သင်ခန်းစာ (၂၁)
ရပ်တည်ချက်နှင့်လုပ် ဆောင်ချက်
ခရစ်ယာန်တယောက်အနေဖြင့် မိမိ၏ ရပ်တည်ချက် (standing) နှင့် မိမိ၏ လုပ်ဆောင်ချက် (state) ကိုသေချာစွာပိုင်း ခြားနားလည်ဘို့လို သည်။ ရပ် တည်ချက်ဆိုသည်မှာ ဘုရားသခင်က ယုံကြည်သူများအတွက် ခရစ်တော်၏လုပ်ဆောင် ပေးသော အရာများ ဖြစ်သည်။ အိမ်နှင့်နှိုင်းပါက အုတ်မြစ်နှင့်တူသည်၊ လုပ်ဆောင်မှုသည် နေ့ စဉ် ယုံကြည်သူ၏ လုပ်ဆောင်မှုကိုဆိုလိုသည်။ ရပ်တည်ချက် အချို့ ကိုဖေါ်ပြပါ က-
အပြစ်ကင်းစင်သည်
ယုံကြည်သူတယောက်သည် နေ့ စဉ်နှင့်အမျှ စိတ်အားဖြင့်၎င်း၊ကိုယ် ကာယအားဖြင့်၎င်း၊ တနည်းမဟုတ် တနည်း အပြစ် ကျူးလွန်မှာဖြစ်သည်။ သို့သော် သူသည် ခရစ်တော်၌ အပြစ်ကင်းစင်သောသူဖြစ်သည်။ ထို့ ကြောင့် အပြစ်စီရင်ခြင်းမှ ကင်းလွတ် သောသူဖြစ်သည် (ယော ၁း၁၈)။ အပြစ်ကျူးလွန်မှု အတွက် အဘသည်သားကိုဆုံးမတတ်သကဲ့သို့ ဘုရားသခင်၏ဆုံးမခြင်း ခံရမှာ ဖြစ်သည် (ဟေဗြဲ ၁၂း၅-၁၁)။ အပြစ်စီရင်ခြင်း သည် အပြစ်သားများနှင့်ဆိုင်၍ ဆုံးမခြင်းသည် သားများ နှင့်သာဆိုင်သည်၊ ထို့  ကြောင့် ယုံကြည်သူ များ သည် အချိန် မရွေး ဘုရားသခင်၏ဆုံးမခြင်းကိုခံနိင်သော်လည်း အပြစ်အတွက်တရား စီရင်ခြင်းမှ ကင်းလွတ်ပြီး သောသူများဖြစ်သည်။ ထိုသို့ ယုံ ကြည်သူတယောက် အပြစ်နှင့် ကင်းစင်ခြင်းသည် ခရစ်တော်၏ ခံစားရသော ရပ်တည်ချက်တခုဖြစ်သည်။ ယုံကြည်သူကိုယ်တိုင် အကျင့်အကြံအားဖြင့် အပြစ်ရှိသော်လည်း ခရစ်တော်၌ အပြစ်ကင်းစင်သည်။ တနည်းအားဖြင့် ဆိုလျှင်ရပ်တည်ချက်သည် ဘုရားသခင်၏ အမြင်၌ဖြစ်၍လူ့ အမြင်၌မဟုတ်၊ ဤအရာကို နားလည်နိင်ဘို့ ရန် ရှင်ပေါလုက ကောရိန်သုအသင်းတော်ထံရေးသောစာ ကိုကြည့်ကြစို့ ။ ထိုအသင်းတော်သည် အပြစ်နှင့်မကင်းပါ။ သူတို့ သည်ဇာတိပကတိလူဖြစ်ကြ သေးသည်။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ ခြင်၊ အချင်းချင်း ကွဲပြားခြင်းရှိကြသေးသည် (၁ ကော ၃း၃)။ ထိုမျှသာမက အဘ၏ မယားကိုသိမ်းပိုက်သောသူလည်း သူတို့ အထဲ၌ရှိသည်။ ကျန်သောသူ များ ကလည်း ထိုအပြစ်အတွက် စိတ်မသာညည်းတွားခြင်းမရှိ။ မာနထောင်လွှား လျက်ရှိ ကြသည် (၁ ကော၊၅း၁-၂)၊ ကောရိန်သု