်သိမ်းကို သူတတ်နိုင်စွမ်းရှိသည်။ သို့သော် ဘုရားသခင်သည် မြေကြီးပေါ်တွင် သူ၏အမှုကိုပြီးစီးအောင်မြင်ရန် ကျွန်ုပ်တို့ဆုတောင်းခြင်းများကို အသုံးပြုရန် သူရွေးချယ်တော်မူသည်။ အဘယ် ကြောင့် ဆုတောင်းခြင်းသည် အလွန်မှ အရေးကြီးကြောင်းကို သင်သည် ယခု သိမြင် နားလည် ပါသလား။


ဆုတောင်းခြင်း၏ အသွင်သဏ္ဍာန် သုံးမျိုး

ဆုတောင်းခြင်းသည် အကြောင်းအရာများကို ဘုရားသခင်ထံ ပြောဆိုရုံ သက်သက်မျှသာ မဟုတ်ပါ။ ဆုတောင်းခြင်း၌ အသွင်သဏ္ဍာန် သုံးမျိုး ရှိသည်။

(၁) ရင်းနှီးကျွမ်းဝင်ခြင်း။

(၂) အသနားခံလျှောက်တင်ခြင်း။

(၃) ကိုယ်စားပြုလျှောက်လဲပြောဆိုပေးခြင်း။ ဤအကြောင်းအရာများကို စဉ်းစားကြမည်။

(၁) ရင်းနှီးကျွမ်းဝင်ခြင်း။

ဘုရားသခင်နှင့်မိသဟာယဖွဲ့ခြင်းဖြစ်သည်။ ဘုရား၏နှုတ်ကပတ်တော်ကိုဖတ်ခြင်းဖြင့် ဘုရားက ကျွန်ုပ်တို့ကို စကားပြောနိုင်သည်။ ထိုနောက် ဆုတောင်းခြင်းဖြင့် သူ့ထံသို့ တိုးဝင်သည်။ သူ့ကို ကိုးကွယ်ခြင်း၊ ချစ်ခင်မြတ်နိုးခြင်း၊ ချီးမွမ်းခြင်းများကို ပြုသည်။ သူ၏ကောင်းကြီးမင်္ဂလာများ အတွက် ကျေးဇူးတင်ခြင်းနှင့် သူ့ကို ချစ်ကြောင်း ပြောဆိုခြင်းများ ကို ပြုခြင်းတို့ ဖြစ်သည်။ ရင်းနှီးကျွမ်းဝင်ခြင်း၌ အပြစ်ကို ဖေါ်ပြ၀န်ချခြင်းလည်း ပါဝင်သည်။ အသက်တာ၌ အပြစ်ကိုဖေါ်ပြ၀န်ချခြင်း မရှိလျှင်၊ ဘုရားသခင်နှင့်ရင်းနှီးကျွမ်းဝင် မိသဟာယဖွဲ့ခြင်း ကို မပြုနိုင်ပါ။

ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းသည် ပကတိ မရှိမဖြစ် လိုအပ်သောအရာဖြစ်သည်။ ရင်းနှီးကျွမ်းဝင်ခြင်း အားဖြင့် ဘုရားသခင်ကို သိကျွမ်းလာခြင်းနှင့် သူ၏တန်ခိုးများကို တွေ့ကြုံခံစားလာရသည်။ ကျမ်းစာက"မိမိ၏ဘုရားသခင်ကို သိသောသူတို့၌ အစွမ်းရှိခြင်းနှင့် ချီးမွမ်းဘွယ်သော အမှုကို ပြုကြလိမ့်မည်""ဟုဆိုသည်။

(၂) အသနားခံ လျှောက်တင်ခြင်း။

ကျွန်ုပ်တို့၏ လိုအပ်သောအရာများကို ဘုရားသခင်ထံ တောင်းခံခြင်းဖြစ်သည်။ ကျွန်ုပ်တို့၌ အရာများစွာ လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် စုံစမ်းသွေးဆောင်ခြင်းကို အောင်မြင်ရန် ခွန်အားအစွမ်း လိုအပ်သည်။ ဥာဏ်ပညာ လိုအပ်သည်။ ဘုရားသခင်ကို ထိရောက်စွာ အစေခံရန် တန်ခိုး လိုအပ်သည်။ မှန်သောဆုံးဖြတ်ချက်ပြုလုပ်ရန် လမ်းညွှန်ခြင်း လိုအပ်သည်။ အစား အစာ၊ အ၀တ်နှင့်အခြား လိုအပ်သောအရာများကို လိုအပ်ပါသည်။

