HCF

HCF MYANMAR IN SINGAPORE

Monday, January 31, 2011

မဟာအမူ့တော်မြတ်ကြီး

မဟာအမှုတော်မြတ်ကြီး

The Great Commission

New Life in Christ Course III

Lesson 19

ဖတ်ရန် ကျမ်းစာ ။ ရောမ၊ ၁ဝ-၁၅။

သော့ ကျမ်းချက်၊ ။''သင်တို့သည် လောကီနိုင်ငံ အရပ်ရပ် ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။ '' (မာ၊ ၁၆း၁၅)

အသင်းတော်နှင့် ပတ်သက်သော အံဘွယ်သောအကြောင်းအရာ အချို့ကိုလေ့လာခဲ့ပြီ။ အသင်းတော်သည် ခရစ် တော်၏ခန္ဓာ ဖြစ်ကြောင်း ကျွန်ုပ်တို့လေ့လာခဲ့၏။ ခရစ်တော်သည် အသင်းတော်၏ဦးဂေါင်းဖြစ်ပြီး၊ ယုံကြည်သူများသည် သူ့ခန္ဓာ၏ အဖွဲ့ဝင်များဖြစ်သည်။

စာတန်၏မကောင်းမှုစနစ်များ အလယ်၌ ခရစ်တော်သည် သူ၏အားကြီးသော၊ အောင်မြင်သော တန်ခိုးနှင့် အလုပ် လုပ်နိုင်ခြင်း၊ ထင်ရှားနိုင်ရန် သူ၌ခန္ဓာ ရှိတော်မူသည်။ အသင်းတော်အားဖြင့် ဤလောက၌ သူ၏အသက်တာနှင့် သူ၏ အလုပ်များကို ဖေါ်ပြလျက်ရှိသည်။

ဤသင်ခန်းစာ၌ အသင်းတော်သည် လုပ်ဆာင်ရန်ရှိသည်ဟု ယူဆရသော အသင်းတော်၏သာသနာပြုခြင်း အကြောင်းကို စဉ်းစားကြမည်။

အသင်းတော်၏သာသနာပြုခြင်းဆိုသည်မှာ အဘယ်နည်း။ အသင်းတော်၏သာသနာပြုခြင်းသည် ဤလောကရှိ လူတိုင်းအား ဧဝံဂေလိ သတင်းကောင်းကို ကြေညာခြင်းဖြစ်သည်။ ဤ အမှု၌ ယုံကြည်သူတိုင်း၏ အခန်းကဏ္ဍပါဝင်သည်။ သခင်ယေရှုက''သင်တို့သည် လောကီနိုင်ငံ အရပ်ရပ် ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရား ကို ဟောကြလော့။''ဟုဆို၏။

သခင်သည် သူ၏တပည့်တော်များကို အမိန့်ပေးခဲ့စဉ်မှစ၍ နှစ်ပေါင်း နှစ်ထောင်ရှိခဲ့ပြီ၊ သို့သော်လည်း ယနေ့ ကယ်တင်ခြင်းသို့ မရောက်ကြ သော လူ သန်းပေါင်းများစွာ ရှိနေဆဲဖြစ်သည်။ ကယ်တင်ခြင်းသို့မရောက်သော လူ အုပ်စု နှစ်စု ခွဲနိုင်သည်။

(၁) သတင်းစကားကိုကြားရပြီးသော်လည်း ၄င်းကို ငြင်းပယ်သောသူများ။

(၂) သတင်းစကားကို တခါမျှ မကြားသေးသော သူများ။

ဤ သင်ခန်းစာ၌ ကျွန်ုပ်တို့သည် ဒုတိယအုပ်စုဖြစ်သော သတင်းစကားကို တခါမျှ မကြားရသေးသောသူများ နှင့် ဘုရားသခင်၌ မှန်သောအသိပညာ မရှိသော သူများအကြောင်းကို စဉ်းစားကြမည်။ ထိုသူများ၏ ဝိညာဉ်ရေးရာ အခြေအနေ နှင့် ၄င်းတို့နှင့် ပတ်သက်၍ လုပ်ဆောင်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘာပြောခဲ့သည်ကို ကျွန်ုပ်တို့မြင်လိုသည်။

