HCF

HCF MYANMAR IN SINGAPORE

Thursday, October 28, 2010

ကျွန်တော်မှာကြီးမြတ်သောကယ်တင်ရှင်ရှိပါသည်

I Have a Great Savior

Lesson One.

မိတ်ဆွေများခင်ဗျာ၊

ကျွန်ုပ်တို့အားလုံးသည် ကောင်းမွန်သော လက်ဆောင်ကို တမ်းတကြပါသည်။ ဘုရားသခင်ထံမှာ ကျွန်ုပ်တို့ အားလုံးအတွက် အကောင်းဆုံး လက်ဆောင်များရှိပါသည်။ သူကလည်း ကျွန်ုပ်တို့ကိုပေးခြင်ပါသည်။ အားလုံးကို သူ၏သားတော် သခင်ခရစ်တော်မှ တဆင့် ကျွန်ုပ်တို့ထံ ရောက်ရှိလာ ပါသည်။

ဘုရားသခင်ထံမှထူးခြားသောအရာများကို လက်ခံနိုင်ရန် အချက် (၄)ချက်ရှိပါသည်။

၁) သခင်ခရစ်တော်၏အလုပ်

၂) ဘုရားသခင်၏ နှုတ်ကပတ်တော်

၃) ကျွန်ုပ်တို့၏ယုံကြည်ချက် နှင့်

၎) သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တို့ဖြစ်ပါသည်။ ဒီအကြောင်းအရာများကို ထည့်သွင်း စဉ်စား ကြပါစို့။


၁။ သခင်ခရစ်တော်၏ အလုပ်

သခင်ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအတွက် ကားတိုင်ပေါ်တွင်အသေခံခြင်းနှင့် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဖြစ်ရန် ပြန်လည် ထမြောက်ခြင်း။ သူ၏ဆောင်ရွက်ချက်သည် အစုံအလင်ပါသော၊ ပကတိပြည့်စုံကောင်းမွန်သော ဆောင်ရွက်ချက် ဖြစ်ပါသည်။


၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်

သမ္မာကျမ်းစာတွင် ထာဝရဘုရားသခင်က ကျွန်ုပ်တို့ အတွက် သခင်ခရစ်တော်၏ ဆောင်ရွက်ချက်များကိုဖေါ်ပြ ထား ပါသည်။


၃။ ကျွန်ုပ်တို့၏ယုံကြည်ချက်

ဒါကကျွန်ုပ်တို့အပိုင်း - ဘုရားသခင်ပြောသော စကားများကို ယုံကြည်လက်ခံ နိုင်ကြရန်။


၎။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်

ကျွန်တော် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံ ယုံကြည်သောအခါ၊ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်ထံ၌ အမှန်တကယ် ပြုလုပ်သည်။ သခင်ခရစ်တော် ကျွန်တော်အတွက်ပြုလုပ်ပေးထားသည့်များကို ဆောင်ရွက်ပေးသည်။ ဤနည်းဖြင့်ဘုရားသခင်ထံမှအရာ ၀တ္တုများ ကိုလက်ခံရရှိကြပါသည်။