ကျွန်ုပ်တို့၏လိုအပ်မှုများကို ဖြည့်ဆည်းရန် ဘယ်နေရာမှာ ရှာဖွေကြမည်နည်း။ ဘုရားထံသို့ ကျွန်ုပ်တို့ မျှော်ကြည့်သင့်သည်။ သူသည် ကျွန်ုပ်၏အဘဖြစ်သည်။ သူသည်ကျွန်ုပ်တို့ကို ချစ်သည်။ ကျွန်ုပ်တို့၏ လိုအပ်မှုများနှင့် သူ့ထံ လာခြင်းကိုနှစ် သက်တော်မူ၏။ သခင်ယေရှုက သင်တို့ သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသော သူတို့အား၊ ကောင်းသောအရာကို သာ၍ ပေးတော်မူမည် မဟုတ်လော။""ဟုဆို၏။(မ၊၇း၁၁)

သင်သည် တစုံတခုကိုလိုအပ်လျှင် ဘုရားထံပြောပါ။ ဆက်လက်ဆုတောင်းခြင်းဖြင့် ပြောပါ။ မကြာခဏ ကျွန်ုပ်တို့၌ လိုအပ်သောအရာများ မရှိရခြင်းမှာ ဘုရားထံ မတောင်းသောကြောင့် ဖြစ်သည်။ ကျမ်းစာက""သင်တို့သည် တတ်မက်၍မရကြ။...အကြောင်းမူကား ဆုမတောင်းဘဲ နေကြ ၏""ဟုဆို၏။(ယာ၊၄း၂)

ဘုရားသခင်သည် ဆုတောင်းခြင်းကို အမြဲ အဖြေပေးပါသလား။ မပေးပါ။ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းများကို အမြဲတမ်း အဖြေ မပေးပါ။ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းများကို ဘုရားကအဖြေပေးလိုလျှင် ကျွန်ုပ်တို့၌ အနေအထားနှစ်ရပ် ရှိနေရမည်။


(က)ဘုရားသခင်၏ အလိုတော်နှင့် ကျွန်ုပ်တို့ ဆုတောင်းရမည်။

ဘုရား၏အလိုနှင့် မကိုက်ညီသော အရာများကို ကျွန်ုပ်တို့ ဆုတောင်းလျှင် ဘုရားက မပေးပါ။ ဤအရာအတွက်အလွန်ပင် ကျေးဇူးတင် သင့်သည်။ ကျွန်ုပ်တို့အတွက် အကောင်းဆုံးသောအရာများကို ဘယ်သောအခါမျှ ကျွန်ုပ်တို့ မသိသောကြောင့်ဖြစ်သည်။ ခလေးငယ်တယောက်သည် ဖခင်ထံ သင်တုန်းဒါး(သို့)ဒါးကို တောင်းရာ၊ ဖခင်သည် သားကိုချစ်၍ သားတောင်းသောအရာများသည် အန္တရယ်ဖြစ်မည်ကို သိသောကြောင့် သူ၏သားတောင်းသောအရာကို ပေးမည် မဟုတ်ပါ။

ဘုရားသခင်ထံ ကျွန်ုပ်တို့ဆုတောင်းနိုင်သော အကြီးမြတ်ဆုံးသော ဆုတောင်းခြင်းကား ""ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေပါ"" ဖစ်သည်။ ဤကား ဘုရားသခင်၏ချစ်ခြင်းနှင့် သူ၏ဥာဏ်ပညာအပေါ် လုံးဝ ယုံကြည်ကိုးစားမှုကို ဖေါ်ပြခြင်းဖြစ်သည်။ ကျွန်ုပ်တို့လိုချင်သော အရာများကို တောင်းလျှောက် နိုင်ပါသည်။ သို့သော် တောင်းသောအခါတိုင်း ""ကိုယ်တော်၏အလို တော်အတိုင်း ဖြစ်စေတော်မူပါ"" ဟု ဆုတောင်းသင့်သည်။ ""ငါတို့သည် အလိုတော်နှင့်အညီ တစုံတခုသောဆုကို တောင်းလျှင် ဘုရားသခင်သည် နားထောင်တော်မူ၏""(၁ယော၊၅း၁၄)