သတင်းစကားကို မကြားရသေးသောသူများ၏ အခြေအနေကား အဘယ်နည်း။ သူတို့သည် ဝိညာဉ်ရေးရာ မှောင် မိုက်၌ ရှိပြီး စာတန်၏တန်ခိုးအောက်၌ ရှိကြသည်။ အကြောင်းမှာ သူတို့သည် ကြောက်စရာကောင်းသော ဒုစရိုက်များကို ပြု ကြသည်။ သစ်သားနှင့်ကျောက် အရုပ်များကို ပြုလုပ် ကိုးကွယ်ကြသည်။ သူတို့သည် ဝိညာဉ်ဆိုးများကို ကြောက်ရွံ့ခြင်း၌ အသက်ရှင်နေကြရသည်။ သူတို့ သေရန် ကြောက်ကြသည်။ အချို့သော တိုင်းပြည်များတွင် မိခင်များသည် မိမိတို့၏ခလေး များကို မိကျောင်းစာကျွေးခြင်း၊ မိမိတို့ ကိုယ်ကို ရှနခြင်း၊ အနာတရဖြစ်စေခြင်းများကို ပြုလုပ်ကြသည်။ ဤအရာများကို သူတို့ ဘာကြောင့် ပြုကြပါသနည်း။ ဤအရာများကိုပြုခြင်းဖြင့် သူတို့၏ဒုစရိုက်အပြစ်များ ခွင့်လွှတ်ခြင်း ခံရလိမ့် မည် ဖြစ်ကြောင်း သွန်သင်ခြင်း ခံခဲ့ရသောကြောင့်ဖြစ်၏။

အချို့သောတိုင်းပြည်များတွင် လူတို့သည် မြို့ပြယဉ်ကျေးမှု မြင့်မားကြသော်လည်း သူတို့ ဘုရားကို မသိကြပါ။ သူတို့သည် သစ်သားနှင့်ကျောက် အရုပ်များကို မကိုးကွယ်ကြသော်လည်း သူတို့သည်လည်း ဝိညာဉ်ရေးရာမှောင်မိုက်နှင့် စာတန်၏တန်ခိုးအောက်တွင် ရှိနေကြသည်။ သူတို့ကို ကျမ်းစာ၌ရေးထားသည်မှာ'' ဤလောကတွင် ဘုရား မရှိခြင်းနှင့်၊ ခရစ်တော် မရှိလျှင်၊ မြော်လင့်ခြင်းလည်း မရှိနိုင်ပါ။''

အမှန်မှာ ခရစ်ယာန်နိုင်ငံများတွင် ဧဝံဂေလိ သတင်းစကားကို ငြင်းပယ်ကြသူများသည်လည်း သတင်းစကားကို မကြားရ သေးသော သူ များထက်သာ၍ မကောင်ကြပါ။ သတင်းစကားကိုကြားပြီး၊ ငြင်းပယ်သောသူများသည် ဘုရားသခင် ၏တရား စီရင်ခြင်းကို သာ၍ပြင်းစွာ ခံရကြလိမ့်မည်။ ဧကန်အမှန်ဖြစ်သည်။

ဘုရားသခင်သည် လူများ သူ့ကို သိသောပညာမပါရှိခြင်းနှင့် ဖန်ဆင်းခဲ့ပါသလား။ သူသည် ထိုသို့မပြုခဲ့ပါ။ လူ ကိုဘုရားသခင်၏ပုံသဏ္ဍာန် နှင့်အညီ ဖန်ဆင်းခဲ့၏။ သို့သော် လူသည် ဘုရားသခင်ထံမှ ဝေးရာသို့ လှည့်ထွက်ခဲ့၏။

ရောမသြဝါဒစာ ပထမအခန်းကြီးတွင် ကျွန်ုပ်တို့ဖတ်ရသည်မှာ ဘုရားထံမှ လူ၏ကျဆင်းခြင်းဖြစ်သည်။''...ထိုသူ တို့သည် ဘုရားသခင်ကို သိလျက်ပင် ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်းမသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံး မိုက်မဲခြင်းသို့ရောက်ကြ၏။ ပညာရှိယောင်ဆောင်လျက်နှင့်လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍၊-မဖေါက်ပြန် မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကို ပယ်လျက်၊ ဖေါက်ပြန်ပျက်စီးတတ်သော၊ လူ၏ရုပ်ထု၊သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်ထုတို့ကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။...''ဟုဆို သည်။ (ရော၊ ၁း၂၁-၃၂)။ ထိုမှ လူသည် ကြောက်ဖွယ်သော ဒုစရိုက်မကောင်းမှုများနှင့်အကျင့်ဖေါက်ပြန်ပျက်စီးခြင်း ထဲသို့ရောက်ရှိ သွားခဲ့၏။ သို့ဖြင့် လူသည် ဝိညာဉ်ရေးရာ အလင်းထဲမှ ဝိညာဉ်ရေးရာ မှောင်မိုက်ထဲသို့ ရောက်ခဲ့၏။

