HCF

HCF MYANMAR IN SINGAPORE

Thursday, October 28, 2010

ကျွန်တော်တွင် မိသားစုအသစ်ရှိသည်

I Have a New Family !

Lesson 2

မိတ်ဆွေများခင်ဗျာ၊

သမ္မာကျမ်းစာတွင် ကျွန်တော်တို့ အလွန်သိသင့် သိထိုက်သော အထူးပုဂ္ဂိုလ် နှစ်ဦးပါရှိပါသည်။ ဒီလူနှစ် ယောက်သည်၊ အာဒံ နှင့် သခင်ခရစ်တော် တို့ဖြစ်ကြပါသည်။ အာဒံသည် ဘုရားသခင်၏ ပထမလူ ဟုခေါ်ဆို၍ သခင်ခရစ်တော်သည် ဘုရားသခင်၏ ဒုတိယလူ ဟုခေါ်ဆိုသည်။


ဘုရားသခင်၏ ပထမလူသည် အာဒံ

အာဒံသည် ဘုရားသခင်၏ ပထမလူ ဟုခေါ်သည်။ သူသည်ပထမလူဖြစ်ပြီး လူသားများ၏ မျိုးရိုးခေါင်းဆောင် ဖြစ်သောကြောင့်ဖြစ်သည်။

လူသားသည်နိမ့်ကျသော သွင်ပြင် အသက်တာမှလာသည်မဟုတ်၊ ဘုရားသခင်ကဖန်ဆင်းသည်။ လူသားသည်၊ ဘုရားသခင်၏သက်ရှိသတ္တ၀ါများတွင်။ အဆင့်အတန်းအမြင့်ဆုံးဖြစ်သည်။ ဘုရားသခင်သည်၊ မိမိပုံသဏ္ဌာန် နှင့် အညီ လူကို ဖန်ဆင်းတော်မူသောကြောင့်ဖြစ်ပါသည်။ ကျမ်းစာက "ထိုသို့ဘုရား သခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်း ပြီလျှင်၊-" (က ၁း၂၇)

ဘုရားသခင် ဘာကြောင့်လူကိုဖန်ဆင်းသနည်း။ ဘုရားသခင်ကလူကိုဖန်ဆင်းခြင်းသည်။
ဘုန်းတော်ကို ထင်ရှား စေရန်နှင့် သူ၌အစဉ်ဝမ်းမြောက်ကြရန်။ ဘုရားသခင်ကပြောသည်။ "ငါနာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေ ဘို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ်လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟုငါပြောမည်" (ဟေရှာ ၄၃း၇)။ ဘုရား သခင်က လူမျိုးစုကိုလိုခြင်သည်၊သူ၏ဘုန်းအသရေဆောင်ရန်နှင့် သူအတွက် ၀မ်းမြောက်မှု ရောက်ရှိလာစေရန်။ ကျမ်းစာက "အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလို တော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့်၊ ကိုယ်တော်သည်ဘုန်းအသရေ တန်ခိုးတော် ကို ခံစားထိုက် တော်မူ၏ ဟု လျှောက် ဆို၍ ၊ ပလ္လ္လင်တော်ရှေ့၌ မိမိတို့သရဖူများကိုချထား၏။" (ဗျာ ၄း၁၁)

ဘုရားသခင်သည်၊ လူပေါင်း သိန်းချီဖန်ဆင်း၍ ကမ္ဘာကြီးကိုမဖြည့်ခဲ့ပါ လူတယောက်သာဖန်ဆင်းခဲ့သည်- အာဒံ။ အာဒံ၏ဇနီး ကိုလည်းသူ ဖန်ဆင်းပေးသည်။ သူမ၏နံမည်က ဧ၀။ အာဒံနှင့် ဧ၀ မှ လူမျိုးစုကြီးဖြစ်လာသည်။


