HCF

HCF MYANMAR IN SINGAPORE

Saturday, February 26, 2011

သခင်ခရစ်တော်သည် ကျွန်တော်၏ဖြောင့်မတ်ခြင်း


Christ is My Righteousness!

Lesson 6

သခင်ခရစ်တော်သည် ကျွန်တော်၏င်္ ဖြောင့်မတ်ခြင်း

မိတ်ဆွေခင်ဗျာ၊

ဘုရားသခင်သည် ကျွန်တော်၏အပြစ် အားလုံးမှ ခွင့်လွှတ်ပေးသည် အလွန်ဝမ်းမြောက်ဖွယ်ရာဖြစ်သည်။ ကျွန်တော်သည်၊ ဘုရားသခင်လက်ခံနိုင်သော ဖြောင့်မတ်ခြင်းရှိရန်လိုအပ်သည်။

ဘုရားသခင်သည် သန့်ရှင်းသောဘုရားဖြစ်သည်။ သမ္မာကျမ်းစာမှသင်ကြားပေးသည်မှာ၊ ဘုရားသခင်သည် အလင်း နှင့် ဂုဏ်ကျက်သရေဖြစ်သည်။ သူသည် ပကတိ ပြည့်စုံ ကောင်းမွန်သော ၊ဖြောင့်မတ်သော၊ နှင့် အပြစ်ကင်းသောသူဖြစ်သည်။ သူရှိနေခြင်းဖြင့်။ ယုတ်မာသောသူ လွဲမှားသောသူ မည်သူမျှမ၀င်လာနိုင်ပါ။ အကြိမ်များစွာ သမ္မကျမ်းစာတွင် အမှောင်ထုသည်။ အပြစ် အဖြစ် ရပ်တည်သည်။ သမ္မာကျမ်းစာက "---ဘုရားသခင်သည်အလင်းဖြစ်တော်မူ၏။ ဘုရားသခင် ၌ မှောင်မိုက်အလျှင်းမရှိ။-"
(၁ယော ၁း၅)

ပရောဖက် ဟေရှာယသည် ရူပါရုံအားဖြင့်မြင်ရသည်။ သူသည်ထာဝရဘုရား ကိုဖူးမြင်ရ၏။ ကိုယ်တော်သည်မြင့်မြတ်သည့် ပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ၏။ ကိုယ်တော်အားမီးလျှံထလျက်နေသောကောင်းကင်တမန်များသည် ခြံရံကာ ရပ်လျက်နေကြ၏။ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းနေကြသည်။

"သူတို့ကလည်း၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားသည်သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့် လေ၏ဟု တပါးကိုတပါး ကြွေးကြော်၍မြွက်ဆိုကြ၏။" ( ဟေရှာ ၆း၃)

ဟေရှာယသည် ဘုရားသခင်၏ ဂုဏ်ကျက်သရေနှင့် သန့်ရှင်းတော်မူခြင်းကို ရူပါရုံ၌ မြင်ရ၍ ၊ ငိုကြွေးလေသည်။ "ငါကလည်း၊ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းရှိပြီ။ အကြောင်းမူကား၊ ငါသည်ညစ်ညူးသောနှုတ်ခမ်းရှိလျက်၊ ညစ်ညူးသော နှုတ်ခမ်းရှိသော လူမျိုးတွင် နေလျက်နှင့်၊ ကောင်းကင်ဗိုလ် အရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို၊ ကိုယ်မျက်စိ နှင့်မြင်လေပြီတကားဟုဆို၏။" (ဟေရှာ ၆း၅)

အဘယ်ကြောင့် ဟေရှာယ ငိုကြွေးသနည်း။ "ငါကလည်း၊ ငါ၌အမင်္ဂလာရှိ၏" သူ၏အသိတရားကအပြစ်။ ဟေရှာယသည် လူကောင်းတစ်ယောက်ဖြစ်ပြီး ဘုရားသခင်ကိုချစ်သည်။ ဒါပေမဲ့ သူသိတာက သူသည်အပြစ်သား။ သူသိတာကသူသည်၊ မွန်မြတ်သော၊ သန့်ရှင်းသော၊ ဘုရားသခင် ရှေ့မှောက်တွင် ရှိရန်မသင့်လျှော်ပါ။