ဧဝံဂေလိသတင်းစကားကို တခါမျှ မကြားဘူးသော သူတိုင်း ပျောက်ဆုံးပျက်စီးခြင်းသို့ ရောက်ပါသလား။ အမှန် သူတို့ ပျက်စီးခြင်းသို့ ရောက်ပါသည်။ ခရစ်တော်ကို မရသောသူတိုင်း ပျက်စီးခြင်းသို့ရောက်သည်။ ဒုစရိုက်အပြစ်များနှင့် သေသော သူတိုင်း ထာဝရဘုရားသခင်နှင့် အစဉ် ကွဲကွာပြီ၊ မီးအိုင်ထဲတွင် နေရကြလိမ့်မည်။ ကျမ်းစာက''မတရားသော သူတို့နှင့်ဘုရားသခင်ကိုမေ့လျော့သော အမျိုးသားအပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကိုခံရကြလိမ့်မည်။''ဟုဆိုသည်။ (ဆာလံ၊ ၉း၁၇)

ဧဝံဂေလိသတင်းစကားကို မကြားဘူးသော သူများ ပျောက်ဆုံးပျက်စီးခြင်းသို့ အဘယ်ကြောင့် ရောက်ရသနည်း။


သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရသောအကြောင်းရင်း နှစ်ချက်မှာ၊

(၁) သူတို့သည် အပြစ်သားများဖြစ်သည်။

(၂) သူတို့သည် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် မသိကြပါ။

ထို လူများတို့၌ ဘုရားသခင်၏နှုတ်ကပတ်တော် ကျမ်းစာ မရှိသော်လည်း သူတို့ မှားသောအရာများကို ပြုလုပ် ခြင်းကို သူတို့ သိကြသည်။ မည်ကဲ့သို့သိသနည်း။ ဘုရားသခင်က သူ၏တရားတော်များကို သူတို့၏စိတ်နှလုံးနှင့် သြတ္တပ စိတ်တွင် ထည့် ပေးထားခြင်းကြောင့်ဖြစ်သည်။ သူတို့သည် လိမ်ညာခြင်း၊ခိုးခြင်း၊လူသတ်ခြင်း၊လိင်ဖေါက်ပြန်ခြင်း၊ သေစေ ခြင်းနှင့်အခြားသော မကောင်းသောအရာများ မှားသောအရာများကို သိပြီ၊ သူတို့ ပြုလုပ် ကြသည်။ ထိုကြောင့် သူတို့သည် အပြစ်သားများဖြစ်ကြပြီ၊ သူတို့၏အပြစ်များအတွက် တရားစီရင်ခြင်းကို ခံရကြမည်။ ကျမ်းစာက ''...ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည်''ဟုဆို၏။(ယေဇ၊ ၁၈း၎)

သူတို့၏ဘာသာတရားများက သူတို့ကို ကယ်တင်နိုင်ပါသလား။ လူအများ ယုံကြည်ကြသည်မှာ လူသည် မိမိ၏ ဘာသာတရားအပေါ် ဖြောင့်မှန်ခဲ့သော် ဘုရားသခင်သည် သူတို့ကို ကယ်တင်လိမ့်မည်။ ဤအရာ မှန်ပါသလား။ မမှန်ပါ။

ကျမ်းစာ၌ ရှင်းလင်းစွာ ဆိုသည်မှာ လူသည် သခင်ခရစ်တော်ယေရှုကို သူ၏ ကယ်တင်ရှင်အဖြစ် လက်ခံခြင်းမရှိ လျှင် ထို ပုဂ္ဂိုလ်သည် ကယ်တင်ခြင်းသို့ မရောက်နိုင်ပါ။ ခရစ်တော်သည် ကယ်တင်ရှင်ဖြစ်သည်။ တစ်ဦးတည်းသော ကယ်တင်ရှင်ဖြစ်သည်။ သခင်ယေရှုက'' ယေရှု က၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မတရားလည်းဖြစ်၏။ အသက် လည်း ဖြစ် ၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။''ဟု ဆိုသည်။ (ယော၊ ၁၄း၆)

ကယ်တင်ခြင်းသည် ခရစ်တော်၌နှင့် သူ့တစ်ဦးတည်း၏အထဲ၌ သာလျှင်ရှိသည်။ ကျမ်းစာက''ထိုသခင်၏နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမ တစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထို သူတို့အား မြွက်ဆို၏''ဟုဆိုသည်။(တ၊ ၄း၁၂)

