HCF

HCF MYANMAR IN SINGAPORE

Tuesday, April 26, 2011

ခရစ်တော်၌ အောင်နိုင်ခြင်း

Victory in Christ

New Life in Christ Course III

Lesson 24

သော့ချက် ကျမ်းပိုဒ်။ "ငါ့ကျေးဇူးသည် သင့်အဘို့ လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏"

(၂ကော၊ ၁၂း၉က)

ခရစ်ယာန်တစ်ယောက်အသက်တာ၏ ၀မ်းနည်းဖွယ်အကောင်းဆုံးအတွေ့အကြုံတစ်ခုမှာ အပြစ် တန်ခိုး၏အောက်တွင် ရှိနေခြင်း ဖြစ်သည်။ ခရစ်ယာန်တစ်ယောက် အသက်တာအတွင်းရှိ အပြစ်သည် အောက်ပါ ဆိုးရွားသောရလဒ်များကို ဖြစ်စေသည်။

အပြစ်သည် သခင်ယေရှု၏နာမတော်ကို အသရေပျက်စေသည်။ သင်သည် ခရစ်ယာန်ဆိုပါက သင်သည် သခင်ယေရှုကို ကိုယ်စား ပြုနေခြင်း ဖြစ်သည်။ သင်သည် အပြစ်လုပ်မိသောအခါ သူ၏ နာမတော်ကို အသရေပျက်စေသည်။

အပြစ်သည် သင်၏ပျော်ရွှင်မှုနှင့်တန်ခိုးကို ပျက်ပြယ်စေသည်။ သင် အပြစ်လုပ်နေသမျှ ကာလပတ်လုံး ဘုရားသခင်သည် သင့်ကို အသုံး မပြုပါ။

အပြစ်သည် သင့် ခရစ်ယာန် အသက်တာ၏ သက်သေခံခြင်းကို ဖျက်ဆီးမည်။ အခြားလူများသည် သင့်ခရစ်ယာန်အသက်တာ သက်သေခံခြင်း ကို သင်ပြောသောအရာများအားဖြင့် မဟုတ်ဘဲ သင့်နေ့ စဉ်အသက်တာကို ကြည့်၍ ဆုံးဖြတ်ကြမည်ဖြစ်သည်။

အခုအခါတွင် သင့်အသက်တာအားဖြင့် ဤအရာနှစ်ခုထဲမှ တစ်ခုကို အခြားလူများအား သင်ပြော နေသည်။ ပထမတစ်ခုမှာ ""ခရစ်ယာန် အသက်တာသည် အလုပ်ဖြစ်၍ အောင်မြင်သည်။"" ဒုတိယတစ်ခုမှာ ""ခရစ်ယာန်အသက်တာသည် အလုပ်မဖြစ်ပါ။""

ခရစ်ယာန်တစ်ယောက်အနေဖြင့် သင်၏အသက်ရှင်မှုသည် သင့်အသက်တာကိုသာမက အခြားလူများ၏ အသက်တာကိုလည်း အကျိုး သက်ရောက်မှုရှိသည်။ ထို့ကြောင့် အောင်နိုင်သော ခရစ်ယာန်တစ်ယောက်ဖြစ်ရန် မည်မျှအရေးကြီးသည်ကို သင်မြင်ပြီမဟုတ်လော။

အောင်နိုင်သော အသက်တာ ဆိုသည်မှာ အဘယ်နည်း။

""အောင်နိုင်သောအသက်တာ""ဟု ကျွန်ုပ်တို့ပြောသောအခါ ကျွန်ုပ်တို့သည် သွေးဆောင်ဖြားယောင်းမှုမရှိသော အသက်တာ (သို့) အပြစ်မရှိ၊ ပြီးပြည့်စုံသောအသက်တာအကြောင်းကို ပြောနေခြင်း မဟုတ်ပါ။ ""ကျွန်ုပ်၌အပြစ်မရှိပါ"" (သို့) ""ကျွန်ုပ်အပြစ် ထပ်မလုပ် တော့ပါ။"" စသည့်စကားများကို သခင်အားပြောခိုင်းဖို့ လူတစ်ယောက်အတွက် မဖြစ်နိုင်ပါ။ ကျမ်းစာက ဤသို့ဆိုသည်။ ""ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ။ ၁ယော ၁း၈


ထိုသို့ဆိုလျှင် အောင်နိုင်သောအသက်တာ ဆိုသည်မှာ အဘယ်နည်း။

အောင်နိုင်သောအသက်တာဆိုသည်မှာ သခင်၌၀မ်းမြောက်၍ ငြိမ်သက်ခြင်းရသော အသက်တာမျိုး ဖြစ်သည်။ သခင်နှင့် အဆက် မဖြတ် မိတ်သဟာယဖွဲ့သော အသက်တာဖြစ်သည်။ အပြစ်များအပေါ် အောင်နိုင်သော အသက်တာမျိုးဖြစ်သည်။ အပြစ်သေးသေး လေးများဟု ခေါ်ကြသော ဒေါသ၊ အပြစ်ရှာတတ်ခြင်း၊ စောဒကတက်ခြင်း၊ ချစ်ခြင်းမေတ္တာမရှိခြင်း။ မနာလိုတပ်မက်ခြင်း၊ ရိုင်းစိုင်းစွာ ပြောဆိုခြင်းများ၊ မှားယွင်းစွာတွေးတောခြင်း များ၊ စိုးရိမ်ကြောင့်ကြခြင်းစသည်တို့ကိုပင် အောင်နိုင်သောအသက်တာမျိုးဖြစ်သည်။