ကွန်တော်သည် ပကတိ ဖြောင့်မတ်ခြင်း လိုအပ်သည်။

ခွင့်လွှတ်ခြင်း နှင့် ဖြောင့်မတ်ခြင်း တို့၏ ခြာနားချက်သည် ဘာလည်း? ခွင့်လွှတ်ခြင်းသည်၊ ကျွန်တော်၏ အပြစ်များ ဖယ်ရှားပေးခြင်း ကိုရရှိခဲ့သည်။ ဖြောင့်မတ်ခြင်းသည်၊ အ၀တ်အစား သင့်တင့်လျောက်ပတ်စွာဝတ်ဆင်၍ ဘုရားသခင် ထံတော်မှောက်သို့ဝင်ရန်။

ခွင့်လွှတ်ခြင်းသည် ရေချိုး ရသလိုဘဲ၊ ဖြောင့်မတ်ခြင်းသည် သန့်ရှင်းကောင်းမွန်သော အ၀တ်အစားကို ၀တ်ထား ရသလိုဘဲ။ ကျွန်တော်တို့၏အညစ်အကြေးများကင်းစင်ရန်ရေချိုးသည်။ ကျွန်တော်တို့ သင့်တင့် လျောက်ပတ်ဝတ် ဆင်ရန်၊ ကောင်းမွန် သောအ၀တ်အစားများကိုဝတ်ဆင်ကြသည်။

ကျွန်တော်သည် ညစ်ပတ်သော၊ ဟောင်းနွမ်းစုတ်ပြတ်သောအ၀တ်ကို ၀တ်ထားသည်။ ဘုရင်မင်းကြီးကတွေ့သည်၊ အကြောင်းအရာတစ်ခုကြောင့်၊ သူကကူညီမစခြင်သည်။ သူက ကျွန်တော်ကို နန်းတော်တွင် သူကိုလာတွေ့ရန်ဖိတ်ခေါ် သည်။

ပထမ ကျွန်တော်ဘာစလုပ်ရမလဲ? ပထမ အညစ်အကြေးများ သန့်အောင် ရေချိုးမည်။ ပြီးရင် အ၀တ်က ဘုရင်နှင့် တွေ့ ရန် သင့်တော်သောအ၀တ်ဖြစ်ရမည်။

ဘုရားသခင်၏ ထံတော်မှောက်သို့လာလျှင်ရော? ဘုရားသခင်ရှေ့၊ စကြ၀ဠာ ဘုရင်ရှေ့သို့လာရောက်ရန် ဖြောင့်မတ် သော၊ သူလက်ခံသော အ၀တ်ကို ၀တ်ဆင်ရမည်။

ဘုရားသခင်သည် ဘယ်လိုဖြောင့်မတ်ခြင်းကို လက်ခံမည်နည်း? ဘုရားသခင်က ပကတိ ဖြောင့်မတ်ခြင်းကိုလက်ခံ သည်။ ဒီ ပကတိ ဖြောင့်မတ်ခြင်းကိုသာ ဘုရားသခင် လက်ခံမည်။

ပကတိ ဖြောင့်မတ်ခြင်းကို ဘုရားသခင် ရှေ့တော်၌ ကျွန်ုပ်ကိုယ်တိုင် လုပ်၍ရနိုင်ပါသလား? မရနိုင်ပါ။ က္ပျွန်ုပ်ဘယ် လောက် ကျိုးစားပြီးလုပ်လဲ၊ ပကတိ ဖြောင့်မတ်ခြင်းကို ဘုရားသခင် ရှေ့တော်၌ ကျွန်ုပ်ကိုယ်တိုင် လုပ်၍မရနိုင်ပါ။ ကျွန်ုပ်၏ဖြောင့်မတ်ခြင်း။-----အကောင်းဆုံးလုပ်သည်များမှာ----- ဘုရားသခင်၏ရှေ့တော်၌၊ ညစ်သောအ၀တ်နှင့် တူကြ သည်။ ပရောဖက် ၊ ဟေရှာယ ပြောသည်မှာ၊

"အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသော ကုသိုလ်ကောင်းမှုတို့သည်ညစ်သောအ၀တ်နှင့် တူကြ ပါ၏။ အကျွန်ုပ်တို့ရှိသမျှသည် သစ်ရွက်ကဲ့သို့ ညှိုးနွမ်းလျက်ရှိ၍၊ ကိုယ်အပြစ်တို့သည် လေကဲ့သို့အကျွန်ုပ်တို့ ကိုတိုက် သွားပါပြီ။' (ဟေရှာ ၆၄း၆)

ဒီဟာ သတင်းကောင်းဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင်မလုပ်နိုင်သောအရာ၊ ဘုရားသခင်က ကျွန်ုပ်တို့အတွက်လုပ်ပေး သည်။ သူက ယုံကြည်သူများအတွက် ပကတိ ဖြောင့်မတ်ခြင်း ကိုပေးပါသည်။

ဘုရားသခင်၏ရှေ့၌ ကျွန်ုပ်ဖြောင့်မတ်ရန် ဘုရားသခင်ဘယ်လိုလုပ်ပေးသနည်း?

ဘုရားသခင်က ၀မ်းမြောက်ဖွယ် ကောင်းသော အရာ သုံးခု ပြုလုပ်၍ ကျွန်ုပ်ကို ပကတိ ဖြောင့်မတ်ခြင်း သူ၏ ရှေ့၌ပြု လုပ်ပေးသည်။ ဘုရားသခင်က ကျွန်ုပ်၏အသက်တာဟောင်းကို ဖယ်ရှားသည်၊ ဘုရားသခင်က ကျွန်ုပ်ကို သခင်ယေရှု၌ လူသစ်အဖြစ် ဖန်ဆင်းပေးသည်။ ဘုရားသခင်သည်၊ သခင်ယေရှုကို ကျွန်တော်အားပေး၍ ကျွန်တော်၏ဖြောင့်မတ်ခြင်း

အတွက်။ ဘုရားသခင်ဒီအရာကိုဘယ်လိုလုပ်သလဲကြည့်ကြစို့။

၁။ ဘုရားသခင်က ကျွန်ုပ်၏အသက်တာဟောင်းကို ဖယ်ရှားသည်။

သင် စာအုပ်နှင့် လူကလေး ပုံပြင်ကို မှတ်မိ ပါသလား? လူကလေးကိုစာအုပ်ထဲထည့်သည်၊ စာအုပ်၏ဖြစ်ပျက်သမျှ၊ လူကလေးလိုက်ဖြစ်သည်။ သူသည်စာအုပ်ထဲ၌ရှိသဖြင့်။

ကျွန်ုပ်တို့လဲဒီလိုဘဲ၊ ဘုရားသခင်က ကျွန်ုပ်ကို သခင်ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်သို့ထည့်လိုက်သည်။ သူ အသတ်ခံ ရချိန်တွင် ကျွန်ုပ်လဲသေရသည်။ က္ပွန်ုပ်ကိုယ်တိုင်မသေပါ။ သခင်ခရစ်တော်ထဲ၌သေသည်။ ဘုရားသခင်ကဒီလိုမြင်သည်။ ကျွန်ုပ်၏အသက်တာဟောင်းထာဝရမရှိတော့ပါ။

၂။ ဘုရားသခင်က ကျွန်ုပ်အားသခင်ယေရှု၌ လူသစ်အဖြစ်ဖန်ဆင်းပေးသည်။

ကျွန်တော်သည် သခင်ယေရှုအတူသေခဲ့ရပြီ။ သူနှင့်အတူသင်္ဂြိုဟ် ခံရသည်။ ဘုရားသခင်၏အမြင်၌ကျွန်တော်၏ အသက်တာ ဟောင်း မရှိတော့ပါ။ ယခုဘုရားသခင်က ပြောသည်မှာ "သင်အားသခင်ယေရှု၌ လူသစ်အဖြစ် ဖန်ဆင်း ပေးပြီးပြီ။"

ကျမ်းစာက

"အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်း၊ ယေရှုခရစ် ၌ ပြုပြင်၍ ဖန်ဆင်း တော်မူရာဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့ ၌ ငါတို့သည်ကျင်လည်ရမည်အကြောင်း၊ ဘုရားသခင်သည်ငါတို့ ကိုပြင် ဆင်မူနှင့်ပြီ။" (ဧ ၂း၁၀)

