HCF

HCF MYANMAR IN SINGAPORE

Monday, January 17, 2011

ကျွန်ုပ်တို့၏အနက်ရှိုင်းဆုံး လိုအပ်ချက်များကို နားလည်ခြင်း

ကျွန်ုပ်တို့၏ အနက်ရှိုင်းဆုံး လိုအပ်ချက်များကို နားလည်ခြင်း အပိုင်း (၁)
(အရေးပါမှု)
Understanding Our Deepest Needs Part 1
(Significance)
Practical Christian Living Course 4 Lesson 13


သော့ချက်ကျမ်းပုဒ် ။ ။ လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားပျောက်ကွယ်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်သောသူမူ ကား၊ နိစ္စထာဝရတည်၏။ ၁ယော ၂း၁၇
သမ္မာကျမ်းစာ၏အဆိုအရ၊ လူသား၏အကြီးမားဆုံး ပြဿနာမှာ ဘုရားသခင်နှင့်ကွဲကွာခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် နောင်တရပြီး ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံသောအခါ၊ ဤပြဿနာသည် ပြေလည်သွားသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် မှန်ကန်သော ပေါင်းသင်း ဆက်ဆံမှုကို ရရှိလာကြသည်။ သို့သော် မကြာမီအချိန်တွင်ပင်၊ ကျွန်ုပ်တို့တွင် အခြားသောပြဿနာများလည်း ရှိသည်ကို သိမြင်လာကြသည်။
ဒေါသ၊ မနာလိုခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မိမိကိုယ်ကိုတန်ဖိုးမရှိဟု ခံစားရခြင်း ထိုသို့သော အတွင်းပိုင်းပြဿနာများသည် ကျွန်ုပ်တို့တွင်ရှိသည်။ ကျွန်ုပ်တို့တွင် ဤပြဿနာများရှိရခြင်း၏အကြောင်း အရင်းမှာ ကျွန်ုပ်တို့တွင် မဖြည့်ဆည်း ခံရသေးသည့် နက်ရှိုင်းသော လိုအပ်ချက်များရှိသောကြောင့် ဖြစ်သည်။


လူသား၏အနက်ရှိုင်းဆုံးအတွင်းပိုင်းလိုအပ်ချက်

ကယ်တင်ခြင်းမှလွဲ၍၊ လူတိုင်း၏အနက်ရှိုင်းဆုံး အတွင်းပိုင်းလိုအပ်ချက်မှာ မိမိကိုယ်ကို တန်ဖိုးရှိ သောလူသားတဦးအဖြစ် သတ်မှတ် နိုင်ရန် ဖြစ်သည်။ ကျွန်ုပ်ကိုယ်ကို တန်ဖိုးရှိသောလူတဦးအဖြစ် မြင်နိုင် ရန်အတွက် အောက်ပါအချက် (၂)ချက်သည် ကျွန်ုပ်ဘ၀တွင် ရှိရမည်။

(၁) ကျွန်ုပ်သည်အရေးပါသူဖြစ်ရမည်

ဤအချက်ကဆိုလိုသည်မှာ ကျွန်ုပ်ဘ၀တွင် ရည်ရွယ်ချက်တစ်ခုရှိရမည်။ ဤရည်ရွယ်ချက်က အရေးကြီးလှသဖြင့် ကျွန်ုပ်ဘ၀သည် အရေးပါ ကြောင်းကို ကျွန်ုပ်အား ခံစားရစေမည်ဖြစ်သည်။


(၂) ကျွန်ုပ်တွင်လုံခြုံစိတ်ချမှုရှိရမည်။

ဤအချက်ကဆိုလိုသည်မှာ ကျွန်ုပ်အတွက်အရေးပါသူတဦးဦး၏ ချစ်မြတ်နိုးမှုနှင့် လက်ခံမှုကို ရရှိ ရန်အတွက် ကျွန်ုပ်တွင် စိတ်ချမှုရှိသည်ဟု ဆိုလိုသည်။
ဤသင်ခန်းစာတွင် ဘုရားသခင်က အရေးပါမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏လိုအပ်ချက်ကို မည်သို့ ဖြည့်ဆည်းပေးလဲဆိုတာကို လေ့လာ ကြ မည်ဖြစ်ပြီး နောက်သင်ခန်းစာတွင် လုံခြုံစိတ်ချမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏လိုအပ်ချက်ကို မည်သို့ဖြည့်ဆည်းပေးသည်ကို လေ့လာကြမည်။