သခင်ယေရှု၏ ဘုန်းတော်ကို ထင်ရှားစေသောအသက်တာသည် တစ်ခုတည်းသော အောင်နိုင်သော အသက်တာ ဖြစ်သည်။

ဤအသက်တာမျိုး မည်သူရနိုင်သလဲ။

မည်သည့်ယုံကြည်သူမဆို ရနိုင်သည်။ ဤအသက်တာမျိုးသည် သင့်အတွက်ပင်ဖြစ်သည်။ အောင်နိုင်သော အသက်တာသည် အထူး ခရစ်ယာန် အနည်းငယ်အတွက်သာ မဟုတ်ဘဲ သာမန်ခရစ်ယာန် တစ်ယောက်၏အသက်တာ ဖြစ်သည်ဟု ဓမ္မသစ်ကျမ်းထဲတွင် တင်ပြ ထားသည်။ ဤအသက်တာမျိုးကို အသက်ရှင်နိုင်ဖို့ ဘုရားသခင်သည် ခရစ်ယာန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားပေးသည်။ ကျမ်းစာက ထိုအရာနှင့်ပတ် သက်၍ ဘာပြောထားသည်ကို ကြည့်ကြပါစို့။

အောင်နိုင်ခြင်းသည် လက်ဆောင်တစ်ခု ဖြစ်သည်။

အောင်နိုင်သောအသက်တာနှင့် ပတ်သက်၍ ပထမဆုံး ကျွန်ုပ်တို့သိမြင်ရမည့်အရာမှာ ဤအရာသည် လက်ဆောင်တစ်ခု ဖြစ်ကြောင်း ပင်ဖြစ်သည်။ ထာဝရအသက်သည် လက်ဆောင်တစ်ခုဖြစ်သကဲ့သို့ အောင်နိုင်သောအသက်တာသည် လက်ဆောင်တစ်ခု ဖြစ်သည်။ ဤအရာကို လုပ်ယူ၍ မရပေ။ ဘုရားသခင်၏ လက်ဆောင်ဖြစ်သောကြောင့်ဖြစ်သည်။ ကျမ်းစာက ဤသို့ဆိုသည်။ ""ငါတို့သခင် ယေရှုခရစ်အားဖြင့်၊ ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွာတကား။"" (၁ကော ၁၅း၅၇)

ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အောင်နိုင်ခြင်း ရရှိသည်။

ဒုတိယအချက်အနေဖြင့် ကျွန်ုပ်တို့သိမြင်ရမည်အရာမှာ အောင်နိုင်ခြင်းကို ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်သာ ရရှိကြောင်းပင် ဖြစ်သည်။

ကျေးဇူးတော်ဆိုသည်မှာ အဘယ်နည်း။ ကျေးဇူးတော်ဆိုသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ အတွက် လုပ်ပေးခဲ့သောအရာ တစ်စုံတစ်ခု ဖြစ်သည်။ ကျေးဇူးတော်ကို ""ဘုရားသခင်၏ မထိုက်တန်သော်လည်း ကျွန်ုပ်တို့အတွက်လုပ်ဆောင်ပေးမှု""ဟူ၍ တစ်ခါတစ်ရံ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ သို့သော် ကျေးဇူးတော်သည် ဤအရာထက်များစွာပိုသည်။ ကျွန်ုပ်တို့ဘယ်တော့မှ မလုပ်နိုင်မည့်အရာများကို ဘုရားသခင်၏ အရာခပ်သိမ်းကို တက်နိုင် သည့် အံ့သြဖွယ်ကြီးမားသော တန်ခိုးတော်အားဖြင့် ကျွန်ုပ်တို့အတွက် လုပ်ပေးခြင်းကို ကျေးဇူးတော် ဟု ခေါ်သည်။ ဘုရားသခင်၏ ကျေးဇူးတော် ကြောင့်သာ ကျွန်ုပ်တို့ကယ်တင်ခြင်း ကို ရရှိခံစားရခြင်းဖြစ်သည်။ ဘုရားသခင်သည် ကယ်တင်ခြင်း ကို အစမှအဆုံးတိုင် စီရင်၍ ပြည့်စုံစေ သည်။

ကယ်တင်ခြင်း၌ ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အပိုင်းရော မရှိဘူးလား။

ဟုတ်ကဲ့။ ရှိပါတယ်။ ကျွန်ုပ်တို့လုပ်ရမည့်အပိုင်းမှာ ကျွန်ုပ်တို့အတွက် ပြင်ဆင်ပေးခဲ့သော ဘုရားသခင်၏ကျေးဇူးတော်ကို လက်ခံ ရယူရန် ဖြစ်သည်။ ယခုကယ်တင်ခြင်းအကြောင်းကို စဉ်းစားကြည့်ကြ၍ ကယ်တင်ခြင်း၌ ဘုရားသခင်၏ကျေးဇူးတော်က မည်သည့်အပိုင်းမှ ပါဝင် ခဲ့သည်ကို ကြည့်ကြပါစို့။

ပထမဆုံး ဘုရားသခင် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သည့်အချိန်နှင့်ပတ်သက်၍ ပြန်လည်စဉ်းစား ကြည့်ကြပါစို့။ ကျွန်ုပ်တို့ အယောက် ဆီတိုင်းသည် အပြစ်ဒုစရိုက်၌သေလျက်ရှိ၍ ဘုရားသခင်နှင့်ကွဲကွာ လျက်ရှိသော အတိတ်အချိန်ကာလကို ပြန်လည်တွေးကြည့်နိုင်သည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ် တို့ကို ချစ်၍ သူ၏ကျေးဇူးတော်အားဖြင့် ကယ်တင်ခဲ့သည်။ ကျမ်းစာက ဤသို့ဆိုသည်။ ""....ဒုစရိုက် အပြစ်၌သေလျက်ရှိသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။"" (ဧဖက် ၂း၁)