၃။ ဘုရားသခင်က ယေရှုခရစ်ကိုကျွန်တော်၏ ဖြောင့်မတ်သောသူအဖြစ်ပေးသည်။

ကျွန်တော်သည် မဖြောင့်မတ်ပါ၊ ဘုရားသခင်ကသူ၏အမြင်၌ ဖြောင့်မတ်ခြင်းအပြည့်အ၀ရှိရန် ဆောင်ရွက်ပေးသည်။ ဘုရားသခင်ဘယ်လိုပြုလုပ်ပေးသလဲ? သူကကျွန်တော်ကို ယေရှုခရစ်၌ထည့်၍ ယေရှုခရစ်ကို ကျွန်တော်၏ဖြောင့်မတ် ခြင်းအဖြစ်ပေးသည်။ ကျမ်းစာက

"အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည်အပြစ်နှင့်ကင်းစင်သောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ် စေတော်မူ၏။ အကြောင်းမူကား၊ငါတို့သည်ထိုသူအားဖြင့်ဘုရားသခင်ရှေ့တော် ၌ ဖြောင့်မတ်သောသူဖြစ်မည် အကြောင်း တည်း။" (၂ကော ၅း၂၁)

ဤကျမ်းပိုဒ်က ကျွန်ုပ်တို့သည် "ထိုသူအားဖြင့်ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်သူဖြစ်မည်၊" ယေရှုခရစ်၌ ကိုပြောခြင်း ဖြစ်သည်။ ဘုရားသခင်က ယေရှုခရစ်ကိုကြည့်ရာ သူသည် ဖြောင့်မတ်ခြင်း အပြည်အ၀ရှိသည်ကို တွေ့သည်။ ကျွန်ုပ်တို့ အားကြည့်ရာတွင်လည်း ဖြောင့်မတ်ခြင်းအပြည့်အ၀ရှိသည်ကိုတွေ့သည်၊ ကျွန်ုပ်တို့သည် ယေရှုခရစ်၌ရှိသောကြောင့် ဖြစ်သည်။

ငွေကိုရေလိုသုံးသောသား ပုံပြင်ကပြသည်၊ ဘုရားသခင်က သူထံသို့ကျွန်ုပ်တို့သည် ဖြောင့်မတ်စွာလာနိုင်ရန်၊ သင့်လျော် သော နည်းကိုပြသည်။

သားကို ဖခင်နှင့်သင့်လျော်အောင်လုပ်ပေးသည်။

ငွေကိုရေလိုသုံးသောသား သူ၏ဖခင်ထံပြန်လာသည်၊ သူ၏ဖခင်က သူကို ဘယ်လို လက်ခံမည်ကို မသိပါ။ သူ၏ဖခင်က သူ့ကိုတွေ့တာနဲ့ပြေး၍လာပြီး ပွေ့ဖက်ခါနမ်းသည်။ ထိုအခါ သားက သူ၏ဖခင်သူ့အပေါ်မှာ ဘယ်လိုစိတ်ရှိသည် ကိုနား လည်ရသည်။ သူ၏ဖခင်သည် သူ့ကို ခွင့်လွှတ်ပြီး လက်ခံကြောင်းသိရှိရသည်။

သူ၏ဖခင်သည် သူ့ကို ခွင့်လွှတ်ပြီး လက်ခံသည်ကို သိရသော်လည်း၊ သားက အပြည့်အ၀ မပျော်နိုင်သေးပါ။ သူ့ အခြေအနေ ကြောင့်၊ သူသည် ညစ်ပတ်၍ အစုတ်စုတ်အပြတ်ပြတ်ဘဲ ရှိနေသေးသဖြင့်။

ငွေကို ရေလိုသုံးသည့်သားက ဖခင်ကို ပြောမည်ဖြစ်နိုင်သည်။ "ဖခင်ဒီလိုချစ်တာနဲ့။ ဒီလို လက်ခံတာကို ၀မ်းသာပါတယ်၊ ဒါပေမဲ့ ကျွန်တော် မပျော်နိုင်သေးပါ၊ ကျွန်တော်သည် ဖခင်နှင့်မထိုက်တန်သောကြောင့် ဖြစ်သည်။"