မိမိကိုယ်ကိုအရေးပါသူဖြစ်ကြောင်း ရှုမြင်လိုသည့် လူသား၏အနက်ရှိုင်းဆုံးလိုအပ်ချက်

အကယ်၍ ကျွန်ုပ်တို့သာ လူတဦးဦး၏စိတ်ထဲရှိ အတွေးများကို နားထောင်နိုင်ပါက ကျွန်ုပ်တို့သည် ဤကဲ့သို့သောအရာများကို ကြားရ ပေမည်။ ""ကျွန်ုပ်ဘ၀ဟာ ဗလာနတ္တိဖြစ်ပြီး အသုံးမ၀င်ပါဘူး။ ကျွန်ုပ်သာ အဖိုးထိုက်သူတဦးဖြစ်တာကို သိပါက၊ တန်ဖိုးရှိတာတခုခုကို ပြီးမြောက်အောင် လုပ်ချင်ပါတယ် ကျွန်ုပ်ဟာ ကျွန်ုပ်၏ဘ၀ကို အရေးပါစေလိုတယ်။ အကယ်၍ ကျွန်ုပ်ဟာ အခြားတဦးဦးသာဖြစ်ခဲ့မယ် ဆိုရင်၊ ကျွန်ုပ်ကိုယ်ကိုကျွန်ုပ် နှစ်သက်ပြီး လက်ခံနိုင်လောက်တယ်။ ထိုသို့ဆိုရင် အခြားလူတွေကလည်း ကျွန်ုပ်ကို နှစ်သက်ပြီး လက်ခံကြမှာပဲ။
ဘုရားသခင်သည် ပထမဦးဆုံး လူယောက်ျားနှင့် မိန်းမကို ဖန်ဆင်းခဲ့စဉ်က၊ သူတို့ဟာ အရေးပါ သူများဖြစ်ကြောင်း ခံစားရစေဖို့ သူတို့ အတွင်း၌ အလိုဆန္ဒတစ်ခုနှင့် လိုအပ်ချက်တစ်ခုကို ထည့်သွင်းပေးခဲ့သည်။ အာဒံနှင့်ဧ၀ကို အလုပ်တစ်ခုပေးထားခဲ့သည်။ ဘုရားသခင်က သူတို့အတွက် စိုက်ပျိုးထားသည့် ဥယျာဉ်ကို စောင့်ရှောက်စေခဲ့သည်။ သူတို့သည် နေ့စဉ်သူတို့၏ ဖန်ဆင်းရှင်နှင့် မိတ်သဟာယဖွဲ့ခဲ့သည်။ သူတို့သည် အမှန်တကယ် အရေးပါသူများဖြစ်ရခြင်းမှာ သူတို့ဟာ ကမ္ဘာမြေကြီးအတွက် ဘုရားသခင်၏ကြီးစွာသော အစီအစဉ်၏ တစိတ်တပိုင်းဖြစ်ကြောင်းကို သူတို့ သိခဲ့ သော ကြောင့်ဖြစ်သည်။
သို့သော် အာဒံနှင့်ဧ၀သည် ဘုရားသခင်ကို ဆန့်ကျင်၍ ပုန်ကန်ခဲ့ကြသည်။ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်၍ သူ၏အကြံအစည် တို့နှင့် ကိုက်ညီအောင်နေရမည့်အစား၊ ဘုရားသခင်ကို မနာခံရန် ရွေးချယ်ခဲ့သည်။ ဤဆုံးဖြတ်ချက်သည် လူသားမျိုးနွယ်အားလုံးအပေါ်တွင် သက်ရောက်မှုရှိသည်။ အကြောင်းမှာ အာဒံနှင့်ဧ၀သည် သူတို့၏ တကိုယ်ကောင်းဆန်၍ အထိန်းအချုပ်မဲ့သော ဇာတိ သဘောကို လူသားမျိုးနွယ် တစ်ခုလုံးဆီသို့ လက်ဆင့်ကမ်းပေးဝေခဲ့သောကြောင့်ဖြစ်သည်။ ကျမ်းစာက ""ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီး လိုက်သွားကြ သည်ဖြစ်၍၊ .....""ဟုဆိုသည်။ ဟေရှာ ၅၃း ၆
သူသည်ဘုရားသခင်၏ အခွင့်အာဏာနှင့် အကြံအစည်ကို ငြင်းဆန်ခဲ့သောကြောင့်၊ သူ့ကိုတန်ဖိုး ရှိကြောင်း ခံစားရစေမည့် ဘ၀ရည်ရွယ်ချက် သူ့တွင်မရှိတော့ပါ။ လူသားသည် မိမိကိုယ်ကို အရေးပါသူ ဖြစ်ကြောင်း ရှုမြင်လိုသောသူ၏ လိုအပ်ချက်အတွက် များစွာကြိုးစားအားထုတ်ခဲ့သည်။
ကျမ်စာက မိမိစိတ်အလိုရှိသမျှ ရရှိခဲ့သော လူတဦးအကြောင်းကို ပြောပြထားသည်။ သူ့နာမည်မှာ ရှောလမုန်ဖြစ်သည်။ ဒါဝိတ်ပြီးနောက် နန်းတက်လာသော အစ္စရေးဘုရင်တစ်ပါးဖြစ်သည်။ အသက်ရှင်ခဲ့ သမျှသော ဘုရင်တကာတို့တွင် ဥာဏ်ပညာအရှိဆုံးနှင့် အချမ်းသာဆုံးမင်းဖြစ်သည်။
ဒေသနာကျမ်းထဲတွင် ရှောလမုန်က သူသည် မချိန်တွယ်နိုင်လောက်အောင် ငွေနှင့်ရွှေများကို စုစည်းရယူထားနိုင်ခဲ့သည်ဟု ပြောပြထား သည်။ သူ၏ကြွယ်ဝမှုနှင့် တန်ခိုးအာဏာတို့ကို အသုံးပြုပြီး သူသည် လုပ်ငန်းပေါင်းများစွာကို လုပ်ဆောင်ရန် မိမိကိုယ်ကို နှစ်မြုပ်ထားခဲ့သည်။ သူသည် ဥယျာဉ်များ နှင့် သီးပင်ခြံ တို့ကို စိုက်ပျိုးခဲ့သည်။ မြို့များနှင့် နန်းတော်တစ်ခုကိုလည်း စေ့စပ်သေသပ်စွာ ဆောက်ခဲ့သည်။ သူ၏ အကြီးမားဆုံးလုပ်ငန်းမှာ ဘုရားသခင်၏ ဗိမာန်တော်ကို တည်ဆောက်ခြင်းပင်ဖြစ်သည်။ ဤဗိမာန်သည် ကမ္ဘာ ရှိလူများတွေ့ဖူးသမျှသော အဆောက်အဦးတို့တွင် အဖိုးထိုက်ဆုံး နှင့် ကြီးကျယ်အခမ်းနားဆုံး အဆောက် အဦးဖြစ်ခဲ့သည်။

