HCF

HCF MYANMAR IN SINGAPORE

Monday, January 17, 2011

ဘုရားသခင်၏ကိုယ်စားပြု အခွင့်အာဏာရှိသူများ

God's Delegated Authority

Practical Christian Living Course 4 Lesson 11


သော့ချက်ကျမ်းပုဒ် ။ ။ အစိုးရသောမင်း၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ၊ အာဏာစက်ရှိသမျှသည် ဘုရားသခင်ခန့်ထားတော်မူရာ ဖြစ်သတည်း။ (ရော ၁၃း ၁)

ပြီးခဲ့သည့် သင်ခန်းစာ၌ အခွင့်အာဏာဆိုသည်မှာ ""အုပ်စိုးရန်အတွက် အခွင့်ရှိသည်ဟု"" ဆိုလိုခြင်းကို သင်ယူခဲ့ပြီးဖြစ်သည်။ အခွင့်အာဏာ အားလုံးသည် ဘုရားသခင်နှင့်သာ သက်ဆိုင်သည်။ အကြောင်းမှာ သူသည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းခဲ့သောကြောင့်ဖြစ်သည်။ ဤလောက၏ အခြေခံမူဝါဒ မှာ ပုန်ကန်ခြင်းဖြစ်ပြီး ဘုရားသခင်သားသမီးများ၏ အခြေခံမူဝါဒမှာ ""နာခံခြင်း""ဖြစ်သည်ကိုလည်း လေ့လာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နာခံရန်နှင့် သူ၏အခွင့်အာဏာပိုင်ဆိုင်မှုကို ထောက်ခံရန်အတွက် ဤနေရာတွင်ရှိနေကြခြင်းဖြစ်သည်။

ဤသင်ခန်းစာတွင် ကျွန်ုပ်တို့သည် အလွန်အရေးကြီးသော သမ္မာတရားတစ်ခုကို သင်ယူကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အပြည့်အ၀နာခံနိုင်ရန်အတွက် ဘုရားသခင်က သူ၏ကိုယ်စားလှယ်အဖြစ်ရှိသော အခွင့်အာဏာရှိသူများကို နာခံကြရမည်။


ကိုယ်စားပြု အခွင့်အာဏာရှိသူ ဆိုသည်မှာ အဘယ်နည်း။

ကိုယ်စားပြု အခွင့်အာဏာ ရှိသူ ဆိုသည်မှာ ဘုရားသခင်၏ အခွင့်အာဏာကို ကိုယ်စားပြုသူများကို ဆိုလိုသည်။ အခွင့်အာဏာ ခပ်သိမ်း တို့သည် ဘုရားသခင်နှင့်သာ သက်ဆိုင်သော်လည်း၊ ဘုရားသခင်သည်နည်းလမ်းနှစ်သွယ်အားဖြင့် သူ၏အခွင့်အာဏာကို လက်တွေ့ ကျင့်သုံးသည်။


(၁) တိုက်ရိုက် အခွင့်အာဏာ

ဤအရာက ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် သူဖြစ်စေလိုသောသူများဖြစ်လာရန်အတွက်၊ ဘုရားသခင်သည် သူ့နှုတ်ကပတ်တော်အားဖြင့် ဖြစ်စေ၊ သူ့ဝိညာဉ်တော်အားဖြင့်ဖြစ်စေ၊ ကျွန်ုပ်တို့အား တိုက်ရိုက် ပြောဆိုခြင်းကို ဆိုလိုသည်။


(၂)
ကိုယ်စားပြု အခွင့်အာဏာရှိသူ

ဘုရားသခင်သည် သူကိုယ်တိုင် ကျွန်ုပ်တို့ကို တိုက်ရိုက်လမ်းညွှန်ရုံသာမက ကိုယ်စားလှယ် အနေဖြင့် သူစေလွှတ်ထားသော အခွင့်အာဏာ ရှိသူများအားဖြင့်လည်း လမ်းညွှန်ပေးသည်။ သူ၏ ကိုယ်စားလှယ်အနေဖြင့် သူစေလွှတ်ထားသော အခွင့် အာဏာရှိသူများကို ဥပမာအနေဖြင့် ပြသရ သော် မိဘများ၊ ကျောင်းဆရာများ၊ ရဲအရာရှိများနှင့် အစိုးရအရာရှိများ စသည်တို့ ဖြစ်သည်။

ကိုယ်စားလှယ်အဖြစ် စေလွှတ်ထားသောအခွင်အာဏာပိုင်သူတစ်ဦးသည် ဘုရားသခင်၏ အခွင့် အာဏာကို ကိုယ်စားပြုသောကြောင့် သူ့ကိုနာခံကြရမည်။ ဘုရားသခင်၏ အခွင့်အာဏာရှိသော ကိုယ်စား လှယ်ကို မရိုသေမလေးစားခြင်း၊ မနာခံခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်အား မရိုသေမနာခံခြင်းကဲ့ သို့ပင်ဖြစ်သည်။


အခွင့်အာဏာနှင့်ပတ်သက်၍ အခြေခံတည်ဆောက်ပုံ ၄-မျိုး

ကျွန်ုပ်တို့နေထိုင်သော ဤကမ္ဘာတွင်၊ ဘုရားသခင်သည် အခွင့်အာဏာနှင့်ပတ်သက်၍ အခြေခံ တည်ဆောက်ပုံ ၄-မျိုးကို ဖြစ်တည်ခဲ့သည်။

