HCF

HCF MYANMAR IN SINGAPORE

Monday, January 17, 2011

အသစ်သောတန်ခိုး

A New Power

New Life in Christ Course III

Lesson 12

ဖတ်ရန်ကျမ်းချက်။ (ဂလာ၊၅း၁၆-၂၅)(ရောမ၊၇း၁၅-၈း၁၃)

သော့ချက် ကျမ်းပုဒ်။

''ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲ နေကြလိမ့်မည်။''

(ဂလာ၊၅း၁၆)

ခရစ်ယာန်တိုင်း၏အထဲ၌ ဆန့်ကျင်ဘက်တန်ခိုးနှစ်ခုရှိပါသည်။ ဇာတိပကတိနှင့်ဝိညာဉ်ပကတိဟူ၍ နှစ်မျိုးရှိသည်။ သန့်ရှင်း သော ဝိညာဉ်တော်သည် ဘုရားသခင်၏အလိုကိုသာ လုပ်စေလိုပြီး၊ သို့သော် ဇာတိပကတိက မိမိ၏စိတ်ကျေနပ်မှုကိုသာ လုပ်စေလိုသည်။ ဤ တန်ခိုးနှစ်ခုကို စဉ်းစားဆင်ခြင်ကြပါစို့။


ဇာတိပကတိ။

လူသားတိုင်း မွေးရာပါအပြစ်ဗီဇပါရှိပြီး ကျမ်းစာက ယင်းကို ဇာတိပကတိလို့ ခေါ်ပါသည်။ ဇာတိပကတိသည် ကယ်တင်ခြင်းသို့ မရောက်သေး သောသူတိုင်း၌ ရှိသော တခုတည်းသော ဇာတိပကတိသဘော ဖြစ်သည်။


ဝိညာဉ်ပကတိ။

အသစ်တဖန် မွေးဘွားချိန်၌ အံ့ဘွယ်ရာကား သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူ၏အထဲ၌ ဝင်ရောက်လာခဲ့ပေပြီး။ ထို့ကြောင့် ခရစ်ယာန်များ၏အထဲ၌ ဇာတိပကတိနှင့်ဝိညာဉ်ပကတိဟူ၍ နှစ်ခုရှိသည်။

အချို့သောခရစ်ယာန်များသည် ကယ်တင်ခြင်းသို့ရောက်ချိန်၌ မိမိတို့၏ဇာတိဟောင်းသည် ဖျက်ဆီးပစ်ခြင်း(သို့) ဖယ်ရှားပစ်ခြင်း ခံရပြီးဟု ယုံကြည်ကြသည်။ သို့သော် ထိုကဲ့သို့မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ကယ်တင်ခြင်းသို့ရောက်ချိန်၌ အပြစ်ဗီဇဟောင်းကို မဖယ်ပေးခဲ့ပါ။ ယင်းအစား သူ၏ဝိညာဉ်တော်ကို ပေးလျှက် အောင်မြင်ခြင်းကို ပေးခဲ့ပါသည်။ အသက်ရှင်နေသ၍ ဇာတိပကတိသည် ရှိနေ မှာဖြစ်ပြီး ကျွန်ုပ်တို့အထဲရှိ ဘုရား၏ဝိညာဉ်တော်ကို အမြဲဆန့်ကျင်နေမှာဖြစ်သည်။ ''အကြောင်းမူကား၊ ဇာတိပကတိနှင့်ဝိညာဉ်ပကတိသည် တပါးနှင့် တပါးဆန့်ကျင်သော အလိုရှိကြ၏။ တပါးနှင့်တပါး ဆန့်ကျင်ဘက်ဖြစ်၍၊ သင်တို့သည်ကျင့်ခြင်သောအကျင့်ကို မကျင့်နိုင်ကြ။'' (ဂလာ၊၅း၁၇)

ကျွန်ုပ်တို့အထဲ၌ရှိသော ဇာတိပကတိသည် ဘယ်ကလာသနည်း။ ဇာတိပကတိ အုပ်စိုးသောအသက်တာ၌ ဘာတွေဖြစ်နေသနည်း။ ဇာတိပကတိ ကိုဘယ်လို အောင်မြင်နိုင်မည်နည်း။