(ခ )ကျွန်ုပ်တို့သည် ""ဆုတောင်းရာနယ်မြေအပေါ်၌"" ရှိနေရမည်။

အဓိပ္ပါယ်မှာ ကျွန်ုပ်တို့၏ အသက်တာသည် ဘုရားသခင်ကိုနှစ်သက်စေသော အသက်တာ ဖြစ်ရမည်။ လောကီဆန်သော၊ နာခံခြင်း မရှိသော ခရစ်ယာန်များ၏ဆုတောင်းခြင်းကို ဘုရားသခင်သည် အဖြေ မပေးပါ။ သူ၏စိတ်ကို ကျေနှပ်စေသော အသက်တာ ရှိသောသူများ ဆုတောင်းခြင်းကို အဖြေပေးရန် နှစ်သက်တော်မူသည်။ ကျမ်းစာက"ငါတို့သည် ပညတ်တော်တို့ကို စေါင့်ရှောက်၍၊ နှစ်သက်တော်မူသော အကျင့်တို့ကို ကျင့်သောကြောင့်၊ ဆုတောင်းသမျှတို့ကို ဘုရားသခင် ထံတော်မှ ရကြ၏။-ဘုရားသခင်၏ ပညတ်တော် ဟူမူကား၊ သားတော် ယေရှုခရစ်တော်ကို ယုံကြည်ရမည်။ သားတော် ပညတ်တော် မူသည်ကား အချင်းချင်း ချစ်ရမည်။ ဟူသောပညတ်တော်ပေတည်း""ဟုဆိုသည်။(၁ယော၊၃း၂၂-၂၃)

ကျွန်ုပ်တို့၏ဆုတောင်းခြင်းများ အဖြေ မရရှိခဲ့သော် ကိုယ်ကိုယ်ကို ကျွန်ုပ်တို့ မေးသင့်သည်မှာ ""ဘုရားသခင်ထံမှ ဆုတောင်းခြင်းများကို အဖြေ ရရှိရန် အသက်တာထဲ၌ ဆီးတားနေသောအရာများ ရှိနေပါသလား"" ဟူ၍ဖြစ်သည်။

ဆုတောင်းခြင်းကို အဆီးအတားဖြစ်စေသော ကြီးစွာအရာများမှာ။

(၁) အပြစ်။ (၂) အတ္တဆန်ခြင်း။ (၃) အပြစ်ခွင့်မလွှတ်ခြင်း။ (၄) မယုံကြည်ခြင်း။ စသည်တို့ဖြစ်သည်။ ဤအရာများက စာတန်ကို ကျွန်ုပ်တို့၏အသက်တာ၌ ခြေကုပ်ချရန် အခွင့်ပေးခြင်းဖြစ်သည်။ ဘုရားက ဆုတောင်းခြင်းကို နားညောင်း လိမ့်မည် မဟုတ်ပါ။ ""ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ""ဟုဆို၏။(ဆာ၊၆၆း၁၈)

(၃) ကိုယ်စားပြု လျှောက်လဲပြောဆိုပေးခြင်း။

အခြားသူများအတွက် ဆုတောင်းပေးခြင်း ဖြစ်သည်။ ရင်းနှီးကျွမ်းဝင်ခြင်းနှင့် အသနားခံ တောင်းလျှောက်ခြင်းတို့သည် အဓိကအားဖြင့် ကျွန်ုပ်တို့၏လိုအပ်မှုများ အတွက်သာဖြစ်ပြီး၊ ကိုယ်စားပြုဆုတောင်းခြင်းသည် အခြားသူများကို ကူညီရန် ကမ်းလှမ်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်း မရသေးသော မိတ်ဆွေများနှင့် ဆွေမျိုးများအတွက် ဆုတောင်းသည်။ ကယ်တင်ခြင်းဆိုင်ရာ သတင်းကောင်းကို ဟောပြောသော သူများ၊ ခေါင်းဆောင်များအတွက် ဆုတောင်းကြသည်။ မကျန်းမမာ၊ နာဖျားသော သူများအတွက် ဆုတောင်းကြသည်။ ဤဆုတောင်းခြင်း ပုံစံများက ဘုရားသခင်၏မေတ္တာနှင့် အကြံတော် ထဲသို့ လူသားများကို သူ့ထံသို့ ပြန်လည်ပို့ဆောင်ရန် မစမှုများဖြစ်သည်။

ကိုယ်စားပြုဆုတောင်းခြင်း၏ အသွင်သဏ္ဍာန်တခုမှာ ၀ိညာဉ်တိုက်ပွဲဝင် ဆုတောင်းခြင်းဖြစ်သည်။ ဤကား စာတန်ကို ဆန့်ကျင်တိုက်ခိုက် သော ဆုတောင်းခြင်းဖြစ်သည်။

