HCF

HCF MYANMAR IN SINGAPORE

Saturday, February 26, 2011

ကျွန်တော်သည် သခင်ခရစ်တော်၌ လူသစ်ဖြစ်သည်။

I am a New Person in Christ!

ကျွန်တော်သည် သခင်ခရစ်တော်၌ လူသစ်ဖြစ်သည်။

Lesson 4

မိတ်ဆွေများခင်ဗျာ၊

ဘုရားသခင်တွင် တခုသောဝမ်းမြောက်ဖွယ်ရာမှာ၊ သူသည်အခြေအနေများကိုအသစ်ပြုလုပ်ခြင်းကိုနှစ်သက်သည်။ သူလုပ်ထားသော အရာတခုခုကို အပြစ်က ပျက်စီးစေလျှင်၊ ဘုရားသခင်ကအသစ်ပြုလုပ်မည်။ နောက်တစ်ကြိမ် အပြစ်က ထပ်၍ လုံးဝ မဖျက်ဆီး နိုင်ရန်ဖြစ်သည်။ ဘုရားကပြောသည်။

" ငါသည်ခပ်သိမ်းသောအရာတို့ကို အသစ် ဖန်ဆင်းသည်ဟုမိန့်တော်မူ၏။---" (ဗျာ ၂၁
း၅)

ဘုရားသခင်၏ပထမလူ၊ အာဒံသည် ဘုရားသခင်၏ စကားများကို မလိုက်နာဘဲ အပြစ် နှင့် သေခြင်းကို ကမ္ဘာပေါ်သို့ ယူ ဆောင်လာခဲ့သည်။ အာဒံသည် အပြစ်သား လူမျိုးများ ထုတ်လုပ်ခဲ့သည်။ ကမ္ဘာပေါ်တွင်မွေးဖွားသူတိုင်းသည်၊ အာဒံ၏ အပြစ်ရှိသော မိသားစုဝင်များ ဖြစ်ကြရသည်။

ဘုရားသခင် ဘာကို မြင်ရမည်နည်း?

ဘုရားသခင်က ကျွန်တော်ကို လုံခြုံမှုမရှိသောအခြေအနေတွင်ကြည့်လျင်၊ ဘာကိုမြင်ရမည်နည်း? သူအချက် (၃) ချက်တွေ့မြင်ရမည်။

၁။ ဘုရားသခင်က ကျွန်တော်၏ အပြစ်များစွာကိုတွေ့ရှိမည်။

၂။ ဘုရားသခင်က အပြစ်များကိုပြုလုပ်သည့် အပြစ်သားဟုမြင်မည်။

၃။ ဘုရားသခင်က ကျွန်တော်ကို စာတန်၏ နိုင်ငံ အမှောင်ထဲထုထဲတွင်တွေ့မည်။

ဤအရာများသည် လုံခြုံမှုမရှိသော လူများအတွက် မှန်ကန်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကိုချစ်သည်အတွက်၊ ကျွန်ုပ် တို့နှင့် သူ၏အကြား၌ရှိသော အခြေအနေအရပ်ရပ်ကို ဖယ်ရှားပေးချင်သည်။ ဘုရားသခင်၊ ဘယ်လိုဆောင်ရွက်သည်ကို ကျွန်တော်တို့ ကြည့်ကြရအောင်။

ဘုရားသခင်သည် ကွန်တော်ကို အပြစ်များမှ ဘယ်လိုကယ်တင်ခဲ့သနည်း?

ဘုရားသခင်သည် ကျွန်တော်၏အပြစ်များကို သူ၏သားတော်သခင်ယေရှု အပေါ်၌တင်တော်မူခြင်းဖြင့် ကယ်တင် ခဲ့ပါ သည်။ ကျမ်းစာက "ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကိုသူ့အပေါ် ၌ တင်တော်မူ၏ " (ဟေရှာ ၅၃း၆ ခ)

သခင်ခရစ်တော်က ကျွန်တော်၏ အပြစ်များအတွက် အသေခံပေးသည်။ ဘုရားသခင်က ကျွန်တော်၏ အပြစ်များကို ထာဝရ ခွင့်လွှတ် ပေးတော်မူ၏။ ကျမ်းစာက

"ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကိုဆေးကြောတော်မူ၏" (၁ယော ၁း၇ ခ)

ကွန်တော်၏လွဲမှားသော အတ္တစိတ်မှ ဘုရားသခင်ဘယ်လို ကယ်တင်ခဲ့သနည်း?

