HCF

HCF MYANMAR IN SINGAPORE

Tuesday, July 20, 2010

ုကီးထွားခြင်းနှင့်ရင့်ကျက်ခြင်း


သင်ခန်းစာ (၂၂)ကြီးထွားခြင်း နှင့်ရင့်ကျက်ခြင်း

သက်ရှိသတ်္တ၀ါနှင့်အပင်တိုင်းသည်ကြီးထွားကြသည်။ ကြီးထွားပြီးမှ ရင့်ကျက်ကာ သီးပွင့်ကြသည်။ သို့ မှသာပွါး များနိင်သည်။ လူသားများလည်း မွေးဘွားပြီးလျှင် ကြီးထွားကြ သည်။ ခလေး မွေးသော်လည်း မကြီးထွားလျှင် မိဘများစိတ် ဆင်းရဲမှာ သေချာသည်။ ထိုမျှသာမက ကြီးထွားသောသူတိုင်း လည်းမရင့်ကျက်ကြပါ။ လူကောင်ကြီးသော်လည်းခလေးစိတ် ရှိနေသေးပါက အားကိုး၍မရ ခလေး ကဲ့သို့ ကြည့်ရှုဘို့လိုအပ် ပေလိမ့်မည်။ ထို့ ကြောင့်လူတိုင်း မွေးဘွားရုံဖြင့်မပြီးပါ။ အချိန် တန်လျှင် ကြီးထွားဘို့ နှင့် ရင့်ကျက်ဘို့  လိုသည်။

ထို့နည်းတူ ၀ိညာဉ်ပိုင်းဆိုင်ရာ၌လည်း ယုံကြည်သူ များသည် ခရစ်တော်၏ ဒုတိယမွေးဘွားရုံနှင့် မပြီးပါ။ ကြီးထွားခြင်းနှင့် ရင့်ကျက်ခြင်း ရှိဘို့ လိုအပ်သည်။ အချိန်တန်သော်လည်း မကြီးထွားမရင့်ကျက်ပါက များစွာသော ပြဿနာများ ပေါ်ပေါက်နိင်သည်။

ဇာတိ၌ကျင်လည်

ယုံကြည်သူများကြီးထွားရင့်ကျက်ခြင်းမရှိလျှင် ၀ိညာဉ်သဘောဖြင့် အသက်မရှင်နိင်။ ဇာတိသဘောဖြင့်သာ အသက်ရှင်နိင်သည်။ ကောရိန်သု အသင်းတော်သည် ကြီးထွားရင့်ကျက်ခြင်းမရှိသောကြောင့် ရှင်ပေါလုက -ညီအစ်ကိုတို့အထက်ကငါသည် ၀ိညာဉ်လူတို့ အား ဟောပြော သကဲ့သို့ သင်တို့အား ဟောပြောရသောအခွင့် မရှိဘဲ ဇာတိပကတိလူတို့ အား၎င်း၊ ခရစ်တော်၏ သူငယ်ခလေးတို့ အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြော ရ၏-ဟုစာရေးခဲ့သည် (၁ကော၊၃း၁)။ ဇာတိ ပကတိလူ ဆိုသည်မှာ ဘုရားမသိ သောသူ မယုံကြည်သောသူကို ဆိုလိုသည်။ ယုံကြည်သူများသည် မကြီးထွား မရင့်ကျက် လျှင် လောကီသားများကဲ့သို့ ဖြစ်၍ခွဲခြား၍မရပေ။

ကြေခဲသောအစာ

ခလေးသူငယ်များသည်ကြေခဲသောအစာများကို မစားနိင်ကြ။ နို့ ကိုသာ သုံးဆောင်ကြသည်။ ထို့ နည်းတူဝိညာဉ်ပိုင်း ခလေး သူငယ်များလည်း ကြေခဲသော အစာကိုမစားနိင် ၀ိညာဉ်နို့ များကိုသာ သုံးဆောင်ကြသည်၊ ရှင်ပေါလုက- ယခုတိုင် အောင် သင်တို့ သည် ခဲဘွယ်စားဘွယ်ကို မကြေနိင်ကြသော ကြောင့် ငါမကျွေးရ။ နို့ ကိုသာတိုက်ရ၏။ ယခုပင်လည်းမကြေနိင် ကြသေး-ဟုရေးခဲ့သည် (၁ ကော၊၃း၂)။ ဟေဗြဲစာရေးသောသူကလည်း ထိုမေလခိ ဇေဒက်၏အကြောင်းကို ငါပြောစရာအများရှိ၏။ သို့ သော်လည်း သင်တို့ သည်ကာလကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော် လည်း ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ ဦးစွာ သင်ရသော တရားနု တို့ ကို သူတပါးထံ၌တဖန်သင်ရသောအကြောင်းရှိသည်ဖြစ်၍ ကြေခဲ သော အစာကိုမသုံးဆောင် နို့ ကိုသာသုံးဆောင်သောသူ ဖြစ်ကြ၏-ဟု ရေးခဲ့သည် (ဟေဗြဲ ၅း၁၁-၁၂)။