ဇာတိပကတိကား အဘယ်နည်း။

ဇာတိပကတိသည် ဘုရား မပါရှိသော လူသားများ၏ ဗီဇသဘာဝဖြစ်သည်။ လူသားတိုင်း၏ အထဲ၌ရှိပြီး ဘုရားသခင်နှင့်ခြားနား စေသည်။ ဇာတိပကတိကို ကျမ်းစာ၌များစွာတွေ့ရပြီး ၊၄င်း၌ ကောင်းခြင်းတခုကိုမျှ မတွေ့ရပါ။

၁။ ဇာတိပကတိသည် အလွန်မှအပြစ်ရှိသည်။

၂။ နာခံခြင်းမရှိပါ။

၃။ ဘုရားသခင်ကို မသိနိုင်ပါ။

၎။ ဘုရားသခင်၏စိတ်တော်နှင့်မတွေ့။

၅။ ကောင်းလာအောင်မပြုလုပ်နိုင်။

''ငါ့အထဲမှာငါ့ဇာတိပကတိ၌ ကောင်းသောအရာတစုံတခုမျှ မတည်သည်ကိုငါသိ၏။ အကြောင်းမူကား၊ ငါသည် ကျင့် ချင်သောစိတ် ရှိသော် လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍မတွေ့နိုင်''ဟုဆို၏။(ရော၊၇း၁၈)

အတ္တသည်ဇာတိပကတိ၏ ပုံသဏ္ဍာန်တခုဖြစ်၏။ ဇာတိပကတိ က မိမိ၏ အလိုဆန္ဒအတိုင်း အသက်ရှင်လိုသည်။ ဇာတိပကတိ ၏ အခြား သဏ္ဍာန်တခုမှာ အပြစ်တတ်မက်ခြင်းနှင့် ကိုယ်ကာယအလိုဆန္ဒများတို့ဖြစ်သည်။ အတ္တကို ဖယ်ပြီး ခရစ်တော်ဘုရင်အား အသက်တာ ၌ အုပ်စိုးခွင့် ပေးနေသည့်တိုင်အောင် အပြစ်တတ်မက်ခြင်းနှင့် ကိုယ်ကာယအလိုဆန္ဒများက ကျွန်ုပ်တို့အား ဆက်လက် သွေးဆောင် နေဆဲ ဖြစ်သည်။

ဇာတိပကတိသည် ဘယ်ကလာပါသလဲ။

အာဒံမှအစ ပြုခဲ့ပါသည်။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ အာဒံသည် ဝိညာဉ်တော်၏အုပ်စိုးခြင်းကို ခံရန်ဖြစ်သည်။ သို့သော် အာဒံသည် မနာခံခဲ့ပါ။ မနာခံချိန်မှ စ၍ ဝိညာဉ်ပိုင်းသေပြီး ဘုရားသခင်နှင့် အဆက်ပြတ်ကာ စိတ်နှင့်ခန္စာသည်လည်း အပြစ်ဖြစ်လာကာ မကောင်းတော့ပါ။ ဘုရား၏ဝိညာဉ်တော် အုပ်စိုးရမည့်အစါး ဇာတိပကတိလို့ခေါ်သော အပြစ်ရှိသောစိတ်နှင့်ခန္စာသည် အာဒံ၏ အသက်တာကိုအုပ်စိုးလာခဲ့၏။ အာဒံသည် လူသားမျိုးနွယ်၏ ဦးခေါင်း(အစ)ဖြစ်ပြီး သူ၏အပြစ်ဗီဇသဘောကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းခဲ့ ပါသည်။ ''အာဒံသည်...မိမိပုံသဏ္ဍာန်နှင့် တညီ တသဏ္ဍာန်တည်းသားကိုမြင်ရ၍၊'' (က၊၅း၃) ''အကြောင်းမူကား၊ တယောက်သောသူ နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ်ရောက်သည် နည်းတူ၊'' ဟု ဆို၏။ (ရော၊၅း၁၉)