(၁) မိသားစု

(၂) အစိုးရ

(၃) အသင်းတော်

(၄) စီးပွားရေး

ဤအခြေခံတည်ဆောက်ပုံ ၄-မျိုးအား တစ်ခုချင်းစီ လေ့လာကြပါစို့။

(၁) မိသားစု

မိသားစုနှင့်စပ်လျဉ်း၍ ဘုရားသခင်၏ ပြင်ဆင်စီမံမှုမှာ ဖခင်ဖြစ်သူအား ဘုရားသခင်၏အောက်၌ အိမ်တအိမ်၏ဦးစီးခေါင်းဆောင် ဖြစ်စေရန် ဖြစ်သည်။ မိန်းမဖြစ်သူမှာ ယောက်ျားဖြစ်သူ၏ အုပ်စိုးခြင်းကို ခံရမည်ဖြစ်ပြီး သားသမီးများက မိဘများ၏ အုပ်စိုးခြင်းကို ခံကြရန်ဖြစ်သည်။ ကျမ်းစာက ""အချင်းမိန်းမ တို့ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ၀န်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ၀န်ခံကြလော့"" ဟုဆိုသည်။ ဧဖက် ၅း ၂၂ ""သားသမီးတို့ မိဘစကားကို အရာရာ၌ နားထောင်ကြလော့"" ဟုလည်းဆို သည်။ ကော ၃း ၂၀

မိသားစုတစ်စု၌ ဘုရားသခင်သည် သူ၏အခွင့်အာဏာကို မိဘဖြစ်သူများထဲ၌ အပ်နှံထားသည်။ အိမ်တအိမ်၌ မိဘများသည် ဘုရားသခင်၏ အခွင့်အာဏာကို ကိုယ်စားပြုသူများဖြစ်ကြသောကြောင့် သူတို့သည် သားသမီးများ၏ နာခံမှုကို ရသင့်သည်။ ကျမ်းစာက ""သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။""ဟုဆိုသည်။ ဧဖက် ၆း ၁

အကြိမ်အတော်များများ၌ လူငယ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့ဆန္ဒနှင့် ကိုက်ညီမှုရှိအောင် ပြောင်းလဲလိုကြသည်။ ဥပမာအားဖြင့် ""သင်မိဘများကိုနာခံပါ....၊ သူတို့ကမှန်နေရင် .. သူတို့ကမှန်တယ်လို့သင်ထင်ရင်...သင်လုပ်နေတာတွေကို ကြားဝင်မစွတ်ဖက်ရင် .... သင်ကျေနပ်စေလောက်သောနည်းဖြင့် သူတို့ကကောင်းကောင်းမွန်မွန် ပြောဆိုလာရင်.....""

ဘုရားသခင်ကို ကျေနပ်နှစ်သက်စေလိုသည့် လူငယ်တဦးမှာမူ အထက်ပါအချက်များကို ထည့်သွင်းမည်မဟုတ်ပါ။ ထိုသို့ ထည့်တွက်မည် အစား၊ မိဘများကို နာခံခြင်းသည် မှန်ကန်သောလုပ်ရပ် ဖြစ်သောကြောင့် နာခံရန်အတွက် ဆုံးဖြတ်ရွေးချယ်မည်ဖြစ်သည်။

ဖခင်ဖြစ်သူသည် ဘုရားသခင်ခန့်အပ်ထားသော အိမ်ထောင်တခု၏ ဦးစီးခေါင်းဆောင်ဖြစ်သည်။ သို့သော် သူသည်အာဏာရှင်တဦးမဖြစ်ရပါ။ သူ့မိန်းမနှင့် သားသမီးများကိုချစ်၍၊ သူတို့အတွက် ပုံသက် သေကောင်းကို ပြသောသူ တဦးဖြစ်ရမည်။ ထို့ပြင်သူသည် သခင်ဘုရား၏နည်းလမ်းအတိုင်း သူ့သားသမီးများ ကို ပြုစုပျိုးထောင်ရန်အတွက်လည်း ဘုရားသခင့်ရှေ့တော်၌ သူတာဝန်ရှိသည်။ ကျမ်းစာက ""အချင်း ယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြ လော့""ဟု ဆိုသည်။ ဧဖက် ၅း ၂၅ ""အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုး စေခြင်းငှာမပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။""ဟု လည်းဆိုသည်။ ဧဖက် ၆း ၎

44

(၂) အစိုးရ

အပြစ်ရှိ၍ ပုန်ကန်လိုသောလူသား၏ သဘောသဘာဝကြောင့်၊ ဘုရားသခင်သည် ဥပဒေများ ပြဌာန်း၍ လူအစိုးရအဖွဲ့ကို ဖြစ်တည် စေခဲ့ သည်။ ဘုရားသခင်သည် သူ၏ဥပဒေများကို ပိုမိုခိုင်ခန့်လာ အောင်ပြုလုပ်ရန်အတွက် လူကိုအခွင့်အာဏာပေးခဲ့သည်။ ကျွန်ုပ်တို့ကို ကာကွယ်ပေးရန်နှင့် ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက် ဤသို့လုပ်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်းအမျိုးမျိုးကိုပြု၍ ငြိမ်ဝပ်စွာ နေနိုင်ရန်အတွက်၊ မကောင်းမှုတို့ကို ချုပ်ထိန်းထားမည့် နိုင်ငံအာဏာပိုင်တို့အား ဘုရားသခင်က ကျွန်ုပ်တို့အတွက် ပြင်ဆင် စီမံပေးခဲ့ခြင်း ဖြစ်သည်။ "ေလဵာက္ပတ္စၾာကဵင္ႛဴခင္း အမဵႂိးမဵႂိးကိုဴပႂ၍၊္ဘငိမ်ဝပ်ဆိတ်ညံစြာနေရမည်အေုကာင်း၊ ႟င်ြဘုရင်မစြ၍ မင်းအာဏာ႟ြိသောသူ အေပၝင္းတိုႚ ႎႀင္ႛ လူအမဵႂိးမဵႂိးတိုႛအဘိုႛ ဆုတောင်းပဌနာူပြူခင်း၊ မေတ္ဈာပိုႚူခင်း၊ ကေဵးဇူးတော်ကိုခဵီးမမြ်ူးခင်းကို ေ႟ႀႚဦးစၾာဴပႂေစဴခင္းငႀၝ ငၝတိုက္ တနြ်းသြေးဆောင်၏။" ၂တိ ၂း၂

