HCF

HCF MYANMAR IN SINGAPORE

Monday, January 17, 2011

ဘုရားသခင်၏အခွင့်အာဏာတော်

God's Authority

Practical Christian Living Course 4 Lesson 10


သော့ချက် ကျမ်းပိုဒ်။ ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ၊ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက်တော်မူ၏ဟုလျှောက်ဆို၍၊ ပလ္လင်တော်ရှေ့၌ မိမိတို့ သရဖူများကို ချထားကြ၏။ ဗျာ၊ ၄း၁၁


ဘုရားသခင်သည် စကြာဝဠာကို ဖန်ဆင်းခဲ့ချိန်၌ သူသည် အခွင့်အာဏာတော်ဟူသော မူဝါဒအားဖြင့် စကြာဝဠာကို အုပ်စိုးရန်အတွက် ဤမူဝါဒကို ဖြစ်တည်စေခဲ့သည်။ ဘုရားသခင်ကိုယ်တိုင်က အမြင့်မားဆုံးအာဏာတော်ပင်ဖြစ်သည်။ ဘုရားသခင်၏ အောက်၌ ကောင်းကင်တမန်မင်း များရှိပြီး ကောင်းကင်တမန်မင်းများ၏အောက်တွင် အခြားကောင်းကင်တမန်များစွာရှိသည်။ လူသားကို ဖန်ဆင်းခဲ့သောအခါ၊ သူသည်လည်း ဘုရားသခင် ၏အခွင့်အာဏာတော်အောက်၌သာရှိသည်။


အခွင့်အာဏာဆိုသည်မှာ အုပ်စိုးရန်အတွက် အခွင့်နှင့်နာခံမှုကို ရထိုက်သောအခွင့်ကို ဆိုလိုသည်။ အခွင့်အာဏာအားလုံးတို့သည် ဘုရားသခင်နှင့်သာ သက်ဆိုင်သည်။ အကြောင်းမှာ သူသည် ခပ်သိမ်းသေါ အရာတို့၏ ဖန်ဆင်းရှင်ဖြစ်သောကြောင့်ဖြစ်သည်။ ကောင်းကင်ဗိုလ်ခြေ တို့သည် ဘုရားသခင်အား ၀တ်ပြု ကိုးကွယ်ပြီး ""အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာ တို့သည် အလိုတော်ကြောင့် ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက်တော်မူ၏"" ဟု လျှောက် ဆိုကြသည်။ ဗျာ ၄း ၁၁


ကောင်းကင်တမန်များ၏ပုန်ကန်မှု

ဘုရားသခင်သည် ကောင်းကင်တမန်များကို ဖန်ဆင်းရာ၌ လူစီဖာဆိုသော ကောင်းကင်တမန် မင်းကိုလည်း ဖန်ဆင်းခဲ့သည်။ သူသည် ကောင်းကင်တမန်အားလုံးတို့၏ အကြီးအကဲအဖြစ် ဖန်ဆင်းခဲ့ သမျှသော ကောင်းကင်တမန်တို့တွင် အလှပဆုံး၊ တန်ခိုးအကြီးမားဆုံးနှင့် ဥာဏ်ပညာ အရှိဆုံး ကောင်းကင်တမန်မင်း ဖြစ်သည်။


သို့သော် တန်ခိုးကြီးမားသော ဤကောင်းကင်တမန်က သူ၏ဖန်ဆင်းရှင်အား ပုန်ကန်မည့်အချိန် တစ်ချိန်သည် ကျရောက်လာခဲ့သည်။ သူသည် ကောင်းကင်တမန်များထဲတွင် အကြီးမြတ်ဆုံးဖြစ်ရခြင်းကို မကျေနပ်နိုင်ခဲ့ပါ။ သူသည် ဘုရားသခင်၏ နေရာကို ၀င်လုလိုခဲ့သည်။


သူ၏စိတ်နှလုံးထဲတွင် ဤသို့ပြောခဲ့သည်။

""ကောင်းကင်ပေါ်သို့ ငါတက်မည်။

ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါပလ္လင်ကို ငါချီးမြှောက်မည်။

မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော်တောင်ပေါ်မှာ ငါထိုင်မည်။

မိုးတိမ်ပေါ်သို့ ငါတက်မည်။

အမြင့်ဆုံးသောဘုရားကဲ့သို့ ငါနေမည်။"" ဟေရှာယ၊ ၁၄း ၁၃-၁၄


လူစီဖာသည် ဘုရားသခင်၏ အခွင့်အာဏာတော်ကို ဆန့်ကျင်ရန်အတွက် ပုန်ကန်ခဲ့ခြင်းဖြစ်သည်။ သူသည် ဘုရားသခင်၏ နေရာကို ၀င်ယူရန် ကြိုးပမ်းခဲ့သည်။ သူပုန်ကန်မှု၏ ရလဒ်အနေဖြင့် သူသည် ဘုရားသခင်၏ ရန်သူနှင့် လူသား၏ရန်သူဖြစ်သော စာတန်ကြီး ဖြစ်လာခဲ့သည်။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များထဲမှ သုံးပုံတစ်ပုံသည် စာတန်နောက်သို့လိုက်၍ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန် ခဲ့သည်။ ဤကျဆုံးသွားသော ကောင်းကင်တမန်များကို နတ်ဆိုး (သို့) ၀ိညာဉ်ဆိုးဟုခေါ်ကြသည်။


စာတန်နှင့် ကျဆုံးသွားသော ကောင်းကင်တမန်တို့သည် ဘုရားသခင်နှင့် သူ၏နိုင်ငံတော်ကို ဆန့်ကျင်မည့် နိုင်ငံတနိုင်ငံကို အတူတကွ တည်ထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ဤစကြာဝဠာထဲတွင် နိုင်ငံနှစ်နိုင်ငံ တည်ရှိခဲ့သည်။ ဘုရားသခင်၏နိုင်ငံတော်နှင့် စာတန်၏နိုင်ငံတော်တို့ ဖြစ်ကြသည်။


စာတန်၏ပုန်ကန်မှုမတိုင်မီက၊ ဖန်ဆင်းခဲ့သမျှသောသတ္တ၀ါတို့သည် ဘုရားသခင်၏အာဏာတော် ကို ""နာခံသောမူဝါဒ""အားဖြင့် အသက်ရှင် ခဲ့ကြသည်။ သို့သော် စာတန်သည် အခြားမူဝါဒတစ်ခုဖြစ်သော ""ပုန်ကုန်သော မူဝါဒ""ကို စတင်မိတ်ဆက်ပေးခဲ့သည်။ ပုန်ကန်ခြင်းဆိုသည်မှာ စိတ်နှလုံးထဲမှ ဘုရားသခင် အပေါ်တွင် ထားသောသဘောထားတစ်ခုဖြစ်သည်။ ဤသဘောထားက ""ငါလုပ်ချင်တာငါလုပ်မယ်။ ငါသင့်ကို နာခံမှာမဟုတ်ဘူး""ဟူ၍ ပြောနေသည်။


လူသား၏ပုန်ကန်မှု

ဘုရားသခင်သည် ပထမဦးဆုံးလူသားကို ဖန်ဆင်းခဲ့ပြီး ဧဒင်ဥယျာဉ်ထဲတွင် နေရာချခဲ့သည်။ ထို့နောက် ဧ၀ဟူသောမိန်းမကို အာဒံအတွက်

ဖန်ဆင်ပေးခဲ့သည်။ ဘုရားသခင်၏အစီအစဉ်မှာ ဧ၀က အာဒံ၏ အုပ်စိုးခြင်းကိုခံ၍ အာဒံက ဘုရားသခင်၏ အုပ်စိုးခြင်းကိုခံရန်ဖြစ်သည်။