ဘုရားသခင် ကျွန်တော်၏အပြစ်များကိုခွင့်လွတ်ပေးခြင်းကိုသိရှိရသည်မှာ အလွန် နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းသည်၊ ဒါပေမဲ့ကျွန်တော်မှာ နက်နဲသော ပြဿနာရှိသည်။ ကျွန်တော်သည်အပြစ်သား။ ကျွန်တော်ကအပြစ်များကိုလုပ် သော သူဖြစ်သည်။

ကျွန်တော်၏အပြစ်များဘယ်ကလာသလဲ? ကျွန်တော်၏စိတ်နှလုံးမှလာသည်၊ ကျွန်တော်၏ လွဲမှားသော သဘာဝ။ သခင်ယေရှုကပြောသည်၊ အာလုံးသောအပြစ်များသည်၊ "လူသား၏ စိတ်နှလုံးအတွင်းမှ လာသည်။" ကျွန်တော် သည်ပြင် ၍မရပါ။ ဘုရားသခင်တောင်မှ ကျွန်တော်နှလုံးကောင်းအောင်မကြိုးစားပါ၊ သူတွင်ကျွန်တော်အတွက် ကောင်းမွန်သောအဖြေရှိပါသည်။

ဘုရားသခင်ကျွန်တော်၏အပြစ်များကို ခွင့်လွတ်ပေးပြီးပြီ၊ လက်ရှိအခြေအနေအတိုင်း ဒီမှာထားခဲ့မည်ဆိုလျှင်၊ ကျွန်တော် သည် အပြစ်များကို ဆက် လုပ်နေပြီးလျှင် ပိုမို၍ ဆိုးဝါးသောအခြေအနေသို့ ရောက်တော့မည်။ အကယ်၍ ကျွန်တော် သည် အသစ်သောအသက်တာ၌ ဘုရားသခင်၏ သားဖြစ်ပြီး အစဉ် သာယာကြည်နူးသည်ဆိုလျှင်၊ ကျွန်တော်၏ လွဲမှား သော အတ္တစိတ်၊ ပြဿနာကို ဘုရားသခင် ဖြေရှင်းပေးလိမ့်မည်။

ကျွန်တော်၏ လွဲမှားသော အတ္တစိတ် အဟောင်းကိုဖယ်ရှားပြီး။ ကျွန်တော်အား သခင်ယေရှု၌ လူသစ်ဖြစ်ရန်သည်၊ ဘုရားသခင်၏ ပြဿနာ ဖြေရှင်းနည်းဖြစ်သည်။

ဘုရားသခင်က ကျွန်တော်၏အဟောင်းသော အတ္တစိတ် ကို ၊ သခင်ခရစ်တော်နှင်အတူ့ လက်ဝါးကားတိုင် မှာထည့်လိုက် သည်။ ကျမ်းစာက

"ထိုသခင်အားဖြင့် သင်တို့သည် ယေရှုခရစ် ၌တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင်စီရင်တော်မူသည်အတိုင်း၊ ငါ တို့ ၌ ပညာမှစ ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်းဖြစ်တော်မူ၏။ " (၁ကော ၁း၃၀)

သခင်ခရစ်တော် လက်ဝါးကပ်တိုင်မှာ အဆုံးစီရင်ခြင်းခံရသည့်အချိန်တွင် ကျွန်တော်လဲသူနှင့်အတူ"အဆုံးစီခြင်းခံရသည်။"

ကျွန်တော်၏ အဟောင်းသော လွဲမှားသော အတ္တစိတ်၊ ကျမ်းစာက " ငါတို့၏လူဟောင်း" သည်၊ ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံရသည်။ ဘုရားသခင်က ဤအရာကို ကျွန်တော်တို့ကိုသိစေခြင်သည်။ ကျန်းစာက

"ထိုမှတပါးငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူလက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟုငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည်နောက်မှအပြစ်တရား၏အစေကိုမခံစေခြင်းငှါ၊ အပြစ်တရား၏ကိုယ်ကိုဖျက်ဆီးမည် အကြောင်းတည်း။ "(ရော ၆း၆)

ကျွန်တော်သည် သခင်ခရစ်တော်နှင့်အတူ အသေသတ်ခြင်းခံရတာဘယ်လိုသိသလဲ? ဘုရားသခင်၏စကားအရ သိရ သည်။ ရှင်ပေါလုကပြောသည်။ "ငါသည်ခရစ်တော်နှင့်အတူလက်ဝါးကပ်တိုင်မှာအသေခံပြီ။" (ဂ လ ၂း၂၀) ယုံကြည်သူတိုင်း အတွက် တူညီခြင်းသည်မှန်ကန်သည်။

သင်သည်စဉ်းစားလိမ့်မည်။ "သခင်ခရစ်တော်သည်အသေသတ်ခြင်းကိုခံရဒါ၊ နှစ် ၂၀၀၀ ရှိပြီ။ ကျွန်တော်ဘယ်လိုသခင် ခရစ်တော်နှင့် အတူအသေခံမည်နည်း?

ဤအရာကိုနားလည်ရန်အကူအညီပြုမှာက၊ စာရွက်တရွက်ယူပြီး၊ စာရွက်မှ လူတစ်ယောက် ညှပ်ထုတ်ပါ။ ထိုလူကလေး ကိုယူပြီးစာအုပ်ထဲမှာထည့်ထားပါ။ လူကလေးဘယ်မှာလဲ? သူသည်စာအုပ်ထဲမှာရှိ၊ သူသည်စာအုပ်ထဲမှာနေ မည်။

စာအုပ်ကို ကြမ်းပေါ်မှထာသည်ဟုမှတ်ယူ၊ လူကလေးဘယ်မှာလဲ? သူသည်စာအုပ်ထဲ၊ ကြမ်းပေါ်မှာ။

စာအုပ်ကိုစားပွဲပေါ်မှာထားသည်။ လူကလေးဘယ်မှာလဲ? သူသည်စာအုပ်ထဲ စားပွဲပေါ်မှာ။

စာအုပ်နှင့် စာအုပ်ထဲမှလူကလေးကို ရေအောက်တွင်ကိုင်ထား၊ လူငယ်လေးဘာဖြစ်မလဲ? သူသည်စာအုပ်ထဲ ရေအောက်မှာ။

စာအုပ်တွင်လူကလေးနှင့်ကို အထုတ်ထုတ်၍အခြားမြို့ကိုပို့သည်။ လူကလေးဘယ်မှာလဲ? သူသည်စာအုပ်ထဲအခြားမြို့မှာ။

ဤပုံဆောင်ခြင်းတွင် စာအုပ်သည်သခင်ယေရှု၊ လူကလေးက ကျွန်တော်ကို ကိုယ်စားပြုသည်။ လူကလေးကို စာအုပ် တွင်ထဲ့သလို၊ ဘုရားသင်က ကျွန်တော်ကို သခင်ယေရှုတွင်ထဲ့သည်။

လူကလေးကိုစာအုပ်တွင်ထဲ့သည်။ ထိုကြောင့် စာအုပ်ဘာဘဲဖြစ်ဖြစ်၊ လူကလေးလိုက်ဖြစ်ရသည်။ တူညီခြင်းသည်၊ ကျွန်တော်အတွက်လဲမှန်သည်။ ဘုရားသခင်က ကျွန်တော်ကို သခင်ယေရှုနှင့်အတူလက်ဝါးကပ်တိုင်မှာထည့်ပေးသည်။ သခင် ယေရှုဖြစ်သမျှ၊ ကျွန်တော်တွင်လဲဖြစ်ရမည်။ ကျွန်တော်သည် သခင်ယေရှုအတွင်း၌ရှိသောကြောင့်ဖြစ်သည်။