ကျောင်းဆရာများ၊ ရဲအရာရှိများ၊ ဒေသန္တရအရာရှိများ၊ တရားသူကြီးများ၊ ပြည်နယ်အရာရှိများနှင့် ဖက်ဒရယ်အရာရှိအားလုံးတို့သည် ဘုရားသခင်၏ အခွင့်အာဏာရှိသော ကိုယ်စားလှယ်များဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ အာဏာတော်ကို ကိုယ်စားပြုသောကြောင့်၊ ကျွန်ုပ်တို့သည် သူတို့အားနာခံကြ ရမည်။ ကျမ်းစာက ""အစိုးရသောမင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းခံယူကြစေ။"" အကြောင်း မူကား ဘုရားသခင်၏ အခွင့် မရှိ လျှင်၊ မင်းအာဏာစက်မရှိ၊ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထား တော်မူရာဖြစ်သနည်း""ဟု ဆိုသည်။ ရော ၁၃း ၁

ခရစ်ယာန်များသည် ဥပဒေကိုလိုက်နာသောနိုင်ငံသားများဖြစ်ရမည်။ စာသင်ကျောင်းရှိ ကျောင်းသားတဦးသည် ကျောင်း၏စည်းမျဉ်းများကို လိုက်နာ၍၊ သူ၏ဆရာများကို ရိုသေလေးစားပါက၊ သူသည် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ထင်ရှားစေမည်ဖြစ်သည်။ သူသည် ထိုသို့မလုပ်ပါက၊ ဘုရားသခင် ၏ အသရေတော်ကို မထင်ရှားစေပါ။ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏ နောက်လိုက်များဖြစ်သော ကြောင့်၊ နာခံမှုရှိသော မူဝါဒကို ကိုင်စွဲလျက် မိမိတို့၏အသက်တာကို အသက်ရှင်ကြရမည်ဖြစ်သည်။ ကျမ်းစာက "".....လူတို့တွင် စီရင်ခန့်ထားသမျှသော မင်း၏အုပ်စိုးခြင်းကို ၀န်ခံကြလော့""ဟုဆိုသည်။ ၁ပေ ၂း၁၃

ကျွန်ုပ်တို့၏ သခင်သည် ပုန်ကန်မှုပြုလုပ်ရန်အတွက် မည်သည့်အသင်းအဖွဲ့ကိုမှ မဖွဲ့စည်းခဲ့ပါ။ အစိုးရအာဏာပိုင်များကို နာခံကြရန် သူသည် လူတို့အား သင်ကြားပေးခဲ့သည်။ ဖာရိရှဲများက သူတို့သည် ကဲသာဘုရင်ကို အခွန်ပေးသင့်သလားဟု ယေရှုအားမေးသောအခါ သခင်က ""ကဲသာဘုရင်၏ ဥစ္စာကို ကဲသာဘုရင်အား ဆက်ကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား၊ ဘုရားသခင်အား ဆက်ပေးကြလော့။""ဟု ပြန်ဖြေခဲ့သည်။ မသဲ ၂၂း၂၁


(၃) အသင်းတော်

ဘုရားသခင်၏ အစီအစဉ်မှာ ခရစ်တော်ကို အသင်းတော်တိုင်း၏ ဦးခေါင်းဖြစ်စေရန် ဖြစ်သည်။ ခရစ်တော်၏ အောက်၌ အသင်းတော် လူကြီးများ၊ သင်းအုပ်ဆရာများ၊ သင်းထောက်များနှင့် ကျမ်းစာ ဆရာများစသူတို့ ရှိကြသည်။ ကျွန်ုပ်တို့သည် အသင်းတော်ရှိ ဘုရားသခင်၏ ကိုယ်စားလှယ်များဖြစ်သော အခွင့်အာဏာရှိသူများ၏ အုပ်စိုးခြင်းကို ခံရကြမည်ဖြစ်သည်။ ကျမ်းစာက ""သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့။ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကို ခံရသောသူကဲ့သို့ သင်တို့စိတ်ဝိညာဉ်၏ အကျိုးအလိုငှာ စောင့်နေကြ၏" ဟုဆိုသည်။ ဟေဗြဲ ၁၃း၁၇