ဖခင်ကဘာလုပ်သလဲ? သူ၏အစေခံကို၊ "၀တ်ရုံအကောင်းစားယူလာ၍ သူအားဝတ်ပေးရန်" ပြောသည်။ ကျွန်ုပ်တို့ထင်မြင် ချက်၊ ဤ၀တ်ရုံကို ငွေကိုရေလိုသုံးသော သားကို သူ၏ညစ်ပတ်သော ကိုယ်ခန္ဓာနှင့်စုတ်ပြတ်နေသော အ၀တ်အပေါ်ထပ်၍် ၀တ်ပေးမည်မဟုတ်။ သူကို သန့်ရှင်းပေး၍အ၀တ်ဟောင်းများဖယ်ပေးပြီးမှ အစေခံက"၀တ်ရုံအကောင်းစား"၀တ်ပေးသည်။ "၀တ်ရုံအကောင်းစား" ဒီထက်ကောင်းတာမရှိတော့ပါ။

သား၏အခြေအနေယခုဘယ်လိုလဲ? သူ၏အညစ်ကြေးများသန့်အောင်လုပ်ပြီး၊ ၀တ်ရုံအကောင်းစား ၀တ်ထားသည်။ ယခုအချိန် ဖခင်ရှေ့ဝင်ရန် သင့်တော်ကြောင်း သူသိသည်။ သူသည် ဖခင်နှင့် ယခုပျော်နိုင်ပြီ။ သူ၏ဖခင်က သူနှင့် သင့်လျော်အောင် ဆောင်ရွက်ပေးသည်။

ဝတ်ရုံအကောင်းစားသည် သားကိုဖခင်နှင့်သင့်လျော်အောင်သာမဟုတ်ဘဲ၊ သူ၏ကောင်းသောအခြေအနေကို သတိရ သောသူ ဖြစ်ရန်လည်း လုပ်ပေးသည်။ သူသည် ယခုဖခင်ရှေ့ဝင်ရန် သင့်လျော်ကြောင်းသိပြီ။ အဘယ်ကြောင့်ဆိုသော် သူ၏ဖခင်က သင့်လျော်အောင်လုပ်ပေးသောကြောင့်ဖြစ်သည်။

ဤပုံပြင်သည် နက်နဲသော ကောင်းကင်ဘုံနှင့်ဆိုင်သော အဓိပ္မါယ်ရသည်။ ယေရှုခရစ်က ဒီပုံပြင်ကိုပြောပြသည်မှာ ကျွန်ုပ်တို့ ကို သိစေခြင်မှာ ဖခင်က ကျွန်ုပ်တို့ကို သူနှင့်သင့်လျော်အောင့်ပြုလုပ်ပေးသည်။

ဘုရားသခင်သည် ကျွန်တော်ကိုအပြစ်များမှသန့်သွားအောင်လုပ်သည်သာမက၊ ယေရှုခရစ်၌လည်း လူသစ်လုပ်ပေးသည် ၊ အတိအကျ၊ နည်းလမ်းတကျ စီစဉ်ပေးသည်မှာ ကျွန်တော်ကို သူ၏ "၀တ်ရုံအကောင်းစား"ပေးသည်။

ဘုရားသခင်၏၀တ်ရုံအကောင်းစားသည် ဘာလဲ? ဘုရား၏ ၀တ်ရုံအကောင်းစားသည် ယေရှုခရစ်ဖြစ်သည်။ ကျွန်တော် သည် ကယ်တင်ခြင်းရသည်နှင့် ဘုရားသခင်က ကျွန်တော်ကို ယေရှုခရစ်၌ ထည့်ပေးသည်၊ ယေရှုခရစ်ကို ကျွန်တော်၏ ဖြောင့်မတ်သောသူအဖြစ် ပေးသည်။

ငွေကိုရေလိုသုံးသောသားသည်၊ "၀တ်ရုံအကောင်းစား"ရသည်။ သူ၏ဖခင်ကပေးခြင်းဖြစ်သည်၊ သူသည်ဖခင်ရှေ့၌အကျိုး ခံစားရသည်။ သူသည်ဖခင်ရှေ့၌ သင့်လျော်သောအ၀တ်အစားကို ၀တ်ဆင်ထားရကြောင်း သိရှိလေသည်။