ကျွန်ုပ်တို့သည် အပြစ်ဒုစရိုက်၌သေလျက်ရှိစဉ် ၀ိညာဉ်ရေးအရ အသက်ရှင်ရန် မိမိဘာသာမိမိ လုပ်နိုင်ပါမည်လော? မလုပ်နိုင်ပါ။ ကျွန်ုပ်တို့ကို ၀ိညာဉ်ရေးအရ အသက်ရှင်စေသောအရာမှာ ကျွန်ုပ်တို့ အတွင်း၌အလုပ်လုပ်နေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်။ ဘုရားသခင်၏ကျေးဇူးတော် သက်သက် ဖြစ်သည်။ ကျမ်းစာက ဤသို့ဆိုသည်။ ""ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင် တော်မူခြင်းသို့ရောက်ရ၏။ ကိုယ်အလို အလျောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာဖြစ် သတည်း။"" (ဧဖက် ၂း၈-၉)

ယခုတွင် အနာဂတ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ စဉ်းစားကြည့်ကြပါစို့။ တစ်နေ့သောအခါတွင် သခင်ယေရှုသည် သူ၏ယုံကြည်သူများ အတွက် တဖန်ပြန်ကြွလာမည်ကို ကျွန်ုပ်တို့သိကြသည်။ သေပြီးသော ယုံကြည်သူများ၊ အသက်ရှင်လျက်ရှိနေသောယုံကြည်သူများနှင့်၊ ယုံကြည်သူအားလုံးသည် လေထုအတွင်း ၌ သခင်ဘုရားနှင့်တွေ့ဆုံရန် ချီဆောင်ခြင်းကိုခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာများသည် ချက်ချင်းပြောင်းလဲခြင်းခံရ၍ သူနှင့် တူစေရန် လုပ်ခြင်းခံရမည်။ ကျမ်းစာက ဤသို့ဆိုသည်။ ""သခင်ဘုရား သည် ကြွေးကြော်ခြင်းနှင့် .... ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်ရန် ကျန်ကြွင်း သော ငါတို့သည် အာကာသ ကောင်းကင်၌ သခင်ဘုရား ထံတော်သို့ ရောက်စေခြင်းငှာ ထိုသူတို့နှင့်အတူတကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့်....."" (၁သက် ၄း၁၆-၁၇)

ဤအချက်ကို စဉ်းစားကြည့်ပါ။ မိမိအစွမ်းတန်ခိုးဖြင့် သခင်ဘုရားနှင့်တွေ့ဆုံရန် ချီဆောင်ခြင်းကို ခံနိုင်မည်လော? မခံနိုင်ပါ။ ဘုရားသခင်၏ အံ့ဖွယ်တန်ခိုးတော်အားဖြင့်သာ ဤအရာသည် ဖြစ်နိုင်သည်။ သူ၏ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်။

ထိုသို့ဆိုလျှင် ယခု သင် ဘာလုပ်မည်နည်း။ မိမိလုပ်နိုင်သမျှအကောင်းဆုံးလုပ်၍ မိမိအစွမ်းဖြင့် ကျွန်ုပ်တို့ ရုန်းကန်ကြမည်လော။ ထိုသို့ လုပ်မည်ဆိုလျှင် ကျွန်ုပ်တို့စိတ်ပျက်ဖွယ် ရှုံးနိမ်မည်ကို သိကြသည်။ ထိုသို့ မလုပ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အောင်မြင်မှု ရနိုင်အောင် ပြင်ဆင် ပေးခဲ့သည်။

ဘုရားသခင်က ကျွန်ုပ်တို့အတွက် ဘာကို ပြင်ဆင်ပေးခဲ့သနည်း။ သူ၏အံ့သြဖွယ်တန်ခိုးတော် ကျွန်ုပ်တို့ (စိတ်နှလုံး)အတွင်း၌ အလုပ်လုပ် နေသည်ဆိုသော သူ့ကျေးဇူးတော်ကို ပြင်ဆင်၍ ပေးခဲ့သည်။ ကျွန်ုပ်တို့၏အခြေအနေက မည်သို့ပင်ဖြစ်စေ၊ ""ငါ့ကျေးဇူးတော်သည် သင့်အတွက် လုံလောက်မှုရှိသည်"" ဟု ဘုရားသခင်က ကျွန်ုပ်တို့ကို ပြောနေသည်။

ခရစ်တော်သည် ကျွန်ုပ်တို့၏ (စိတ်နှလုံး) အတွင်း၌ အသက်ရှင်လျက်ရှိသည်မှာ ယခုလက်ရှိကာလ တွင် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ ကျေးဇူးတော်ပင်ဖြစ်သည်။ ""ငါ့ကျေးဇူးတော်သည်""ဟု ဘုရားသခင်ပြောသောအခါ ""ငါ့ခရစ်တော်သည် သင့်အတွက် လုံလောက်မှုရှိသည်။ သူ့ကို ယုံကြည်ပါ။ အခြေ အနေတိုင်းတွင် သူသည် သင့်ကိုအောင်မြင်မှုကိုပေးနိုင်သည်""ဟု ဆိုလိုခြင်းဖြစ်သည်။

ကျွန်ုပ် ဘာလုပ်ကြမည်နည်း?