အသင်းတော်၌ အခွင့်အာဏာရှိသူများသည် ဘုရားသခင်၏ လူများကို အာဏာထား၍ မအုပ်စိုး၊ မစေခိုင်းရပါ။ ထိုသို့ လုပ်မည့်အစား၊ သူတို့အား အစေခံပေး၍ ပုံသက်သေကောင်းကိုပြကြရမည်။ အသင်းတော်ရှိ အကြီးအကဲများနှင့် ပတ်သက်၍၊ ကျမ်းစာက ""သင်တို့နှင့်အတူ ရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသောကြောင့်မဟုတ်၊ မစင်ကြယ်သော စီးပွားကို တပ်မက်သော ကြောင့်မဟုတ်ဘဲ၊ အလိုလို စေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။ အသီးသီးအုပ်သော အသင်းတော် တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကို ပြသောသူဖြစ်ကြ လော့""ဟု ဆိုသည်။ ၁ပေ ၅း ၂-၃


(၄) စီးပွားရေး

ကျွန်ုပ်တို့၏အလုပ်ရှင် (သို့) ဘော့(စ်)သည် လုပ်ငန်းခွင်၌ ဘုရားသခင်၏အခွင့်အာဏာကို ကိုယ်စားပြုသော ကိုယ်စားလှယ်ဖြစ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ နာမတော်အတွက် ကျွန်ုပ်တို့၏ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်ပါက ကျွန်ုပ်တို့၏လုပ်ငန်းခွင်၌ပင် ဘုရားသခင်၏ အသရေတော်ကို ထင်ရှားစေကြမည်ဖြစ်သည်။ ကျွန်ုပ်တို့၏အလုပ်ကို စိတ်မပါတပါနှင့် နမော်နမဲ့လုပ်ဆောင်ပါက ဘုရားသခင်သည် မနှစ်မြို့ပါ။ ကျွန်ုပ်တို့၏ အလုပ်ကို စိတ်ပါဝင်စားစွာဖြင့် စွမ်းစွမ်းတမံ လုပ်ဆောင်ကြ ရန်အတွက် သူအလိုရှိသည်။ ကျမ်စာက ""အစေခံကျွန်တို့၊ သခင်ဘုရားကို ကြောက်ရွံလျက်၊ လူတို့၏စိတ် ကို နူးညွတ်စေသောသူကဲ့သို့၊ မျက်မှောက်၌သာ နားထောင်သည်မဟုတ်။ စိတ်နှခွမရှိဘဲ၊ လောကီသခင်၏ စကားကို အရာရာ၌ နားထောင်ကြလော့""ဟုဆိုသည်။ ကော ၃း ၂၂

ဤကျမ်းပုဒ်တွင် သုံးထားသော ""အစေခံကျွန်""ဟူသော စကားလုံးသည် အလုပ်သမား ကို ဆိုလိုခြင်း ဖြစ်သည်။ အခြားသူတဦးက အလုပ် ခန့်ထားသော အလုပ်သမားဖြစ်သည်။ ကျမ်းစာက ကျွန်ုပ်တို့အား စိတ်ကောင်း၍ ဖြေးညှင်းသော သဘောရှိသူများ သာမက အဆင်ပြေစွာ ပေါင်းသင်းရန် ခက်ခဲသောအလုပ်ရှင်များ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု ပြောထားသည်။ ကျမ်းစာက ""အစေခံငယ်သားတို့၊ အလွန်ကြောက်ရွံ့ခြင်း နှင့်တကွ၊ ကိုယ်သခင်တို့၏ အုပ်စိုးခြင်းကိုဝန်ခံကြလော့။ သခင်သည် စိတ်ကောင်း၍ ဖြေးညှင်းသော သဘောရှိသည်ဖြစ်စေ ကြမ်းတမ်းသောသဘောရှိသည်ဖြစ်စေ၊ ၀န်ခံကြလော့""ဟုဆိုသည်။ ၁ပေ ၂း ၁၈

ကျွန်ုပ်တို့၏အလုပ်များနှင့် ပတ်သက်လာလျှင်၊ ဘုရားသခင်က ယုံကြည်သူတိုင်းအား သူတို့သည် သခင်ယေရှုအတွက် အလုပ် လုပ်ပေးနေ သကဲ့သို့မှတ်ယူလျက် မိမိတို့၏ အလုပ်တို့ကို လုပ်ကိုင်စေ လိုသည်။

လူငယ်တဦးသည် သူ၏အလုပ်ကို ဆက်လက်ထိန်းသိမ်းဖို့ရန်အတွက် အခက်အခဲရှိနေခဲ့သည်။ အလုပ်ပေါ်တွင်ထားသော သူ၏သဘောထား သည် မကောင်းဘဲ သူလုပ်ဆောင်သောအလုပ်၏ အရည်သွေး မှာလည်း အလွန်ကျဆင်းလာသဖြင့် သူဌေးသည် သူ့ကို မနှစ်မြိုတော့ပါ။

တနေ့၌ သူ၏လူငယ်ခေါင်းဆောင်က ဤမေးခွန်းကို သူ့အားမေးခဲ့သည်။ ""သခင်ယေရှုသာ အဲဒီ စတိုးရဲ့မန်နေဂျာဖြစ်ခဲ့ရင် မင်းလုပ်တဲ့ အလုပ်ရဲ့ အရည်အသွေးနှင့် ပတ်သက်ပြီး ပြောင်းလဲမှုတစုံတရာရှိ လာမလား၊ ထိုအခါသူက ""သေချာပေါက်ကို ပြောင်းလဲလာမှပေါ့၊ ငါလုပ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်မယ်""ဟု ပြန်ပြောခဲ့သည်။