ဘုရားသခင်က ကျွန်တော်ကို သူနှင့် သင့်လျော်သောသူဖြစ်ရန်၊ သူ၏"၀တ်ရုံအကောင်းစား" ကျွန်တော်ကိုပေးသည်။ သူသည် ယေရှုခရစ်ကို ကျွန်တော်၏ အကောင်ဆုံး ဖြစ်သော၊ ဖြောင့်မတ်သောသူအနေဖြင့်ပေးသည်။ ကျွန်တော်သည်ယခု ဘုရားသခင်ရှေ့တွင် သာယာကြည်နူးသည်၊ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ယေရှုခရစ်၌ ရှိသော ကြောင့် ဖြစ်သည်။

ကွန်တော်ကို "ချစ်မြတ်နိုးသောသူအဖြစ် အသိအမှတ်ပြုသည်။"

ကျွန်တော် သခင်ယေရှု နှင့် အတူ အသေခံပြီး၊ ရှင်ပြန်ထမြောက်ရသည်၊ ကျွန်တော်သည်ယခု ဘုရားသခင်နှင့်လူသစ်ဖြစ်ရ သည်၊ ကျွန်တော်သည် အာဒံ၌ မဟုတ်တော့ပါ။ ကျွန်တော်သည်ယခု ယေရှုခရစ်၌ဖြစ်ပါသည်။ ဘုရားသခင်ကျွန်တော်ကို အသိအမှတ်ပြုသည်။ ယေရှုခရစ်၌ရှိသောကြောင့်ဖြစ်သည်။ ကျမ်းစာက

"ထိုဘုရားသခင်သည်ချစ်တော်မူသောသားတော်ကြောင့်၊ငါတို့အားပေးတော်မူသောကျေးဇူးတော်၏ဘုန်းအသရေကိုချီးမွမ်း စေခြင်းငှါ၊ ငါတို့သည်ယေရှုခရစ်အားဖြင့် သားအရာကိုရမည်အကြောင်း၊ အလိုတော်ရှိသောစေတနာအတိုင်းရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။" (ဧဖက် ၁း၅-၆)

ကျွန်တော်ရရှိသော ဖြောင့်မတ်ခြင်း၊ နှင့် ကြိုဆိုလက်ခံခြင်းသည်၊ အကောင်းဆုံးဖြစ်သော၊ ပြည့်စုံသောအရာပြစ်သည်။ ကျွန်တော်အလုပ်လုပ်၍ ရရှိသောအမြတ်မဟုတ်ပါ၊ ယေရှုခရစ်ကို ကျွန်တော်၏ကယ်တင်ရှင်အဖြစ် လက်ခံသည်အချိန်မှ စ၍ ဘုရားသခင်ကကျွန်တော်ကိုပေးခြင်းဖြစ်ပါသည်။ ဘုရားသခင်၏လက်ခံခြင်းသည်၊ ပျောက်ဆုံးသည်မရှိပါ၊ ကျွန်တော် သည် ယေရှုခရစ်၌ ထာဝရ လက်သင့်ခံခြင်းကို ရရှိသည်။

ကျွန်တော်၏ "နေရာမှန်" နှင့် ကွန်တော်၏ "လျှောက်လှမ်းခြင်း"

ကျွန်တော်၏ ယေရှုခရစ်၌ "နေရာမှန်" နှင့် ယေရှုခရစ်နှင့်"လျှောက်လှမ်းခြင်း" ကို ကျမ်းစာက ပြောသည်၊ ကျွန်တော် သည်၊ ဒီနှစ်ခု၏ ခြားနားချက်ကိုနားလည်ရန်လိုအပ်သည်။

ကျွန်တော်၏ ယေရှုခရစ်၌ "နေရာမှန်" သည်ဘာလည်း? ကျွန်တော်၏ "နေရာမှန်" သည် ယေရှုခရစ်၌ ဘုရားသခင်၏ အမြင်။ ကျွန်တော်၏ နေရာမှန် သည် ပကတိ ထာဝစဉ် ဖြစ်သည်။ ယေရှုခရစ်၌ ဘုရားသခင်၏အမြင်ဖြစ်သည်။