ဇာတိပကတိအုပ်စိုးစဉ် ဘယ်ကဲ့သို့ဖြစ်မည်နည်။ သင်သိပါသလား။ လူ၏ကိုယ်ခန္စာသည် အပြစ်စက်ရုံဖြစ်လာသည်။ စက်ရုံသည် ကုန်ထုတ် လုပ်ရာ အဆောက်အဦးဖြစ်သည်။ ဇာတိပကတိအုပ်စိုးစဉ် လူ၏ကိုယ်ခန္စာသည် အပြစ်စက်ရုံအဖြစ်သို့ ပြောင်းလဲ သွားပါသည်။ သခင်ယေရှုက လူ၏ခန္စာ စက်ရုံထဲက ထွက်သော အရာများမှာ ''လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ လူအသက်ကို သတ်ခြင်း၊-သူ့ဥစ္စာကိုခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညှုးခြင်း၊ငြူစူခြင်း၊ သူ့အသရေ ကိုဖျက်ခြင်း၊ ထောင်လွားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊-ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှ ထွက်လာ၍ လူကို ညစ်ညှုးစေကြသည်ဟု မိန့်တော်မူ၏။''ဟုဆို၏။(မာ၊၇း၂၁-၂၃)



ဘုရားသခင်သည် ဇာတိပကတိကို မည်ကဲ့သို့ ဖြေရှင်းပေးခဲ့သနည်း။

ကျွန်ုတို့သည်ကယ်တင်ခြင်းသို့ရောက်ချိန်၌ ဇာတိပကတိသည် ဖျက်ဆီးခြင်း(သို့)ဖယ်ရှားခြင်းမခံခဲ့ရကြောင်းကို နားလည်ခဲ့ရပြီး။ ဇာတိပကတိ သည် ကယ်တင်ခြင်း သို့မရောက်မီကကဲ့သို့ပင် အပြစ်ရှိနေဆဲဖြစ်သည်။ ၄င်းသည် ကောင်းသောအရာအဖြစ်သို့ ဘယ်သော အခါမျှ မပြောင်းလဲနိုင်ပါ။

လူ၏ ကယ်တင်ခြင်းအမှုကို ပြည့်စုံစေခြင်းငှါ ဘုရားသခင်သည် ဒုစရိုက်အပြစ်များကိုခွင့်လွှတ်ခြင်း သာမက လူဟောင်းကို ခရစ်တော်နှင့် အတူ ကါးတိုင်၌ သေစေခဲ့ပြီး။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဇာတိပကတိ၏ အုပ်စိုးမှုအောက်၌ မရှိတော့ပါ။ ''ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီးဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏ အစေကိုမခံစေခြင်းငှါ၊ အပြစ်တရား၏ကိုယ်ကို ဖျက်ဆီးမည် အကြောင်းတည်း။''ဟုဆို၏။ (ရော၊၆း၆)(ဂလာ၊၂း၂ဝ)

ဘုရားက ဇာတိပကတိ၌ ရှိသောအပြစ်ကို အပြစ်ဒဏ်စီရင်ခဲ့ပြီး။ ဇာတိပကတိသည် ရှိနေသေးသော်လည်း အုပ်စိုးခွင့် မရနိုင်တော့ပါ။ ကျွန်ုပ်တို့ အပေါ်တန်ခိုးသည် ကျိုးပျက်ခဲ့ပြီး။ ကျွန်ုပ်သည်အပြစ်ပြုနိုင်သော်လည်း၊ မပြုလုပ်တော့ပါ။ ဇာတိပကတိကို ငြင်းပယ်နိုင်ပြီး ဖြစ်သည်။ ''သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ဇာတိပကတိအတိုင်းကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ကျွန် ဖြစ်ကြသည်မဟုတ်။'' (ရော၊၈း၁၂) ''ထို့ကြောင့်၊ သင်တို့၏ သေတတ်သောခန္ဓာ၏တတ်မက်ခြင်းအလိုသို့ လိုက်ရသည်တိုင်အောင် ၊အပြစ်တရားသည် ထိုကိုယ်ခန္ဓာ ၌အစိုးမရစေနှင့်။''ဟုဆို၏။(ရော၊၆း၁၂)