လူငယ်ခေါင်းဆောင်က ဤသို့ရှင်းပြခဲ့သည်။ သင့်အလုပ်မှာ သခင်ယေရှုအတွက် တကယ်လုပ် ဆောင်ပေးနေသလိုမျိုး ခံယူပြီး အလုပ် လုပ်ဖို့


45

ဘုရားသခင်က သင့်ကိုမျှော်လင့်ထားတာကို သိပါရဲ့လား? (Bill Gothard)
ထို့နောက် သူတို့သည် ဤကျမ်းပုဒ်ကို ဖတ်ခဲ့ကြသည်။ ""လူ၏အမှုကိုသာ

ဆောင်ရွက်သကဲ့သို့မဟုတ်။ သခင်ဘုရားအမှုတော်ကို ဆောင်ရွက်သကဲ့သို့ ပြုလေသမျှတို့၌ စေတနာစိတ် နှင့် ပြုကြလော့။ သင်တို့သည် သခင်ခရစ်တော်၏ အစေကိုခံကြသည်ဖြစ်၍ အမွေတော်တည်းဟူသော အကျိုးကို ထိုသခင်ဘုရား၏ လက်တော်မှ ခံရလိမ့်မည်ဟု သိမှတ်ကြလော့"" ကော ၃း ၂၃-၂၄

ကျမ်းစာက ""ဘော့(စ်)များတွင်လည်း တာဝန်တစ်ရပ်ရှိသည်ဟု ပြောထားသည်။ ကောင်းကင်ဘုံ၌ သူတို့၏သခင်ရှိသည်ကို သိမှတ်လျက် သူတို့အတွက် အလုပ် လုပ်ပေးသောသူများအတွက် စဉ်းစားပေးရ မည်ဖြစ်သည်။ ကျမ်းစာက ""သခင်တို့၊ ခြိမ်းခြောက်ခြင်းကို ချုပ်တည်း၍၊ ထိုကျွန်တို့ကို ကိုယ်နည်းတူ ပြုကြလော့၊ သင်တို့၏သခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူသည်ကို၎င်း၊ ထိုသခင်သည် အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူသည် ကို၎င်း၊ သိမှတ်ကြလော့""ဟုဆိုသည်။ ဧဖက် ၆း ၉


အခွင့်အာဏာနှင့်ပတ်သက်၍ မေးမြန်းစရာများ

အခွင့်အာဏာနှင့်ပတ်သက်၍ သင့်မှာမေးမြန်းလိုတာများရှိလိမ့်မည်။ ထိုမေးခွန်းများထဲမှ အချို့ကို ဖြေပါမည်။


· "တစုံတခုနှင့် ပတ်သက်၍ မိဘများက မှားနေသည်ဟု ကျွန်ုပ်ထင်ပါက၊ သူတို့ကို နာခံရဦးမည်လော့။"

ဘုရားသခင်၏အမြင်၌ သားသမီးများနှင့် မိဘများ၏ ဆက်နွယ်မှုသည် အလွန်အရေးကြီးသောကြောင့် ပညတ်တော် (၁၀)ပါးထဲတွင် ပညတ်ချက် ၁-ချက်ဖြစ်စေခဲ့သည်။ ကျမ်းစာက ""သင်၏ဘုရား သခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌၊ သင်၏အသက်တာရှည်မည် အကြောင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့""ဟုဆိုသည်။ ထွက် ၂၀း ၁၂

""ရိုသေစွာပြုလော"" ဟုဆိုရာတွင် ရိုသေလေးစားရန် နာခံကြရန်ဟု ဆိုလိုခြင်းဖြစ်သည်။ သင်သည် သင့်မိဘများနှင့် သဘောထား မကိုက်ညီတာတောင်မှ သူတို့ကို နာခံပါ၊ မပုန်ကန်ပါနှင့်။ တနည်းအားဖြင့် နာခံမှု မရှိသောသူတဦးကဲ့သို့ မပြုမူပါနှင့်။ မိမိ၏ မိဘကို ရိုသေစွာ မပြုသော သူတဦးသည် ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်ရုံသာမက ဘုရားသခင်၏ အခွင့်အာဏာတော်အောက်မှလည်း ထွက်ခွာသွားခြင်းဖြစ် သည်။ ဤသို့လုပ်ခြင်း၏ အကျိုးဆက်အနေဖြင့် သူ၏အသက်တာသည် တိုသွားစေရန်အတွက် ဖြတ်တောက်ခြင်းခံရနိုင်သည်။

ဘုရားသခင်၏ အခွင့်အာဏာတော်အား စာတန်၏ တိုက်ခိုက်မှုမှကာကွယ်ပေးမည့် ""ထီးတချောင်း"" အနေဖြင့် ကျွန်ုပ်တို့မြင်နိုင်သည်။ စာတန်သည် ဘုရားသခင်၏ လူများကို မုန်းတီးသောကြောင့် ဖျက်ဆီး လိုသည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ""ထီး""အောက်၌ ရှိနေသမျှ ကာလပတ်လုံး စာတန် သည် ဘုရားသခင်၏ခွင့်ပြုချက်မရရှိဘဲ ကျွန်ုပ်တို့ကို မထိနိုင်ပါ။


· "အခွင့်အာဏာရှိသူတဦးသည် မှားယွင်းသောဆုံးဖြတ်ချက်ကိုချပါက ကျွန်ုပ်တို့တွင်တာဝန်ရှိ သလော?"