ကျွန်တော်၏ယေရှုခရစ်နှင့် "လျှောက်လှမ်းခြင်း" သည်ဘာလဲ? ကျွန်တော်၏ လျှောက်လှမ်းခြင်းသည်၊ နေ့စဉ် နေထိုင်ပုံ၊ ကျွန်တော် လျှောက်လှမ်းခြင်းသည် ပကတိ စုံလင်ခြင်း ဖြစ်သလား? မဖြစ်ပါ။ ဘာဖြစ်လို့လည်း? ကျွန်တော်၏အပေါ်၌ တည်ပါသည်၊ ကျွန်တော် အပြစ်လုပ်မိသည်။ ကျွန်တော်သည် ကိုယ်ခန္ဓာထဲ၌ ကြာရှည်စွာနေလျှင် အချိန်များတွင် အပြစ် လုပ်မိသည်။

ကျွန်ုပ်တို့၏ နေရာမှန်သည် ၊ ယေရှုခရစ်၌ ကျွန်ုပ်တို့ကို ဘုရားသခင်၏အမြင်ကိုသတိရလျှင် အကျိုးရသည်၊ လျှောက် လှမ်းခြင်း၊ ကျွန်ုပ်တို့ ဤကမ္ဘာပေါ်တွင် နေထိုင်ခြင်းအပေါ် မူတည်သည်။

ကျွန်တော်၏ ယေရှုခရစ်၌အနေအထား၊ ဖေါ်ပြခဲ့သည်အတိုင်းကို ဘုရားသခင်သည် အခြေအနေတိုင်းတွင် လိုလားစွာ လက်ခံသည်။ ကျွန်တော်၏ နေရာမှန် နှင့် နေထိုင်ပုံ ပြောင်းလဲသောအခြေအနေအလိုက် မဟုတ်ဘူး၊ ဘုရားသခင်သည် ကျွန်တော်ကိုယေရှုခရစ်၌ အခြေအနေတိုင်းတွင် မြင်သည်။

ဘုရားသခင်၏အမှန်တရား

ဘုရားသခင် ကျွန်တော်ကို ကယ်တင်သည့်အခါ၊ ယေရှုခရစ်၌ ကျွန်တော်ကိုထား၍ ယေရှုခရစ်အား ကျွန်တော်၏ ဖြောင့်မတ်ခြင်း အဖြစ်ပေးထားသည်။

ကျွန်တော်သည် "ဘုရားသခင်၏ဖြောင့်မတ်ခြင်း၊ယေရှုခရစ်၌်" ဖြစ်သည်။ "ဘုရားသခင်ရှေ့ကျွန်တော်၏ဖြောင့်မတ်ခြင်း သည် ယေရှုခရစ်ပင်ဖြစ်သည်။ သူသည်ဘုရားသခင်၏ "အကောင်းဆုံးဝတ်ရုံ" ဖြစ်သည်။ ဘုရားသခင်သည်သူ၏ "အကောင်းဆုံးဝတ်ရုံ" ကျွန်တော်အားပေးထားသည် ကိုပြန်မယူပါ။ သင်ကယ်တင်ခြင်းရလျှင်၊ ယခုသင်ကိုသင် ပြန်ပြောပါ "ကျွန်တော်သည် ယေရှုခရစ်၌၊" ယေရှုခရစ်သည် ကျွန်တော်၏ ပကတိ ဖြောင့်မတ်သူ ဖြစ်သည်။ ဘုရားသခင်ရှေ့၌ သူသည် ကျွန်တော်၏ ပကတိ ဖြောင့်မတ်သူဖြစ်သည်။"



ငါယုံကြည်သည်

အဖဘုရားသခင်၊ ကျွန်တော်ကို အလွန်ထူးခြားသောသူဖြစ်ရန် ဆောင်ရွက်ပေးသည်ကို ယုံကြည်သည်၊ ကျွန်တော်၏ အသက်တာဟောင်းမုလွတ်မြောက်စေသည်။ ကျွန်တော်ကို ယေရှုခရစ်၌ လူသစ် ပြုလုပ်ပေးသည်၊ ကျွန်တော်ကို ယေရှုခရစ်ပေး၍ ကျွန်တော်၌ ပကတိ ဖြောင့်မတ်သူဖြစ်စေသည်။ ကျေးဇူးတင်ပါသည်၊ ကျေးဇူးတင်ပါသည်၊ ကျေးဇူးတင်ပါသည်။