ဘုရားသခင်၏ ကြီးမြတ်သော ကယ်တင်ခြင်း။

သခင်ယေရှုကို လက်ဝါးကပ်တိုင်တွင်အသတ်ခံရချိန်၌၊ ကျွန်တော်လည်းသူနှင့်အတူအသတ်ခံရသည်။ သူသေသည၊် ကျွန်တော်လဲသေသည်။ သူမြေကြီးထဲအမြုပ်ခံရသည်၊ ကျွန်တော်လဲသူနှင့်အတူအမြုပ်ခံရသည်။ သူပြန်လည်ထမြောက် သည်၊ ကျွန်တော်လည်းထမြောက်ရသည်။ သူဖြစ်သမျှကို ကျွန်တော်လည်းဖြစ်ရသည်။

ကျွန်တော်ကိုယ်တိုင်မသေပါ၊ ဤအရာအားလုံးသည်သခင်ယေရှုတွင်မှန်ကန်ပါသည်။ စာအုပ်ထဲမှလူကလေးကိုသတိရပါ။ လူကလေးကိုစာအုပ်ထဲသို့ထဲတာနှင့် စာအုပ်ဖြစ်တာအာလုံးကိုသူလဲဖြစ်ရသည်။ သူသည်စာအုပ်ထဲမှာရှိသောကြောင့်ဖြစ် သည်။

တူညီခြင်းသည် ကျွန်တော်အတွက်မှန်သည်။ ဘုရားသခင်ကျွန်တော်ကို သခင်ယေရှုနှင့်အတူလက်ဝါးကပ်တိုင်တွင်ထည့် သည်နှင့်၊ သူဖြစ်တာအလုံးစုံကို ကျွန်တော်လဲဖြစ်ရသည်။ ကျွန်တော်သည် သခင်ယေရှုတွင်ရှိသောကြောင့်ဖြစ်သည်။ သခင်ယေရှု သေသည် အခါကျွန်တော်သည် သူ့အထဲတွင်ရှိသည်။ ဘုရားသခင်၏ အမြင်အာရုံတွင်ကျွန်တော်၏ အသက်တာ အဟောင်းသည်၊အဆုံးသို့ရောက်သွားပြီ။

သခင်ယေရှုကိုသင်္ဂြိုဟ်စဉ် ကျွန်တော်ကသူ့အထဲမှာ။ သခင်ယေရှုပြန်လည်ထမြောက်တော့လဲ ကျွန်တော်သူ့အထဲမှာ၊ ဒါပေမဲ့ကျွန်တော်ဟာ ယခုလူသစ်ဖြစ်ပြီ။

ဘုရားသခင်သည် ကျွန်တော်ကို သခင်ယေရှုအထဲမှာ လူသစ်အဖြစ်ဖန်ဆင်းသည်။ ကိုယ်ခန္ဓာသည်အတူတူဘဲ၊ ကျွန်တော်ဟာ အတွင်း၌ လူသစ်ဖြစ်သည်။ ကျမ်းစာက

"လူမည်သည်ကား၊ ခရစ်တော် ၌ ရှိလျင်အသစ်ပြုပြင်သော သတ္တ၀ါဖြစ်၏။ ဟောင်းသော အရာ တို့သည်ပြောင်း လဲ ၍ ခပ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီ။" (၂ကော ၅း၁၇)

ကွန်တော်သည် နေရာအသစ်တွင် လူသစ်ဖြစ်ပြီ။

ကျွန်တော်သည် စာတန်၏ နိုင်ငံ အမှောင်ထုတွင် မရှိတော့ပါ။ ကျွန်တော်သည်နေရာအသစ်တွင်လူသစ်ဖြစ်ပြီ၊ ကျွန်တော် သည်ဘုရားသခင်၏ သားတော်၏ နိုင်ငံတော်တွင်ယခုရောက်ရှိပြီ။ ကျမ်းစာက

"အလင်း ၌ နေသောသန့်ရှင်းသူတို့၏ အမွေကိုငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်းကျေးဇူးပြုတော်မူ၏။- မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ် ၍ ၊ ချစ်တော်မူသောသားတော်၏ နိုင်ငံထဲသို့သွင်းတော်မူ၏။" (ကော ၁း၁၂-၁၃)