ဘုရားသခင်၏ ပထမလူ အာဒံသည်၊ ဘုရားသခင်နှုတ်ကပတ်တော် စကား မနာခံဘဲနေသည်

လူသားဖန်ဆင်းခြင်းသည်၊ ဘုရားသခင်နှင့်ဖေါ်ရွေစွာဆက်ဆံခြင်းရှိ၍ ၊ဘုရားသခင်နှင့် သာယာကြည်နူး၊ပျော် ရွှင်မှုရရန် ၊ အစတွင် အာဒံ နှင့် ဧ၀၊ သည် ဧဒင်ဥယျာဉ်တွင်း၌ ဘုရားသခင်နှင့် ဖေါ်ရွေစွာ ဆက်ဆံခြင်းရှိကြသည်။ နှစ်သက် ပျော်ရွှင် ဖွယ်ရာဖြစ်သည်။ ညနေခင်း အေးမြသာယာသောအချိန်တွင် သူတို့ လမ်းလျှောက်ပြီး စကားပြောကြသည်။ သားနှင့်သမီး ချစ်ခင်ရသောဖခင်ကြီးနှင့် စကားပြောဆိုကြသလိုဖြစ်နိုင်သည်။

ဒါပေမဲ့ တစုံတခုဖြစ်သောကြောင့်။ အခြေအနေအားလုံးပြောင်းလဲသွားတော့သည်။ ဘုရားသခင်၏ ရန်သူ စာတန် မာရ်နတ် သည် ဧ၀ ကို လှည့်ဖြားသည်။ သူမက စာတန်မာရ်နတ် လိမ်ပြောသည်ကိုယုံကြည်ပြီး၊ ဘုရားသခင် မှာ ကြား ထားခြင်းကို မလိုက်နာဘဲနေသည်။

အာဒံ လှည့်ဖြားခံရသလား? သူအလှည့်ဖြားမခံရပါ။ အာဒံသည် ဘုရားသခင်မှကြားထားသည် ကို မလိုက်နာပါ။ သူသည်။ စာတန် မာရ်နတ် ဘက် ကိုယူသည်။

အာဒံ ဘုရားသခင်မှကြားထားသည်ကို မလိုက်နာသည်တာနဲ့ သူ၏၀ိညာဉ်သေသွားသည်။ သူ၏ကိုယ်ခန္ဓာမသေပါ၊ သူ၏ ၀ိညာဉ်သာသေသွားသည်။ သူသည် ၀ိညာဉ်သေသဖြင့် ဘုရားသခင်နဲ့ အဆက်အသွယ်မရှိတော့ ဟုအဓိပ္ပါယ်ရသည်။ အပြစ်သည် အာဒံ နှင့် ဘုရားသခင် နှစ်ယောက် အကြားရောက်လာသည်။


ဘုရားသခင်၏ ပထမလူ အာဒံသည် အပြစ်သား လူမျိုးများ ကိုထုတ်လုပ်ခဲ့သည်

အာဒံသည် ယခုအခါ အပြစ်သား သဘာဝ သို့ရောက်ရှိလာပြီး သူ၏ ကလေးများနှင့် လူသားအားလုံး ထံသို့လွှဲပြောင်းပေးခဲ့ သည်။ အာဒံသည် အပြစ်သား လူမျိုးများကို ထုတ်လုပ်ခဲ့သည်။ ကျမ်းစာက "အကြောင်းမူကား၊ တယောက်သော သူ သည် နားမထောင်သောအားဖြင့်၊ လူများတို့သည်အပြစ်ရောက်သည်နည်းတူ၊ ----" (ရော ၅း၁၉)

လူသား၊လူမျိုးအားလုံးကို ဘုရားသခင်ထံမှ စာတန် မာရ်နတ်က ခိုးသည်။ စာတန်ကသူ၏ နိုင်ငံတော် အမှောင်ထု သို့ပို့ထား သည်။ စာတန်ကသူ၏ ပုန်ကန်ခြင်း နှင့် မလိုက်နာသော စိတ် ကို လူတိုင်းသို့သွင်းပေးထားသည်။ ကျမ်းစာက မနာခံသော ကလေးများ တွင်ယခုအလုပ်၊ လုပ်သောစိတ်သည်၊ စာတန်၏ စိတ်ဖြစ်သည်။ လူများသည် အလွန် ယုတ်မာ သောသူများ ဖြစ်လာကြသည်။ ကျန်းစာက "မြေကြီးပေါ်မှာ လူအပြစ်ကြီး ၍ ၊ သူ၏စိတ်နှလုံး အကြံ အစည် ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်း သက်သက်ရှိ ကြောင်းကို၊ ဘုရားသခင်သိမြင်တော်မူလျှင်-။ " (က ၆း၅)