ကျွန်ုတော် ဘယ်လို၊ ဘုရား သား ဖြစ်လာသနည်း။ ပထမတော့ သခင်ခရစ်တော်၏ ဆောင်ရွက်ချက်။ ကျွန်တော်၏ အပြစ် များ အတွက် လက်ဝါးကားတိုင်ပေါ်တွင်အသေခံသည်။ ထိုအခါဘုရားသခင်၏ နှုတ်ကပတ်တော်၊ သူ၏ နှုတ်ကပတ်တော် တွင်၊ ဘုရားသခင်ကသခင်ခရစ်တော် ကျွန်တော်အတွက် ဘာတွေဆောင်ရွက်သွားသည်ကိုဖေါ်ပြသည်။။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယုံကြည် လက်ခံ၍ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်ဖြင့် ဘုရားသား ဖြစ် လာသည်။ ဤနည်းဖြင့် ဘုရားသခင်ပေးသည်များကိုလက်ခံရရှိကြပါသည်-သူကိုယုံကြည်ခြင်းဖြင့်။ ဘုရားသခင်တွင် နှစ်သက် ပျော်ရွှင်ဖွယ်၊ ၀မ်းမြောက် ဖွယ်။ ကောင်းသော လက်ဆောင်များစွာရှိပါသည်။ ထိုလက်ဆောင်များကို ကျွန်ုပ်တို့ကို ပေးခြင်ပါသည်။ ဒါတွေအားလုံး၊ သခင်ခရစ်တော် ထံမှ ကျွန်ုပ်တို့ထံ သို့ရောက်ရှိလာပါသည်။ ဒါကြောင့်မို့ ဘုရားသခင်အကြောင်းကို ကျွန်ုပ်တို့သင်ကြားထားကြရန် အလွန်အရေးကြီး ပါသည်။-သူဟာ ဘယ်သူ လဲနှင့် သူကျွန်ုပ်တို့အတွက် ဘာတွေ လုပ်ပေးနေသလဲ။

ဤနည်းဖြင့်သူထံမှအရာဝတ္တုများ လက်ခံရရှိကြသည်။


သခင်ခရစ်တော်သည် ကြီးမြတ်သော ဖန်ဆင်းရှင်

ဤကမ္ဘာပါဝင်သည့် စကြ၀ဠာစနစ်ဖြစ်သော အနန္တ စကြ၀ဠာ။ လောကဓာတ်သည် အခွင့်အရေးနှင့်ဖြစ်တည်ခြင်း၊ ကမ္ဘာအပြင်ဘက် အာကာ သ ဟင်းလင်းပြင်တွင် ကြီးကြယ်သောပေါက်ကွဲခြင်းအကြောင်းအရာ နှစ်သန်းပေါင်း များစွာကဖြစ်ခဲ့၍များကြောင့် မဟုတ်ပါ။ သမ္မာကျမ်းက ကျွန်ုပ်တို့ကို ပြောသည်မှာ ဘုရားသခင်၏သားတော်၊ သခင်ခရစ်တော်ကဖန်ဆင်းသည်။ သခင်ခရစ်တော်အကြောင်းပြောသည်။ ကျမ်းစာက " ထို နုတ်ကပတ်တော် သည် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သောအရာတစုံတခုမျှမရှိ။"(ယော ၁း၃)

ဒီကျမ်းပိုဒ်ကပြောသည်မှာ သခင်ခရစ်တော် အရာဝတ္တုတိုင်းကို ဖန်ဆင်းသည်။ စကြ၀ဠာအပါအ၀င်။ စကြ၀ဠာ ဘယ်လောက်ကြီးသလဲ၊ မည်သူမှမသိ၊ ဘုရားသခင်ဘဲသိမည်။

စကြ၀ဠာကြီးသည် ကြယ်များနှင့်ပြည့်သည်။ ကျွန်ုပ်တို့၏ နေသည် တကယ် ကြယ်အကြီးတခုဖြစ်သည်။ ဒါပေမဲ့ နေထက်ကြီးသော အခြား ကြယ်များရှိသေးသည်။ အချို့ကြယ်များသည်အလွန်ကြီးသည်၊ နေသည် သူတို့နှင့်ယှဉ်ကြည့်လျှင် အစက်၊ အပြောက်၊ ဖုန်မှုန့်လောက်ဘဲရှိသည်။ စကြ၀ဠာတွင် ကြယ်ဘယ်နှစ်လုံးရှိသလဲ။ စိတ်ကူးရရန်၊ သဲသောင်ပြင်ကိုသွား၍၊ သောင်ပြင်တွင် သဲ မိုင်ပေါင်းများစွာရှိ သည်။ ပုန်းထဲသို့ သဲများ ဖြည့်မည်။ ထိုပုန်းထဲသို့ သဲပွင့်မည်မျှပုံးထဲသို့ဝင်မည်နည်း။ သဲပွင့်ပေါင်းသန်းချီ၍ပါမည်။