ရုပ်ထုကိုကိုးကွယ်ကြသောသူများသည် မိမိတု့၏ဘာသာတရား၌သစ္စာရှိ၊ဖြောင့်မှန်သော်လည်း၊ သူတို့၏ကိုးကွယ်ခြင်းကို ဘုရားသခင်သည် လက်ခံ၍မရပါ။ ကျမ်းစာကဆိုသည်မှာ၊ လူများ ရုပ်ထုကို ပူဇော်ခြင်းသည် အမှန်တကယ်မှာ သူတို့သည် စာတန်နှင့် သူ၏ဝိညာဉ်ဆိုးများကို ကိုးကွယ်ခြင်း သာ ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်သည် မှားသော ဘာသာ တရားများကိုမုန်းခြင်းနှင့် ရုပ်ထုကိုကိုးကွယ်သောသူများကို သူ လက်မခံနိုင်ခြင်းကို သင် သိမြင်နိုင်သည်။

ထိုသူများ ကယ်တင်ခြင်းသို့ ရောက်နိုင်ပါသလား။ အမှန်တကယ် ကယ်တင်ခြင်းသို့ ရောက်နိုင်သည်။ ဧဝံဂေလိ သတင်းစကားသည် လူတိုင်း အတွက်ဖြစ်သည်။ ကျမ်းစာက ဆိုသည်မှာ ခရစ်တော်၏ဧဝံဂေလိ သတင်းစကားသည် ''ယုံ ကြည်သမျှသော သူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်''(ရော၊ ၁း၁၆)

အရေးကြီးသော မေးခွန်း လေးခု

ကျမ်းစာက''အကြောင်းမူကား၊ ထာဝရဘုရားကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့''ဟုဆိုသည်။ သို့သော် သတင်းစကားကို မကြားရသောသူများနှင့်ပတ်သက်၍ ကျမ်းစာက မေးခွန်းများ မေး လျက်ရှိပါသည်။

၁။ သခင်ယေရှုကို မယုံကြည်လျှင် သူ၌ အဘယ်သို့ ပဌနာပြုနိုင်မည်နည်း။

၂။ သူတို့သည် သခင်ယေရှု၏အကြောင်း သိတင်းစကားကို မကြားလျှင် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။

၃။ ဟောပြောသောသူကို မစေလွတ်လျှင် သူတို့သည် အဘယ်သို့ ကြားနိုင်မည်နည်း။

၎။ ဟောပြောသူကို မစေလွတ်လျှင် သူသည် အဘယ်သို့ ဟောပြောနိုင်မည်နည်း။ (ရော၊ ၁ဝး၁၄-၁၅ ကြည့်ပါ)

လူသည် သခင်ယေရှု၌မယုံကြည်လျှင် သူတို့သည် ယေရှု၌ ပဌာနာပြုနိုင်ပါသလား။ သူတို့ မပြုနိုင်ပါ။ ခရစ်တော် ၏ သတင်းကို မကြားလျှင် သူတို့ ခရစ်တော်ကို ယုံကြည်နိုင်ပါသလား။ မယုံနိုင်ပါ။ တစ်စုံတဦးသည် ကြားပြောခြင်းမရှိလျှင် သူတို့ ဘယ်ကဲ့သို့ ကြားနိုင်မည်နည်း။ မကြားနိုင်ပါ။ ထို့အတွက်ကြောင့် သူတို့သည် ကယ်တင်ခြင်းသို့ရောက်ရန် သင်သည် သခင်ယေရှု၏အကြောင်းကို သူတို့ထံ သွားရောက် ပြောရပေမည်။

သခင်ယေရှုအကြောင်း သူတို့ကို မည်သူ ပြောနိုင်ပါသနည်း။ ကယ်တင်ခြင်းသို့ ရောက်သောသူများ ဖြစ်သည်။ ကျမ်းစာက ''ထိုသို့ ဖြစ်သော် ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည်ယေရှုခရစ်အားဖြင့် ငါတို့၏ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိသဟာယ ဖွဲ့စေတော်မူ၏။ ထိုမိသဟာယတရားကို ဟောရသောအခွင့်အရာကို ငါတို့၌အပ် ပေးတော်မူ၏။''ဟုဆိုသည်။(၂ကော၊ ၅း၁၈)