ဘုရားက အသစ်သောတန်ခိုးကို ပေးခဲ့ပြီး။

ဘုရားသခင်က ကါးတိုင်၌ ဇာတိပကတိကို အပြစ်စီရင်ခဲ့ခြင်းသာမက တန်ခိုးအသစ်တခုကိုပေးခဲ့၏။ ထိုတန်ခိုးသည် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည်။ ''ထိုသို့သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟုခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွတ်တော်မူ၏။''ဟုဆို၏။(ဂလာ၊၄း၆)


သန့်ရှင်းသောဝိညာဉ်သည် မည်သူနည်း။

သန့်ရှင်းသောဝိညာဉ်သည် ဘုရားသခင်ဖြစ်သည်။ တန်ခိုးသြဇာတခု သက်သက်မျှသာ မဟုတ်ပါ။ သူသည် ပုဂ္ဂိုလ် တဦးဖြစ်ပြီး၊ ဘုရား လည်း ဖြစ်သည်။ ကျွန်ုပ်တို့အမြဲတမ်း သိထားရန်မှာ ''ကျွန်ုပ်တို့အထဲ၌ရှိသော ဝိညာဉ်တော်သည် ပုဂ္ဂိုလ်ဖြစ်သည်။ ကျွန်ုပ်တို့စိတ် နှလုံးထဲ၌ ရှိသော ဘုရားသခင် ဖြစ်တော်မူ၏။ ''သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရား၏သားသမီးအယောက်တိုင်းအတွက် ဘုရားသခင်၏ ကျေးဇူး လက်ဆောင် ဖြစ် သည်။ သခင်ယေရှုကိုယုံကြည်သူတိုင်း၏အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်တော်မူ၏။ သင့်အား ဘယ် သောအခါမျှ စွန့်ပြစ်မည်မဟုတ်။ ယေရှု က ''ခမည်းတော်သည် သမ္ပာ တရား ကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသော ဥပဇ္ဈာယ်ဆရာ ကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေ စေခြင်းငှါ သင်တို့အား ပေးတော်မူမည်။''(ယော၊၁၄း၁၆)


သန့်ရှင်းသောဝိညာဉ်တော်က ဘါပြုလုပ်ပေးပါသနည်း။


၁။ သူသည် ဇာတိပကတိကို ဆန့်ကျင်တိုက်ခိုက်ပေးပါသည်။

ကျွန်ုပ်တို့အထဲ၌ရှိသော ဇာတိပကတိ၏ တန်ခိုးသည် အစွမ်းကြီးပေသည်။ တခါတရံ ကျွန်ုပ်တို့၏ဆန္ဒကိုပင် ကျော်လွန်၍ပင် တန်ခိုး ရှိပါ သည်။ ကျွန်ုပ်တို့သည် အမှန် မလုပ်ခြင်သောအရာများကို လုပ်မိတတ်ကြသည်။ တမန်တော်ကြီးပေါလုပင်လျှင် သူ၏ခွန်အားဖြင့် ဇာတိပကတိကို မအောင်နိုင်ခဲ့ပါ။ ရှင်ပေါလုက ''ငါသည်ကျင့်ခြင်သော အကျင့်ကောင်းကိုမကျင့်၊ မကျင့်ခြင်သောအကျင့်ဆိုးကို ကျင့်၏။''ဟု ဆိုသည်။ (ရော၊၇း၁၉) ဇာတိပကတိကို မိမိ၏ခွန်အားဖြင့် ကျိုးစားအောင်မြင်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့ အား ချန်မထားခဲ့ပါ။ သန့်ရှင်းသောဝိညာဉ်တော်ကို ပေးခဲ့ပြီး။ ဝိညာဉ်တော်က ကျွန်ုပ်ကိုယ်စား ဇာတိပကတိကို တာဝန်ယူ ဆန့်ကျင်တိုက်ခိုက် ပေးခဲ့ပြီး။