40

စာတန်သည် သူ၏ပုန်ကန်လိုသောစိတ်ဝိညာဉ်ကို လူသားအတွင်းသို့ထည့်သွင်းရန်အတွက် ဆန္ဒပြင်းပြခဲ့သည်။ သို့သော် သူသည် အာဒံထံသို့ အရင်ဦးဆုံးမချဉ်းကပ်ခဲ့ပါ။ ထိုသို့လုပ်မည့်အစား၊ သူသည် ဧ၀ထံသို့သွား၍ သူမကို သွေးဆောင်ကာ တားမြစ်ထားသောအသီးကို စားစေခဲ့ပြီး ဘုရားသခင်၏စကားကို မနာခံသောသူတဦးဖြစ်စေခဲ့သည်။ အာဒံသည် ဧ၀ဘာလုပ်ခဲ့သည်ကို သိခဲ့ချိန်တွင် သူကိုယ် တိုင်လည်း အသီးကိုယူစားခဲ့သည်။


ကျမ်းစာက ဧ၀သည် လိမ်ညာခြင်းခံခဲ့ရသည်ဟု ပြောထားသည်။ သို့သော် အာဒံသည် လိမ်ညာ ခြင်းမခံခဲ့ရပါ။ သူက ဘုရားသခင်ကို မနာခံရန် ရွေးချယ်ဆုံးဖြတ်ခဲ့သည်။ အာဒံသည် စာတန်ကဲ့သို့ ဘုရားသခင်ကို ပုန်ကန်ခဲ့သည်။ သူ၏စိတ်နှလုံးအတွင်း၌ ""ငါလုပ်ချင်တာငါလုပ်မယ်"" ဟူ၍ ပြောခဲ့သည်။


အာဒံ၏ပုန်ကန်ခြင်းအားဖြင့် အပြစ်တရားသည် ဤလောကအတွင်းသို့ ၀င်ရောက်လာခဲ့သည်။ အာဒံသည် ပုန်ကန်လိုသောသူ၏ ဇာတိသဘောကို သူ့သားသမီးများနှင့် တစ်ကမ္ဘာလုံးအား လက်ဆင့်ကမ်း ပေးဝေခဲ့သည်။ ထိုအချိန်မှစ၍ ပုန်ကန်ခြင်းသည် လူသား၏စိတ်နှလုံးအတွင်း၌ မူဝါဒတစ်ခုဖြစ်လာခဲ့သည် ကျမ်းစာက ""ငါတို့ရှိသမျှသည်....ကိုယ်လမ်းသို့အသီးသီးလိုက်သွားကြသည်ဖြစ်၍....""ဟု ပြောထားသည်။ ဟေရှာယ ၅၃း၆ ဤအကြောင်းကြောင့် ကျမ်းစာက ကယ်တင်ခြင်းမခံရသူများကို ""နာခံမှုမရှိသော သားသမီးများ""ဟူ၍ ညွှန်းဆိုခြင်းဖြစ်သည်။


ရေလွှမ်းမှုကြီးပြီးနောက် ဘုရားသခင်သည် ဥပဒေများကို ဖြစ်တည်စေခဲ့ပြီး လူသားအစိုးရအဖွဲ့ကို ဘိသိတ်ပေးခဲ့သည်။ သူသည် သူ၏ဥပဒေများအား ပိုမိုခိုင်ခန့်လာအောင် ပြုလုပ်ရန်အတွက် လူသားကို အခွင့်အာဏာပေးခဲ့သည်။ လူသားမျိုးနွယ်အား ကာကွယ်မှုပေးရန်အတွက် ဘုရားသခင်က ထိုသို့လုပ်ခဲ့ခြင်း ဖြစ်သည်။ လူများသည် အပြစ်အလွန်ကြီး၍ ပုန်ကန်သောကြောင့်၊ အစိုးရအဖွဲ့ကို ပုံစံတမျိုးမျိုးဖြင့်သာ မဖွဲ့စည်းထားပါ က၊ မကောင်းမှုများကို ထိန်းချုပ်ရန်ဖြစ်နိုင်မည် မဟုတ်ပါ။