သခင်ယေရှုက ကျွန်တော်ကိုဆန့်ကျင်သောအရာအားလုံးမှ ကယ်တင်သည်။ ကျွန်တော်သည်သခင်ယေရှု ဆောင်ရွက် ပေးခြင်းကိုသိရှိရသဖြင့် အလွန်ပျော်သောနေ့ဖြစ်ခဲ့ရသည်။ သူက ကျွန်တော် နှင့် ဘုရားသခင်အကြား မှာရှိသော အရာ အားလုံးကို ဖယ်ရှားပေးသည်။

ကျွန်တော်၏အပြစ်များ ဘယ်လိုလဲ? ကျွန်တော်၏အပြစ်များကို သခင်ယေရှု အပေါ်သို့ချခဲ့သည်။ ကျွန်တော်၏အပြစ်များ ကို သခင်ယေရှု၏အသွေးဖြင့် ချွတ်ချပေးသည်။ ကျွန်တော်၏အပြစ်အားလုံးကို ဘုရားသခင်က သခင်ယေရှု၏ နာမတော် အားဖြင့် ခွင့်လွတ်ပေးခဲ့သည်။ ကျမ်းစာက

"ချစ်သားတို့၊ သင်တို့သည်ထိုသခင်၏နာမတော်အားဖြင့် အပြစ်များ နှင့် ကင်းလွတ်သောကြောင့်၊ သင်တို့အားငါရေး ၍ ပေးလိုက်သည်။" (၁ယော ၂း၁၂)

ကျွန်တော်၏ လွဲမှားသော၊ အသက်တာအဟောင်း၊ ဘယ်အခြေအနေ၌ ရှိ ပြီနည်း? ဘုရားသခင်၏အမြင်မှာ၊ ကျွန်တော် အသက်တာဟောင်းသည်၊ သခင်ယေရှု နှင့် အတူကျွန်တော်သေခဲ့သည်အချိန်ကပြီးဆုံးသွားခဲ့ပါသည်။ ရှင်ပေါလုက ပြောသည်၊ "ငါသည် သခင်ယေရှု နှင့်အတူ လက်ဝါးကပ်တိုင်တွင်အသတ်ခံခဲ့ရသည်။" ကျွန်တော်လဲဒီလိုပြောနိုင်တယ်၊ သခင်ယေရှုသည် ကျွန်တော်၏ကယ်တင်ပိုင်ရှင်ဖြစ်သောကြောင့်။ ကျွန်တော်သည် ယခင်က လူမဟုတ်တော့ပါ။ ကျွန်တော်သည် သခင်ယေရှု၏လူသစ်ဖြစ်ပြီ။ ကျမ်းစာက

"စိတ်နှလုံး သဘောသစ်ကိုရပြီးလျှင်၊ မှန်သော ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီ အားဖြင့် ဘုရားသခင်နှင့် အတူ အမျှဖန်ဆင်းသောလူသစ်ကိုယူတင် ၀တ်ဆောင်မည်အကြောင်း၊ ခရစ်တော်၏စကားကို ကြားနာရသည်ရသည်ဖြစ် ၍ ၊ ယေရှု ၌ သမ္မာတရား ရှိသည်နှင့်အညီ၊ ထိုသခင်ထံ ၌ နည်းခံကြပြီသတည်း။" (ဧ ၄း၂၄)

စာတန်၏ မှောင်မိုက်သော နိုင်ငံတော် ဘယ်လိုရှိသနည်း? ကျွန်တော်သည် စာတန်၏မှောင်မိုက်သောနိုင်ငံတွင် မရှိ တော့ပါ။ ဘုရားသခင်က ကျွန်တော်ကို စာတန်၏မှောင်မိုက်သောနိုင်ငံမှ၊ သူသား၏ အသစ်သောနိုင်ငံတော်သို့လွှဲ ပြောင်း ပေးခဲ့သည်။