ဘုရားသခင်၏ ဒုတိယ လူသည် သခင်ခရစ်တော်

ဘုရားသခင် လူများကို လိုခြင်သည်။ သူ၏ ဘုန်းတော်ကို ထင်ရှားစေရန် နှင့် သူ၌အစဉ် မပြတ် ၀မ်းမြောက် ကြရန်။ သို့သော်လည်း၊ ပထမလူ အာဒံသည် အပြစ်သားများ ထုတ်လုပ်ခဲ့သည်။ အပြစ်သားများသည် ဘုရားသခင်၏ နှလုံးသား ကို ၀မ်းမြောက် သာယာမှုပေးနိုင်ကြမည်လား? လုံးဝမပေးနိုင်ကြပါ။

ထိုလူများသည်ယခုအပြစ်သားများဖြစ်ကြသည်။ ဘုရားသခင်သူတို့ကို မုန်းသလား? မမုန်းတီးပါ။ ဘုရားသခင်က လူများကို ချစ်သည်။ ဘုရားသခင်သည်လူများကို အမြဲတမ်းချစ်သည်။ ကျမ်းစာက "အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏-----" (တရား ၃၃း၃)

ဘုရားသခင် ဘာလုပ်သလဲ? ဘုရားသခင်က ဒုတိယလူ ကျွန်ုပ်တို့ကိုပေးသည်။ ဘုရား၏ဒုတိယလူ မည်သူ နည်း? သူသည် ဘုရားသား သခင်ခရစ်တော် ကိုယ်တိုင်ဖြစ်ပါသည်။ ကျမ်းစာက"ရှေ့ဦးစွာသော လူသည် မြေကြီးက ဖြစ် သောကြောင့်မြေသားဖြစ်၏။ ဒုတိယလူမူကား၊ ကောင်းကင်ဘုံကဖြစ်တော်မူသော သခင်ပေတည်း။ (၁ကော ၁၅း၄၇)

ဘုရားသခင်ကိုယ်တိုင်ပြောနေသလိုဘဲ"ငါ၏ပထမလူ၊အာဒံ မနာခံဘဲနေသည်။ အပြစ်သားများ မွေးထုတ် ပေး သည်။ ဒါပေမဲ့ ငါသည်လူသားဒုတိယလူကိုပေးသည်။ငါ့သားသခင်ယေရှုကိုယ်တိုင်၊ သူသည်နာခံသည်။ ငါ၏ နှလုံးသား ကိုဝမ်းမြောက်သာ ယာမှု ပေးနိုင်မည်။ သူသည်ငါ်၏ အသစ်သောမိသားစု၏ ဦးခေါင်း ဖြစ်မည်။ ခလေးများ၏ဘုရားသခင်"


ဘုရား၏ ဒုတိယလူ၊ သခင်ခရစ်တော်သည် သူ၏ ဖခင်ကို အစဉ်ကျေနပ်စေသည်။

သခင်ခရစ်တော် အမှုတော်စတင်ဆောင်ရွက်ချိန် တွင် သခင်ခရစ်တော်သည် ယော်ဒန်မြစ်၌ ဗတ္တိဇံခံယူသည်။ တစုံတရာ အလွန် အံ့သြလောက်စရာဖြစ်ပေါ်သည်။ ကျမ်းစာက "ယေရှုသည် ဗတ္တိဇံ ကိုခံတော်မူပြီးလျှင်၊ ရေမှ ပေါ်ထ စဉ်တွင်၊ ကောင်းကင် ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ၀ိညာဉ်တော် သည်ချိုးငှက်ကဲ့သို့ဆင်းသက် ၍ ကိုယ်တော်အပေါ် ၌ နားတော် မူသည်ကိုမြင်ရ ၍၊- ဤသူကားငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော် ဖြစ်လေ၏" (မ ၃း၁၆-၁၇)

ဘုရားသခင်သည် ယခု ကမ္ဘာပေါ်အတွက်လူရပြီ၊ သူအတွက် အကောင်းဆုံးဖြစ်သော၊ ကြည်နူးမှု၊ ပျော်ရွှင်မှု ကိုပေးသည်။ သခင်ခရစ်တော် ပြောသည့် အရာအားလုံး၊ နှင့် လုပ်ဆောင်မှုများသည် သူ၏ဖခင် နှစ်လိုဖွယ်ရာများ ဖြစ်သည်။ သူကပြော သည်မှာ-"ငါ့ကိုစေလွှတ် တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကို တကိုယ်တည်း နေစေခြင်းငှါ ခမည်းတော်သည်စွန့်ပစ် တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှု ကို အစဉ်မပြတ် ငါပြုသည်ဟုမိန့်တော်မူ၏။" (ယော ၈း၂၉)