စာတန်နှင့်ရင်ဆိုင်တိုက်ပွဲ

ဘုရားသခင်နှင့်ဘယ်ကဲ့သို့ အမြဲတမ်းထိတွေ့ရင်းနှီးခြင်းကို ဆုတောင်းခြင်းနှင့်၎င်း၊ ကျမ်းစာဖတ်ခြင်းဖြင့်၎င်း၊ ကျွန်ုပ်တို့ သိနား လည်ခဲ့ရပြီး ဖြစ်သည်။ ထိုကြောင့် စာတန်ကို ရင်ဆိုင်ဆန့်ကျင်တိုက်ခိုက်ရာတွင် ဘုရားက ကျွန်ုပ်တို့ကို အသုံးပြုနိုင်သည်။ ယခု ဘုရားသခင်နှင့်စာတန်တို့အကြား စစ်ရေးစစ်ရာနှင့်ပတ်သက်၍ အချို့သောအချက်များကို ပြန်လည်သုံးသပ်ကြပါစို့။

ပထမ-ဘုရားသခင်သည် ကမ္ဘာကိုဖန်ဆင်း၏။ သူပိုင်တော်မူသည်။ ကျမ်းစာက""ထာဝရဘုရားသည် မြေကြီးနှင့်မြေကြီးတန်ဆာကို၎င်း၊ လောကဓာတ်နှင့် လောကသားတို့ကို ပိုင်တော်မူ၏""ဟုဆို၏။(ဆာ၊၂၄း၁)

ဒုတိယ-ဘုရားက လူသည် ဤကမ္ဘာကြီးကို အုပ်စိုးရန် ပေးအပ်ခဲ့၏။ ဘုရားသခင်က အာဒံကို ကမ္ဘာကြီးတခုလုံးအပေါ် အုပ်ချုပ်ခွင့် ကိုပေးခဲ့၏။

တတိယ-အာဒံသည် ဘုရားသခင်ကို ပုန်ကန်ခဲ့၏။ သူသည်စာတန်ဘက်မှာ နေပြီး၊ စာတန်၏တန်ခိုးအောက်သို့ ရောက်ခဲ့ရ၏။ ထိုကြောင့် ကမ္ဘာကို အုပ်စိုးခွင့်ကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး၊ စာတန်က လက်ပြောင်း ရယူခဲ့သည်။ အပြစ်အားဖြင့် စာတန်သည် ကမ္ဘာကြီးတခုလုံးကို အုပ်စိုးခြင်း အခွင့်ကို ရခဲ့၏။

စတုတ္ထ-ဘုရားက ဤကမ္ဘာကြီးကို သူ့ထံသို့ ပြန်လည်ရယူလိုသည်။ တယောက်သောလူ အားဖြင့်ပြုလုပ်ရန် အလိုရှိ၏။ ထိုကြောင့် ဘုရားသခင်သည် သူ၏သားတော် ယေရှုခရစ်တော်ကို လောကသို့ သူ၏ဒုတိယ လူ အဖြစ်စေလွှတ်ခဲ့၏။

ပဉ္စမ-စာတန်နှင့် ဘုရားသခင်၏ ဒုတိယလူဖြစ်သောသခင်ယေရှု တို့ကြား ကြီးစွာသော တိုက်ပွဲသည် ပြင်းထန်ခဲ့၏။ မည်သူတယောက်မျှ မရင်ဆိုင်မကြုံခဲ့ရသော စုံစမ်းနှောက်ယှက်ခြင်းကို သခင်ယေရှုသည် ခံခဲ့ရပြီး၊ စာတန်၏ စုံစမ်းနှောက်ယှက်ခြင်း အားလုံးကို သူသည် အောင်မြင်ခဲ့၏။ စာတန်သည် နောက်ဆုံး၌ ကြံရာမရဖြစ်ခါ၊ ယေရှုကို ကားစင်တင်သတ်ရန် လူထု ကြီးကို ထကြွလှုံဆော်ခဲ့၏။

သခင်ယေရှုကို သင်္ချိုင်းတွင်းမြုပ်နှံစဉ်၊ စာတန်က သူသည် အောင်မြင်အနိုင်ရခဲ့ပြီးဟု ထင်ခဲ့၏။ သို့သော် သုံးရက်နေ့ မြောက်တွင် သခင်ယေရှု သည် ရှင်ပြန်ထမြောက်ခဲ့ပြီး၊ မှောင်မိုက်တန်ခိုးများ အားလုံးတို့အပေါ် အောင်နိုင်ခဲ့၏။ စာတန်သည် ထိုနောက် သူသည် ရှုံးနှိမ့်ခဲ့ပြီးဖြစ်ကြောင်း ကိုသိခဲ့၏။

သခင်ယေရှုသည် ကောင်းကင်ပေါ်နှင့်မြေကြီးပေါ်၌ အခွင့်အာဏာအားလုံး ပေးအပ်ခြင်းကို ခံရ၏။