သန့်ရှင်းသောဝိညာဉ်သည် အပြစ်ကိုမုန်းပြီး၊ ကျွန်ုပ်တို့အထဲရှိ အပြစ်တိုင်းကို တိုက်ခိုက် ပေးနေသည်။ ''ဇာတိပကတိနှင့် ဝိညာဉ်ပကတိ သည် တပါးနှင့်တပါးဆန့်ကျင်သော အလိုရှိကြ၏။ တပါးနှင့်တပါး ဆန့်ကျင်ဘက်ဖြစ်၍၊''ဟုဆို၏။(ဂလာ၊၅း၁၇)

ဘယ်အရာက သာ၍ တန်ခိုးကြီးမည်နည်း။ ဇာတိပကတိလော(သို့)ဝိညာဉ်တော်လော။ ဝိညာဉ်တော်သည် အမှန် တန်ခိုးကြီးတော် မူ၏။ သို့သော် ကျွန်ုပ်တို့ဆန္ဒမပါဘဲနှင့် လွတ်ခြင်းအခွင့်ကို မပြုလုပ်ပါ။ ဇာတိပကတိ၏အကျင့်များမှ လွတ်မြောက်ရန် ရွေးချယ်ရပေမည်။ ဥပမာ-စိတ်တိုခြင်း သည် ဇာတိပကတိ၏အကျင့်တခုဖြစ်သည်။ ဤနေရာ၌ ရွေးချယ်ရပေမည်။ ဆက်လက် အခွင့်ပေးမလား။ သို့မဟုတ် လွတ်မြောက်ခြင်းကို ရွေးမလား။ ဘုရားသခင်က ဇာတိပကတိသည် မအုပ်စိုးရ၊ ယင်းအစား ဇာတိပကတိကို သေစေရပေမည်ဟု ပြောပါသည်။ ဤအရာ၌ သင်သည် ဘုရားသခင်နှင့် သဘောတူပါသလား။ ဇာတိပကတိအကျင့်တို့မှ လွတ်မြောက်ခြင်းကို သင်သည် ရွေးမည်လား။ သို့ဖြစ်ပါက၊ သင်သည် ခရစ်တော်နှင့် အတူ သေခဲ့ပြီး ကြောင်းကို သိမှတ်ပါ။ ဇာတိပကတိအကျင့်တို့ကို သေစေရန်ဝိညာဉ်တော်ကို ဆုတောင်း၍ အခွင့်ပေးပြီး၊ သူ့ကို လုပ်ဆောင်ပေးရန် ကိုးစားပါ။ ''ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင် ကြလိမ့်မည်။''ဟုဆို၏။ (ရော၊၈း၁၃ခ)


၂။ သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်၏အသက်တာကို ကျွန်ုပ်တို့အထဲ၌ရှိလာအောင် ပြုလုပ်ပေးပါသည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ဇာတိပကတိကို ဆန့်ကျင်တိုက်ခိုက်ပေးခြင်းသာမက ကျွန်ုပ်တို့၌ ခရစ်တော်၏အသက်တာ ရှိ လာအောင် ပြုလုပ်ပေးပါသည်။ သခင်ယေရှုက''ထိုသူသည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါ နှင့်စပ်ဆိုင်သောအရာ ကိုယူ၍ သင်တို့အား ဖေါ်ပြ လိမ့်မည်။''ဟု ဆို၏(ယော၊၁၆း၁၄)။ ခရစ်တော်သည် သန့်ရှင်းခြင်း၊ နူးညံ့သိမ်မွှေ့ခြင်း၊ ချစ်ခြင်း၊ စင်ကြယ်ခြင်း၊ ကြင်နာခြင်း၊ သီးခံခြင်း၊ အတ္တကင်းခြင်း၊ သစ္စာစောင့်ခြင်းတို့ဖြစ်သည်။ ခရစ်တော်၌ရှိသောအရာများကို ကျွန်ုပ်တို့၏ အသက်တာ၌ အမှန်ရှိလာရန် သန့်ရှင်းသောဝိညာဉ်သည် ပြုလုပ် ပေးပါသည်။ ခရစ်တော်၏အသက်တာကို ကျွန်ုပ်တို့အသက်တာ၌ ဖြစ်လာရန်ပြုလုပ်ပေးပါသည်။ ခရစ်တော်၏အသက်တာဖြစ်သော ဝိညာဉ်တော်အသီးကို၊ ကျွန်ုပ်တို့၌ ရှိလာစေသည်။ ''ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ စောင့်ခြင်း၊ -နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏချုပ်တည်းခြင်းပေ တည်း။''ဟုဆို ၏။ (ဂလာ၊၅း၂၂-၂၃)