အသင်းတော်သည် သန့် ရှင်းခြင်းမရှိချေ။သို့သော်ရှင်ပေါလုက သူတို့ ကိုစာရေးသောအခါ-ယေရှုခရစ်အားဖြင့်အပြစ်နှင့် ကင်းစင်၍သန့် ရှင်း သူအရာ၌ခန့်ထားသောသူတည်းဟူသော ကောရိန်သုမြို့၌ရှိသော ဘုရားသခင်၏ အသင်းတော်-ဟုရေးခဲ့သည် (၁ ကော ၁း၂)။ အဘယ်ကြောင့်ထိုသို့ ရေးသနည်း။ အစ၌ သူတို့၏အပြစ်ကိုမသိသော ကြောင့်လော။ မဟုတ်ပါ။ သူတို့၏အပြစ်များကို ရှင်ပေါလု ကောင်းကောင်း သိပါသည်။
ရှင်ပေါလုဆိုလိုသည်မှာ ကောရိန်သု အသင်းတော်သည် ခရစ်တော်၏ အပြစ်နှင့်ကင်းစင်၍သန့် ရှင်းခြင်းကိုဘုရား သခင်က ယေရှုခရစ်အားဖြင့် ပေးခြင်း ကို ဆိုလိုသည်။ ထိုအရာ သည်ယေရှုခရစ်၌ သူတို့ ၏ရပ်တည်ချက်ဖြစ်သည်။ သူတို့ လုပ်ဆောင်ချက် မကောင်းပါ။ ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင်ခြင်း အ ချင်းချင်း ကွဲပြားခြင်းတို့ သည် သူတို့ ၏လုပ်ဆောင်ချက်များ ဖြစ်ပါသည်။ ထိုအရာများ သည်အပြစ်ရှိ၍ လုံးဝမကောင်းပါ။ သို့ သော်သူတို့ ၏ရပ်တည်ချက် သည် ခရစ်တော်၌ ဖြစ်သောကြောင့် အပြစ်နှင့်ကင်းစင်၍သန့် ရှင်းသည်။ အကြောင်းမှာ ခရစ်တော် ၏ သန့်ရှင်းခြင်းသည် သူတို့ ၏ သန့် ရှင်းခြင်းဖြစ်သည် (၁ ကော ၁း၃၀)။
ရပ်တည်ချက်သည် ဘုရား၏ အမြင်၌ဖြစ်၍ လူ၏အမြင် မဟုတ်။ ဘုရား သခင်က ကောရိန်သု အသင်းတော်ကို ခရစ်တော်၌ မြင်သည်။ ထို့ ကြောင့်သူတို့ သည်ခရစ်တော်၌ အပြစ်ကင်း၍သန့် ရှင်းသည်။ လူသည်လုပ်ဆောင်ချက်သာ မြင်နိင်သည်။ ထို့ ကြောင့် လုပ်ဆောင်မှုအပေါ်မှာသာ တယောက်နှင့် တယောက် ဆုံးဖြတ် ကြသည်။ ထိုသို့ ဆိုသော် ဘုရားသခင်သည် လုပ်ဆောင်မှုကို ဂရုမစိုက် သလောဟု မေးစရာရှိလာသည်။ ဘုရားသခင်သည် ယုံကြည်သူ၏လုပ်ဆောင်မှု ကိုလည်း ဂရုစိုက်ပါသည်။ သို့ သော်ထိုအရာအားဖြင့် ယုံကြည်သူကခရစ်တော်၌ ရရှိထားသော သန့် ရှင်းခြင်းကို မထိခိုက်နိင်ချေ။ လုပ်ဆောင်မှု အတွက် အဘသည် သားကိုဆုံးမသကဲ့သို့  ဆုံးမမှာဖြစ်သည်။ အကယ်၍ဆုံးမခြင်းကို နားးမထောင် ပါက သူ၏ ကိုယ်ခန်္ဓာရုပ်သိမ်းခြင်းအထိ ပြုလုပ်နိင်သည်။
ဖြောင့်မတ်ခြင်း