ကျွန်ုပ်တို့သည် ခရစ်တော်၌ ခိုလှုံကြမည်။ ကျွန်ုပ်တို့ကို စောင့်ရှောက်ရန်နှင့် အောင်နိုင်မှုကိုပေးရန် အတွက် သူ့အားယုံကြည်မည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံခြင်းဖြစ်သည်။ ဤကျေးဇူးတော်ကို လက်ခံသောအခါ ကျွန်ုပ်တို့သည် စိုးစံရသော အခွင့်ကို ရကြသည်။ ကျမ်းစာက ဤသို့ ဆိုသည်။ ""....ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို ခံရသော သူတို့ သည် တယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက် သာ၍စိုးစံကြလတံ္တ့။ (ရော ၅း၁၇ ခ)

အောင်နိုင်ခြင်းသည် ခရစ်တော်၌ရှိသည်။

ခရစ်ယာန်များစွာသည် အောင်နိုင်ခြင်းကို သင်ကြားမှုအချို့ (သို့) ထူးဆန်းသောအတွေ့အကြုံ အချို့တို့အားဖြင့် ရှာဖွေကြ သော်လည်း အောင်နိုင်ခြင်းသည် သခင်ယေရှုခရစ်အတွင်း၌သာရှိသည်။ ကျမ်းစာက ဤသို့ဆိုသည်။ ""ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်း အခွင့် ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွာတကား။ (၁ကော ၁၅း ၅၇)

ခရစ်တော်သည် အရာနှစ်ခုကိုကမ်းလှမ်းထားသည်။

သခင်ယေရှုသည် လူတိုင်းကို အရာနှစ်ခုအားပေးရန် ကမ်းလှမ်းထားသည် ထိုအရာနှစ်ခုမှာ ထာဝရ အသက်နှင့်အပြစ်အပေါ် အောင်နိုင်ခြင်း ဖြစ်သည်။ သူသည် ထိုအရာနှစ်ခုလုံးကို တူညီသောအခြေခံ စည်းမျဉ်းတစ်ခုတည်းအားဖြင့် ကမ်းလှမ်းထားသည်။ ထိုအခြေခံစည်းမျဉ်းမှာ ထိုအရာနှစ်ခုကို ကျွန်ုပ်တို့ သည် သူ့အားလုပ်ခွင့်ပေးရန်ဖြစ်သည်။

ကယ်တင်ခြင်းရရန် ရှာဖွေဖို့ မှန်သောနည်းလမ်းနှင့် မှားသောနည်းလမ်းရှိသလို အောင်နိုင်မှုရရန် ရှာဖွေဖို့ မှန်သောနည်းလမ်းနှင့် မှားသောနည်းလမ်းဟူ၍ ရှိသည်။ မှားသောနည်းလမ်းမှာ အောင်နိုင်ခြင်း ရ ရန် မိမိဘာသာမိမိ ကြိုးစား၍ လုပ်ကိုင်ခြင်းဖြစ်ပြီး မှန်သော နည်းလမ်းမှာ သခင်အားလုပ်ခွင့်ပေးခြင်းဖြစ် သည်။ သခင်ယေရှုက ဤသို့ဆိုသည်။ ""၀န်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာ ပေးမည်။"" (မသဲ ၁၁း၂၈)

သင်သာ အလုပ်တစ်ခုခုလုပ်နေစဉ် သခင်ယေရှုလာ၍ ""ငါသည် သင့်ကိုအနားပေးမည်"" ဟူ၍ သင့်ကိုပြောပါက သူ ဘာလုပ်ဖို့ သင်မျှော်လင့်ထားမည်နည်း။ သူသည် သင်လုပ်နေသောအလုပ်ကို လွှဲပြောင်းရယူ၍ ၀င်ရောက်လုပ်ကိုင်ခြင်းဖြင့် သင်အနားယူနိုင်ဖို့ မျှော်လင့် ပေမည်။ သူသည် သင့်အတွက် လုပ်ပေးလိုသောအရာမှာ အတိအကျပင် ဤအရာဖြစ်သည်။

သင်သည် အောင်နိုင်သောဘ၀အသက်တာကို ရရှိရန် ကြိုးစားနေသော်လည်း ရှုံးနိမ့်နေသည်ဆိုပါ စို့။ သခင်ယေရှုက သင့်ကို ဤသို့ ပြောနေ သည်။ ""ငါ့ကိုလွှဲပြောင်းပေးလိုက်ပါ။ ငါသည် သင်အတွင်း၌ အောင်နိုင်သောအသက်တာကို အသက်ရှင်မည်။""

အောင်နိုင်သောအသက်တာအတွင်းသို့ ကျွန်ုပ်တို့ မည်သို့ဝင်ရောက်နိုင်မည်နည်း။

အောင်နိုင်သောအသက်တာအတွင်းသို့ ၀င်ရောက်ရန် သင်လုပ်ရမည့် အရာနှစ်ခုသာရှိသည်။

(၁) သင့်ကိုသင် ခရစ်တော်ထံ ဆက်ကပ်အပ်နှံပါ။

(၂) ခရစ်တော်ကို သင်၏အောင်နိုင်ခြင်းအဖြစ် လက်ခံပါ။

ပထမဆုံးအနေဖြင့် သင့်ကိုသင် ဆပ်ကပ်အပ်နှံရမည်ဖြစ်သည်။ သင်ဖြစ်တည်နေသောဘ၀နှင့် သင်၌ရှိသောအရာအားလုံးကို သခင်ယေရှုထံ ဆက်ကပ်အပ်နှံရမည်ဖြစ်သည်။ အကယ်၍ သင့်အသက်တာကို သင်ထိန်းချုပ်နေပါက သင့်ကိုသင်စောင့်ထိန်းဖို့ သင်၌သာ တာဝန်ရှိသည်။ အကယ်၍ သင့်ကို သင်သာ ခရစ်တော်ထံဆပ်ကပ်အပ်နှံလိုက်ပါက သင့်ကိုစောင့်ထိန်းရန်မှာ သူ့တာဝန်ဖြစ်လာသည်။ တမန်တော်ပေါလုက ဤသို့ဆိုသည်။"....အ ဘယ် သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ ငါအပ်ထားသောအရာ ကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင်သည်ဟု ငါသဘောကျ၏။" ၂တိ ၁း ၁၂