သခင်ခရစ်တော် အပြစ်တကြိမ်မှ မပြုလုပ်ခဲ့ပါ။ သူ၏ဖခင် မနှစ်လိုဖွယ်ရာ တခုမှ မပြော၊ မလုပ်ပါ။ သူ၏ အမှုတော်ဆောင် အလုပ်ပြီးဆုံးသောအခါ၊ သူ၏တပည့်တော် သုံးယောက်သည်၊ မြင့်သောတောင်ထိပ်တွင်သူနှင့် အတူရှိကြသည်။ ထိုနေရာ တွင် သူသည်ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ဘုန်းအသရေတော်ပေါ်ထွက်လာသည်။ ကျမ်းစာကပြောသည်မှာ "သူ၏မျက်နှာသည် နေမင်းကြီးလိုတောက်ပလာသည်။ ဘုရာသခင်ကောင်းကင်မှပြောသည်။ ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသော မိုဃ်းတိမ်သည် ထို သူတို့ကို လွှမ်းမိုး၍၊ ဤ သူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကား ကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော်ဖြစ်လေ၏။" (မ ၁၇း၅)


ဘုရားသခင်၏ဒုတိယလူ၊ သခင်ခရစ်တော်သည်၊ စကြ၀ဠာ တခုလုံး၏အရှင်သခင်ဖြစ်သည်

စာတန် ကဘုရားသခင်ထံမှ ကျွန်ုပ်တို့ကို ခိုးသည်။ သခင်ခရစ်တော်လာရောက်၍ အပြစ်မှရွေးနှုတ် ကယ်တင်သည်။ "ကျွန်ုပ်တို့ကိုပြန်၍၀ယ်ယူသည်" ကျွန်ုပ်တို့ဘုရားသခင်ထံပြန်ရောက်ရှိ နိုင်ကြရန်။ ကျမ်းစာက"မိစဉ် ဘဆက်ကျင်လည်သော အချည်းနှီး ကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနှင့် သင်တို့ကိုရွေးတော်မူသည်မဟုတ် ။- အဘယ် အပြစ်မျှမရှိ၊ အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့်ရွေးတော်မူသည်ကို သိမှတ်ကြလော့။" (၁ပေ ၁း၁၈-၁၉)

သခင်ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင်အသက်တော်ကိုစွန့်တော်မူ၏။ သင်္ချိုင်းတွင်း၌ အလောင်းတော် ကို ထားကြ သည်။ (၃) ရက်မြောက်သောနေ့တွင်၊ ရှင်ပြန်ထမြောက်တော်မူ၏။ ရှင်ပြန်ထမြောက်ပြီးသူကို ယုံကြည်သူ များ ထံ ရောက် လာသည်။ အကြိမ်များစွာ၊ ရက် လေးဆယ်လောက်အတွင်း။ ထိုနောက်ကောင်းကင်ဘုံသို့ ပြန်သွားသည်။

ဘုရားသခင်ယခု သူ၏ဒုတိယလူရှိပြီ၊ သခင်ယေရှု သူ၏ရှေ့တွင်ရှိပြီး၊ သူလိုခြင်သောပျော်ရွှင်မှု၊ နှင့် သာယာကြည်နူးခြင်း များကိုရရှိသည်။ ဘုရားသခင်ကို သူ၏သားကကျေနပ်စေသည်။ ဘုရားသခင်က သားတော် ကို တာဝန်အားလုံးကိုပေး သည်။ အရှင်သခင် ပြုလုပ်ပေးသည်။ စကြ၀ဠာ တခုလုံး၏အရှင်သခင်ဖြစ်သည်။ ကျမ်းစာက

"ထိုသခင်သည်ကောင်းကင်ဘုံသို့ကြွတော်မူသည်ဖြစ် ၊ကောင်းကင်တမန်အစရှိသော အာဏာစက် တန်ခိုးများ တို့ကို အုပ်စိုးလျက်၊ ဘုရားသခင်၏ လက်ျာတော်ဘက် ၌ ရှိတော်မူ၏ ။" (၁ပေ ၃း၂၂)