သေဒဏ်ပေးခြင်းကို တရားဝင်ဖြစ်စေခဲ့သူမှာ ဘုရားသခင်ဖြစ်သည်။ အခြားသူတဦး၏ အသက်ကို နှုတ်ယူခြင်းသည် မည်မျှကြီးလေးသော အပြစ် ဖြစ်ကြောင်းနှင့် အလေးအနက်ထားရမည့်ကိစ္စ ဖြစ်ကြောင်းကို ဘုရားသခင်က လူတို့အား သိစေလိုခဲ့သည်။ ဘုရားသခင်က နောဧအား ""အကြင်သူသည် လူ၏အသွေးကို သွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့်သွန်းရမည်""ဟု ပြောခဲ့သည်။ ကမ္ဘာ ၉း ၆


ဣသရေလလူမျိုးများ၏ကျဆုံးမှု

ဘုရားသခင်၏လူမျိုးတော်ဟုခေါ်ဆိုရမည့်လူမျိုးတစ်မျိုး၏ ဦးစီးခေါင်းဆောင်အဖြစ် ဘုရားသခင်သည် အာဗြံဟံကို ရွေးချယ်ခဲ့သည်။ ပုန်ကန်သော လူမျိုးများကြားတွင် ဘုရားသခင်ကို နာခံမည့် လူမျိုး တစ်မျိုးဖြစ်ပေါ်တည်ရှိလာရန်အတွက် ဘုရားသခင် အလိုတော်ရှိခဲ့သည်။


အာဗြံဟံသည် သူ၏ကြီးစွာသောယုံကြည်ခြင်းကြောင့် လူသိများသူဖြစ်သည်။ ထိုပြင် သူသည် ဘုရားသခင်၏ အခွင့်အာဏာတော်ကို နာခံသူတစ်ဦးလည်းဖြစ်သည်။ အာဗြံဟံနှင့် စပ်လျဉ်း၍၊ ဘုရား သခင်က ""အကြောင်းမူကား၊ သူသည် မိမိနောက်၌ ဖြစ်သောသားများ၊ အိမ်သူများတို့ အား ပညတ်မည့် အရာကို ငါသိ၏။ သူတို့သည်လည်း၊ ထာဝရဘုရား၏ တရားလမ်းသို့လိုက်၍၊ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့်မည်။""ဟု ဆိုခဲ့သည်။ ကမ္ဘာ ၁၈း ၁၉


အာဗြံဟံ၏ ဆွေစဉ်မျိုးဆက်တို့သည် ဘုရားသခင် ရွေးချယ်ထားသော လူမျိုးတော်တည်းဟူသော ဣသရေလနိုင်ငံတော်ကို ဖြစ်တည်စေခဲ့ သည်။ ဘုရားသခင်၏ ရည်မှန်ချက်မှာ သူ့လူမျိုးတော်သည် သူ့ကို နာခံခြင်းရှိစွာ သူနှင့်အတူ အသက်ရှင်ကြရန်နှင့် ဤကမ္ဘာပေါ်တွင် သူ၏အခွင့်အာဏာ တော်ကို သူ၏ လူမျိုးတော်တို့က တည်တံ့မြဲမြံအောင် ပြုလုပ်ကြရန်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူအားလုံးတို့သည် ဣသရေလ နိုင်ငံတော်အားဖြင့် သူကိုသိလာစေရန် မျှော်မှန်းထားခဲ့သည်။


သို့သော် ဣသရေလလူမျိုးများသည် နာခံခြင်းမရှိဘဲ ပုန်ကန်ခဲ့သည်။ ဘုရားသခင်သည် ကြိမ်ဖန် များစွာ သူတို့ကို အပြစ်ပေးဆုံးမခဲ့ရသည်။ နောက်ဆုံးတွင် သူတို့၏ ထပ်ခါတလဲလဲမနာခံမှုကြောင့်၊ သူတို့၏နိုင်ငံတော်ကို သူတပါးတို့ကဖျက်ဆီးခြင်းကို ဘုရားသခင်က ခွင့်ပြုပေးခဲ့သည်။ အသတ်မခံရသော ဣသရေလအမျိုးသားတို့ကို ကျွန်အဖြစ်ခေါ်ဆောင်သွားခဲ့ပြီး ထိုကျွန်တို့သည် ကမ္ဘာအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့သည်။