52
သို့သော် ဤကဲ့သော ပိုင်ဆိုင်မှုများနှင့် အောင်မြင်မှုများရှိတာတောင်မှ၊ ရှောလမုန်သည် မကျေနပ် နိုင်ခဲ့ပါ။ သူ၏ အနက်ရှိုင်းဆုံး အတွင်းပိုင်း လိုအပ်ချက်မှာ ဖြည့်ဆည်းခြင်း မခံခဲ့ရပါ။ ရှောလမုန်က ""ထို အခါ ငါစီရင်ပြုပြင်သမျှ၊ ကြိုးစားအားထုတ်သမျှတို့ကို ငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသောအမှုဖြစ်ကြ၏။ ... ထို့ကြောင့် အသက်ရှင်ခြင်းကို ငါငြီးငွေ့၏""ဟု ဆိုခဲ့သည်။ ဒေ၂း၁၁၊၁၇
ကျွန်ုပ်တို့အချိန်ကာလတွင် လူများသည် သူတို့အရေးပါကြောင်း ခံစားမှုမျိုးကို ရရှိရန်အတွက် တစုံတခုကို ရှာဖွေနေဆဲပင်ဖြစ်သည်။ လူအချို့သည် ပိုက်ဆံကို များစွာစုဆောင်းရရှိရန် အလုပ်ကို ပြင်းပြင်းထန်ထန် လုပ်ကိုင်ကြသည်။ ငွေက အရေးပါကြောင်း ခံစားမှုမျိုးကို သူတို့အား ပေးစွမ်းနိုင်သည် ဟု ယုံကြည်သောကြောင့်ဖြစ်သည်။ သို့သော်ငွေသည် ကျွန်ုပ်တို့၏ အနက်ရှိုင်းဆုံးအတွင်းပိုင်း လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပါ။
အခြားလူများကမူ မိမိတို့ နှလုံးသား၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက်၊ ကားများ၊ အိမ် များနှင့် ပိုင်ဆိုင်မှုတို့ကို စုဆောင်းကြသည်။ သို့သော် ""အရာဝတ္ထု""များသည် လူသားနှလုံးသား၏ အနက်ရှိုင်း ဆုံးလိုအပ်ချက်ကို ဘယ်တော့မှ မဖြည့်ဆည်းပေးနိုင်ပါ။ သခင်ယေရှုက ""အကြောင်းမူကား၊ စည်းစိမ်ရှိ သော်လည်း၊ စည်းစိမ်၌ အသက်မတည်ဟု"" ဆိုခဲ့ခြင်းဖြစ်သည်။ လု ၁၂း ၁၅

ဘုရားသခင်က ကျွန်ုပ်တို့၏ မိမိကိုယ်ကိုအရေးပါကြောင်း ရှုမြင်လိုသော လိုအပ်ချက်ကို မည်သို့ ဖြည့်ဆည်းပေးသနည်း။

အရေးပါမှုနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏ လိုအပ်ချက်ကို ဘုရားသခင်က ဤသို့ဖြည့်ဆည်းပေးသည်။ ကျွန်ုပ်တို့ကို ခရစ်တော်အတွင်းသို့ ထည့်ခြင်းအားဖြင့်ဖြစ်သည်။ သူသည် ယုံကြည်သူတိုင်းအား ခရစ်တော် ကိုယ် ခန္ဓာ၏အရေးကြီးသော သင်းဝင်သူများဖြစ်စေသည်။ ဘုရားသခင်က ယုံကြည်သူများအား သူတို့ အသုံးပြုရန်အတွက် ၀ိညာဉ်ဆုကျေးဇူးများနှင့် အခွင့်အရေးများကို ပေးထားသည်။ ဤသို့ဖြင့်၊ ယုံကြည်သူ တိုင်းသည် အရေးပါသူများဖြစ်လာကြသည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏ ကြီးစွာသော ထာဝရ အစီအစဉ်၏ တစိတ်တပိုင်းဖြစ်လာသောကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့အတွက် ဘုရားသခင်၏အစီအစဉ်နှင့် ပတ်သက်၍ ဖော်ပြထားသော ကျမ်းစာထဲရှိ ဖြစ်ရပ်မှန် အချို့တို့ကို လေ့လာကြပါစို့။



(၁) ယုံကြည်သူတိုင်းသည် ခရစ်တော်ကိုယ်ခန္ဓာ၏ သင်းဝင်သူများဖြစ်သည်။

ဧဖက်သြ၀ါဒစာထဲတွင် ယုံကြည်သူတိုင်းသည် ခရစ်တော်ကိုယ်ခန္ဓာ၏ သင်းဝင်သူများဖြစ်ကြောင်း ပြောထားသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာအားဖြင့် အသက်ရှင်၊ အလုပ်လုပ်သလို၊ သခင်ယေရှုကလည်း သူ၏ကိုယ်ခန္ဓာအားဖြင့် သူ၏အလုပ်ကို လုပ်သည်။ ဒုတိယမွေးခြင်း ကို ခံပြီးသော ယုံကြည်သူတဦးစီတိုင်းသည် အခြားယုံကြည်သူများနှင့် ကွဲပြားသော်လည်း တဦးစီတိုင်းသည် ခရစ်တော် ကိုယ်ခန္ဓာ၏ သင်းဝင်သူများ ဖြစ်ကြသောကြောင့် အရေးပါသူများပင်ဖြစ်သည်။


(၂) ယုံကြည်သူတိုင်းသည် ခရစ်တော်၏ကိုယ်ခန္ဓာ၌အရေးပါသော လုပ်ငန်းဆောင်တာတစ်ခုစီရှိ ကြသည်။

ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာတွင် မျက်စိ၊နား၊လက်၊ခြေထောက်များစသည့် အင်္ဂါများစွာရှိကြသည်။ အင်္ဂါတစ်ခုစီသည် အခြားအင်္ဂါတစ်ခုနှင့် ကွဲပြား သော်လည်း အရေးကြီးသော လုပ်ငန်းဆောင်တာတစ်ခုခု ကိုမူ လုပ်ကြရသည်။ ကျွန်ုပ်၏လက်များသည် မျက်စိများ၏နေရာကို ၀င်ယူ၍မရသလို ကျွန်ုပ်၏ မျက်စိများကလည်း ကျွန်ုပ်၏လက်များလုပ်ကိုင်နိုင်သောအလုပ်ကို မလုပ်ဆောင်နိုင်ပါ။ ကျွန်ုပ်ကိုယ်ခန္ဓာ၏အင်္ဂါ တစ်ခုစီတိုင်းသည် အရေးပါသည်။
ခရစ်တော်၏ ကိုယ်ခန္ဓာတွင်လည်း ထိုကဲ့သို့ပင် အင်္ဂါ (သင်းဝင်သူ)များစွာရှိသည်။ သင်းဝင်သူ တစ်ဦးစီတိုင်းသည် အခြားသင်းဝင်သူများနှင့် ကွဲပြားသော်လည်း တဦးစီတိုင်းတွင် အရေးပါသော လုပ်ငန်းဆောင်တာတစ်ခုစီရှိကြသည်။ ကျမ်းစာက ခရစ်တော်၏ကိုယ်ခန္ဓာသည် ချစ်ချင်းမေတ္တာ အားဖြင့် မိမိဘာသာတည်ဆောက်၍ ""အဆစ်အပိုင်းများတို့သည် ကြီးပွားတက်၏"" ဟုဆိုသည်။ ဧဖက် ၄း၁၆


(၃) ဘုရားသခင်သည် သူခေါ်ယူ၍လုပ်ကိုင်စေသော အလုပ်ကိုလုပ်ကိုင်နိုင်ရန်အတွက် ယုံကြည်သူ တိုင်းကို တန်ဆာဆင်ပေးသည်။

ဘုရားသခင်က ယုံကြည်သူတိုင်းကို အလုပ်တစ်ခုစီပေးရုံမက၊ ထိုအလုပ်ကို လုပ်နိုင်ရန်အတွက် လည်း ယုံကြည်သူကိုပြင်ဆင်ပေးသည်။ သန့်ရှင်းသောဝိညာဉ်တော်က ယုံကြည်သူတိုင်းအား ဆုကျေးဇူး အချို့ကိုပေးထားသည့်အကြောင်းအရင်းမှာ သူတို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာအား ပိုမိုကြီးထွားလာရန် နှင့် ကျန်းမာအောင်လုပ်ဆောင်ရာတွင် ပါဝင်ကူညီပေးနိုင်ရန် ဖြစ်သည်။ ကျမ်းစာက ""ကောင်းသောအကျိုး အလိုငှာသာ ၀ိညာဉ်တော်ကို လူအသီးသီးတို့အား ထင်ရှားစွာပေးတော်မူလျက်ရှိ၏။ ၁ကော ၁၂း၇


(၄) ယုံကြည်သူတိုင်းက သူကိုအစေခံနိုင်ရန်အတွက် ဘုရားသခင်က အခွင့်အရေးတို့ကို ဖန်တီး ပြင်ဆင်ပေးသည်။

ဘုရားသခင်၏ အစီအစဉ်အရ၊ ဒေသန္တရအသင်းတော်သည် အရပ်ဒေသတခုခု၌ ခရစ်တော် ကိုယ်ခန္ဓာအနေဖြင့် အလုပ်လုပ်ရန်ဖြစ်သည်။ ယုံကြည်သူတိုင်းသည် သမ္မာကျမ်းစာကို ယုံကြည် သော၊ ခရစ်တော်ကိုချီးမြှောက်သော ဒေသန္တရအသင်းတော်တစ်ခု၏ တစိတ်တပိုင်းဖြစ်သင့်သည်။ သင်၏ ဆုကျေးဇူးများက ဘယ်အရာဖြစ်သလဲဆိုတာနှင့် မည်သို့အသုံးပြုရမည်ကို သင်ယူရန်အကောင်းဆုံး နေရာ ၌ ဤနေရာပင်ဖြစ်သည်။
ဒေသန္တရအသင်းတော်သည် ဘုရားသခင်ကို အစေခံရန်အတွက် တခုတည်းသောနေရာမဟုတ်ပါ။ ခရစ်ယာန်များစွာတို့သည် သူတို့၏ လုပ်ငန်းခွင့်၌ပင်၊ ခရစ်တော်၏အသက်တာကို အကောင်းဆုံးသက်သေ ခံနိုင်ကြသည်။ အချို့သည် မိမိတို့၏ နေအိမ်တွင် ကျမ်းစာသင်တန်းများ လက်ခံ ကျင်းပကြသည်။ အခြား သူတို့သည် သာသနာပြုများအနေဖြင့် ဘုရားသခင်အား အစေခံနိုင်ရန်အတွက် မိမိတို့၏ အသက်တာကို စွန့်လွှတ်ပူဇော် ကြသည်။ အခြားသူတို့ကမူ လူများကိုခရစ်တော်ထံပို့ဆောင်ပေးပြီး၊ The Mailbox Club Lessons များကဲ့သို့သော ကျမ်းစာသင်ခန်းစာများကို ဖြန့်ဝေခြင်း အားဖြင့် လူတို့အားဘုရားသခင်၏ နှုတ်ကပတ်တော် ၌ ကြီးထွားရင့်သန်စေကြသည်။
အစေခံနိုင်ရန်အတွက် အခွင့်အရေးတို့မှာ အကန့်အသတ်မရှိပေ။ သို့သော် သူက သင့်ကိုလုပ်စေလို သောအရာကိုမူ သိရှိရမည်။