ကြေခဲသောအစာမစားခြင်းဖြင့် အဘယ်ပြဿနာ ရှိသနည်းဟု မေးနိင် သည်။ နို့ ကိုသာသုံးဆောင်သောသူသည်အားမရှိ။ အလုပ်မလုပ်နိင်။ ကြေခဲသော အစာစားမှသာ အားရှိ၍ အလုပ်လုပ်နိင်သည်။ ထိုနည်းတူ ၀ိညာဉ်နို့ ကိုသာသောက် သောသူသည် ဘုရားသခင်၏ အသုံးတော်မခံနိင်။ ခလေးကဲ့ သို့  သူတပါးကိုမှီခို အားကိုးဘို့ လိုအပ်နေပေလိမ့်မည်။ ခလေးများသည် အလုပ်မလုပ်နိင်သည် သာမက သားသမီးများလည်း မမွေးဘွားနိင်ပါ။ ထို့ နည်းတူ ၀ိညာဉ်ခလေးများသည် ၀ိညာဉ်သားသမီးများမမွေးဘွားနိင်ချေ။ သူတို့ကိုတချိန်လုံးစောင့်ရှောက်ဘို့လို အပ်သည်။

အပြစ်၌ပျော်မွေ့ 

ခလေးများသည် ညစ်ညူးသောအရာများကိုရွံရှာခြင်းမရှိ၊နှစ်သက် ကြသည်။ တွေ့ သမျှသောအရာကို ပါးစပ်ထဲသို့  ထည့်တတ်သည်။ ကျန်းမာရေး လည်းမသိ၊ မိမိအတွက် ဘေးအန်္တရာယ်ရှိမရှိကိုလည်း နားမလည်။ ထို့ ကြောင့်သူတို့ ကို တချိန်လုံး စောင့်ရှောက်ဘို့ လိုအပ်သည်။ ထိုနည်းတူ ၀ိညာဉ်မကြီးထွား မရင့်ကျက်သောသူတို့ သည် အပြစ်၌ပျော်မွေ့ တတ်သည်။ မိမိအတွက် အန္တရာယ်ရှိ မရှိ မစဉ်းစားဘဲ ဇာတိ၏အလိုကိုလိုက်လျှောက်တတ်သောကြောင့် သူတို့ကို တချိန် လုံးစောင့် ရှောက်ဘို့ လိုအပ်သည်။ ကောရိန်သုအသင်းတော်လည်းမကြီး ထွားမရင့် ကျက်သောကြောင့် ဂုဏ်ပြိုင်ခြင်း၊ရန်တွေ့ ခြင်း၊အချင်းချင်းကွဲပြားကြသည် (၁ ကော ၃း၃)။ ထိုအကျင့်များသည်ယုံကြည်သူများ၌မရှိသင့်။ သို့ သော်လည်း ၀ိညာဉ် ရေးရာ ခလေးဖြစ်နေလျှင်မလွှဲမရှောင်သာ ရှိနေပေမည်။ ၀ိညာဉ် ရေးရာ မကြီးထွား မရင့်ကျက်ခြင်းသည် မိမိအတွက်သာမက အခြားသူများအတွက်လည်း မကောင်းချေ။ ယုံကြည်သူညီ အစ်ကို မောင်နှမများကို အားနည်းစေသည်။ ယုံကြည်သူများအကြား၌ ပြဿနာများ၍ကွဲပြားစေသည်။ ထိုမျှသာမက မယုံကြည်သူများ အတွက် ထိမိလဲစရာဖြစ်သည်။ မရင့်ကျက်သူများ၏ အသက်တာကို ကြည့်ခြင်းအားဖြင့် မယုံကြည်သူများသည် ဘုရားသခင်ကို မမြင်နိင်။ အဟန့်  အတား ဖြစ်စေသည်။ ဘုရားသခင်၏ဘုန်းတော်ကို မထင်ရှားစေသည် သာမက နာမတော်ကို ရှုတ်ချစရာဖြစ်စေသည်။ ထို့ ကြောင့် ယုံကြည်သူတိုင်း ကြီးထွားရင့်ကျက်ဘို့ လိုအပ်သည်။