မဟာအမှုတော်မြတ်ကြီးသည် ကျွန်ုပ်တို့သခင်၏ အမိန့်ဖြစ်ပြီ၊ သူ၏တပည့်တော်များ ဧဝံဂေလိ သိတင်းကို လောက တခုလုံးရှိ လူအပေါင်းတို့ အား ဟောပြောရန်ဖြစ်သည်။ ယေရှုက''သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိ သမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။'' (မာ၊ ၁၆း၁၅)


မဟာအမှုတော်မြတ်ကြီးသည် ဆောင်ရွက်၍ ပြီးပြည့်စုံပြီလား။

မပြီးပြည့်စုံသေးပါ။ သန်းပေါင်းများစွာသောသူများတို့သည် ဝိညာဉ်ရေးရာမှောင်မိုက်နှင့် စာတန်၏တန်ခိုး အောက်၌ ရှိနေကြဆဲဖြစ်သည်။ လောကထဲရှိ လူများစွာတို့သည် ကျမ်းစာကိုတခါမျှ မမြင်ဘူးသလို၊ သခင်ယေရှု၏နာမကို လည်း မကြားဘူးကြပါ။ သူတို့၌ ခရစ်တော် မရှိပါ။ မြှော်လင့်ခြင်းလည်း မရှိကြပါ။ ရုပ်ထုကိုကိုးကွယ်သော အမျိုးသမီး တစ်ဦး ၏စကားသည် ကျွန်ုပ်တို့၏စိတ်ကို လှုပ်ရှားစေသင့်ပါသည်။ သူမက'' သင်၏လူများကို ကျွန်ုပ်တို့ လျှင်မြန်စွာ သေအံ့ဆဲဆဲ ဖြစ်နေသည်ကိုပြောပါ။ သတင်းစကားကို အနည်းငယ် သာ၍ အလျှင်အမြန် မပို့ဆောင်နိုင်ဘူးလား၊ သူတို့ကို ပြော ပေးပါ။''ဆိုပါသည်။

အီဂျစ်ပြည်တွင် သာသနာပြုတစ်ဦးသည် သခင်ယေရှု၏ချစ်ခြင်းမေတ္တာနှင့်ဆိုင်သော အကြောင်းအရာကို ပြောပါ သည်။ သူ၏သတင်းစကား ပြီးဆုံးသောအခါ အမျိုးသမီး တစ်ဦးကပြောသည်မှာ ''အံ့ဘွယ်ရာကောင်းသော အကြောင်းအရာ တခု ဖြစ်ပါသည်။ သင်၏တိုင်းပြည်ရှိ လူများ သင်ပြော သော အကြောင်းအရာကို ယုံကြည်ကြပါသလား။'' သာသနာပြု ဆရာက ဟုတ်ကဲ့ ယုံကြည်ကြပါသည်။ အမျိုးသမီးသည် ခဏမျှ စဉ်းစားပြီး ပြောသည်မှာ'' သူတို့ ယုံကြည်နိုင်မည်ဟု ကျွန်မ မထင်ပါ။ သို့ဖြစ်လျှင် သူတို့ ကျွန်ုပ်တို့ကို လာရောက်ကြားပြောရန် အကြာကြီး စေါင့်နေလိမ့်မည် မဟုတ်ပါ။''


တလောကလုံး ဧဝံဂေလိသိတင်းစကားကို ကြားရကြမည်။

လူအပေါင်းတို့အား ဧဝံဂေလိသိတင်းစကားကို ဟောပြောရန် သခင်ယေရှုသည် ကျွန်ုပ်တို့အား အမိန့်ပေးခဲ့၏။ သူ၏အမိန့်ကို ကျွန်ုပ်တို့ နာခံ ကြရမည်။ သိတင်းစကားကို ပျောက်ဆုံးသောသူများထံ ပို့ဆောင်နိုင်လျက်နှင့် ကျွန်ုပ်တို့ မလုပ်ဆောင်ခဲ့သော် ဘုရားသခင်သည် ကျွန်ုပ်တို့၏တာဝန်ရှိမှု အပေါ် အရေးယူပေလိမ့်မည်။ ကျမ်းစာက''သင်သည် အမှန် သေလိမ့်မည်ဟု၊လူဆိုးအား ငါပြောလျက်နှင့်သင်သည်သတိမပေး၊ လူဆိုး၏အသက်ကို ချမ်းသာစေခြင်းငှါ၊လူဆိုးအား သတိ ပေးသောစကားကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ်၌ သေလိမ့်မည်။ သူ၏အသက်ကိုကား သင်၌ ငါတောင်းမည်'' ဟုဆိုသည်။(ယေဇ၊ ၃း၁၈)