ကျွန်ုပ်တို့သည် အခြားခရစ်ယာန်များနှင့်ယှဉ်ပြိုင်နေခြင်းမဟုတ်ပါ။

ဘုရားသခင်အတွက် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုကို အပြေးပြိုင်ပွဲတစ်ခုနှင့် ခိုင်းနှိုင်းနိုင်သည်။ ကျမ်းစာက "".... ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲ ပြေးကြကုန် အံ့"" ဟုဆိုသည်။ ဟေဗြဲ ၁၂း ၁
ကျွန်ုပ်တို့သည် အခြားယုံကြည်သူများနှင့် ယှဉ်ပြိုင်နေခြင်းမဟုတ်ကြောင်းကို နားလည်ပါက၊ ကျွန်ုပ်တို့အတွက် အထောက်အကူရလိမ့်မည်။

53
ညီအစ်ကိုတဦးက ""ဘုရားသခင်က ယုံကြည်သူတဦးစီတိုင်း ကို ကွဲပြားအောင်ဖန်ဆင်းခဲ့ရုံသာမက၊ တဦးစီတိုင်းအား အထူး""ပြေးလမ်းကြောင်း"" တစ်ခုစီ ပေးထားပြီး ကျွန်ုပ်တို့သည် မည်သူနှင့်မျှ ယှဉ်ပြိုင်နေခြင်းမဟုတ်ပါ။ ဘုရားသခင်သည် ခရစ်ယာန်အားလုံးကို ပြေးလမ်းကြောင်း တစ်ခုတည်း ပေါ်သို့တင်၍ ""ကဲပြေးကြဟေ့။ ဘယ်သူနိုင်လဲကြည့်ရအောင်""ဟူ၍ မပြောပါ သူသည် ကျွန်ုပ်တို့တဦးစီတိုင်းအား မိမိကိုယ်ပိုင် ပြေးလမ်းကို ပေးထားပြီး ""သင့်အတွက် ငါစီမံပေးထား သော ပန်းတုံးတိုင်သို့ ပြေးလော့""ဟု ပြောမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်လုပ်ရမည့်အရာမှာ ""ကျွန်ုပ်၏ ပြေးလမ်းကြောင်း"" (ကျွန်ုပ်ဘ၀အတွက် ဘုရားသခင်၏ အလိုတော်)ကို ရှာဖွေရန်ပင်ဖြစ်သည်။


ကျွန်ုပ်တို့အတွက် ဘုရားသခင်စီမံပေးထားသောနေရာကို မည်သို့တွေ့ရှိနိုင်မည်နည်း?