သားတော်၏နာခံမှု

ဘုရားသခင်သည် ကောင်းကင်တမန်များစွာကို ဖန်ဆင်းခဲ့ပြီး သူတို့အထဲမှ များစွာတို့သည် ဘုရားသခင်ကို ဆန့်ကျင်၍ ပုန်ကန်ခဲ့ကြသည်။ သူသည် လူသားကိုဖန်ဆင်းခဲ့ပြီး လူသားသည်လည်း သူ့ကို ဆန့်ကျင်၍ ပုန်ကန်ခဲ့သည်။ သူသည် ဣသရေလအမျိုးသားကို သူ၏လူမျိုးတော်အဖြစ် ရွေးချယ်ခဲ့သော် လည်း ဣသရေလအမျိုးသားများသည် သူ့ကို ကျောခိုင်း၍ ပုန်ကန်ခဲ့ကြသည်။


ထို့နောက် အချိန်စေ့သောအခါ ဘုရားသခင်သည် သူ၏သားတော်ကို ဤလောကအတွင်းသို့ စေလွှတ်ခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသေခံရန် ကြွလာသည်ကို ကျွန်ုပ်တို့သိကြသည်။ ထိုပြင် သူသည် ဘုရားသခင်ကို နာခံမှုရှိသော မူဝါဒကို ပြန်လည်အသက်သွင်း၍ တည်တံ့စေရန် အတွက်လည်း ကြွလာခြင်းဖြစ်သည်။ ယေရှုက ""အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ လိုက်ခြင်းငှာ၊ ကောင်းကင်မှ ဆင်းသက်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်သို့ လိုက်ခြင်းငှာ၊ ဆင်းသက်၏""ဟု ဆိုခဲ့သည်။ ယော ၆း ၃၈


ယေရှုခရစ်တော်သည် ဘုရားသခင်ဖြစ်သည်။ ဤလောကအတွင်းသို့ မကြွလာမီအချိန်၌ ခမည်း တော်နည်းတူ ဘုန်းတန်ခိုးတော်နှင့်အ ခွင့်အာဏာတော်တို့ကို ပိုင်ဆိုင်ခဲ့သည်။ သို့သော်သူသည် ဤလောကအတွင်းသို့ ကြွရောက်လာသောအခါ၊ ဘုန်းတန်ခိုးတော် ထွန်းတောက်စွာသော

41

သူ၏နေရာကို စွန့်လွှတ်ခဲ့သည်။ လူသားတစ်ဦးဖြစ်လာနိုင်ရန်အတွက် မိမိကိုယ်ကို နှိမ့်ချခဲ့သည်။ ကျမ်းစာက ""ထိုသခင် သည် ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ .... မိမိအသရေကို စွန့်၍၊ အစေခံကျွန်၏ သဏ္ဍာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သော အဖြစ်၌ ဖွားမြင်ခြင်း ကို ခံတော်မူ၏"" ဟုဆိုသည်။ ဖိ ၂း ၆-၇


ယေရှုသည် မည်သို့သောလူစားမျိုးနည်း? ဘုရားသခင်ကို လုံးဝဥသုန်နာခံသောလူစားမျိုး ဖြစ်သည်။ သူ ဘုရားသခင်ကို မနာခံခဲ့သောအချိန် တကြိမ်တခါမျှပင် မရှိပါ။ ဤကမ္ဘာပေါ်တွင် သူရှိနေစဉ် ကာလအတွင်း တကြိမ်တခါမျှပင် မဖီဆန်ခဲ့ပါ။ သူ့အသက်တာ၏ မူဝါဒမှာ နာခံမှုရှိရမည်ဟူသော မူဝါဒ ပင်ဖြစ်သည်။ ယေရှုက ""အကြောင်မူကား၊ နှစ်သက်တော်မူသောအမှုတို့ကို အစဉ်မပြတ် ငါပြုသည်""ဟု ပြောခဲ့သည်။ ယော ၈း ၂၉