ဘုရားသခင်၏ဒုတိယလူ၊ သခင်ယေရှုသည် ဘုရားသခင်၏ အသစ်သောမိသားစုတွင် ဦးခေါင်းဖြစ်သည်

ဘုရားသခင်သည် သားတော် သခင်ယေရှုကို အရှင်သခင် လုပ်ပေးယုံ သာမက၊ ဘုရားသခင်၏ အသစ်သော မိသားစု တွင် ဦးခေါင်း ပြုလုပ်သည်။ "ခလေးများ၏ ဘုရားသခင်" သခင်ယေရှု ကိုယုံကြည်၍ ကယ်တင်ရှင်အနေဖြင့် လက်ခံ သောသူများသည်၊ ဘုရားသခင်၏ အသစ်သော မိသားစုတွင် ဖွားမြင်မည်။

ကမ္ဘာ ပေါ်တွင်ယခု မိသားစုကြီးနှစ်စု ရှိသည်။ မိသားစုတခုသည် အာဒံ သည် ဦးခေါင်းဖြစ်သည်။ အာဒံ၏ မိသားစုသည်၊ အပြစ်သား မိသားစုပြစ်သည်။

အခြားမိသားစု၏ ဦးခေါင်းသည်၊ ဘုရားသခင်၏ဒုတိယလူ၊ သခင်ခရစ်တော်ဖြစ်သည်။ သူ၏မိသားစုကို "ခလေးများ၏ဘုရားသခင်" လူတိုင်းသည် ဒီမိသားစု တခု သို့မဟုတ် နောက်တခုတွင်ပါဝင်ကြသည်။ ကျွန်ုပ်တို့မွေးဖွါး စဉ်က အာဒံ၏ အပြစ် မိသားစုတွင် မွေးဖွါးကြသည်။ အာဒံမိသားစု မှလူတိုင်းသည် ဘုရားသခင်နှင့်ကွဲနေသည်၊ လမ်း ပျောက်နေကြသည်။ သခင်ယေရှုကပြောသည်မှာ-- ဒုတိယ မွေးခြင်းကိုမခံသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟုပြန် မိန့်တော်မူ၏။" (ယော ၃း၃)

ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာသည်ထပ်၍မမွေးနိုင်ပါ။ ဒုတိယ မွေးခြင်းသည်၊ ကျွန်ုပ်တို့၏ ၀ိညာဉ်တော် မွေးခြင်း ဖြင့် အသစ်သော ဘုရားသခင်၏ မိသားစုဝင်ဖြစ်နိုင်သည်။ သင်သည် ဘယ်သူဘဲဖြစ်ဖြစ်၊ ဘုရားသခင်၏ မိသားစုဝင် ဖြစ်ရန် နှင့် ကောင်းကင်ဘုံသို့သွားရန်၊ ဒုတိယမွေးခြင်း ခံရမည်။ သခင်ယေရှုက "ဒုတိယ မွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည် ကို အံ့သြခြင်း မရှိနှင့်။-" (ယော ၃း၇)

ဘုရားသခင်၏ မိသားစုဝင် ဖြစ်ရန် ဒုတိယမွေးခြင်း ကို မည်ကဲ့သို့ ခံရမည်နည်း? ကျွန်ုပ်၏ ဒုတိယမွေးခြင်း သည်။ သခင်ခရစ်တော် ကို ယုံကြည်၍ ကယ်တင်ရှင်အဖြစ်လက်ခံသည်။ ကျမ်းစာက"ထိုသူကို လက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏သားဖြစ်ရသောအခွင့် ကိုပေးတော်မူ၏။ " (ယော ၁း၁၂)