ဖြစ်ပေါ်လာသော အကျိုးဆက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချသူ၌သာ တာဝန်ရှိသည်။ အကယ်၍ သင်သည် သင့်အပေါ်တွင် အခွင့်အာဏာရှိသူတဦးကို နာခံရုံသက်သက်သာဖြစ်ပါက၊ ဘုရားသခင်သည် သင်၌တာဝန်ရှိသည်ဟု မသတ်မှတ်ပါ။ ထိုသို့သတ်မှတ်မည့်အစား၊ အမှားနှင့်စပ်လျဉ်း၍ တာဝန်ရှိသောအခွင့်အာဏာရှိသူကိုသာ၊ သူသည် တာဝန်ယူစေမည်ဖြစ်သည်။


· "အခွင့်အာဏာရှိသောသူသည် စိတ်ထားမကောင်းဘဲ ကျွန်ုပ်ကလည်း သူကိုမနှစ်သက်ပါဟုဆိုကြပါ စို့။ သူ့ကိုနာခံရဦးမည်လော?"

နာခံရမည်။ အကယ်၍သူသည် သင့်အပေါ်တွင် အခွင့်အာဏာရှိပါက သူ၏အုပ်စိုးခြင်းကိုခံရမည်။ ကျွန်ုပ်တို့သည် လူတဦး၏ ရာထူးနှင့် ပုဂိ္ဂုလ်ရေးရာတို့ကို ပိုင်းခြားသိမြင်ရမည်။

ဥပမာအားဖြင့် ရဲအရာရှိတဦး၏ ရာထူးသည် အခွင့်အာဏာရှိသော ရာထူးမျိုးဖြစ်သည်။ သူသည် ဘုရားသခင်၏ အခွင့်အာဏာတော်ကို ကိုယ်စားပြုလျက် ဥပဒေတို့ကို ခိုင်ခန့်စေသောသူဖြစ်သည်။ သူ၌ နှစ်လိုဖွယ် ပုဂိ္ဂုလ်ရေးမျိုးရှိချင်မှ ရှိလိမ့်မည်။ သို့သော် ဤအချက်က သူ၏အခွင့်အာဏာ ကို မနာခံဖို့ အကြောင်းပြချက်ပေးနိုင်ရန်အတွက် သင့်ကိုကူညီပေးမည် မဟုတ်ပါ။ အကယ်၍ သင်သည် ကားအမြန် မောင်းမှုအတွက် ချလံ (ယာဉ်စည်းကမ်းဖောက်ဖျက်မှုအတွက်တရားဝင်ဆင့်စာ)ကို လက်ခံရရှိပါက ထိုလက်မှတ်ကို အသိအမှတ်မပြုဘဲ၊ ""မနေ့က ကားအမြန်မောင်းလို့ ချလံတစ်ခုရခဲ့တယ်။ ဒါပေမယ့် အဲဒီ ချလံကို ဆုတ်ဖြဲပစ်လိုက်တယ်။ ဘာဖြစ်လိုလဲဆိုတော့ အရာရှိကို မနှစ်သက်လို့ပဲ""ဟူ၍ သင်မပြောနိုင်ပါ။


·
"အခွင့်အာဏာရှိသူတစ်ဦးက ဘုရားသခင်အမိန့်တော်နှင့် ဆန့်ကျင်သောအရာတို့ကို လုပ်ရန် သင့်ကိုအမိန့်ပေးလာလျှင်
"

ဤအခြေအနေမျိုး၌ သင်သည် အခွင့်အာဏာရှိသောထိုသူကို မနာခံပါနှင့်။ ဓမ္မသစ်ကျမ်း၌ ဤအခြေအနေမျိုးနှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြချက်တစ်ခုကို ပေးထားသည်။ ယေရှုသည် သူနောက် လိုက်များကို လူတိုင်းအား ဧ၀ံဂေလိတရားကိုဟောပြောကြရန် မိန့်မှာထားခဲ့သည်။ နောက်ပိုင်းတွင် ဘာသာရေးခေါင်းဆောင်က ယေရှု၏နာမတော်အားဖြင့် မည်သူကိုမှ ထပ်ပြီးမဟောပြော၊ မသင်ကြားကြရန် ပေတရုနှင့် အခြား တပည့်တော်များအား အမိန့်ပေးခဲ့သည်။

ပေတရုသည် ဤအမိန့်ကို မလိုက်နာခဲ့ပါ။ အကြောင်းမှာ ဤအမိန့်သည် သခင်ဘုရား၏အမိန့်တော်ကို ဆန့်ကျင်သောကြောင့်ဖြစ်သည်။ ပေတရုက ""လူ၏စကားထက်၊ ဘုရားသခင်၏စကားကို နားထောင်သင့် ပါ၏""ဟုဆိုခဲ့သည်။ တမန် ၅း ၂၉

လူ၏အမိန့်သည် ဘုရားသခင်၏ အမိန့်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့်အခါတိုင်းတွင်၊ သင်သည် ဘုရားသခင်ကို နာခံရမည်။ ဥပမာအားဖြင့် သင်၏သူဌေးက တစုံတခုနှင့် စပ်လျဉ်း၍သင့်ကို မရိုးမသား လုပ်ခိုင်း၊ ညာပြောခိုင်းသည်ဆိုကြပါစို့။ ဤသို့လုပ်ခြင်းသည် ဘုရားသခင်၏ အမိန့်တော်များ နှင့် ဆန့်ကျင်လျက်ရှိသောကြောင့် သင် သူ့ကို မနာခံနိုင်ပါ။ ဤသို့သောအခြေအနေမျိုး၌ပင် သင်သည် ရိုသေ လေးစားမှုကို ပြသင့်သည်။ သင်သည် မနာခံနိုင်တာတောင်မှ အုပ်စိုးခံလိုသောစိတ်ဓာတ်မျိုး သင့်တွင် ရှိသင့်သည်။ ဤသို့တိုးတိတ်စွာပြောသင့်သည်။ ""ကျွန်တော်မလုပ်ပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး""