ပျောက်ဆုံးသောသူများ၏ ကြောက်ဖွယ်ကောင်းသောအခြေအနေနှင့် ကျွန်ုပ်တို့၏တာဝန်ရှိမှုမှ လွတ်ကင်းရန် ကျွန်ုပ်တို့၏မျက်စိများကို မမြင်ဟန်ဆောင် ပိတ်ထား၍မရပါ။ ခရစ်ယာန်တိုင်းသည် တနေ့သောအခါ ခရစ်တော်၏ တရား ပလ္လင်တွင် ရပ်လျက် ကယ်တင်ခြင်းသို့ရောက်ပြီးနောက် သူ၏အသက်တာ အကြောင်းအရာများကို ပြောဆို ဖြေကြား ရပေ လိမ့်မည်။ လူတိုင်းအား သိတင်းစကားကိုပြောဆိုရန် စေလွတ်နိုင်လျက်နှင့် ကျွန်ုပ်တို့ ပြုလုပ်ရန် ပျက်ကွက်ခဲ့သော်၊ ကျွန်ုပ်တို့၏ လျစ်လျှူရှု ပြုမှုအတွက် သခင်ဘုရားထံ အဖြေပေးရပေလိမ့်မည်။ ထိုသူများ၏ လိုအပ်မှုများကို မသိပါဟု ကျွန်ုပ်တို့ မပြော ဆိုနိုင်ပါ။ သခင်ယေရှုက ''ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလဖြစ်လိမ့်မည် ဟုသင်တို့ ဆိုတတ်သည် မဟုတ် လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်းအလိုငှါ လယ်ပြင်တို့သည် ယခုပင် ဝင်းဝင်းရှိသည်ကို မျှော်၍ ကြည့် ကြ လော့။'' ဟုဆို သည်။ (ယော၊ ၄း၃၅)


ကျွန်ုပ် ဘာလုပ်နိုင်ပါသနည်း

သို့ဖြစ်လျှင် သတင်းစကားကိုတခါမျှ မကြားရသေးသောသူများ ကယ်တင်ခြင်းသို့ရောက်ရန် အခွင့်အရေးကိုရရန် အလို့ငှါ၊ ထိုသူတို့ထံ သတင်းစကားရောက်ရှိရန် ဘုရားသခင်၏ညွှန်ကြားမှုဖြင့် ယုံကြည်သူတိုင်း သူတို့တတ်နိုင်မျှအားလုံး လုပ်ဆောင်ရပေမည်။ မဟာအမှုတော်မြတ်ကြီး ပြီးမြောက်ရန်အတွက် ခရစ်ယာန်တိုင်းအတွက် ဘုရားသခင်၌ အလုပ်ရှိသည်။ သင်သည်ပြောပါ၊ ကျွန်ုပ် ဘာပြုလုပ်နိုင်ပါသနည်း။ ပြုလုပ်ရန် ဤနေရာ၌ အကြောင်းအရာ ငါးမျိုး ရှိသည်။


၁။ သက်သေခံပါ။ အခြားသောသူများကို သတင်းစကားပြောရန် သခင်ယေရှု၏အတ္ထုပ္ပတ္တိကို သိခဲ့ပြီးသော ခရစ်ယာန် တိုင်းအတွက် ဤလောကကြီးကို ဧဝံဂေလိပြုရန် ဘုရားသခင်၌အကြံအစည်ရှိသည်။ သင်၏နှုတ်သက်သက်မျှသာမဟုတ်ပါ အသက်တာအားဖြင့်လည်း ဖြစ်သည်။ သခင်ယေရှုက''သင်တို့သည် ငါ၏သက်သေဖြစ်ကြ လိမ့်မည်...''ဟုဆို၏။ ယခုပင် အစပြုပါ။ သင် အမှန် ရှိနေသောနေရာတွင် သခင်ယေရှုအဖို့ သက်သေခံ ဖြစ်စေပါ။


၂။ ဆုတောင်းပါ။ ကယ်တင်ခြင်းမရသေးသောသူများထံ သာသနာပြုများကို ဘုရားသခင် စေလွတ်ရန် ကျွန်ုပ်တို့ ဆု တောင်းနိုင်သည်။ ဘုရားသခင်စေလွတ်ခဲ့ပြီးသော သာသနာပြုများအတွက် ကျွန်ုပ်တို့ နေ့စဉ် ဆုတောင်းပေးနိုင်သည်။ သခင် ယေရှုက'' သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စပါးရှင် စေလွှတ်တော်မူမည် အကြောင်း ဆုတောင်းကြလော့။''ဟုဆိုသည်။ (လု၊ ၁ဝး၂)