သခင်ယေရှုသည် ရှင်ပေါလုကကို စောင့်ထိန်း၍ အောင်နိုင်ခြင်းအခွင့်ကို ပေးနိုင်ခဲ့သည်။ သခင် ထိုသို့ လုပ်ပေးနိုင်ရန်အတွက် ပေါလု လုပ် ဆောင်ခဲ့သောအရာ တစ်ခုရှိသည်။ ထိုအရာမှာ အဘယ်နည်း? ထိုအရာ မှာ ရှင်ပေါလုသည် သူ့ကိုသူ သခင်ယေရှုထံသို့ လုံးဝ ဆပ်ကပ် အပ်နှံခဲ့ သည်။ အကယ်၍ သင်သည် သခင်ကို သင့်အားစောင့်ထိန်းစေလို၍ အောင်နိုင်ခြင်းကို ပေးစေလိုလျင် သင့်ကိုသင် သူ့ထံ ဆပ်ကပ်အပ်နှံရ မည်ဖြစ်သည်။

ဤအချိန်အခိုက်အတန့်တွင် သခင်အား မအပ်နှံဘဲ သင်ထိန်းချုပ်ထားသောအရာ သင့်ဘ၀တွင် ရှိသလော?

ရှိပါက ယခုချက်ချင်း သူ့ထံသို့ ထိုအရာကို ဆပ်ကပ်အပ်နှံမည်လော? အပြစ်များနှင့် ရှုံးနိမ့်မှု များဖြင့် ပြည့်လျက်ရှိသော သင့် အတိတ်ကို သူ့အား လွှဲပေးလိုက်ပါ။ ဘာဖြစ်မလဲဆိုတာ မသိနိုင်သော အနာဂတ်ကိုလည်း ဆပ်ကပ်အပ်နှံလိုက်ပါ။ သင်ချစ်ရသောသူများ၊ သင်ချစ်သော ယောက်ျား (သို့) မိန်းမကို သူ့ထံ အပ်နှံလိုက်ပါ။ အကယ်၍သူတို့သည် သင့်အတွက် သခင်စီစဉ်ထားပေးသော အစီအစဉ်နှင့် အကျုံး မ၀င်ပါက သင့်ဘ၀ အတွင်းမှ သူတို့ကို ထွက်ခွာခွင့်ပေးရန် ဆန္ဒ ရှိကြောင်း သခင်အားပြောပါ။ ထာဝရ အချိန်ကာလအတွက် သင် ဖြစ်တည်လျက်ရှိသောဘ၀နှင့် သင်၌ ရှိသောအရာ အားလုံးတို့ကို သူ့အားလက်လွှဲ ပေးအပ်မည်ဖြစ်ကြောင်း ယခုချက်ချင်းပင် သူ့အား ပြောလိုက်ပါ။ သင်သာ ဤသို့လုပ်ပါက အောင်နိုင်ခြင်း ရရန်အတွက် ပထမဦးဆုံး ခြေလှမ်းကို သင်လှမ်းလိုက်ပြီဖြစ်သည်။ သင် ယခု လုပ်မည်လော?

""သင်၌ရှိသော အရာအားလုံးသည် သခင်ယေရှု၌ မရှိမချင်း သင်သည် အောင်နိုင်သော အသက်တာကို ဘယ်တော့မှ ရမည် မဟုတ်ပါ။"" Wilbur Chapman

ဒုတိယအချက်အနေဖြင့် ခရစ်တော်ကို သင်၏အောင်နိုင်ခြင်းအဖြစ် လက်ခံရမည်။ ခရစ်တော်ကို သင်၏အောင်နိုင်ခြင်းအဖြစ် လက်ခံခြင်း သည် သူ့ကို သင်၏ကယ်တင်ရှင်အဖြစ် လက်ခံပုံနှင့် အတော်တူသည်။

ခရစ်တော်ကို သင်၏ကယ်တင်ရှင်အဖြစ် လက်ခံစဉ် သင်ဘာလုပ်ခဲ့သနည်း။ သင်သည် အကူအညီ ကင်းမဲ့လျက်ရှိသော အပြစ်သား အနေဖြင့် သူ့ဆီလာပြီ သင့်ကိုကယ်တင်ရန် သူ့အား ယုံကြည်ခဲ့သည်။

ခရစ်တော်ကို သင်၏အောင်နိုင်ခြင်းအဖြစ် လက်ခံစဉ် သင်ဘာလုပ်သနည်း? သင်သည် အကူ အညီကင်းမဲ့လျက်ရှိသော အရှုံး သမား ခရစ်ယာန်အနေဖြင့် သူ့ဆီလာပြီး သင့်အား အောင်နိုင်ခြင်းအခွင့်ကို ပေးရန်အတွက် သူ့အားယုံကြည်ခဲ့သည်။ သူ့ကို သင်၏ အောင်နိုင်ခြင်းအဖြစ် ယခု လက်ခံမည်လော။ ဤသို့ သာ သူ့အားပြောလိုက်ပါ။ ""သခင်ယေရှု၊ ကျွန်ုပ်သည် ခရစ်ယာန်အသက်တာကို အသက်ရှင်နိုင်ရန် ကြိုးစားပြီးရင်း ကြိုးစား သော်လည်း ရှုံးနိမ့်ခဲ့ပါ၏။ ယခုတွင်မူ သင့်ကိုကျွန်ုပ်၏ အောင်နိုင်ခြင်းအဖြစ် လက်ခံပြီး ကျွန်ုပ်အား အောင်နိုင်ခြင်းအခွင့်ကို ပေးရန်အတွက် သင့်အား ယုံကြည်ပါသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်ခံခြင်း