ဘုရားသခင်က ကျွန်တော်ထံမှ သာယာကြည်နှုးမှုကို လိုသည်။

ကျွန်တော်၏အပြစ်အားလုံးကို ခွင့်လွှတ်ပေးခြင်းသည်၊ နှစ်သက်ပျော်ရွှင်ဖွယ်အလွန်ကောင်းသည်။ ကျွန်တော်သည် သခင်ခရစ်တော်၌လူသစ်ဖြစ်သည်။

ဘုရားသခင်သည် ဘာကြောင့် ကျွန်တော်ကို နှစ်သက်ပျော်ရွှင်ဖွယ်ရာများ လုပ်ဆောင်ပေးသနည်း? သူဒီအရာများဆောင် ရွက်ပေးခြင်းသည်။ သူချစ်သောကြောင့်နှင့် ကျွန်တော်သည် သခင်ခရစ်တော်၌ရှိသောကြောင့်ဖြစ်သည်။

ကျွန်တော်သည် သခင်ခရစ်တော်၌ရှိသောကြောင့် ဘုရားသခင်သည် ကျွန်တော်ကို သာယာကြည်နှုးခြင်းနှင့် ကြည့်သည်။

ဘုရားသခင် ရှိနေခြင်းတွင် သခင်ခရစ်တော်က လိုက်လဲစွာကြိုဆိုသလား? သူက ကြိုဆိုသည်၊ ကျွန်တော်လဲရှိသည်။ သခင်ခရစ်တော်၏ဖခင်က သာယာကြည်နှုးမှုရှိပါသလား? သူကြည်နှုးမှုရှိပါသည်။ ကျွန်တော်လဲကြည်နှုးပါသည်။ ဘုရားသခင်ကပြောသည်မှာ " ငါမင်းကိုချစ်သည်၊ မင်းအပေါ်မှ သာယာကြည်နှုးမှုလဲရရှိပါသည်။ မင်းသည် ငါ့သား၌ ရှိသော ကြောင့် ဖြစ်သည်။"

ငွေကို ရေလိုသုံးသောသား

ငွေကိုရေလိုသုံးသောသား၊ ပုံပြင်တွင် သခင်ခရစ်တော်က ဖခင်ထံပြန်လာသော ကျွန်တော်တို့်ကို ဖခင်ကဘယ်လိုလက်ခံ သည် ကိုပြသခဲ့သည်၊ သခင်ခရစ်တော်ကို ကျွန်တော်၏ကယ်တင်ရှင်အဖြစ်ယုံကြည်ခြင်းရှိသည်။ သူသည်ကျွန်တော်တို့ကို အပြည့်အ၀၊ လွတ်လပ်စွာ၊ ခွင့်လွှတ်ခဲ့သည်။ သူသည်ခွင့်လွှတ်ခြင်သည်။ သူသည်ချစ်၍ ခွင့်လွှတ်ခြင်သည်။

ငွေကိုရေလိုသုံးသောသားပြန်လာသည်၊ သူ၏ဖခင်က အဝေးကတွေ့သည်။ ဖခင်သည်ပြေးပြီးသားကို လက်နှစ်ဖက်နှင့် ဖက်၍ နန်းသည်။ ဤအရာသည်၊ မပြောပလောက်သော ပါးကိုနန်းခြင်းမဟုတ်ပါ ။ ပင်ရင်းစကားတွင်၊ ကျမ်းစာက ဖခင်သည် "နမ်းးခြင်းဖြင့်ဖုံးလွှမ်းသည်။"

ထိုအချိန်တွင်၊ ငွေကိုရေလိုသုံးသောသားက အကြောင်းအရာ နှစ်ခုကို သိရှိရသည်။ ပထမ၊ ခွင့်လွှတ်ခြင်းသည်၊ အပြည့်အ၀ နှင့် လွတ်လပ်စွာရရှိသည်ကို သိရသည်။ ဒုတိယ၊ သူ၏ဖခင် သူအပေါ်၌ ဘယ်လိုခံစားမှု ရှိသည် ကိုသိ ရသည်။ သူ၏ဖခင်၏ စိတ်နှလုံး၊ သဘောထား၊သူအပေါ်မှာဘယ်လိုရှိသည်ကိုသိသည်။ သူ၏လုပ်ရပ်တွင် ဖခင်က ပြောသည်မှာ "မင်းကိုငါချစ်တယ်၊ မင်းကိုငါချစ်တယ်၊ မင်းကိုငါချစ်တယ်"