စာတန်နှင့် သူ၏မှောင်မိုက်အင်အားစုများသည် သူတို့၏အခွင့်အာဏာများကို ခွာချခြင်းကို ခံရ၏။ သခင်ယေရှုသည် ကောင်း ကင်ဘုံ သို့ ပြန်တက်ခဲ့ပြီး၊ ခမည်းတော်၏လင်္ကျာတော်ဘက်မှာ ထိုင်တော်မူ၏။" "ခပ်သိမ်းသော အထွဋ်အမြတ်၊ အာဏာစက်၊ တန်ခိုးအစိုးရခြင်းမှစ၍ ယခုဘ၀ နောင်ဘ၀၌ ခေါ်ဝေါ်သမုတ်သော ဘွဲ့နာမအလုံးစုံတို့အထက် ကောင်းကင်အရပ်၌ မိမိ လင်္ကျာတော်ဘက်မှာ အလွန်မြင့်မြတ်သောနေရာကို ခရစ်တော်အား ပေးတော်မူ၍၊-ခြေဘ၀ါးတော် အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့်၊ အသင်းတော်အဘို့အလိုငှါ၊ သူ့ကိုအလုံးစုံတို့၏အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ၏""ဟုဆို၏။(ဧ၊၁း၂၁-၂၂)


စာတန်သည် ရှုံးနှိမ့်ခဲ့ပြီး။

စာတန်နှင့်ကျွန်ုပ်တို့၏စစ်ပွဲတွင် မှတ်မိသတိရစေရန် အကြီးဆုံးသောအကြောင်းအရာမှာ ""စာတန်သည် ရှုံးနှိမ့်ခဲ့ပြီ"" ဖြစ်၏။ ကျွန်ုပ်တို့သည် စာတန်ကို ရှုံးနှိမ့်စေခဲ့ခြင်း မဟုတ်ပါ။ ခရစ်တော်က သူ့ကို ကရာနိကုန်းတွင် ရှုံးနှိမ့်စေခဲ့ခြင်းဖြစ်၏။ စာတန်သည် ရှုံးနှိမ့်ခဲ့ရသော်လည်း ငရဲမီးအိုင်တွင်းသို့ ပစ်ချခြင်း မခံရသေးပါ။ ယခု သူသည် လွှတ်နေဆဲဖြစ်သည်။ သူသည် ကယ်တင် ခြင်းသို့ မရောက်သေးသောသူများကို မိမိ၏နိုင်ငံထဲ ဆက်လက်ရှိနေရန် ယခင်ကထက် သာ၍ကြိုးစားလုပ်ဆောင်လျက် ရှိသည်။

ဘုရားသခင်၏ အစေခံများဖြစ်ကြသော သင်နှင့်ကျွန်ုပ်သည် ကယ်တင်ခြင်းသို့ မရောက်သေးသူများထံ ကယ်တင်ခြင်းသတင်းကို ကြားပြောခြင်း ဖြင့် စာတန်၏တန်ခိုးအောက်မှ လွှတ်မြောက်စေရန်ဖြစ်သည်။ သခင်ယေရှုပြောခဲ့သည်မှာ၊ သင်သည် အားအင်သန်စွမ်းသော သူတစ်ဦး၏ အိမ်မှ ဥစ္စာ ပစ္စည်းကို ရယူလိုသော်၊ သင်သည် ဦးစွာ အားအင် သန်စွမ်းသူကို အရင် ချီနှောင် ရမည်။ စာတန်သည်""အားအင်သန်စွမ်းသူ"" ဖြစ်သည်။ သူ့""ဥစ္စာပစ္စည်း"" များသည် သူ့တန်ခိုးဖြင့် သူ ထိန်းသိမ်း ထားသော လူများ ဖြစ်သည်။

ကျွန်ုပ်တို့ စာတန်၏တန်ခိုးကို မည်ကဲ့သို့""ချည်နှောင်""မည်နည်း။

ကျွန်ုပ်တို့သည် စာတန်၏တန်ခိုးကို ကရာနိကုန်း၊ ခရစ်တော်၏အောင်မြင်ခြင်းကို ပိုင်ဆိုင်ကြောင်း ပြောဆိုခြင်းဖြင့် ချည်နှောင်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏အောင်ခြင်းကို ကျွန်ုပ်တို့၏အောင်ခြင်း ဖြစ်ကြောင်း ပိုင်ဆိုင်ကြောင်း ပြောဆိုခြင်း ဖြင့်ပြုလုပ်သည်။