၃။ ပေးလှူပါ။ ဘုရားသခင်၏အလုပ်တွင် ပေးလှူခြင်းသည် ထိုအလုပ်၌ရှယ်ယာထည့်ဝင်ခြင်းဖြစ်ပြီး၊ တနေ့သောအခါ ဆုလပ် အကျိုးကို ပြန်လည်ဝေမျှ ခံစားရရှိပေလိမ့်မည်။ ကျွန်ုပ်တို့သည် ပညာရှိစွာ ပေးလှူသင့်သည်။ ကျွန်ုပ်တို့၏ ငွေကြေး ကို သစ္စာရှိစွာ သတင်းစကား ကြားပြောသော သူများကို ပေးလှူရန် ရှာ၍ မြင်တွေ့ပါ။ ကျွန်ုပ်တို့၏ငွေကြေးများကို အခြား သောသူများ ထာဝရအသက်ရရန်အတွက် အသုံးပြုနေခြင်းကို သိပြီ၊ ကျွန်ုပ်တို့ ဝမ်းမြောက်ခြင်းနှင့် ပေးလှူ သင့်ပါသည်။


၎။ ပြင်ဆင်မှုကိုပြုလုပ်ပါ။ ကျွန်ုပ်တို့သည် သခင်ဘုရား၏ အသုံးတည့်သောသူတယောက်ဖြစ်လိုသော် ကျွန်ုပ်တို့မိမိ ကိုယ်ကို ပြင်ဆင်မှု ပြုရပေမည်။ ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းချက်များကို အလွတ်ကျက်မှတ်ခြင်းများအတွက် ကျွန်ုပ်တို့ နေ့စဉ် အချိန် သီးသန့် ထားရှိ ပြုလုပ် နိုင်သည်။ သင်၏တန်ဆာပလာများကို အသင့်ဖြစ်စေပါ၊ ဘုရားသခင်သည် သင်အား အသုံးပြုပေလိမ့်မည်။


၅။ သွားပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ့ကို အစေခံရန် အလိုရှိခဲ့သော် သူ့ကို ကျွန်ုပ်တို့မေးလျှောက်ရန် မလို အပ်ပါ။ ဘုရားသခင် သည် သူ၏သားသမီးတိုင်းကို သူ့ကိုအစေခံရန် ခေါ်လျက်နေသည်။ သင်နှင့်ကျွန်ုပ် မေးရမည့် တခု တည်းသော မေးခွန်းမှာ '' သခင်ဘုရား၊ ကျွန်ုပ်၌ ကိုယ်တော် ဘာပြုလုပ်လိမ့်မည်နည်း''ဖြစ်သည်။


သင်ဘာပြုလုပ်မည်နည်း။
သင်သည် ဘုရားသခင်ကို မသိသောသူတို့၏ ကြောက်ဖွယ်ကောင်းသော အခြေအနေ နှင့် အကြောင်း အရာ အချို့ကို လေ့လာခဲ့ရပြီ၊ ထိုသူများထံ သတင်းစကားရောက်ရှိရန် ခရစ်ယာန်တယောက်ဖြစ်သော သင်၏တာဝန်များကို သင်သည် လေ့လာခဲ့ပြီး ဖြစ်သည်။


ယခု မေးခွန်းမှာ၊ သင် ဘာပြုလုပ်မည်နည်း။

သင် ရှိနေသောနေရာ၌ သခင်ယေရှုအတွက် သစ္စာရှိသော သက်သေခံတယောက် အဖြစ် ဖြစ်လိုပါသလား။ ဘုရားသခင်သည် လုပ်ဆောင်သောသူများကို စပါးရိတ်ရာကွင်းသို့ စေလွတ်ရန် သင်သည်ဆုတောင်းပေးမည်လား။ အခြားသူများ ကြားစေရန် သင်သည် ပေးလှူမည်လား။ သင်သည် သခင်ဘုရား၌ သာ၍ထိရောက်စွာ အစေခံရန် သင့် ကိုယ် ကို ပြင်ဆင်ပါ။ ဘုရားသခင် သင့်အား ခေါ်သောနေရာသို့ သင်သည် သွားမည်လား။


''အသက်တာသည် တဘာဝ ခဏသာဖြစ်သည်။ အလျှင်အမြန် ကုန်ဆုံး သွားပေလိမ့်မည်။ ခရစ်တော်အတွက် ပြုလုပ် ခဲ့သောအရာများသာလျှင် ကြာရှည်တည်ရှိပေလိမ့်မည်။''