ကျွန်တော်ကို ဘုရားသခင်က ခွင့်လွှတ်ခြင်းသာမဟုတ်ဘဲ၊ ကျွန်တော်အပေါ်မှာ ဘယ်လိုခံစားမှုရှိသည်ကိုသိရသည်။- သူ၏နှလုံးသားမှချစ်ခြင်းသည်၊ သခင်ယေရှု၌ရှိသော ကျွန်တော်ကို ခွင့်လွှတ်ခြင်း၌၊ အကန့်အသတ် အတိုင်းအတာမရှိ သောချစ်ခြင်း စီးဆင်းသည်။

ဒီဟာ ဘုရားသခင်၊ ကျွန်တော်ကိုပွေ့ဖက်သည်၊ သူ၏နှလုံးသားထိ။ ဖခင်က ဆင်းရဲသော၊ ငွေကိုရေလိုသုံးသောသားကို ပွေ့ဖက်၍သူ၏နှလုံးသားရောက်ရန်၊ ပွေ့ပိုက်ထားသည်။ ဘုရားသခင်ကပြောကျွန်တော်သည်၊ "ငါမင်းကိုချစ်တယ်၊ ငါမင်းကိုချစ်တယ်၊ ငါမင်းကိုချစ်တယ်၊ မင်းငါ့ထံလာ၍ ငါပျော်တယ် ။"


ဘုရားသခင်၏အမှန်တရား

ဘုရားသခင်သည် သူ၏သား၏ ဆောင်ရွက်ချက်များကိုဖြတ်သန်း၍ ဘုရားသခင် နှင့် ကျွန်တော်အ ကြားရှိရှိ သမျှသော အရာများကို ဖယ်ရှားပေးသည်။ သခင်ယေရှု၏အသွေးသည်၊ ကျွန်တော်၏အပြစ်များကို သန့်ရှင်းစေသည်။ ကျွန်တော် ၏လွဲမှားသော အတ္တစိတ်ဟောင်းသည်၊ သခင်ယေရှု နှင့် အတူ အသတ်ခံခဲ့ရပြီ။ ဘုရားသခင်က ကျွန်တော်ကို သခင်ယေရှု ၌လူသစ်ဖြစ်ရန် ဖန်ဆင်းပေးသည်။ ကျွန်တော်သည် ယခု ဘုရားသခင် သားတော်၏အသစ်သော နိုင်ငံတော်၌ ရှိသည်။

ကျွန်တော်ဒါတွေကိုဘယ်လိုသိသလဲ? ဘုရားသခင်၏စကားများမှသိရသည်။ဘုရားသခင်က ကျွန်တော်ကိုယခုဘာ လုပ်စေခြင်သနည်း? သူက သူ၏သားကိုချစ်၍ သားတော်အတွက်အသက်ရှင်စေခြင်သည်။


ငါယုံကြည်သည်

"အဖ ဘုရားသခင် ကျွန်တော်၏အပြစ်များကို ခွင့်လွှတ်ပေးခြင်း နှင့် ကိုယ်တော်သည် ကျွန်တော်ကို သခင်ယေရှု၌ လူသစ်လုပ်ပေးသည်။ ကျေးဇူးတော်ချီးမွမ်းပါတယ်၊ ကျွန်တော်ကို နှစ်သက်ပျော်ရွှင်ဖွယ်အရာများကို ဖန်ဆင်းပေးသော ကြောင့် ဖြစ်ပါသည်။"