မိတ်ဆွေများခင်ဗျာ၊ သင်ဟာ ဒုတိယမွေးခြင်းဖြင့် အသစ်သောဘုရားသခင်၏ မိသားစုဝင် ဖြစ်မဖြစ် မသေခြာလျှင်၊ ဘာဖြစ်လို့ ယခုသေခြာအောင် မစစ်ဆေးသလဲ။ တိတ်ဆိတ်သောနေရာကိုရှာပြီး သခင်ယေရှုကို ပြောပါ။ " သခင်ယေရှု သည်ဘုရားသခင်၏သားတော်ဖြစ်ပြီး၊ ကျွန်တော်၏အပြစ်အတွက်၊ လက်ဝါးကားတိုင်ပေါ်တွင် အသေခံ ပေးသည်၊ ကို ကျွန်တော်ယုံကြည်ပါတယ်၊ ယခုကျွန်တော်၏ကယ်တင်ရှင်အဖြစ်အသိအမှတ်ပြုပါသည်။ ကျေးဇူးပြု၍ ကျွန်တော်၏စိတ်နှ လုံးအတွင်းသို့လာပြီး၊ ဘုရားသခင်၏ ထ၀ရ သားတော် ဖြစ်ရန်ပြုလုပ်ပေးပါ။"


ကျွန်တော်သည် အသစ်သော ဘုရားသခင်၏ မိသားစုဝင်ဖြစ်ပြီ

သခင်ယေရှုသည် ကျွန်တော်၏ ကယ်တင်ပိုင်ရှင်အဖြစ်၊ လက်ခံသည်နှင့် ဘုရားသခင်၏ မိသားစုဝင် ဖြစ်လာခဲ့သည်။ ကျွန်တော်ကို ဘုရားသခင်က အာဒံ၏ အပြစ်သားမိသားစုမှ ထုတ်ပယ်၍ အသစ်သော ဘုရားသခင်၏ မိသားစုဝင်ဖြစ်စေ သည်။ ကျွန်တော်သည် ယခုတွင် ဘုရားသခင်၏ထာဝရ သားဖြစ်လာသည်။ သခင်ယေရှုကို ကယ်တင် ပိုင်ရှင် အဖြစ်အသိ အမှတ်ပြုသူအားလုံးသည်။ ဘုရားသခင်၏သားများဖြစ်ကြသည်။ ကျမ်းစာက"အဘယ်သို့နည်း ဟူမူ ကား သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့်ဘုရားသခင်၏သားဖြစ်ကြ၏။"(ဂ လ ၃း၂၆)

ဘုရားသခင်သည်ယခု ကျွန်တော်၏ ကောင်းကင်ဘုံ၌ရှိတော်မူသော၊ထာဝရဘုရားသခင်ဖြစ်တော်မူ၏။ ကျွန်တော် သူနှင့်အချိန်မရွေးစကားပြော၍ရသည်။ အချိန်မရွေး ဆုတောင်းနိုင်သည်။ သူ့ကိုကျွန်တော်က ချစ်ခင် ၍ ယုံကြည်ရမည်။ သူ၏သားဖြစ်ရခြင်းကိုသာယာကြည်နူးစေခြင်သည်။ ကျမ်းစာက "ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ် ခြင်းအခွင့်ကိုငါတို့သည် ရမည်အကြောင်း၊ ဘုရားသခင်သည်ငါတို့ကိုအဘယ်မျှ လောက်ချစ်တော်မူသည် ကို ကြည့်ရှု ဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့်၊ ငါတို့ ကိုလည်းမသိကြ။" (၁ယော ၃း၁)


ဘုရားသခင်၏အမှန်တရား

ဘုရား၏ပထမလူ အာဒံသည်၊ ဘုရားသခင်၏စကားကို မနာခံဘဲနေသည်။ ကမ္ဘာပေါ်သို့ အပြစ်များနှင့် သေခြင်းကိုယူလာ သည်။ အာဒံသည်အပြစ်သားလူမျိုးစုကို ထုတ်လုပ်ခဲ့သည်။ ဘုရားသခင်သည် ကျွန်တော်တို့ကိုချစ်၍ ဒုတိယလူကို ပေး သည်။ ဒုတိယလူသည်သူ့၏သား၊ သခင်ယေရှု။ သခင်ယေရှုသည် ကျွန်တော်တို့၏အပြစ်များအတွက် အသေခံပြီး၊ ပြန်လည်ထမြောက်ပြီး၊ အသစ်သောဘုရားသခင်၏မိသားစုတွင်၊ ဦးခေါင်းဖြစ်လာသည်။

"ခလေးများ၏ ဘုရားသခင်" ကျွန်တော်သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်အသိအမှတ်ပြု၍ ၀ိညာဉ်တော် ဒုတိယမွေးခြင်းဖြင့်၊ အသစ်သော ဘုရားသခင်၏မိသားစုတွင်ဖြစ်လာသည်။