ဒီကမ်းခြေတခုလုံးသဲပွင့်ပေါင်းမည်မျှရှိမည်နည်း။ ကုဋေပေါင်များစွာ။

ကြယ်ဘယ်လောက်ရှိမည်နည်း။ သိပ္ပံပညာရှင်များကကြယ်အရေအတွက်သည်၊ တကမ္ဘာလုံးရှိသဲသောင်ပြင်များမှသဲပွင့် များထက်များသည်။ ကြယ်ဘယ်လောက်ရှိမည်နည်း မည်သူမှမသိပါ။ သခင်ခရစ်တော်သိသည်။ သူကစကြ၀ဠာကြီးကိုဖန်ဆင်းသူ။ သူသည်ကြယ်အတိအကျကိုသိသည်။ သူကကြယ်များ၏အမည်များကိုပေးထားသည်။ ကျမ်းစာက " ကြယ်များကိုရေတွက် ၍ အသီးအသီးတို့ကိုသမုတ်တော်မူ၏။" ( ဆာလံ ၁၄၇း၎)

ဘုရားသခင်၏သားတော်၊ သခင်ခရစ်တော်သည် ဖန်ဆင်းယုံ သာမဟုတ်၊ သူသည်အတူတကွထိန်းသိမ်းထားသည်။ ကြီးကြပ်ထိန်သိမ်းမှုကို ဖန်ဆင်းထားသောစကြ၀ဠာ၌ပြုလုပ်ထားသည်။ အလွန်တိကျတာက၊ ကောင်းကင်နာရီ် အလုပ်ဘဲ၊ ကျွန်ုပ်တို့ သိနိုင်တာက၊ ကြယ်များ၏ နေရာ အတိအကျကိုအချိန်မရွေးသိနိုင်သည်။ သမ္မာကျမ်းစာက ပြောသည်မှာ စကြ၀ဠာကိုအတူတကွ ထိန်းထားသည်။ လမ်းကြောင်းပေါ်၌ တိတိကျကျ လည်ပတ်နိုင်ရန် သခင်ယေရှုကပြုလုပ်သည်။ သခင်ခရစ်တော်။ ဘုရားစကားက "အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိသမျှသောရူပအရာ၊အရူပအရာ၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်း တန်ခိုးဖြစ်စေ၊ အထွဋ် အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသော အရာတို့ကိုဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ထိုသခင် အဘို့ အလို့ငှါ၎င်းခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။- သားတော်သည် လည်းခပ်သိမ်းသောအရာမဖြစ်မှီဖြစ်တော်မူ ၍ ခပ်သိမ်းသောအရာ တို့သည်တန်ခိုးတော်အားဖြင့် သာတည်ကြ၏။"(ကော ၁း၁၆-၁၇)


သခင်ခရစ်တော်သည် ကြီးမြတ်သော ကယ်တင်ရှင်

ဒီဟာ အလွန်အလွန့် အံ့သြဖွယ်ရာ၊ အချက်ဖြစ်သည်။ သခင်ခရစ်တော်သည် ကြီးမြတ်သော ဖန်တီးရှင်၊ ဘုရားသခင်၏ သား၊ ကမ္ဘာပေါ်သို့ ခလေးငယ်အနေနှင့်လာခဲ့သည်။ ဘုရားသခင်၏သားတော်၊ ကမ္ဘာပေါ်မှာရှိခဲ့သည်။ ရှိရှိသမမျှကို ပြုလုပ်သည်။ လူသားဖြစ်လာသည်။ ကျမ်းစာက"အစဦး ၌ ကနှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ပတ်တော်သည်လည်း ဘုရား သခင်ဖြစ်တော်မူ၏။ နှုတ်ပတ်တော် သည် လည်း လူဇာတိအဖြစ်ကိုခံယူ ၍ ၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်းပြည့်စုံလျက်ငါတို့တွင် တည် နေတော်မူသည်ဖြစ် ၍ ၊ ခမည်းတော် ၌ တပါးတည်းသောသားတော်၏ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည်မြင်ရကြပြီ။" (ယော ၁း၁၊၁၄)