ခရစ်တော်သည် သင်၏အပြစ်များအားလုံးအတွက် ပေးဆပ်ခဲ့ပြီ။

သင်သည် ခရစ်တော်၏ပေးဆပ်မှုကို ပိုင်ဆိုင်ကြောင်း ပြောဆိုခြင်းမပြုသေးသ၍ သင်သည် ကယ်တင်ခြင်းသို့ ရောက်မည် မဟုတ်ပါ။ ထိုနည်းတူ၊ သင်သည် စာတန်အပေါ် ခရစ်တော်၏အောင်မြင်ခြင်းကို ပိုင်ဆိုင်ကြောင်း ပြောဆိုရမည်။ ဆုတောင်းခြင်းဖြင့် သင်ပြုလုပ်နိုင်သည်။ ""အရာအားလုံးကိုကရာနီကုန်း နည်းအားဖြင် ပြုတော်မူသော သခင်ဘုရား၊ ကရာနိကုန်း၏ အလုံးစုံသော တန်ခိုးကြီးသော အောင်ခြင်းဖြင့်""ဟု ပြောဆို နိုင်သည်။

သင်သည် ဤဆုတောင်းခြင်းကို ဆုတောင်းအခါ၊ သင်သည် ""သခင်ဘုရား၊ ဤအမှုအရာကို ကျွန်ုပ် မဖြေရှင်းနိုင်ပါ၊ သို့သော် ကိုယ်တော် တတ်နိုင်တော်မူ၏။ ကိုယ်တော်သည် စာတန်၏တန်ခိုးအားလုံးကို အောင်နိုင်ခဲ့ပြီ၊ ကျွန်ုပ်သည် ဤအမှုအရာ၌ ကိုယ်တော်၏အောင်ခြင်းကို ပိုင်ဆိုင်ကြောင်း ပြောဆိုပါသည်""ဟု ပြောဆိုခြင်းဖြစ်သည်။

ကရာနိကုန်း၏အောင်မြင်ခြင်းကို ကျွန်ုပ်တို့ပိုင်ဆိုင်ကြောင်း ပြောဆိုခြင်းဖြင့် ခရစ်တော်သည် စာတန်၏တန်ခိုးများကို ချည်နှောင်ပါသည်။

ဘုရားသခင် သင့်အား ပေးထားသော လက်နက်ကို အသုံးပြုပါ

ဘုရားက စာတန်ကိုတိုက်ခိုက်ရာတွင် သင့်အား တန်ခိုးကြီးသော လက်နက်ကိုပေးခဲ့ပြီ။ သို့သော် သင်သည် အသုံး မပြု ခဲ့သော် အသုံးမကျပါ။ ထိုကြောင့် ကရာနိကုန်း၏အောင်ခြင်းကို သင်ပိုင်ဆိုင်ကြောင်း ပြောဆိုပါ။

စာတန်သည်သင်၏အိမ်၌ တိုကိခိုက်မှုကို ပြုသည်ဟု ယူဆကြမည်။ ကြမ်းတမ်းသောစကားနှင့်ခါးသီးမှုကို ဖြစ်စေသည်။ သင် ဘာပြုလုပ် မည်နည်း။ ကရာနိ၏အောင်ခြင်းကို ပိုင်ဆိုင်ကြောင်းကို ပြောဆိုပါ။ ခရစ်တော်သည် သင့်အား ပြောသည် မှာ ""ငါ၏နာမဖြင့် ခွန်အားကြီးသော သူ (စာတန်)ကို ချည်နှောင်ပါ ""မကြာခဏ၊ ကျွန်ုပ်တို့ပြသနာနှင့်ရင်ဆိုင်ရပါက ပြသနာကို ဖြစ်စေသောသူဟု ယူဆသောသူကို သွားရောက် ရင်ဆိုင်ဖြေရှင်း တတ်ကြသည်။ သို့သော် ကျမ်းစာကပြောသည်မှာ အမှန်ခက်ခဲခြင်း ဖြစ်ရသည်မှာ မှောင်မိုက်တန်ခိုးများက အကြောင်းအရာများကို မွေနောက်ခြင်း ကြောင့် ဖြစ်သည် ဟုဆိုသည်။ တမန်တော် ပေါလုက ""အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန် ရကြသည်မဟုတ်၊ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုသောမင်းတို့နှင့်၎င်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့် ၄င်း၊ ဆိုင်ပြိုင် တိုက်လှန်ရကြ၏""ဟုဆို၏။(ဧ၊၆း၁၂)

မှောင်မိုက်တန်ခိုးများကို မည်ကဲ့သို့ ဖြေရှင်းမည်နည်း။

ခရစ်တော်၏ကရာနိ၏အောင်မြင်ခြင်းကို ရယူပြောဆိုခြင်းဖြင့်၊ ထိုမှောင်မိုက်များကို ကျွန်ုပ်တို့ ရင်ဆိုင်ဖြေရှင်းသည်။ ""ကရာနိကုန်း၏အားကြီး သော တန်ခိုး အားလုံးဖြင့် ဖြစ်သည်။ ယေရှု၏နာမ၌အောင်မြင်ပြီ။""ဟုပြောဆိုပါ။