အသက်ရှင်သောအသင်းတော်များ၌ ၀ိညာဉ်ပိုင်းကြီး ထွားရင့်ကျက်မှုမရှိပါက ပြဿနာပေါင်းစုံနှင့် တွေ့ ကြုံရမှာ သေချာ နေပါသည်။ကောရိန်သု အသင်းတော်ကဲ့သို့  ၀ိညာဉ် ဆုကျေးဇူးရရှိသော်လည်း ပြဿနာ မပြေလည် နိင်အောင်ရှုပ် ထွေးမှုရှိ နိင်သည်။ ခလေးများ များရှိသော နေရာ၌ပြဿနာ များ၍အဘယ်အရာကိုမျှ လုပ်ဆောင်၍မရချေ။ ကြီးထွားရင့် ကျက်မှသာလျှင် ပြသနာများကို ဖြေရှင်းနိင်မှာ ဖြစ်သည်။

ကြီးထွားရင့်ကျက်ခြင်းမရှိလျှင် ခလေးများကဲ့သို့  ကောက်ရိုးမီးလောင်သလို ခဏချင်းတွင်တက်ကြွသော်လည်းမကြာမှီ ပြန်လည် ငြိမ်ကျ သွားတတ်သည်။ အဘယ်ခလေးမှကြီးမားသောအမှုကို မလုပ်နိင်။ အချို့ သောအ သင်းတော်များ၏ ၀ိညာဉ်ပိုင်းခလေး များသာလျှင်ရှိ သောကြောင့် တချိန်လုံး ခလေးထိန်းကြီးတည်း ဟူသော အသင်းအုပ်ဆရာကိုသာ တမ်းတနေကြ သည်။အသင်းအုပ် ဆရာမရှိလျှင် ဘာမျှမလုပ်တတ်ကြတော့ ချေ။ သင်းအုပ်ဆရာလည်း ခလေးကြီး ဖြစ်နေပါက မည်ကဲ့သို့ ခလေးများကြီးထွား ရင့်ကျက် အောင်ပြုစုကျွေးမွေးရမည်ကို မသိ နို့ဘူးကြီးနှင့် တနင်္ဂနွေ နေ့ တွင် ၀ိညာဉ်ခလေးများကို ရေရောသော နို့ ကြဲကြဲ (လူ့  အကြိုက် တရား များ)ကို တိုက်တတ်သည်။ ထို့ ကြောင့်ဝိညာဉ်ခလေးများ သည် မကြီးထွား။ ပြဿနာများသည်။ သို့ ဖြစ်၍ မိတ်ဆွေလည်း ၀ိညာဉ်ရေး၌ ကြီး ထွားရင့်ကျက်ဘို့ လိုသည်။


သင်ခန်းစာ (၂၂) မေးခွန်းများ

၁။ ခလေးများမွေးဘွားပြီးလျှင် ဘာဖြစ်ဘို့ လိုသေးသနည်း။------------------

၂။ ခလေးမကြီးထွားလျှင်မည်သူစိတ်ဆင်းရဲသနည်း။-------------------------

၃။ ဒုတိယမွေးဘွားပြီးလျှင်ဘာလိုသေးသနည်း။-----------------------------

၎။ ၀ိညာဉ်သဘောနှင့်အသက်ရှင်နိင်ရန်ဘာလိုသနည်း။---------------------

၅။ ဇာတိပကတိလူသည်အဘယ်သို့ သောသူနည်း။--------------------------

၆။ ခလေးများမည်ကဲ့သို့ သောအစာ စားသနည်း။---------------------------

ရ။ အလုပ်လုပ်နိင်ရန်မည်ကဲ့သို့ သောအစာစားရသနည်း။-------------------

၈။ ခလေးများသည်မည်သည်အရာနှင့်ပျော်တတ်သနည်း။--------------------

၉။ မကြီးထွားခြင်း၏ ပြဿနာများရေးပါ။--------------------------------------------------------------------------------------------------------

၁၀။ အဘယ်ကြောင့်အသင်းတော်များ၌ပြဿနာများသနည်း။------------------

၁၁။ အဘယ်ကြောင့်ယုံကြည်သူများကြီးမားသောအရာမလုပ်နိင်သနည်း။ ----------------------------------------------------------------------------

၁၂။ အဘယ်ကြောင့်သင်းအုပ်ဆရာကိုမှီနေသနည်း။--------------------------


Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support