အချို့သောအခြေအနေမျိုး၌၊ သင်၏ ဘော့(စ်)က သင့်ကို အမှားတခုခုကို လုပ်ခိုင်းခြင်းအား ငြင်းပယ်ခြင်းအားဖြင့် သင် အလုပ်ပြုတ်သွား နိုင်သည်။ ဤသို့အလုပ်ပြုတ်ပါက၊ သခင်ဘုရားသည် သင်၏လုပ်ရပ်ကို နှစ်သက်ကျေနပ်ကြောင်းကို သိရှိလျက်၊ သခင်ဘုရားထံမှ ဤအရာကို လက်ခံ လိုက်ပါ။ ကျမ်းစာက ""အကြောင်းမူကား၊ ဘုရားသခင်၏ မျက်နှာတော်ကိုထောက်၍၊ မတရားသောညှဉ်းဆဲခြင်းကို နာကျင်စွာ ခံရလျှင်၊ ကျေးဇူးရှိ၏""ဟုဆိုသည်။ ၁ပေ ၂း ၁၉

46

အာဏာပိုင်အားလုံးကို ဘုရားသခင်က ဘိတ်သိတ်ပေး၍ ခန့်အပ်ထားခြင်းဖြစ်သည်။

အခွင့်အာဏာပိုင်သူအားလုံးကို ဘုရားသခင်က ဘိတ်သိတ်ပေးထားခြင်းဖြစ်သည်ကို ဘုရားသခင် သည် ကျွန်ုပ်တို့အား သိမြင်စေလိုသည်။ ကိုယ်စားလှယ်အဖြစ် စေလွှတ်ထားသော အခွင့်အာဏာပိုင်သူ အားလုံးတို့ကို ဘုရားသခင်က ဘိတ်သိတ်ပေး၍ ခန့်အပ်ထားခြင်းဖြစ်သောကြောင့် ကျွန်ုပ်တို့သည် သူတို့ ကို နာခံရမည်။ ဤကိစ္စ၌ ကျွန်ုပ်တို့တွင် ရွေးချယ်စရာမရှိပါ။ ကျွန်ုပ်တို့အပေါ်တွင် အခွင့်အာဏာရှိသူများ ကို နာခံကြရမည်။ ကျမ်းစာက ""....အာဏာစက်ရှိသမျှသည် ဘုရားသခင်ခန့်ထားတော်မူရာဖြစ်သတည်း။ ထို့ကြောင့် မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင်စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ ဆန်သောသူသည် ရာဇ၀တ်ကိုခံရမည်""ဟုဆိုသည်။ ရော ၁၃း ၁-၂

မည်သူက သခင်ဘုရား တိုက်ရိုက်ပေးထားသော အမိန့်ကို မနာခံဝံ့သနည်း။ သို့သော် ဘုရားသခင်၏ ကိုယ်စားလှယ်အဖြစ် စေလွှတ်ထားသော အခွင့်အာဏာရှိသူတို့ကို ဖီဆန်ခြင်းသည် ဘုရားသခင်၏ အမိန့် ကို မနာခံခြင်းဖြစ်ကြောင်းကို ကျွန်ုပ်တို့နားလည်ကြပါရဲ့လား? ဘုရားသခင်၏ အမိန့်တော်ကို နာခံလိုပါ က၊ ကိုယ်စားလှယ်အဖြစ် သူစေလွှတ်ထားသော အခွင့်အာဏာပိုင်သူတို့၏ အုပ်စိုးခြင်းကို ခံရကြမည်။

အာဏာပိုင်သူများ၏ အုပ်စိုးခြင်းကို ခံခြင်းက ဘာကိုဆိုလိုသည်ကိုသိနိုင်ရန်အတွက် သခင်ယေရှု ၏အသက်တာကို ကြည့်ရမည်။

သူသည် ဘုရားသခင်၏ တိုက်ရိုက်အခွင့်အာဏာကို ၀န်ခံသည်သာမက ကိုယ်စားလှယ်အဖြစ် စေလွှတ်ထားသော အာဏာပိုင်သူများ၏ အုပ်စိုးခြင်းကိုလည်း ခံခဲ့သည်။ သူသည် မိဘများနှင့်အစိုးရ အာဏာပိုင်များ၏ အုပ်စိုးခြင်းကိုလည်း ခံခဲ့ပြီး အခွန်ပေးဆောင်ခဲ့သည်။ နိုင်ငံ၏ဥပဒေများ ကိုလည်း လိုက်နာခဲ့သည်။ သူ၏ဘ၀တစ်လျောက်လုံး၌ သူသည် အခွင့်အာဏာပိုင်သူများ၏ အုပ်စိုးခြင်းကိုခံခဲ့ သည်။ သူသည် တစ်ကြိမ်တစ်ခါမျှ မပုန်ကန်၊ မဖီဆန်ခဲ့ပါ။ သူသည် သူ၏အသက်တာကို နာခံမှုရှိသော မူဝါဒအားဖြင့် အမှန်တကယ်ပင် အသက်ရှင်နေထိုင်ခဲ့သည်။