ခရစ်တော်ကို သင်၏အသက်ကယ်တင်ရှင်အဖြစ်လက်ခံခဲ့စဉ်တွင် ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့ကြောင်း သင် ဘယ်လို သိသနည်း။ သူ၏နှုတ်ကပတ်တော်အားဖြင့် သိခဲ့သည်။ သင်သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်ခံခဲ့ပြီး သင့်ကိုကယ်တင်ခဲ့သော သူ့ကိုကျေးဇူးတင်ခဲ့သည်။

ခရစ်တော်ကို သင်၏အောင်နိုင်ခြင်းအဖြစ် လက်ခံခဲ့စဉ်တွင် ဘုရားသခင်သည် သင့်ကို အောင်နိုင် ခြင်းအခွင့်ကိုပေးခဲ့ကြောင်း သင် ဘယ်လို သိသနည်း။ သူ၏နှုတ်ကပတ်တော်အားဖြင့် သိသည်။ ဘုရားသခင်ဘာပြောသနည်း။ ""ငါ့ကျေးဇူးတော်နှင့် ငါ့ခရစ်တော်သည် သင့်အဘို့ လုံလောက်မှု ရှိသည်""ဟူ၍ ပြော သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင်ပြောထားသော သူ့ကျေးဇူးတော်သည် သင့်အဖို့လုံလောက် မှုရှိသည်ဟူသောအချက်ကို လက်ခံ၍ သူ့အား ကျေးဇူးတင်မည်လော။ ခရစ်တော်သည် ယခုအချိန်တွင်ပင် သင့်စိတ်နှလုံးအတွင်း၌ အသက်ရှင်လျက်ရှိပြီး သင့် လိုအပ်ချက် အားလုံးကို ဖြည့် ဆည်းပေးနေသည့်အတွက် သူ့အား ကျေးဇူးတင်ပါ။ ခရစ်တော်ထံ၌ ခိုလှုံအညံ့ခံပြီး သင်၏ အောင်မြင်နိုင်ခြင်း အဖြစ် သူ့အားလက်ခံသောအခါ သင်သည် အောင်နိုင်သောဘ၀အသက်တအတွင်းသို့ ၀င်ရောက်ပြီဖြစ်သည်။ သင် ဤသို့ပြောနိုင်သည်။ "ယခုအချိန်တွင်ပင် သခင်ယေရှုသည် ကျွန်ုပ်၏လိုအပ်ချက် များကို ဖြည့်ဆည်းပေးနေပြီဆိုတာ ကျွန်ုပ်သိခြင်းမှာ သူ၏ကျေးဇူးတော်သည် ကျွန်ုပ်အတွက် လုံလောက်မှုရှိသည်ကို ကျွန်ုပ်သိသောကြောင့် ဖြစ်သည်။

အောင်နိုင်သောအသက်တာ၌ မည်သို့ဆက်လက်အသက်ရှင်မည်နည်း?

သင်သည် သခင့်ထံ၌ ခိုလှုံအညံ့ခံ၍ သူ့အား သင်၏အောင်နိုင်ခြင်းအဖြစ် လက်ခံခြင်းအားဖြင့် အောင်နိုင်သော အသက်တာ အတွင်းသို့ သင်ဝင်ရောက်လာသည်။ ထိုနည်းတူပင် သခင့်ထံ၌ ဆက်လက် ခိုလှုံ၍သင်၏အောင်နိုင်ခြင်းအဖြစ် ဆက်လက် လက်ခံခြင်းအားဖြင့် အောင်နိုင်သော အသက်တာအတွင်း၌ သင် ဆက်လက်အသက်ရှင်သည်။ အောင်နိုင်ခြင်းသည် တကြိမ်တည်း လုပ်ရမည့် အရာမျိုး မဟုတ်ပါ။ ခရစ်တော်ကို သင်၏ အောင်နိုင်ခြင်းအဖြစ် အချိန်တိုင်း၊ နေ့စဉ်နေ့တိုင်း လက်ခံခြင်းမျိုးဖြစ်သည်။

အောင်နိုင်ခြင်းကို ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ရရှိသည်ကို သတိရပါ။ မိမိကိုယ်ကို ထိန်းချုပ်နိုင်ဖို့ အံကြိတ်၍ ရုန်းကန်နေခြင်းမျိုး မဟုတ်ပါ။ ဤအောင်နိုင်ခြင်းသည် ဘုရားသခင် ကျေးဇူးတော်၏ အံ့သြဖွယ်လုပ်ဆောင်မှုဖြစ်ပြီး ""ကြိုးစားခြင်း"" မဟုတ်ဘဲ ""ယုံကြည်ခြင်း""ဖြစ်သည်။ ကြိုးစားခြင်းဆိုသည် မှာ ကျွန်ုပ်တို့လုပ်သောအရာဖြစ်သည်။ ယုံကြည်ခြင်းဆိုသည် ကျွန်ုပ်တို့အတွက် လုပ်ပေးရန် သခင်အား အခွင့်ပေးခြင်းဖြစ်သည်။

သင်သည် နောက်ထပ်ရှုံးနိမ့်ဦးမည်လော?