သင်ခန်းစာ(၆)မှ မေးခွန်းများ

မေးခွန်းများ မှား/မှန် ရွေးပါ။

၁။ ဟေရှာယ သည်ဘုရားသခင်ကို ရူပါရုံဖြင့် မြင်ရသောအခါ၊ ဘာဖြစ်လို့ငို၍ "ကျွန်တော်ပါ" ဟူပြောသနည်း။

က) သူ၏အပြစ်ရှိကြောင်းသိရှိခြင်း။ ဘုန်းတော်ထင်ရှား၍၊ သန့်ရှင်းတော်မူသောဘုရားသခင်ရှိသောနေရာသို့လာ ရန်ကောင်းမြတ်သောအရာ၊မျှော်လင့်စရာမရှိပါ။

ခ) အလင်းရောင်ကသူ၏မျက်စိကိုမမြင်စေခြင်း။

၂။ ခွင့်လွတ်ခြင်းသည်။

က) ကျွန်တော်နှင့် ပတ်သက်၍ ကောင်းမွန်စွာခံစားနိုင်သည်။

ခ) ကျွန်တော်၏အပြစ်များမှလွတ်မြောက်စေသည်။

၃။ ဖြောင့်မတ်ခြင်းအဓိပ္ပါယ်

က) ကျွန်တော်သည် လူအများထက် သာလွန်သည်။

ခ) သင့်လျော်စွာအ၀တ်အစားကိုဝတ်ဆင်၍ဘုရားသခင်ထံလာရောက်ခြင်း။

၎။ ဘုရားသခင်ကဘယ်လို ဖြောင့်မတ်ခြင်းကိုလိုလားစွာလက်ခံသနည်း?

က) ပကတိ ဖြောင့်မတ်ခြင်းကိုသာဘုရားသခင်လက်ခံသည်။

ခ) ကျွန်ုပ်တို့ဖြောင့်မတ်ရန်အထူးကျိုးစားမှဘုရားသခင်လက်ခံသည်။

၅။ ဘုရားသခင်သည် ကျွန်တော်ကို ပကတိ ဖြောင့်မတ်ခြင်း သူ၏အမြင်အတွက်လုပ်ပေးသည်။

က) ယေရှုခရစ်၌ထားသည်။ ယေရှုခရစ်ကိုကျွန်တော်၏ဖြောင့်မတ်ခြင်း အဖြစ်ပေးသည်။

ခ) ကျွန်တော်၏အပြစ်များကိုဖုံးအုပ်သည်။

၆။ ဘုရားသခင်၏ "အကောင်းဆုံးဝတ်ရုံ" ကျွန်တော်တို့အတွက်သည်

က) ယေရှုခရစ်

ခ) ကျွန်တော်တို့၏ ကောင်းမွန်သောအလုပ်များ

၇။ ဘုရားသခင်ရှေ့ကျွန်တော်၏ဖြောင့်မတ်ခြင်းသည်။

က) ကျွန်တော်လုပ်သော ကောင်းသောအရာများ

ခ) ယေရှုခရစ်ကိုယ်တိုင်

၈။ ကျွန်တော်၏ "နေရာအနေအထား" သည်

က) ဘုရားသခင်၏ ပညတ်တော်ကို လိုက်နာသည်အတိုင်း

ခ) ဘုရားသခင် ကျွန်တော်ကိုယေရှုခရစ်၌ မြင်သည်အတိုင်း

၉။ ယေရှုခရစ်နှင့် "လမ်းလျောက်ခြင်း"

က) ကျွန်တော်၏နေ့စဉ်နေထိုင်ပုံ

ခ) အပြစ်မရှိဘဲ ပကတိ ထာဝစဉ် ရှိရန်

၁၀။ ဘုရားသခင်ထာဝစဉ် ကျွန်တော်ကို လက်ခံသည်

က) ကျွန်တော်နေထိုင်သည့်အတိုင်း

ခ) ယေရှုခရစ်၌ ကျွန်တော်ကိုတွေ့မြင်သည်အတိုင်း

စံဝင်းချို






Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support