ဂေသရှေမန်ဥယျာဉ်ထဲ၌ သခင်ယေရှုသည် ကားတိုင်ပေါ်၌ ကျွန်ုပ်တို့အပြစ်များအား ထမ်းရမည့် အကြောင်းကို စဉ်းစားနေစဉ် ဤသို့ ဆုတောင်းခဲ့သည်။ ""အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည့်အတိုင်းဖြစ်ပါစေသော။"" မဿဲ၊ ၂၆း၃၉။


ကျွန်ုပ်တို့၏အပြစ်များအတွက် ကားတိုင်ပေါ်၌ အသေခံရန်မှာ သူ့ခမည်းတော်၏အလိုတော်ဖြစ်သောကြောင့်၊ သူသည် ခမည်းတော်ကို လိုလို လားလား နာခံခဲ့သည်။


ဘုရားသခင်၏ သားတော်သည် နာခံခြင်းရှိစွာ ကားတိုင်ပေါ်၌ အသေခံခဲ့သော မြင်ကွင်းကို မြင်ရသည်ထက် သာ၍ အံ့သြဖွယ် ကောင်းမွန် သော မြင်ကွင်းမျိုးကို ဤစကြာဝဠာ၌ မြင်နိုင်မည်မဟုတ်ပါ။ ကျမ်းစာက ""ထိုသို့လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်၊ အသေခံခြင်းသာ မဟုတ်၊ လက်ဝါးကပ်တိုင် မှာ အသေခံခြင်းတိုင်အောင် အစေခံကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏""ဟု ဆိုသည်။ ဖိ ၂း ၈


ခရစ်တော်သည် မိမိကိုယ်ကို နှိမ့်ချလျက်၊ နာခံခြင်းရှိစွာ အသေခံခဲ့သောကြောင့် ဘုရားသခင်သည် သူကို သေခြင်းမှထမြောက်စေကာ၊ စကြာဝဠာရှိ တစ်ခုတည်းသောပလ္လင်တော်ကို ပေးအပ်ခြင်းအားဖြင့် သူကို ချီးမြှောက်ခဲ့သည်။ ကျမ်းစာက ""ဘုရားသခင်သည် ကိုယ်တော်ကို အလွန် ချီးမြှောက်၍ ဘွဲ့နာမ တကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကိုပေးသနားတော်မူ၏"" ဟုဆိုသည်။ ဖိ ၂း ၉


ယေရှုခရစ်တော်ဟူသော လူသားသည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်၌ရှိသမျှသော အခွင့်အာဏာ ကို ပေးအပ်ခြင်းခံရသည်။ သူသည် ဘုရားသခင်၏ သားသမီးများတည်းဟူသော အသစ်သော လူမျိုး တစ်မျိုး၏ ဦးစီးခေါင်းဆောင်ဖြစ်လာခဲ့သည်။ သူသည် သူ၏အသက်တာကို နာခံခြင်းရှိရမည်ဟူသော မူဝါဒဖြင့် အသက်ရှင်ခဲ့သလို ကျွန်ုပ်တို့သည်လည်း ဤမူဝါဒအားဖြင့်သာ အသက်ရှင်နေထိုင်ရမည်။


ဤကမ္ဘာပေါ်တွင် မူဝါဒနှစ်ခုရှိသည်ကို မှတ်ထားကြပါစို့။

(၁) ""ပုန်ကန်ရမည်"" ဟူသောမူဝါဒ ( စာတန်၏မူဝါဒဖြစ်သည် )

(၂) ""နာခံမှုရှိရမည်"" ဟူသောမူဝါဒ ( ခရစ်တော်၏ မူဝါဒဖြစ်သည် )

လူတိုင်းသည် ဤမူဝါဒနှစ်ခုထဲမှ တစ်ခုမဟုတ်တစ်ခုအားဖြင့် မိမိတို့၏ အသက်တာကို အသက်ရှင်ကြသည်။


(၁) ""ပုန်ကန်ရမည်"" ဟူသောမူဝါဒ ( စာတန်၏မူဝါဒဖြစ်သည် )