ခရစ်တော်၌ ဘုရားသခင်သည် ယုံကြည်သူတိုင်းအား သူ့ကို အစေခံနိုင်ရန် အခွင့်အရေးကို ပေးအပ် ထားသည်။ သင့်အတွက် ဘုရားသခင် ပြင်ဆင်စီမံပေးထားသော လုပ်ငန်းဆောင်တာကို သင်သည် မတွေ့ရှိ သေးပါက၊ သင့်ဘ၀အတွက် သူ၏ရည်ရွယ်ချက်ကို သင်သည် မဖြည့်ဆည်း နေသေးပါ။
သင့်အတွက် စီမံထားသော ဘုရားသခင်၏အလုပ်ကို ဘာကြောင့် မတွေ့ရှိသလဲဟု သင်တွေးတော နေပါက၊ သင်သည် ဘုရားသခင်ထံ လုံးဝ ဥသုန် မိမိကိုယ်ကို ဆပ်ကပ်အပ်နှံမှုမရှိသေးသောကြောင့် ဖြစ်ချင်ဖြစ်လိမ့်မည်။ ခရစ်ယာန်တိုင်းသည် မိအလုပ်ကိုဘေးဖယ်ထား၍ ဧ၀ံဂေလိတရား ကို အချိန်ပြည့် ဟောပြောရန် မလိုအပ်သော်လည်း မိမိကိုယ်ကို သူထံတွင် လုံးဝဥသုန်ဆပ်ကပ်အပ်နှံရန်လိုအပ်သည်ဟု ဘုရားသခင်က ပြောထားသည်။
ကျွန်ုပ်တို့သည် သူ့ထံတွင် လုံးဝဥသုန်ဆပ်ကပ်ရမည်။ ထိုမှသာ ကောင်းမြတ်သောအရာ၊ စုံလင် သောအရာနှင့် ဘုရားသခင် အလိုတော် ရှိသောအရာသည် ဘယ်အရာဖြစ်သည်ကို သင်နိုင်မည်ဖြစ်သည်။ ဤအရာသည် ကျွန်ုပ်တို့ ပြုအပ်သော ၀တ်ဖြစ်သည်။ ကျမ်းစာက ""ညီအစ်ကိုတို့၊ အသက်ရှင်ခြင်း လက္ခဏာ၊ သန့်ရှင်းခြင်း လက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့်ပြည့်စုံသော ယဇ်ကိုသင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင် အား ဆပ်ကပ်ခြင်းတည်းဟူသော၊ သင်တို့ပြုအပ်သောဝတ်ကို ပြုမည် အကြောင်း၊ ဘုရားသခင်၏ ဂရုဏာတော်ကို ထောက်ထား၍ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်၏။ သင်တို့သည် လောကီပုံသဏ္ဍာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သော အရာ၊ စုံလင် သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည် အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍၊ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့""ဟုဆိုသည်။ ရောမ ၁၂း ၁-၂
ဘုရားသခင်သည် သူ့သားတော်အရင်း၏ အသွေးတော်အားဖြင့် ကျွန်ုပ်တို့ကို ၀ယ်ယူခဲ့သည်။ ကျွန်ုပ်တို့သည် သူနှင့်သက်ဆိုင်သည်။ သို့ဖြစ်၍ သူနှင့်သက်ဆိုင်သောအရာကို သူ့ကိုဆပ်ကပ်ခြင်းသည် ပြုအပ်သောဝတ်ပင်ဖြစ်သည်။
"The Christian's Secret of a Happy Life" ဟုအမည်ရသော လူသိများသည့်စာအုပ်ကို ရေးခဲ့ သူ Mrs. Hannah Whitall Smith က သူ၏ မိတ်ဆွေတဦးအား ဆက်ကပ်အပ်နှံခြင်း၏ အရေးပါမှုနှင့် အဓိပ္ပာယ်ကို မည်သို့ရှင်းပြခဲ့ပုံကို ပြောပြသည်။
ကျွန်မက ဆေးရုံကြီးတစ်ရုံရဲ့ အကြီးအကဲဖြစ်တဲ့ ဆေးပညာရှင်တစ်ဦးအား ဆပ်ကပ်အပ်နှံခြင်း၏မရှိမဖြစ် အရေးပါမှုနှင့် အဓိပ္ပာယ်ကို ရှင်းပြဖို့ ကြိုးစားနေခဲ့သော်လည်း သူကနားလည်တဲ့ပုံမပေါ်ပါဘူး နောက်ဆုံးမှာတော့ ကျွန်မက သူ့ကို ""ရှင်ဟာ လူနာများကိုလှည့်ပတ်ကြည့်ရှုတယ်ဆိုပါစို့။ သူတို့ထဲက လူနာတစ်ယောက်က ရှင့်ရဲ့စောင့်ရှောက်မှုအောက်မှာ ကုသမှုခံယူလိုတယ်လို့ ရိုးသားစွာပြောလာပါတယ် ဒါပေမယ့် သူ့ရဲ့ရောဂါလက္ခဏာ တွေအားလုံးကို ပြောဖို့နဲ့ရှင်ညွှန်ကြားတဲ့ ဆေးဝါးအားလုံးကိုသောက်ဖို့ ငြင်းပြီး အဲဒီလူနာက "ဆရာ၊ ဆရာရဲ့ညွှန်ကြားချက်တွေကို အတိုင်းအတာ တစ်ခု လောက်တော့ လက်ခံနိုင် ပါတယ်။ ကျွန်တော်ကိုယ်တိုင်က ကောင်းတယ်လို့ထင်တဲ့အရာတွေပေါ့ဆရာရယ်။ ဒါပေမယ့် တချို့ကိစ္စ တွေမှာကျတော့ ကျွန်တော်ဘာသာဆုံးဖြတ်ပြီး ကျွန်တော်ကောင်းတယ်လို့ထင်တဲ့ဆေးတွေပဲ သောက်ပါ မယ်ဟု ရှင့်ကိုပြောလာပါက ရှင်ဘယ်လိုလုပ်မှာလဲ""
"ဘာလုပ်မလဲ၊ ဟုတ်လား" သူက ဘ၀င်မကျသောလေသံဖြင့် ပြန်ပြောသည်။ "အဲဒီလိုလူကို သူဘာသာသူ စောင့်ရှောက်ဖို့ ငါထားခဲ့မှာပေါ့"။ သူကဆက်ဖြည့်ပြောသည်မှာ "သူ့ကိစ္စတစ်ခုလုံးကို ငါလက်ထဲ ချွင်းချက်မရှိ မအပ်မနှံမချင်း သူ့အတွက်ငါဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ငါညွှန် ကြားချက်တွေကိုလည်း တသွေမတိမ်းနာခံဖို့ လိုတာပေါ။"
""ဒါဆို ဆရာဝန်တဦးက သူ့ရဲ့လူနာတွေကို ကုသနိုင်ဖို့ဆိုရင် လူနာတွေဘက်က ဆရာဝန်ရဲ့ စကားကို တသွေမတိမ်း နာခံဖို့လိုတယ်လို့ ဆရာဆိုလိုတာလား""ဟု ကျွန်မကမေးလိုက်သည်။
""ဟုတ်တယ်။ တသွေးမတိမ်းနာခံရမည်""ဟု သူက တိကျပြတ်သားစွာ ပြန်ဖြေသည်။
""ဟုတ်ပြီ။ ကျွန်မပြောချင်တဲ့ ဆပ်ကပ်အပ်နှံခြင်းဆိုတာ အဲ့ဒါပဲ။ ကိစ္စတစ်ခုလုံးကို ဘုရားသခင့် လက်ထဲ ချွင်းချက်မရှိ အပ်နှံရမည်။ သူ့ရဲ့ညွှန်ကြားချက်တွေကိုလည်း တသွေမတိမ်း လိုက်နာရမယ်""ဟု ကျွန်မက ပြောခဲ့သည်။
""ငါသိပြီ""ဟု သူက အလန့်တကြား ထအော်သည်။ ငါသိမြင်ပြီ၊ ပြီးတော့ ငါလုပ်မယ်၊ ဒီနေ့ကစပြီး ငါ့ဘ၀နဲပပတ်သက်ပြီး သူ့စိတ်ကြိုက် လုပ်ခွင့်ပေးမယ်"" (Mrs. Hannah Whitall Smith "The Christian's Secret of a Happy Life" )
သင်သည် သင့်အသက်တာကို လက်မလွှတ်မချင်း၊ ဘုရားသခင်က သင့်ကိုအသုံးမပြုနိုင်ပါ။ သင်က သင့်သူငယ်ချင်းတဦးကို စာအုပ်ကမ်းပေးသည်ဆိုပါစို့။ စာအုပ်ကိုကိုင်ထားသော သင်၏လက်ကို မလွှတ်ပါက၊ သင်၏သူငယ်ချင်းသည် စာအုပ်ကိုအသုံးပြုနိုင်မည်လော? အသုံးမပြုနိုင်ပါ။ သင်၏လက် ကိုမလွှတ်မချင်း၊ သူသည်စာအုပ်ကို အသုံးပြုနိုင်လိမ့်မည်မဟုတ်ပါ။ ထိုကဲ့သို့ပင် သင့်အသက်တာကို လက်လွှတ်၍ ဘုရားသခင်ထံ မဆပ်ကပ်မအပ်နှံမချင်း၊ ဘုရားသခင်က သင့်ကိုအသုံးမပြုနိုင်ပါ။