အရာအားလုံးတို့အတွက် ဆုတောင်းပါ။

ကျွန်ုပ်တို့သည် စာတန်နှင့်တိုက်ပွဲဝင်နေကြောင်းကို သင်သည်သိလျှင် အရာအားလုံးတို့အတွက် သင်သည် ဆုတောင်းပေလိမ့်မည်။ ဤကား ဘုရား (သို့) လူအတွက် သင်ပြုလုပ်နိုင်သော အကြီးဆုံးသောအရာဖြစ်သည်။ သင်၏အိမ်၊ သင်၏အသင်းတော်၌ပြသနာများအတွက် ဆုတောင်းပါ။ ခရစ်ယာန်များအတွက် ဆုတောင်းပေးပါ။ သင်၌ ကယ်တင်ခြင်း မရသေးသော မိတ်ဆွေများနှင့်ဆွေမျိုးများအတွက် ဆုတောင်းပေးပါ။ ကယ်တင်ခြင်း သတင်းကောင်းကို ဟောပြောသူများအတွက် ဆုတောင်းပါ။ ယေရှု၏နာမ၌ ဆုတောင်းပါ။ လုံ့လ၀ရိယရှိခြင်းနှင့်ဆုတောင်းပါ။ ယုံကြည်ခြင်းဖြင့် ဆုတောင်းပါ။ ကရာနီ၏အောင်မြင်ခြင်းထဲ၌ ဆုတောင်းပါ။

အရှုံးမပေးပါနှင့်

ဆုတောင်းခြင်း၌ အဖြေရသော အရည်အချင်းမှာ လက်မလျော့သော ဆုတောင်းခြင်း ဖြစ်သည်။ အဓိပ္ပါယ်မှာ အရှုံး မပေးခြင်း ဖြစ်သည်။ အဖြေရလာသည့်တိုင်အောင် ဆက်လက် ဆုတောင်းပါ။ လူသားများ၏ အလိုဆန္ဒများကို ဘုရားသခင် ဖြေရှင်း ပေးရန်အချိန် ပေးရသည်။ အခြေအနေများကို ပြောင်းလဲရန်အတွက် အချိန်ပေးရသည်။

ကျွန်ုပ်တို့သည် ဆုတောင်းခြင်းကို ဆုပ်ကိုင်ရန်နှင့်ကရာနိ၏အောင်မြင်ခြင်းကို ရယူပြောဆိုရန် ဘုရားသခင်က အလိုရှိသည်။ ကျမ်းစာက ""ယောင်္ကျားများသည် အားလျော့စိတ်ပျက်ခြင်းခြင်း မရှိဘဲ အစဉ်အမြဲကြိုးစား၍ဆုတောင်းအပ်သည်""ဟုဆို၏။

ဘုရားသခင်၏ဂတိတော်ကိုအမှတ်ရပါ။ ""သင်တောင်းလျင်...ငါပြုမည်"" (အန်ဒရူး)


မေးခွန်းများ

၁။ စာတန်ကို ဆန့်ကျင်ရာ၌ ဘုရားသခင် ကျွန်ုပ်တို့အား ပေးခဲ့သော အကြီးဆုံး လက်နက်သည်

(က) ဘုရားသခင်၏နှုတ်ကပတ်တော်၊ အကြောင်းမှာ ၄င်းသည် ဘုရားသခင်၏တန်ခိုးကို ထွတ်စေသည်။

(ခ ) ဆုတောင်းခြင်း၊ အကြောင်းမှာ ဘုရားတန်ခိုးကို ထွက်စေသည်။

(ဂ ) ကျွန်ုပ်တို့၏သင်းအုပ်၊ အကြောင်းမှာ ဘုရားသခင်၏တန်ခိုးကို သူ ထွတ်စေ နိုင်သည်။


၂။ လူတိုင်း ဘုရားသခင်ကို ဖခင်တယောက်အနေဖြင့် ဆုတောင်းနိုင်ပါသလား။ ကယ်တင်ခြင်း မရောက်သေးသောသူ၏တခုတည်းသော ဆုတောင်းခြင်း ကို ဘုရားသခင် နားထောင်တော်မူသည်။

(က) တောင်းနိုင်သည်။ အပြစ်ခွင့်လွှတ်ခြင်းအတွက်သာ၊

(ခ ) မတောင်းနိုင်ပါ။ အပြစ်ခွင့်လွှတ်ခြင်းအတွက်သာ။


၃။ ဆုတောင်းခြင်းသည် ဘုရားသခင်၏အရေးယူ လုပ်ဆောင်ခြင်းများဖြစ်လာရန် သြဇာ သက်ရောက်စေပါသလား။