သင်သည် စိတ်ပျက်ပြီး ဤသို့ပြောမည်လော။ ကျွန်ုပ်၌ ဤအရာသည် အလုပ်မဖြစ်ပါ။ အောင်နိုင်သော ခရစ်ယာန်တစ်ယောက် ကျွန်ုပ် မဖြစ် နိုင်ပါ။ အခြားသူများသည် အောင်နိုင်သော်လည်း ကျွန်ုပ်မှာ မအောင်နိုင်ပါ။ ထိုအရာများသည် စာတန်သည် သင့်ကို ပြောစေလို သောအရာများ ဖြစ် သည်။ ထိုသို့မပြောပါနှင့်။ လမ်းလျှောက်သင်နေသော ကလေးတစ်ယောက်ကို သင့်တွေ့ဖူးပါသလား။ လမ်းလျှောက် သင် နေတုံး ထိုကလေး ဘာ ဖြစ်သနည်း။ သူသည်ခြေလှမ်းအနည်းငယ်လှမ်းပြီးသည်နှင့် လဲကျသွားသည်။ ထို့နောက် ဘာဆက်ဖြစ်သနည်း။ သူသည်ကြမ်းပြင်ပေါ်တွင် လှဲချလိုက်ပြီး ဤသို့ပြောသလော။ "ကျွန်ုပ် လမ်းမလျှောက်တတ်ဘူး။ လမ်းလျှောက်လည်း ဘယ်တော့မှ တက်မှာ မဟုတ်ဘူး"။ သူထိုသို့မပြောပါ။ လမ်းလျှောက်တတ် သည်အထိ သူဆက်လျှောက်မည်ဖြစ်သည်။

ခရစ်ယာန်အသက်တာမှာလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ အောင်နိုင်သောအသက်တာအနေ ဖြင့် လျှောက်လှမ်း အသက်ရှင် နေတုံး ချော်လဲကျမှုများ ရှိလိမ့်မည်။ သင်လဲကျသောအခါ ဘာလုပ်သင့် သနည်း။ ပြန်ထပါ။ သင့်အပြစ်များကို သခင့်ထံ ၀န်ခံပါ။ သင်လဲကျရန် မရည်ရွယ်တာကို သူ့အားပြောပါ။ အောင်နိုင်သောအသက်တာကို အသက်ရှင်လိုကြောင်း သူ့အားပြောပါ။ ထို့နောက် ပြန်စပြီး နောက်ထပ် တစ်ကြိမ် လမ်းပြန်လျှောက်ပါ။ ခရစ်တော်ကိုလည်း သင်၏အောင်နိုင်ခြင်းအဖြစ် ဆက်လက်ယုံကြည်ပါ။ အချိန်ကြာလာသည်နှင့်အမျှ သင် သည် မကြာခဏ လဲကျတော့မည်မဟုတ်ပေ။

ရှုံးနိမ့်မှုကို လက်မခံပါနှင့်။

သင်ရှုံးနိမ့်သောအခါ အရှုံးသမားအနေဖြင့် ဆက်လက်အသက်မရှင်သင့်ပါ။ အောင်နိုင်သော အသက်တာကို သင်ချက်ချင်း ပြန်ရအောင် လုပ် နိုင် သည်။ မည်သို့လုပ်မည်နည်း? ဘုရားသခင်ထံ သင့်အပြစ်များကို ၀န်ချပြီး ခရစ်တော်အား သင်၏အောင်နိုင်ခြင်းအဖြစ် နောက်တစ်ကြိမ် ဆက်လက် ယုံကြည်ခြင်းအားဖြင့် လုပ်နိုင်သည်။ ခရစ်တော်သည် မရှုံးနိမ့်ပဲ အောင်နိုင်သူဖြစ်ရုံမက သင့်အတွင်း၌ အသက်ရှင်နေသည်ကို သတိရပါ။

သင်သည် အောင်နိုင်ခြင်းကို ရနိုင်သည်။

ဤသင်ခန်းစာကို တစ်ကြိမ်ထဲဖတ်၍ အဖြေစာရွက်ကို မဖြည့်ပါနှင့် ဤသင်ခန်းစာရှိ သမ္မာတရားများကို သိရုံမက သင့်ဘ၀၌ လက်တွေ့ အစစ်အမှန်ဖြစ်လာနိုင်ဖို့ ဤသင်ခန်းစာကို ထပ်ခါတလဲလဲ ဖတ်ပါ။

ခရစ်တော်သည် သူ၏နောက်လိုက်တပည့်တော်များအတွက် လုပ်ပေးခဲ့သော ဘယ်အရာကိုမဆို သင့်အတွက်လည်း လုပ်ပေး လိမ့်မည်။

သင်သည် အောင်နိုင်သောခရစ်ယာန်တစ်ယောက်ဖြစ်နိုင်သည်။ ဤအသက်တာသည် အခြားသူများ အတွက်ပဲဟု မပြောပါနှင့်။ သင့်အတွက် လည်းဖြစ်သည်။ ဘုရားသခင်သည် သင့်ကို အောင်နိုင်စွာ အသက် ရှင်စေလိုသည်။ သင်ယခုလက်ရှိဘ၀အခြေအနေ၌ပင် ဤအောင်နိုင်ခြင်းကို သင့်အဖို့ ရည်ရွယ်ထားသည်ကို သင်ယုံကြည်ရမည်။

အောင်နိုင်သော အသက်တာကို ရွေးချယ်ပါ။

ရှုံးနိမ့်သောခရစ်ယာန်တယောက်၏ အသက်တာသည် ခက်ခဲသည်။ ပျော်ရွှင်ဝမ်းမြောက်၍ သခင်ယေရှု၏နာမတော်ကို ချီးမြှောက် သော တခုတည်းသောအသက်တာသည် အောင်နိုင်သောအသက်တာ ဖြစ်သည်။