ဘုရားသခင်ကို နှစ်သက်ကျေနပ်စေမည့် ကျွန်ုပ်တို့လုပ်နိုင်သော အရေးအကြီးဆုံးအရာမှာ သူ့အား နာခံရန်ဖြစ်သည်။ သခင်ကို အပြည့်အ၀ နာခံနိုင်ရန်အတွက်၊ သူ၏ကိုယ်စားလှယ်အဖြစ် စေလွှတ်ထားသော အခွင့်အာဏာပိုင်သူများကို နာခံကြရမည်။ တမန်တော်ပေါလုက ""လူတို့သည် အထွဋ်အမြတ်အာဏာစက်၏ အုပ်စိုးခြင်းကို ၀န်ခံစေခြင်းငှာ၎င်း၊ မင်း၏စကားကို နားထောင်စေခြင်းငှာ၎င်း၊ ..သတိပေးလော့""ဟု ဆိုသည်။ တိတု ၃း ၁


ရှာဖွေတွေ့ရှိရသောအဖိုးထိုက်ရတနာ

ကျွန်ုပ်တို့သည် ဘုရားသခင်အား အပြည့်အ၀နာခံနိုင်ရန်အတွက်၊ သူ၏ကိုယ်စားလှယ်အဖြစ် စေလွှတ်ထားသော အခွင့်အာဏာပိုင်သူများကို နာခံကြရမည်။


မေးခွန်းများ

မှန်/မှား

၁။ ဘုရားသခင်စေလွှတ်ထားသော အခွင့်အာဏာပိုင်သူဆိုသည်မှာ သင်ကိုအုပ်စိုးရန်အတွက် သင်စိတ်တိုင်းကျ ရွေးချယ်ထားသော သူကို ဆိုလို သည်။

(က) မှန် (ခ) မှား

၂။ တိုက်ရိုက်အခွင့်အာဏာဆိုသည်မှာ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်(သို့) ၀ိညာဉ်တော်အား ဖြင့် ကျွန်ုပ်တို့အား တိုက်ရိုက် ပြောဆိုခြင်း ကို ဆိုလိုသည်။

(က) မှန် (ခ) မှား

၃။ မိသားစုတစုနှင့်စပ်လျဉ်း၍ ဘုရားသခင်၏အစီအစဉ်မှာ ဖခင်ဖြစ်သူကို ဘုရားသခင်၏အောက်၌ထား၍ အိမ်ထောင်တစ်ခု၏ ဦးစီးခေါင်းဆောင် ဖြစ်စေရန် ဖြစ်သည်။

(က) မှန် (ခ) မှား

၎။ မိန်းမဖြစ်သူသည် ဖခင်ဖြစ်သူနှင့်အတူ အိမ်ထောင်တစ်ခုကို ဦးစီး၍ အုပ်ထိန်းရမည်။

(က) မှန် (ခ) မှား

၅။ သားသမီးများသည် မိဘများ၏ အုပ်စိုးခြင်းကိုခံရမည်။ ။

(က) မှန် (ခ) မှား

၆။ ဘုရားသခင်သည် ယုံကြည်သူတိုင်းအား သူတို့သည်ဘုရားသခင်အတွက် အလုပ် လုပ်ပေးနေသကဲ့ သို့မှတ်ယူလျက်၊ မိမိတို့၏ လုပ်ငန်း ဆောင်တာ တို့ကို အကောင်းဆုံးလုပ်ဆောင်စေလိုသည်။

(က) မှန် (ခ) မှား

၇။ ဘုရားသခင်ကို နှစ်သက်ကျေနပ်စေရန်အတွက် ကျွန်ုပ်တို့လုပ်နိုင်သော အရေးကြီးဆုံးအရာမှာ သူ့အား နာခံကြရန်ဖြစ်သည်။

(က) မှန် (ခ) မှား

၈။ ကျွန်ုပ်တို့သည် ""ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊ ငြိမ်ဝပ် စွာနေနိုင်ရန်အတွက်"" (၁တိ ၂း၂) မကောင်းမှုတို့ကို ချုပ်ထိန်းထားမည့် နိုင်ငံအာဏာပိုင်တို့အား ကျွန်ုပ်တို့အတွက် ဘုရားသခင်က ပြင်ဆင်စီမံပေးခဲ့ခြင်းဖြစ်သည်။ ။

(က) မှန် (ခ) မှား

၉။ အသင်းတော်၌ အခွင့်အာဏာပိုင်သူများသည် ဘုရားသခင်၏လူများကို အာဏာထား၍ စေခိုင်းရ မည်။ ။

(က) မှန် (ခ) မှား

၁၀။ လုပ်ငန်းခွင်၌ သင်၏အလုပ်ရှင်သည် ပုဂ္ဂိုလ်ရေးမကောင်း၍ သူကိုသင်မနှစ်သက်ပါက၊ သင်သည် သူကိုနာခံရန်မလိုပါ။ ။

(က) မှန် (ခ) မှား

သခင်ယေရှုခရစ်တော်အားဖြင့် သင့်ကို နာခံမှုရှိသော ဘုရားသခင်၏သားသမီးတစ်ဦးဖြစ်လာစေသော သင်၏ကောင်းကင်ဘုံရှိ ခမည်းတော် အား ကျေးဇူးတင်ကြောင်းကို ဆုတောင်းပါ။


ရဲလင်းထွန်း (အင်းစိန်)


47

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support