ဖြောင့်မတ်ခြင်းသည် တရားစီရင်ခြင်းနှင့်ဆိုင်သည်။ ယုံကြည်သူတစ် ယောက်သည် ခရစ်တော်၌ ရှိသောကြောင့်ဘုရားသခင်၏ အမြင် ဖြောင့်မတ်သည်။ ထို့ ကြောင့်ရှင်ပေါလုက- ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသော သူဖြစ် စေတော် မူ၏။ အကြောင်း မူကားငါတို့ သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့ ဖြောင့်မတ် သောသူ ဖြစ်မည့် အကြောင်းတည်း -ဟုဆိုသည် (၂ ကော၊၅း၂၁)။
ဘုရားသခင်က အပြစ်နှင့်ကင်းစင်သောသူ တည်းဟူသော ခရစ်တော်ကို ငါတို့ အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေသည်။ အကြောင်းမှာ ငါတို့ သည် ခရစ်တော်အား ဖြင့်(ငါတို့ ၏လုပ်ဆောင်ချက်ကြောင့်မဟုတ်) ဘုရားသခင့်ရှေ့ တော်၌ (လူရှေ့၌ မဟုတ်) ဖြောင့်မတ်မည့် အကြောင်းတည်းဟု ဆိုထားသည်။
သို့ဖြစ်၍ယုံကြည်သူများသည်ဘုရားအမြင်၌ ခရစ်တော်ကြောင့်ဖြောင့်မတ်ကြ သည်။ ထိုအရာသည် ယုံကြည်သူများ၏ ရပ်တည်ချက်ဖြစ်သည်။ သူတို့ ၏လုပ် ဆောင်မှုအပေါ် ဆုံးဖြတ်သည်မဟုတ်။ လူ့ အမြင်အားဖြင့်လည်း မဟုတ်။ ရပ်တည် ချက်သည် ခရစ်တော်အပေါ် မူတည်သည်။ သို့ ဖြစ်၍ယုံကြည်သူတိုင်း၏ ရပ်တည် ချက် သည် အတူတူပင်ဖြစ်၍ ပြောင်းလဲခြင်းလည်း မရှိချေ။ လုပ်ဆောင်မှု မူကား မိမိ၏လုပ်ဆောင်မှုအပေါ်မူတည်သောကြောင့် တယောက်နှင့်တယောက် ကွားခြား ကွဲပြားကြသည်။
ရပ်တည်ချက်နှင့် လုပ်ဆောင်ချက် မခွဲခြားပါက ရှုပ်ထွေးမှုများ ဖြစ်လာ သည်။ မည်သူမျှအပြစ်မလုပ်ဘဲမနေနိင်ကြ။ သို့ ဖြစ်၍ ယုံကြည်သူများ အပြစ်ပြန် လုပ်မိ သောအခါ ဖြောင့်မတ်ခြင်း၊ သန့် ရှင်းခြင်းများ ဆုံးရှုံးသွားပြီဟု ထင်တတ် သည်။ ဘုရားသခင်ရှေ့ မှာ ယေရှုခရစ်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းနှင့် သန့် ရှင်းခြင်းသည် ယေရှုခရစ် မပြောင်းလဲသကဲ့သို့  ပြောင်းလဲခြင်းမရှိချေ။ သို့သော် အပြစ်ကြောင့် ဘုရားသခင်နှင့် မိဿဟာရပြတ်၍ ၀မ်းမြောက်မှုဆုံးရှုံးမည်။ မိဘစကားနားမထောင်သော သားသမီးသည် သားသမီး အဖြစ်မှ စွန် လွှတ်ခြင်း မခံရသော်လည်း ၀မ်းမြောက်မှု မရှိတော့ချေ။ မိဘရှေ့ မှာမျက်နှာမရဘဲ မျက်နှာ ငယ်နေရသည်။ ထို့ နည်းတူ အ ပြစ်လုပ်သော ယုံကြည်သူသည် ဘုရား သခင်ရှေ့မှာ မျက်နှာငယ်ရသည်။ ဒါဝိဒ်သည် ဗာသရှေဗနှင့်မှားယွင်းသောအခါ ၀မ်းမမြောက် နိင်သောကြောင့် ဤသို့ပြန်လည်ဆုတောင်းသည်- စိတ်သက်သာ ၀မ်းမြောက်မူ ရှိမည့်အကြောင်းစကားကို အကျွန်ပ်အား ကြားစေ တော်မူပါ။ သို့ ပြုလျှင် ချိုးဖဲ့တော်မူသောအရိုးတို့ သည် ရွှင်မြူးခြင်း ရှိကြပါလိမ့်မည်-ကယ်တင် တော်မူခြင်းနှင့်ယှဉ်သော ၀မ်းမြောက်ခြင်း အခွင့်ကို ပြန်၍ပေး သနား တော်မူပါ။-ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ပ်ကို ထောက်မပါစေသော်- (ဆာ၊၅၁း၈၊၁၂)။
ကောရိန်သု အသင်းသားများသည် အသက်တာ၌ သန့် ရှင်းမှုမရှိကြသော် လည်း ၀ိညာဉ်ဆုကျေးဇူးများရရှိကြသည်။ ထိုမျှသာ မက သန့် ရှင်းသူများ ကိုသခင် ယေရှုက ချီဆောင်ခြင်းလည်းပါဝင်ရကြမှာဖြစ်ကြောင်း ရှင်ပေါလုက ဤသို့ ရေး ထားသည်-ငါတို့ ရှိသမျှသည် အိပ်ပျော်(သေ)ရကြမည်မဟုတ်။ သို့သော် လည်း နောက်ဆုံးသော တံပိုးမှုတ်သောအခါတခဏခြင်းတွင် မျက်စိ တမှိတ်၌ ငါတို့ ရှိသမျှ (ကောရိန်သု အသင်းသားများအပါအ၀င်) သည် ပြောင်းလဲခြင်းသို့  ရောက် ရကြမည် ( ၁ ကော၊ ၁၅း၅၁-၅၂)။ ဆိုလိုသည်မှာ ခရစ်တော် ကြွလာသောအခါ ဇာတိပကတိအတိုင်းအသက်ရှင်ခဲ့ကြသော ကော ရိန်သုအသင်းသား များ လည်း ကိုယ်ခန်္ဓာပြောင်းလဲခြင်းသို့ ရောက် ကြမည်။ ဇာတိအတိုင်းအသက်ရှင်ခြင်းအားဖြင့် သူ တို့ ကယ် တင် ခြင်း မဆုံးရှုံးချေ။ ထိုသို့မဆုံးရှုံးသောကြောင့်ဇာတိအတိုင်း အသက်ရှင် ကြ ဘို့ မဟုတ်။ ဇာတိအလို အတိုင်းအသက်ရှင်ခြင်းအားဖြင့် ဆုံးရှုံးသောအရာများကို ပြန်လည်လေ့လာရကြမည်။မိဿဟာရပြတ်သည်
ယုံကြည်သူတယောက်သည် ခရစ်တော် လက်ခံချိန်မှ စ၍ ဘုရားသခင်၏ သားဖြစ်ရပြီ (ယော၊၁း၁၂)။ ဇာတိ အလိုလိုက်၍အပြစ် ကျူးလွန်နေချိန်၌ပင်လျှင် ဘုရားသခင်၏သားဖြစ်သည်။ သားသမီး များ သည် မိဘ စကား နားထောင်သော အချိန်ကသာ သားသမီးများ ဖြစ်သည် မဟုတ်၊ စကားနား မထောင်သော အချိန်၌ ပင်လျှင် သားသမီးများဖြစ်ကြသည်မဟုတ်လော။ စကားနားထောင်သော ကြောင့် သား သမီးဖြစ်ကြသည်မဟုတ်။ မွေးဘွားခြင်းကြောင့် သားသမီးဖြစ်သည်။ ထို့ကြောင့် စကားနားမထောင်ခြင်းအားဖြင့် သားသမီးအရာကိုဆုံး ရှုံးနိင်သည် မဟုတ်။ သားသမီး ဖြစ်ခြင်းသည် ကျိုးစား ခြင်း၊ ကောင်းမြတ်ခြင်းအားဖြင့်ဖြစ်သည် မဟုတ်။ မိခင်မှ မွေးဘွားခြင်းအားဖြင့် ဖြစ်သည်။ ထို့ နည်းတူ ဘုရားသခင်၏ အသား ဖြစ်ခြင်းသည် အကျင့်နှင့်ကြိုးစားခြင်းအားဖြင့်မဟုတ်။ ၀ိညာဉ်နှင့် မွေးဘွားခြင်း အားဖြင့် သာလျှင်ဖြစ်သည်။ ထိုအရာသည်ရပ် တည်ချက်ဖြစ်သည်။ လူ၏ လုပ်ဆောင်မှုကြောင့်မဟုတ်။ ဘုရားသခင်၏လုပ်ဆောင်မှုဖြစ်၍ မပြောင်း လဲ နိင်တော့ချေ။ သခင်ယေရှုခရစ် ပေးသော ဥပမာကလည်း ပျောက်သော သားသည် သုံးဖြုန်း၍ မကောင်းသောအကျင့်များကျင့်လျက် ဖခင်ထံမှ ထွက်သွားသော်လည်း သူ့ ဖခင်၏သား ပင် ဖြစ်သည်။ ဖခင်ထံမှ သွား သော ကြောင့် ဖခင်နှင့်မိဿဟာရ ပြတ်၍ ဖခင်၏ စည်းစိမ် မခံစားရသော်လည်း ဖခင်၏သားဖြစ်ဆဲဖြစ်သည်။ သူပြန်လာသောအခါ သူ့ ဖခင်က သား ဟုလက် ခံသည် (လု၊၁၅း၂၄)။
သားသမီးများသည် မိဘ စကားနားထောင်ဘို့ ဖြစ် သည်။ မိဘစကား နားထောင်မှ မိဘမျက်နှာပွင့်လန်းသည်။ ထိုနည်းတူ ယုံကြည်သူများ ဘုရား စကား နားထောင်ရမည်။ သို့ မှသာ ဘုရား၏ဘုန်း ထင်ရှားမှာဖြစ်သည်။ ဘုရား၏သား များ အကျင့်ဆိုးနေပါက ဘုရား၏ဘုန်းရှုတ်ချစရာ ဖြစ်သည်။
သင်ခန်းစာ (၂၁) မေးခွန်းများ
၁။ ရပ်တည်ချက်သည်-------------၏လုပ်ဆောင်ချက်ဖြစ်သည်။
၂။ လုပ်ဆောင်ချက်သည် ---------------၏လုပ်ဆောင်ချက်ဖြစ်သည်။
၃။ ရပ်တည်ချက်သည် ----------------၏ အမြင်၌ဖြစ်သည်။
၎။ ကောရိန်သုအသင်းတော်သည် ခရစ်တော်၏ သန့် ရှင်းခြင်း သည်သူတို့၏ ---------------ချက်ဖြစ်သည်။
၅။ ကောရိန်သုအသင်းတော်သည် ဇာတိအပြစ်ကျူးလွန်ခြင်းသည် သူတို့ -----------------------ချက်ဖြစ်သည်။
၆။ ယုံကြည်သူ သည်----------ရှိသောကြောင့်----------အမြင်၌ဖြောင့်မတ်သည်။
ရ။ ယေရှုခရစ်၌ရသောအရာများမပြောင်းသော်လည်းအပြစ်လုပ်လျှင်ဘာရှုံး မည်နည်း။-------------------------
၈။ ဒါဝဒ်သည်မှားယွင်းသောအခါ ဘာရှုံးသနည်း။-------------------
၉။ ဘုရားသားဖြစ်ခြင်းသည်--------------ချက်ဖြစ်သည်။
၁၀။ အပြစ်လုပ်လျှင် မည်သည့်အရာရှုံးမည်နည်း။----------------------------
မည်သည့်အရာမရှုံးနိင်သနည်း။-----------------------------------------
0 comments:
Post a Comment