လမ်းနှစ်သွယ်

ခရစ်ယာန်တယောက်အနေဖြင့် စိတ်ထဲ၌ တန်ခိုးနှစ်ခုရှိသောကြောင့် ရှေ့၌လည်း လမ်နှစ်သွယ်ရှိပေသည်။ ဇာတိပကတိ၌ လိုက်လျှောက် နိုင်သလို ဝိညာဉ်ပကတိ၌လည်း လိုက်လျှောက်နိုင်ပါသည်။ ဇာတိပကတိ၌ လိုက်လျှောက်ခြင်းသည် ဇာတိ၏အုပ်စိုးမှုအောက်၌ ရှိခြင်းနှင့် ဝိညာဉ်တော်၌ လိုက်လျှောက်ခြင်းသည် ဝိညာဉ်တော်၏အုပ်စိုးမှုအောက်၌ ရှိနေခြင်းကို ဆိုလိုပါသည်။ လူ၌ ဇာတိပကတိ အုပ်စိုးခြင်းကြောင့် ဖြစ်ပျက်သောအရာများကို နားလည်ခဲ့ရပြီး။ ဇာတိပကတိ၏ကြောက်ဘွယ်အပြစ်များသည် ကယ်တင်ခြင်းမခံရသေးသောသူများ၌ ဖြစ်နိုင်သကဲ့သို့ ခရစ်ယာန်တယောက်၏ အသက်တာ၌ လည်း ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့ မပြုလုပ်နိုင်သော အပြစ်တစုံတခုမျှမရှိ။ ကျမ်း စာက''ထိုကြောင့် အကြင်သူသည် မိမိ တည်ကြည်လျှက် နေသည် ဟုမိမိထင်မှတ်၏၊ ထိုသူသည်မလဲခြင်းငှါ သတိပြုစေ။''ဟု ဆို၏။ (၁ကော၊၁ဝး၁၂)

ဇာတိပကတိကို မည်ကဲ့သို့ အောင်မြင်မည်နည်း။

ဇာတိပကတိ၏တပ်မက်ခြင်းလမ်းမှ လွဲရှောင်ရန် ဝိညာဉ်ပကတိ၌ လိုက်လျှောက်ရပေမည်။ အဓိပ္ပါယ်မှာ ဝိညာဉ်တော်၏ အုပ်စိုး မှုအောက်၌ ရှိရမည်။ တမန်တော်ရှင်ပေါလုက ''ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏ အလိုသို့ မလိုက်ဘဲ နေကြလိမ့်မည်။''ဟုဆို၏။(ဂလာ၊၅း၁၆)