အောင်နိုင်သော အသက်တာဆီသို့ ခြေလှမ်း စတင်လှမ်းပါ။

ခရစ်တော်ထံ သင့်ကိုသင် ဆပ်ကပ်အပ်နှံပြီး သူ့ကို သင့်အောင်နိုင်ခြင်းအဖြစ် လက်ခံပါ။

ခရစ်တော်ကိုအချိန်တိုင်း ယုံကြည်ပါ။

အခြေအနေတိုင်းသည် သူ့အားမှီခို၍ ဤသို့ပြောပါ။ ""ငါ့သခင်ကို ငါသိသည်။ ခရစ်တော်၏ ကျေးဇူးတော်သည် ငါ့အဘို့ လုံလောက်၍ ငါ့လိုအပ်ချက်အားလုံးကို သူဖြည့်ဆည်းပေးနေသည်။


မေးခွန်းများ

၁။ မှန် / မှား ခရစ်ယာန်တစ်ယောက်အသက်တာအတွင်းရှိအပြစ်သည် အောက်ပါ ဆိုးရွားသော ရလဒ် (၃)ခုကို ဖြစ်စေသည်။

(က) သခင်ယေရှုနာမတော်ကို အသရေပျက်စေသည်။

(ခ ) သင့် ပျော်ရွှင်မှုနှင့်တန်ခိုးကို ပျက်ပြယ်စေသည်။

(ဂ ) သင့် ခရစ်ယာန်အသက်တာ၏ သက်သေခံခြင်းကို ဖျက်ဆီးသည်။

၂။ အောင်နိုင်သောအသက်တာသည် အပြစ်လုံးဝမရှိသော အသက်တာမျိုး၊ ဖြားယောင်းသွေးဆောင်မှု မရှိ သောအသက်တာမျိုးဖြစ်သလော။

(က) ဟုတ်

( ခ ) မဟုတ်

၃။ အောင်နိုင်သောအသက်တာသည် သခင်၌ပျော်ရွှင်ဝမ်းမြောက်၍ ငြိမ်သက်ခြင်းရသော အသက်တာမျိုး ဖြစ်သလော။ သေးငယ်သော အပြစ်များဟု ခေါ်ကြသောအပြစ်များအပါအ၀င် အပြစ်များကို အောင်နိုင်ခြင်းသည် အောင်နိုင် သောအသက်တာဖြစ်သလော။

(က) ဟုတ်

( ခ ) မဟုတ်

၎။ ဤအသက်တာမျိုးကို မည်သူရနိုင်သနည်း။

(က) ကျွန်ုပ်တို့၏သင်းအုပ်ဆရာများ

( ခ ) မည်သည့်ယုံကြည်သူမဆို

( ဂ ) ကျွန်ုပ်တို့မိဘများ

၅။ ကျေးဇူးတော်သည် "မထိုက်တန်ဘဲ ခံစားရခြင်း" ထက် သာလွန်သည်။ ကျေးဇူးတော် ဆိုသည်မှာ…………။

(က) သင်သည် ကယ်တင်ခြင်းသို့ ရောက်ရခြင်းကို ပြောဆိုခြင်း ဖြစ်သည်။

(ခ) ဘုရားသခင်က ကျွန်ုပ်တို့အတွက် ပြုလုပ်ပေးသော တစုံသောအရာ။

၆။ ကယ်တင်ခြင်း၌ ကျွန်ုပ်တို့၏ကဏ္ဍမှာ………………………….။

(က) အပြစ်ပြုခြင်းကို ရပ်တန့်ခြင်း။

(ခ ) အပတ်တိုင်း ဘုရားကျောင်း သွားခြင်း။

(ဂ ) ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ပြင်ဆင်ပေးသော အရာကို လက်ခံခြင်း။

၇။ ယခု ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ကျေးဇူးတော်သည် ရိုးရှင်းစွာဆိုရသော်………..။

(က) ကျွန်ုပ်တို့ကို ချစ်ခြင်း။

(ခ ) ကျွန်ုပ်တို့၌ ခရစ်တော် ရှိနေခြင်း။

၈။ မှန်/မှား ။ အောင်မြင်သော အသက်တာသို့ ၀င်ရောက်ရန် အခြေအနေများမှာ………………။

(၁) သင့်ကိုသင် ခရစ်တော်ထံ ဆက်ကပ်အပ်နှံပါ။

(၂) ခရစ်တော်ကို သင်၏အောင်နိုင်ခြင်းအဖြစ် လက်ခံပါ။

၉။ သင်သည် ဆက်လက်၍ အောင်မြင်ခြင်း၌ ………..အားဖြင့်။

(က) ဘုရားကျောင်းသွားခြင်း။

(ခ ) ခရစ်တော်ထံ ဆက်လက် ဆက်ကပ် အပ်နှံခြင်း။

(ဂ ) သင်၏ကျမ်းစာ ဖတ်ခြင်း။

၁၀။ သင်သည် ကျရှုံးခဲ့သော် သင်၏အောင်မြင်ခြင်းရှိရာ နေရာသို့ ချက်ခြင်း မည်ကဲ့သို့ ပြန်လည်တည်ဆောက်မည်နည်း။

(က) ဘုရားသခင်ထံ သင်၏အပြစ်ကို ၀န်ချ တောင်းပန်ခြင်း။

(ခ ) ခရစ်တော်ကို သင်၏အောင်မြင်ခြင်းအတွက် ကြွေးကြော်ခြင်း။

(ဂ ) အထက်ပါ အရာများ အားလုံး။

ဤ သင်ခန်းစာ အတွက် သော့ချက် ကျမ်းပိုဒ်ကို သင်သည် အလွတ် ကျက်မှတ်ခဲ့ပါသလား။


ရဲလင်းထွန်း(အင်းစိန်)


Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support