ဤလောက၏အခြေခံမူဝါဒမှာ ပုန်ကန်ခြင်းဖြစ်သည်။ ကျမ်းစာက ""...ငြင်းဆန်း သောသူတို့၌ ပြုပြင်သော ၀ိညာဉ်၏အလိုနှင့်အညီ""ဟူ၍ (ဧ၊ ၂း၂) ၀ိညာဉ်တစ်ခုအကြောင်းကိုပြောထားသည်။ ထို ၀ိညာဉ်သည် စာတန်ကိုယ်တိုင်၏ ၀ိညာဉ်ဖြစ်ပြီး ဘုရားသခင်နှင့်သူ့သားတော်ကို ဆန့်ကျင်၍ ပုန်ကန် သော အခြင်းအရာ၌ ဤ၀ိညာဉ်ကို အထင်အရှားတွေ့မြင်နိုင်သည်။ ဤလောက၏ သဘောထားကို ဆာလံ ၂ တွင် ဖော်ပြထားသည်။ ""လောကီရှင်ဘုရင်တို့သည်ထကြ၍၊ မှူးမတ်အရာတို့လည်း ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက်"" ဆာ ၂း ၂


ဘုရားသခင်နှင့် သူ၏အခွင့်အာဏာတော်ကို ဆန့်ကျင်၍ပုန်ကန်တတ်သော ဤစိတ်နှလုံး၏သဘောထားကို ဥပဒေမဲ့လုပ်ရပ်များ၌ ထင်ရှားစွာ တွေ့မြင်နိုင်သည်။ ကျမ်းစာက ကျွန်ုပ်တို့သည် ဤခေတ်ကာလ၏အဆုံးသို့ ချဉ်းကပ်လာလေလေ၊ ဤလောကသည်လည်း ပို၍ပို၍ ဥပဒေမဲ့ ဖြစ်လာမည်ဟု ဆိုသည်။


မိမိကိုယ်ကို ခရစ်ယာန်ဟု ၀န်ခံထားသူများစွာတို့သည် မိမိတို့၏အပြစ်များကို ဘယ်တုန်းကမှ နောင်တမရခဲ့ပါ။ သူတို့သည် ""ပုန်ကန်ရမည်"" ဟူ သော မူဝါဒအားဖြင့် ဆက်လက် အသက်ရှင်ကြသောကြောင့် ခရစ်တော်၏လက်ခံခြင်းကို ခံရမည် မဟုတ်ပါ။ သခင်ယေရှုက ""သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း၊ ကောင်းကင်နိုင်ငံတော်သို့ ၀င်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သော သူသာလျှင် ၀င်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင် သခင် အကျွန်ုပ်တို့သည် ကိုယ်တော်အခွင်နှင့် ဆုံးမသြ၀ါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါ ပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကိုပြပါပြီမဟုတ်လောဟု အများသောသူတို့ သည် လျှောက်ကြ လိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ၊သင်တို့ကိုငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသော သူတို့၊ ငါထံမှဖယ်ကြဟု ထိုလူတို့အား အတိအလင်း ငါပြော မည်"" ဟူ၍ ဆိုခဲ့သည်။ (မဿဲ၊ ၇း၂၁)



42

(၂) ""နာခံမှုရှိရမည်"" ဟူသောမူဝါဒ ( ခရစ်တော်၏ မူဝါဒဖြစ်သည် )

ဘုရားသခင် သားသမီးများ၏ အခြေခံမူဝါဒမှာ နာခံခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အခွင့်အာဏာတော်ကို ထောက်ပံ့ရန် အတွက် ဤနေရာတွင် ရှိနေကြခြင်းဖြစ်သည်။ ကယ်တင်ခြင်းမရမီ အချိန်၌ ကျွန်ုပ်တို့သည် ပုန်ကန်ပြီး နာခံမှုမရှိသူများဖြစ်သည်။ သို့သော် ဘုရားသခင် က ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ချိန်၌၊ နာခံရမည် ဟူသော မူဝါဒအားဖြင့် ကျွန်ုပ်တို့၏အသက်တာသစ်ကို အသက်ရှင်နိုင်အောင် သူသည် ပြုလုပ် ပေးခဲ့သည်။ သခင်ယေရှုခရစ်တော်တည်းဟူသော နာခံသူသည် ကျွန်ုပ်တို့အတွင်း၌ ယခု အသက်ရှင်လျက်ရှိသည်။ ကျမ်းစာက ""...ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ်အကြောင်း ကို ကိုယ်မသိကြသလော""ဟုဆိုသည်။ ၂ကော ၁၃း ၅