ဝိညာဉ်ပကတိ၌ မည်ကဲ့သို့ လိုက်လျှောက်မည်နည်း။

၁။ ဝိညာဉ်အရာများ၌သာ စိတ်စွဲလမ်းခြင်း ရှိစေရန် ပြင်ဆင်ထားရမည်။

ဝိညာဉ်တော်၌လိုက်လျှောက်ရန် စိတ်ကို ဝိညာဉ်အရာများ၌သာရှိစေရမည်။ ဘုရားသခင်နှင့်တဦးတည်း တိတ်ဆိတ်စွာအချိန် ယူခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းစကားပြောခြင်းဖြင့် တနေ့တာ၏အစ၌ နေ့တိုင်းပြုသင့်သည်။ နေ့စဉ် ဖြစ်နိုင်က ခရစ်တော်နှင့်သူ၏ နှုတ်ကပတ်တော်၌သာ စိတ်စွဲလမ်းရမည်။ ဝိညာဉ်အရာများနှင့် စိတ်တွင်ပြည့်စေလျှင် ဝိညာဉ်တော်သည် အသက်တာ၌ အုပ်စိုးနေကြောင်း ခံစား သိရှိရသည်။ တဘက်၌ ဇာတိပကတိအရာများနှင့် စိတ်တွင်ပြည့်စေလျှင် အပြစ်ပြုခြင်းသို့ ဦးတည်စေပြီး၊ ဘုရားသခင်နှင့်မိဿဟာယ ပျက်နိုင် ပါသည်။ ဇာတိပကတိစိတ်သည် သေခြင်းနှင့်စပ်ဆိုင်ပြီး၊ ဝိညာဉ်ပကတိစိတ်သည် အသက်ရှင်ခြင်းနှင့် ငြိမ်သက်ခြင်းကို ဖြစ်စေသည်။

စိတ်တွင်ဘယ်အရာများက နေရာယူနေပါသနည်း။ သင်၏ငွေကြေးနှင့်အချိန်များကို ဘယ်အတွက်သာ သုံးစွဲပါသနည်း။ အရင်းခံ အကြောင်း ကို ရှာဖွေပါ။ ဝိညာဉ်ပကတိ လော သို့ မဟုတ် ဇာတိပကတိအတွက် လော သိရှိရပေမည်။

၂။ အသက်တာကိုဝိညာဉ်တော်၌အပ်နှံခြင်း။

ဝိညာဉ်တော်၌အပ်နှံခြင်းသည် ဝိညာဉ်တော်ကို အုပ်စိုးခွင့်ပေးခြင်းဖြစ်သည်။ ဇာတိပကတိကို အခွင့်မပေးရပေ။ ဇာတိပကတိကို သေစေရမည်။ ကျမ်းစာ၌ ''ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကို၎င်း၊ လက် ဝါးကပ်တိုင်မှာ ရိုက်ထား ကြပြီး။''ဟု ဆိုသည်။(ဂလာ၊၅း၂၄)

၃။ ဝိညာဉ်တော်ကိုအားကိုးယုံကြည်ခြင်း။

ဝိညာဉ်တော်ကို ယုံကြည်ကိုးစားရပေမည်။ မိမိ၏ခွန်အားဖြင့် ဇာတိကို မအောင်နိုင်ပါ။ ဝိညာဉ်တော်သည် ဇာတိပကတိကို အောင် နိုင်ခဲ့သူ ဖြစ်၍ သူ၏လုပ်ဆောင်ပေးခြင်းကို ကိုးစားပါ။ ဝိညာဉ်တော်ကို ကိုးစားခြင်းဖြင့် သူသည် ခရစ်တော်၌ရှိသော အသက်တာကို ကျွန်ုပ်တို့၌ ရှိလာအောင် ပြုလုပ်ပေးပါလိမ့်မည်။ ခရစ်တော်၏အသက်သည် ဇာတိပကတိကို အောင်နိုင်ခဲ့ပြီး။


တွေ့ရှိသော ရတနာ

ဝိညာဉ်တော်၌ လိုက်လျှောက်ခြင်းနှင့်အမျှ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်ုပ်တို့၌ ခရစ်တော်၏အသက်တာကို ပြုလုပ်ပေးပြီး၊ ဇာတိပကတိ ကို အောင်မြင် ကျော်လွှား ခွင့်ပေးပေမည်။

ဆုတောင်းခြင်း။ ''ကောင်းကြီးမင်္ဂလာနှင့်ပြည့်စုံတော်မူသော သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ ကျွန်ုပ်၏အထဲ၌ ရှိတော်မူသောကြောင့် ကျေးဇူး တင်ပါ သည်။ ကိုယ်တော်အား ယုံကြည်ကိုးစားခြင်းနှင့် နာခံခြင်း ရှိစေတော်မူပါ။ သို့ဖြစ်၍ ဇာတိပကတိအလိုသို့ မလိုက်ပါဘဲ နေပါ လိမ့်မည်။''