ငါယုံကြည်သည်

သခင်ယေရှုသည် ဘုရား၏ဒုတိယလူဖြစ်သည်ကို ကျွန်တော်လုံးဝယုံကြည်သည်။ ကျွန်တော်၏ ကယ်တင်ရှင် အဖြစ်အသိ အမှတ်ပြုသည်။ ကျွန်တော်သည်ယခု အသစ်သောဘုရားသခင်၏မိသားစုဝင်ဖြစ်ပြီ။


သင်ခန်းစာ (၂) မှမေးခွန်းများ

အမှား အမှန်ရွေးပါ။

၁။ သမ္မာကျမ်းစာတွင် အလွန်သိသင့် သိထိုက်သော အထူးပုဂ္ဂိုလ် နှစ်ဦးပါရှိပါသည်။ ထိုသူနှစ်ယောက်သည်။

က) အာဒံ နှင့် မောရှေ

ခ) အာဒံ နှင့် သခင်ယေရှု

၂။ ဘုရား၏ပထမလူ အာဒံသည်။

က) ဘုရားသခင်သည်၊ မိမိပုံသဏ္ဌာန် နှင့် အညီ လူကို ဖန်ဆင်းတော်မူသောကြောင့်ဖြစ်ပါသည်။

ခ) လူသားသည်နိမ့်ကျသော သွင်ပြင် အသက်တာမှလာသည်မဟုတ်။

၃။ ဘုရားသခင်ကဘာကြောင့် လူကိုဖန်ဆင်းသလဲ

က) ဘုရားသခင်ကလူကိုဖန်ဆင်းခြင်းသည်။
ဘုန်းတော်ကိုထင်ရှားစေရန်နှင့် သူ၌အစဉ်ဝမ်းမြောက်ကြရန်။

ခ) လူသားသည် ၀မ်းမြောက်ဖွယ်ကောင်းသော၊ အရာများပြုလုပ်သည်များကိုကြည့်ခြင်သောကြောင့်။


၎။ ဘုရားသခင်၏ ပထမလူ အာဒံကို

က) စာတန်က လိမ်သည်။

ခ) စာတန် မလိမ်ပါ၊ သူကသာ ဘုရားသခင်၏စကားကို မနာခံပါ။

၅။ အာဒံသည်ဘုရားသခင်ကို မလိုက်နာဘဲနေသဖြင့်

က) သူ၏၀ိညာဉ်သေသွားသည်။

ခ) သူ၏ကိုယ်ခန္ဓာ သေသွားသည်။

၆။ ဘုရားသခင်၏ပထမလူ အာဒံ ထုတ်လုပ်သည်မှာ

က) ကောင်းသော လူမျိုးစုများဖြစ်သည်။

ခ) အပြစ်သား လူမျိုးစုများဖြစ်သည်။

၇။ ဘုရား၏ ဒုတိယလူ၊ သခင်ခရစ်တော်သည် သူ၏ ဖခင်ကို ကျေနပ်စေသည်။

က) အမြဲတမ်း

ခ) အချိန်အများစု

၈။ ဘုရားသခင်သည် သခင်ယေရှု ကို ဦးခေါင်းလုပ်စေသည်။

က) အာဒံ မိသားစု ထက်ကောင်းသောမိသားစုများတွင်။

ခ) ဘုရားသခင်၏အသစ်သော မိသားစုတွင် "ခလေးများ၏ဘုရားသခင်"

၉။ ကျွန်တော်တို့ အာဒံ အပြစ်သားမိသားစုမှ ဘယ်လိုထွက်၍ ဘုရားသခင်၏မိသားထဲသို့ဘယ်လိုဝင်မလဲ?

က) ကျွန်တော်တို့ ဒုတိယမွေးခြင်းခံရမည်။

ခ) ကျွန်ုပ်တို့သည် ပညာတ်တော် (၁၀)ပါးကိုစောင့်ရမည်။

၁၀။ ကျွန်ုပ်တို့ ဒုတိယမွေးခြင်းရပြီးပြီ။

က) ဗိတ္တ္တိဇံ ခံခြင်းဖြင့်

ခ) ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ပြီး၊ ကယ်တင်ရှင်အဖြစ်လက်ခံခြင်းဖြင့်။


စံဝင်းချို


Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support