(က) သက်ရောက်စေသည်။ အကြောင်းမှာ ဘုရားသခင်က ပြောထားခြင်းကြောင့် ဖြစ်သည်။

(ခ ) မသက်ရောက်ပါ။ အကြောင်းမှာ ဘာမျှ မဖြစ်လာပါ။


၎။ ဘုရားသခင်သည် ဆုတောင်းခြင်းကို အမြဲတမ်း အဖြေပေးပါသလား။ မှန် သို့မဟုတ် မှား။ ကျွန်ုပ်တို့ဆုတောင်းခြင်းများကိုဘုရားသခင်ထံမှ အဖြေရလိုလျှင် ကျွန်ုပ်တို့ ၌ ရှိရမည့် အခြေအနေ နှစ်ရပ်မှာ၊

(၁) ဘုရားသခင်၏အလိုတော်အတိုင်း ကျွန်ုပ်တို့ ဆုတောင်းရမည်။

(၂) ကျွန်ုပ်တို့ "ဆုတောင်းရာနယ်မြေ၌" ရှိရမည်။

(က) ဟုတ်သည် ၊ မှား။

(ခ ) မဟုတ်ပါ၊ မှား။

(ဂ ) ဟုတ်သည်၊ မှန်။

(ဃ) မဟုတ်၊ မှန်။


၅။ မှန် (သို့) မှား ?။ ဘုရားသခင်ထံ ကျွန်ုပ်တို့ ဆုတောင်းနိုင်သော အကြီးဆုံးသော ဆုတောင်းခြင်းမှာ၊ " ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေပါ"။

(က) မှန် (ခ ) မှား


၆။ မှန် (သို့) မှား ?။ ဘုရားသခင်ထံမှ အဖြေရရန် ကျွန်ုပ်တို့ ဆုတောင်းခြင်းကို အတားအဆီး ဖြစ်စေသော အကြောင်းအရာ လေး မျိုးသည်၊

(၁) အပြစ် (၂) အတ္တ (၃) အပြစ် ခွင့်မလွှတ်ခြင်း (၄) မယုံကြည်ခြင်း

(က) မှန် (ခ ) မှား


၇။ ကိုယ်စားပြု ကြားဝင်ခြင်းသည်…………အတွက် ဆုတောင်းခြင်း ဖြစ်သည်။

(က) သင့် ကိုယ်တိုင်၊

(ခ ) သင့် သင်းအုပ်၊

(ဂ ) အခြားသူများ၊


၈။ စာတန်၏တန်ခိုးကို မည်ကဲ့သို့ ကျွန်ုပ်တို့ ချည်နောင်မည်နည်း။ အဘယ်အားဖြင့်နည်း။

(က) ဘုရားကျောင်းသို့ အပတ်စဉ်တိုင်း သွားရောက်ခြင်း။

(ခ ) ကရာနိကုန်းပေါ် ခရစ်တော်၏အောင်ခြင်းကို ပိုင်ဆိုင်ကြောင်း ကြေညာမည်။

(ဂ ) ဘုရား၏နှုတ်ကပတ်တော်ကို ဖတ်ခြင်း။


၉။ ခရစ်တော်သည် စာတန်နှင့် မှောင်မိုက်တန်ခိုးများကို ရှုံးနှိမ့်စေခဲ့ပါသလား။ ခရစ်တော်၏အောင်ခြင်းကို ကျွန်ုပ်တို့၏အောင်ခြင်းအဖြစ် ကျွန်ုပ်တို့ မည်ကဲ့သို့ ပြုလုပ်မည်နည်း။ မည်သည့်အားဖြင့်နည်း။

(က) ရှုံးနှိမ့်စေခဲ့သည်။ ခရစ်တော်၏အောင်ခြင်းကို ပိုင်ဆိုင်ကြောင်း ကြေညာခြင်း။

(ခ ) မရှုံးနှိမ့် စေခဲ့ပါ။ ခရစ်တော်၏အောင်ခြင်းကို ပိုင်ဆိုင်ကြောင်း ကြေညာခြင်း။


၁၀။ ဆုတောင်းခြင်း၌ အဖြေရသော အရည်အချင်းသည်၊

(က) ကြာရှည်စွာ ဆုတောင်းခြင်း၊

(ခ ) အသံကျယ်စွာ ဆုတောင်းခြင်း၊ သို့မှသာ လူအများ ကြားနိုင်မည်။

(ဂ ) ဇွဲ လုံ့လနှင့် ကြိုးစား၍ ဆုတောင်းခြင်း။


အန်ဒရူး



Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support