မေးခွန်းများ


၁) အသင်းတော်၏သာသနာပြုခြင်းသည်၊

(က) ငွေရရန် လုပ်ဆောင်ခြင်း

(ခ ) လောကရှိ လူတိုင်းအား ဧ၀ံဂေလိ သတင်းကောင်းကို ကြေညာခြင်း။


၂) မှန် (သို့) မှား ။ လောကရှိ ကယ်တင်ခြင်းမရသေးသောသူများကို အုပ်စု နှစ်စုအဖြစ် ခွဲခြားနိုင်သည်။

(၁) ဧ၀ံဂေလိ သတင်းကောင်းစကားကို ကြားသော်လည်း ငြင်းပယ်သောသူများ၊

(၂) ဧ၀ံဂေလိသတင်းကောင်းစကားကို တခါမျှ မကြားသောသူများ။

(က) မှန် (ခ ) မှား


၃) ဧ၀ံဂေလိသတင်းကောင်းစကား မကြားရသောသူများသည်၊

(က) ၀ိညာဉ်ရေးရာ မှောင်မိုက်၌ရှိပြီး၊ စာတန်၏တန်ခိုးအောက်၌ရှိသည်။

(ခ ) နိုင်ငံရပ်ခြား တိုင်းပြည်များ၌ ရှိသည်။


၎) ဘုရားသခင်သည် သူ့ကို သိသောပညာ မပါရှိသော လူအဖြစ် လူကို ဖန်ဆင်းခဲ့ပါသလား။

(က) မှန် (ခ ) မှား


၅) မှန် (သို့) မှား။ ဧ၀ံဂေလိ သတင်းကို တခါမျှမကြားရသောသူများ ဆုံးရှုံးခြင်းသို့ရောက်ရသော အကြောင်းရင်း နှစ်ချက်မှာ

(၁) သူတို့သည် အပြစ်သားများ ဖြစ်သည်။

(၂) သူတို့သည် ခရစ်တော်ကို သူတို့၏ကယ်တင်ရှင် အဖြစ် မသိကြပါ။

(က) မှန် (ခ ) မှား


၆) ရုပ်တုကိုးကွယ်ကြသူများ သူတို့၏ဘာသာတရားများ၌ ရိုးသားစွာ သစ္စာရှိခဲ့လျှင်၊ ဘုရားသခင် သူတို့ကို ကယ်တင်မည်လော။

(က) ကယ် (ခ ) မကယ်


၇) လူများ ရုပ်တု၌ ပူဇော်ခြင်းသည် သူတို့……အမှန် ကိုးကွယ်ခြင်းဖြစ်သည်။

(က) စာတန်

(ခ ) သူတို့ ပူဇော်သော အရာ ရုပ်တု ဖြစ်သည်။


၈) သခင်ယေရှု၌ ယုံကြည်ခြင်းမရှိဘဲ သူ့ကို ဆုတောင်းပဌနာပြုရနိုင်ပါသလား။ သူ၏အကြောင်းကို တခါမျှမကြားဘဲနှင့် သူ့ကို ယုံကြည်နိုင်ပါသလား။ တစုံတယောက်မှ ကြားပြောခြင်းမရှိလျှင် သူတို့ကြားနိုင်ပါသလား။

(က) ဟုတ် (ခ ) မဟုတ


၉) မဟာအမှုတော်မြတ်ကြီးသည်၊

(က) ကျွန်ုပ်တို့ ကောင်းကင်ဘုံသို့ရောက်သောအခါ ကျွန်ုပ်တို့ ရရှိကြလိမ့်မည်။

(ခ ) လောကနေရာအနှံသို့ သွားပြီး ဧ၀ံဂေလိသတင်းကောင်းကို ဟောပြောရန် ဘုရားသခင်၏အမိန့် ဖြစ်သည်။


၁၀) မဟာအမှုတော်မြတ်ကြီး ပြီးပြည့်စုံခြင်းသို့ ရောက်ပြီလား။

(က) ရောက် (ခ ) မရောက်


၁၁) ဤ သင်ခန်းစာအတွက် သော့ချက်ကျမ်း ကို သင် အလွှတ် ကျက်မှတ်ပါသလား။

(က) ကျက်မှတ်သည် (ခ ) မကျက်မှတ်သေးပါ


အန်ဒရူး



Share:

1 comment:

  1. အာမင်
    ခွန်အားရပါတယ်။ခင်ဗျာ

    ReplyDelete

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support