သင်ခန်စာ (၄) မှမေးခွန်းများ

အမှားအမှန်ရွေးပါ။

၁။ ကျွန်တော်၏ လွဲမှားသော၊ အပြစ်သားအခြေအနေ ကို ဘုရားသခင်ကြည့်စဉ် သူတွေ့သည့်မှာ

က) ကျွန်တော်၏ အပြစ်များစွာကိုတွေ့ရှိမည်။ အပြစ်များကိုပြုလုပ်သည့် အပြစ်သားဟုမြင်မည်။ ကျွန်တော်ကို စာတန်နိုင်ငံ အမှောင်ထုတွင်တွေ့မည်။

ခ) ကျွန်တော်၏အပြစ် နှင့် သူတွေ့သည်က ကောင်းမွန်သောလူ။ အပြစ်အများမဆောင်ရွက်သူဖြစ်သည်။

၂။ ဘုရားသခင်သည် ကျွန်တော်ကို အပြစ်များမှ ဘယ်လို ကယ်တင်ခဲ့သည်။

က) ဘုရားသခင်သည် ကျွန်တော်အပြစ်များကို သူ၏သားတော်သခင်ယေရှု အပေါ်၌တင်တော်မူခြင်းဖြင့် ကယ်တင်ခဲ့ပါသည်။

ခ) အပြစ်များမှခွင့်လွှတ်သည်၊ သူကျွန်တော်ချစ်သောကြောင့်။

၃။ ဘုရားသခင်က ကျွန်တော်၏ လွဲမှား အတ္တစိတ်မှ
ကယ်တင်သည်။

က)
လက်ရှိအခြေအနေအတိုင်းလက်ခံသည်။

ခ) ကျွန်တော်ကို ၊ သခင်ခရစ်တော်နှင့် လက်ဝါးကားတိုင်မှာထည့်လိုက်သည်။

၎။ ကျွန်တော် သည် သခင်ခရစ်တော်နှင့်အတူ အသေသတ်ခြင်းခံရတာဘယ်လိုသိသလဲ?

က) ကျွန်တော်ခံစားရသောကြောင့်။

ခ) ဘုရားသခင်၏နှုတ်ကပတ်တော်အရ သိရ သည်။

၅။ ဘုရားသခင်က ကျွန်တော်ကို သခင်ယေရှု ၌ထည့်ပြီးတာနဲ့ သူဖြစ်သမျှ

က) သူဖြစ်သမျှကို ကျွန်တော်လည်းဖြစ်ရသည်။ကျွန်တော်သူ့အထဲမှာရှိသောကြောင့်။

ခ) ကျွန်တော်မှာ ထိရောက်မှုမရှိပါ။

၆။ ဘုရားသခင်၏အမြင်မှာ ကျွန်တော်၏ အပြစ်သား သက်တာအဟောင်းသည် "အာဒံ" ထဲမှာရှိသည်။

က) ကျွန်တော်သေတဲ့အထိမပြီးနိုင်ပါ။

ခ) သခင်ယေရှုနှင့်အတူသေ ထဲက ပြီးဆုံးသွားပါပြီ။

၇။ သခင်ယေရှုပြန်လည်ထမြောက်တော့လဲ ကျွန်တော်လဲထမြောက်သည်

က) ဒါပေမဲ့ကျွန်တော်ဟာ ယခုလူသစ်ဖြစ်ပြီ။

ခ) အရင်ကထက် လူကောင်းတစ်ယောက်ဖြစ်လာသည်။

၈။ ဘုရားသခင်က ကျွန်တော်ကို စာတန်၏မှောင်မိုက်နိုင်ငံမှပြောင်းလိုက်တာ

က) ဤကမ္ဘာ၏နိုင်ငံတော်သို့

ခ) သူသား၏ နိုင်ငံတော်သို့

၉။ ကျွန်တော်၏ ကိုယ်ခန္ဓာကတော့အတူတူဘဲ

က) ယခုပိုကောင်းသောသူ

ခ) ကျွန်တော်ဟာ သခင်ယေရှု ၌လူသစ်

၁၀။ ကျွန်တော်ဟာလူသစ်ဖြစ်ကြောင်း အသေအခြာဘယ်လိုသိရသလဲ?

က) ကျွန်တော် ခံစားရ၍

ခ) ဘုရားသခင်၏နှုတ်ကပတ်တော်မှသိရသည်။

စံဝင်းချို

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support