စစ်မှန်သောအရေးပါမှု

စစ်မှန်သောအရေးပါမှုအား ငွေ (သို့) ပိုင်ဆိုင်မှုများရှိခြင်းဖြင့ှ် မရရှိလာပါ။ ကြီးကြယ်သောအလုပ်များကို လုပ်ခြင်းအားဖြင့်လည်း မရရှိပါ။ ကျော်ကြားမှု နှင့် လူများ၏ချီးမွမ်းခြင်းတို့မှလည်း မရရှိနိုင်ပါ။ ဤအရာ အားလုံးတို့သည် အချိန်တန်လျှင် ရွေ့လျားပျောက်ကွယ်သွားလိမ့်မည်။ ကျမ်းစာက ""သင်သည် ကြီးစွာ သောအရာတို့ကို ကိုယ်အဘို့ ရှာသလော။ မရှာနှင့်""ဟု ပြောထားသည်။ ယေရမိ ၄၅း ၅
ခရစ်တော်၏ကိုယ်ခန္ဓာ၌ ကျွန်ုပ်အတွက် ဘုရားသခင်စီမံထားသောအလုပ်ကို လုပ်ခြင်းအားဖြင်သာ စစ်မှန်သောအရေးပါမှုကိုရနိုင်သည်။ ခရစ်တော်၌ဘုရားသခင်ကယုံကြည်သူတိုင်းအတွက် အသက်ရှင်ဖို့ရာ အဓိပ္ပာယ်ရှိသော ရည်ရွယ်ချက်တစ်ခုကို စီမံပေးထားသည်။ သူ့အလိုတော်ကို လုပ်ဆောင်ရန်အတွက် မိမိ ကိုယ်ကို လုံးဝဥသုန်ဆက်ကပ်အပ်နှံသောအခါ၊ ကျွန်ုပ်သည် ဘုရားသခင်၏ ထာဝရကာလအစီအစဉ်၏ တစိတ်တဒေသ ဖြစ်လာသည်။ ကျွန်ုပ်သည် အဖိုးတန်ကြောင်းကို သိလာသည်။

54


""ဘ၀တစ်ခုသာရနိုင်ပြီး ဤဘ၀သည် မကြာမီ ကုန်ဆုံးသွားမည်။
ခရစ်တော်အတွက် လုပ်ခဲ့သောအရာတို့သည်သာ ထာဝရကာလ တည်မြဲမည်။""
ကျွန်ုပ်တွင် ငွေနှင့်ပိုင်ဆိုင်မှုများ ရှိချင်မှရှိမည်။ လူသိလည်းမများပါ။ စီးပွားရေး၌လည်း အောင်မြင်ချင်မှအောင်မြင်မည်။ သို့သော် စကြာဝဠာကို အုပ်စိုးသောသူနှင့်သက်ဆိုင်ရခြင်းအတွက် စိတ်လှုပ်ရှား၍ ၀မ်းမြောက်နိုင်သည်။ သူ့အလိုတော်ကို လုပ်ဆောင်ခြင်းအားဖြင့်သာ နက်ရှိုင်းသောကျေနပ် မှုကို ရနိုင်သည်ကို ကျွန်ုပ်သိသည်။ ကျွန်ုပ်၏ဘ၀သည် ထာဝရကာလအရေးပါကြောင်းကို သိနိုင်သည်။ ကျမ်းစာက ""လောကနှင့် လောကီတပ်မက်ခြင်း သည် ရွေ့လျားပျောက်ကွယ်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်သောသူမူကား နိစ္စထာဝရတည်၏။"" ၁ယော ၂း ၁၇
ဘုရားသခင်၏ သားသမီးတဦးဖြစ်ရခြင်း၊ ဘုရားသခင်ရွေးချယ်ပေးထားသော နေရာတွင် ရှိရခြင်း၊ ကျွန်ုပ်အတွက် သူစီမံပေးထားသော အလုပ်ကို လုပ်ရခြင်းထက်၊ သာ၍အရေးကြီး၍ ကျေနပ်ဖွယ်ကောင်း သောအရာ ကျွန်ုပ်အတွက်မရှိပါ။ ကျွန်ုပ်သည် တန်ဖိုးမရှိဟု ခံစားရသောအချိန်များ သေချာပေါက်ရှိလာ နိုင်သည်။ သို့သော် ကျွန်ုပ်သည် ကျွန်ုပ်၏ခံစားချက်များအားဖြင့် အသက်မရှင်ရပါ။ ဘုရားသခင်၏ ဖြစ်ရပ်မှန် တို့ကို ယုံကြည်ခြင်း အားဖြင့် အသက်ရှင်ရမည်။
ဖြစ်ရပ်မှန်များ၊ ယုံကြည်ခြင်းနှင့် ခံစားချက်တို့၏ အခြေခံမူစည်းမျဉ်းကို မှတ်မိပါသလား။ မူစည်းမျဉ်းက ဘုရားသခင်၏ဖြစ်ရပ်မှန်အပေါ် သင် ယုံကြည်ပြီးမှ အလိုလို ခံစားချက်များ ပေါ်လာပါစေ။

ဘုရားသခင်၏ ဖြစ်ရပ်မှန်များ....