မေးခွန်းများ

၁) ခရစ်ယာန်တိုင်း အတွင်း၌ ဆန့်ကျင်ဘက် တန်ခိုးနှစ်ခုရှိသည်။

က) ဇာတိပကတိ နှင့် ၀ိညာဉ်ပကတိ။

ခ) ပျင်းရိခြင်းနှင့် ကြိုးစားလုပ်ဆောင်ရန်ရှိခြင်း။


၂) ဇာတိပကတိသည်

က) ဘုရားသခင် ကို ကျေနပ်စေသည်။

ခ) ဘုရား မပါရှိသော လူ၏ဗီဇ သဘာဝ။


၃) ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့်အတူလက်ဝါးကပ်တိုင်၌ အသေခံစေသည်။ ထိုကြောင့်

က) ဇာတိပကတိသည် ကျွန်ုပ်တို့ကို အုပ်စိုးခွင့်မရှိတော့ပါ။

ခ) ကျွန်ုပ်တို့အတွက် အပြစ်ကိုပြုရန် အခွင့် ရကောင်းရပေလိမ့်မည်။


၎) ရောမ၊ ၆း၆ က ကျွန်ုပ်တို့အား ဆိုသည်မှာ ကျွန်ုပ်တို့၏လူဟောင်းသည် ခရစ်တော်နှင့်အတူလက်ဝါးကပ်တိုင်၌အသေသတ်ခြင်းကိုခံခြင်းဖြင့် ဇာတိပကတိသည်၊

၁) တန်ခိုးရှိသည်။

၂) တန်ခိုးမရှိတော့ပါ။

၅) ဇာတိပကတိသည် ကျွန်ုပ်တို့အပေါ် အုပ်စိုးရန်အခွင့် တစုံတရာ ရှိပါသေးသလား။

က) ရှိသည်။

(ခ) မရှိတော့ပါ။၏


၆) သန့်ရှင်းသောဝိညာဉ်တော်သည် ……ဖြစ်သည်။

က) ဘုရားသခင်

ခ) ပဂ္ဂိုလ်တပါး

ဂ) အထက်ပါ နှစ်ပါးစလုံး။


၇) ကျွန်ုပ်တို့အတွင်း၌ရှိသော သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက် နှစ်ခုမှာ (၁) သူသည် ဇာတိပကတိကို တိုက်ခိုက်ပေးခြင်းနှင့်………………..။

က) သူသည် ကျွန်ုပ်တို့၌ ခရစ်တော်၏အသက်တာကို ပြုလုပ်ပေးသည်။

ခ) သူသည် ထိုသို့ပြုပေးသဖြင့် ကျွန်ုပ်တို့ အပြစ်ကို ဘယ်သောအခါမျှ မပြုတော့ပါ။


၈) သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏အလိုဆန္ဒမပါဘဲ ကျွန်ုပ်တို့၌လွှတ်ခြင်းအခွင့်ကို ပြုလုပ်ပေးပါသလား။

(က) ပြုလုပ်သည်။ (ခ ) မပြုလုပ်ပါ။


၉) ဇာတိပကတိ၌ကျင်လည်ခြင်းသည်၊

က) ဇာတိပကတိ အုပ်စိုးမှုအောက်၌ရှိနေရန်။

ခ) ဘုရားသခင်သည် သင်၌ ရှင်စေလိုသည့်အတိုင်း ရှင်နေခြင်း။


၁၀) ၀ိညာဉ်တော်၌လျှောက်လှမ်းရန် အကြောင်းအရာ သုံးချက် လိုအပ်သည်။ ကျွန်ုပ်တို့သည် ၀ိညာဉ်တော်အရာများ၌ စိတ်စွဲလန်းခြင်း ပြုရမည်။ ကျွန်ုပ်တို့သည် ၀ိညာဉ်တော်၌ ယုံကြည်ကိုးစားရမည်။ တတိယအချက်ကား အဘယ်နည်း။

က) ၀ိညာဉ်တော်၌ ကျွန်ုပ်တို့ အပ်နှံရမည်။

ခ) ဇာတိပကတိ၌ ကျွန်ုပ်တို့ အပ်နှံရမည်။


အန်ဒရူး





Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support