သခင်ယေရှုသည် ကျွန်ုပ်တို့အတွင်း၌ အသက်ရှင်နေထိုင်လျက်ရှိသောကြာင့်၊ ကျွန်ုပ်တို့တွင် ဘုရားသခင်ကိုနာခံနိုင်သော အစွမ်းရှိသည်။ သို့သော် ကျွန်ုပ်တို့၏နာခံခြင်းသည် အလိုအလျောက်ဖြစ်ပေါ်လာမည် မဟုတ်ပါ။ သခင်ယေရှု၏အသက်တာ၌လည်း အလိုအလျောက် မဖြစ်ပေါ်လာခဲ့ပါ။ သူသည် နာခံရမည်ဟူသော မူဝါဒအားဖြင့် အသက်ရှင်ရန်အတွက် ရွေးချယ်ဆုံးဖြတ်ခဲ့သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အသက်တာကို နာခံရမည် ဟူသော မူဝါဒအားဖြင့် အသက်ရှင်ကြရမည်။ ကျမ်းစာက ""ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့""ဟုဆိုသည်။ ဖိ ၂း ၅


ရှာဖွေတွေ့ရှိရသော အဖိုးထိုက် ရတနာ

ဘုရားသခင်၏ သားသမီးတဦးအနေဖြင့် နာခံခြင်းရှိရမည်ဟူသော မူဝါဒအားဖြင့် ကျွန်ုပ်၏ အသက်တာကို အသက်ရှင်ရမည်။


မေးခွန်းများ ( မှန် / မှား )

(၁) အခွင့်အာဏာဆိုသည်မှာ အုပ်စိုးရန်အတွက် အခွင့်နှင့်နာခံမှုကို ရထိုက်သောအခွင့်ကို ဆိုလိုသည်။


(၂) အခွင့်အာဏာအားလုံးတို့သည် ဘုရားသခင်နှင့်သာ သက်ဆိုင်သည်။


(၃) စာတန်သည် နာခံခြင်းရှိရမည်ဟူသော မူဝါဒကို လူသားမျိုးနွယ်တို့အား စတင်မိတ်ဆက်ပေး ခဲ့သည်။


(၄) ရေလွှမ်းမှုကြီးပြီးနောက်၊ ဘုရားသခင်သည် ဥပဒေများပြဌာန်းပြီး လူအစိုးအရအဖွဲ့ကို ဘိတ်သိတ် ပေး ဖြစ်တည်စေခဲ့သည်။


(၅) ဘုရားသခင်သည် သေဒဏ်ပေးခြင်းကို ဆန့်ကျင်ကန့်ကွက်သည်။


(၆) ဘုရားသခင်ဖန်ဆင်းခဲ့သော ကောင်းကင်တမန်များသည် သူကိုဆန့်ကျင်၍ မပုန်ကန်ခဲ့ပါ။


(၇) ယေရှုသည် ဘုရားသခင်၏ စကားကို အပြည့်အ၀နာခံသူ လူသားတစ်ဦးဖြစ်သည်။


(၈) ဤလောကတွင် တည်ရှိနေသော မူဝါဒ ၂-ခုမှာ ပုန်ကန်ရမည် ဟူသောမူဝါဒနှင့် နာခံခြင်းရှိရမည် ဟူသော မူဝါဒတို့ဖြစ်ကြသည်။


(၉) တစ်ခါတရံ ကျွန်ုပ်တို့သည် အထက်ပါမူဝါဒနှစ်ခုစလုံးအားဖြင့် အသက်ရှင်တက်ကြသည်။


(၁၀) ဘုရားသခင်သားသမီးတဦး၏ အခြေခံမူဝါဒမျာ ""ငါ့လမ်းငါ့သွားမယ်"" ဖြစ်သည်။


ရဲလင်းထွန်း (အင်းစိန်)















43

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support