ကျွန်ုပ်သည် ခရစ်တော်ကိုယ်ခန္ဓာ၏ သင်းဝင်သူတစ်ဦးဖြစ်သောကြောင့် တန်ဖိုးရှိသူတဦးဖြစ်သည် ဘုရားသခင်တွင် ကျွန်ုပ်အတွက် စီမံ ပေးထားသော အရေးကြီးသည့်လုပ်ငန်းဆောင်တာ တစ်ခုရှိပြီး သူလုပ်စေလိုသောအရာကို လုပ်နိုင်ရန်အတွက် သန့်ရှင်းသော ၀ိညာဉ်တော်ကို ကျွန်ုပ်အားပေးထားသည်။


ကျွန်ုပ်၏ယုံကြည်ခြင်း....

သခင်ခရစ်တော်၏ ကိုယ်ခန္ဓာ၌ အရေးကြီးသောနေရာကို ပေးထားသည့်အတွက် ကျေးဇူးတင်ပါ၏ ကျွန်ုပ်အတွက် ဘုရားသခင် စီမံထားပေးသော အလုပ်ကို သိနိုင်ရန်နှင့် လုပ်နိုင်ရန်အတွက် ဘုရားသခင်ကို ယုံကြည် အားကိုးပါ၏။


ကျွန်ုပ်၏ခံစားချက်များ ....
ကျွန်ုပ်သည် တန်ဖိုးရှိ၍ အရေးပါသူတဦးဖြစ်ကြောင်းကို သိရသည့်အတွက် ပျော်ရွှင်ဝမ်းမြောက်၍ ငြိမ်သက်ခြင်းကိုရပါ၏။


ရှာဖွေတွေ့ရှိသော ရတနာ

စစ်မှန်သော အရေးပါမှုသည် ခရစ်တော်၏ခန္ဓာ၌ ကျွန်ုပ်အတွက် ဘုရားသခင်၏လုပ်ဆောင်ချက်ကို တွေ့ရှိပြီး ယင်းကို လုပ်ဆောင်ခြင်းဖြင့် ရရှိလာသည်။



မေးခွန်းများ

မှန်/မှား

၁။ ကယ်တင်ခြင်းမှလွဲ၍ လူတိုင်း၏ အနက်ရှိုင်းဆုံးအတွင်းပိုင်း လိုအပ်ချက်မှာ မိမိကိုယ်ကို အရေး ပါသူတဦးအဖြစ် သတ်မှတ်နိုင်ရန်ဖြစ်သည်။

၂။ အရေးပါမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏လိုအပ်ချက်ကို ဘုရားသခင်က ကျွန်ုပ်တို့အား ခရစ်တော် အတွင်းသို့ထည့်ခြင်းအားဖြင့် ဖြည့်ဆည်း ပေးသည်။

၃။ ခရစ်တော်ကိုယ်ခန္ဓာ၏ သင်းဝင်သူတဦး ဖြစ်လာနိုင်ရန်အတွက် ယုံကြည်သူတဦးက လှမ်းရမည့် အထူးခြေလှမ်းများရှိသည်။

၎။ ဘုရားသခင်က လုပ်ဆောင်ရမည့်အလုပ်ကို ကျွန်ုပ်တို့အားပေးပြီး ထိုအလုပ်ကိုလုပ်ရန်အတွက် ဆုကျေးဇူးကိုမူ မိမိဘာသာ ရှာဖွေရမည်။

၅။ ယုံကြည်သူများအနေဖြင့်၊ ကျွန်ုပ်တို့သည် တူညီသောပြေးလမ်းတစ်ခုတည်း၌သာပြေးကြသည်။

၆။ ရှောလမုန်သည် သူ့တွင်ဥစ္စာပစ္စည်းများနှင့် အောင်မြင်မှုများရရှိခဲ့သောကြောင့် ကျေနပ်ရောင့်ရဲ့ခဲ့ သည်။

၇။ ယုံကြည်သူတိုင်းသည် ခရစ်တော်ကိုယ်ခန္ဓာ၏ သင်းဝင်သူများဖြစ်သည်။

၈။ ယုံကြည်သူတိုင်းသည် တဦးနှင့်တဦး ကွဲပြားသောကြောင့် ခရစ်တော်၏ကိုယ်ခန္ဓာအတွက် အရေးပါပုံချင်း မတူညီကြပါ။

၉။ ဘုရားသခင်သည် သူကိုအစေခံနိုင်ရန်အတွက် အခွင့်အရေးကို ယုံကြည်သူတိုင်းအတွက် ပြင်ဆင် ပေးသည်။

၁၀။ သင်သည် သင့်အတွက် စီမံပေးထားသော ဘုရားသခင်၏အလုပ်ကို မတွေ့ရှိပါက၊ သင်သည် သင့်ဘ၀အတွက် သူ၏ရည်ရွယ်ချက်ကို မဖြည့်ဆည်းသေးပါ။
ရဲလင်းထွန်း (အင်းစိန်)

55
Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support