အဘယ်ကြောင့် သခင်ခရစ်တော် ကမ္ဘာပေါ်သို့လာေ၇ာက်သလဲ။ သူသည်ကျွန်ုပ်တို့၏အပြစ်များမှ ကယ်တင်ရန်။ ကျွန်ုပ်တို့၏ကယ်တင်ရှင် အနေနှင့်လာသည်။ ကျမ်းစာတွင် အလွန်အဖိုးတန်သော အဖြစ်အပျက်ဖြစ်သည်။ ဘုရားသခင်၏ သားတော်၊ သခင်ခရစ်တော်သည် ကျွန်ုပ်တို့ကို အလွန်ချစ်တော်မူသည်။ ကောင်းကင်ဘုံမှအိမ်တော်ကိုထားခဲ့ပြီး၊ ကမ္ဘာသို့ လာ ၍ ကျွန်ုပ်တို့အပြစ်များအတွက် အသေခံပေးတော်မူ၏။

သခင်ခရစ်တော် ကျွန်ုပ်တို့အပြစ်များအတွက် အသေခံခြင်းကို ဘုရားသခင်က အပြစ်ဆိုဖွယ်မရှိသော ကျေနပ်ခြင်းကိုပြ သည်။ သားတော်ကို သေခြင်းမှ ထမြောက်စေသည်။သခင်ခရစ်တော် ဂူထဲတွင် ၃ ရက် နေရ၊ ၃ရက်သောနေ့တွင်သင်္ချိုင်းမှ ထမြောက်သည်။ ဂုဏ်ယူဖွယ် ရှင်ပြန် ထမြောက် သော အသစ်တော ကိုယ်ခန္မာ-ဘယ်တော့ မှ မသေနိုင်သော ကိုယ်ခန္မာ ဖြစ်သည်။ သခင်ခရစ်တော်သည် အင်အားကြီးသော အပြစ်၊ သေခြင်းနှင့် စာတန် မာနတို့ အောင်နိုင်သူဖြစ်သည်။

သခင်ခရစ်တော် ကောင်းကင်ဘုံသို့ ပြန်သည့်အခါ၊ အင်အားကြီးသော မာန နှင့် အမှေင်ထု၏အခွင့်အာဏာများကို အောင်နိုင်သူဖြစ်သည်။ ကျမ်းစာက "အထွဋ် အမြတ်၊ အာဏာစက်များကိုလုယူလျှင်၊ ထင်ရှားစွာထုတ်ပြ ၍လက်ဝါးကပ်တိုင်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ။ "(ကော ၂း၁၅)


သခင်ခရစ်တော်တွင် အလွန် မြင့်မြတ်သော နေရာ ကောင်ကင်းဘုံ၌ ရှိသည်။

သခင်ခရစ်တော် ကောင်ကင်ဘုံသို့ သူ၏မွန်မြတ်သော၊ ရှင်ပြန်ထမြောက်သော ကိုယ်ခန္ဓာသစ်ဖြင့်ပြန်သွားသည်။ ဘုရားသခင် က မြင့်မြတ်သောနေရာပေး၍ ဂုဏ်ပြုသည်။

ဘယ်တွင်ရှိသလဲ။ အဖ ဘုရားသခင်၏ ညာဘက်တွင်ရှိသည်။ သခင်ခရစ်တော်သည် ဂုဏ်တင်ထားသောသူ၊ ဘုရားသခင် ၏ ညာဘက်တွင်ရှိသည်။ ဒါသူ၏ မှန်သောနေရာ။ အခြားဘယ်နေရာမှ ဂုဏ်မြင့်သောသူအတွက် မသင့်တော်ပါ။ ကျမ်းစာက"ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကိုသေခြင်းမှ ထမြောက်စေတော်မူ ၍ ခရစ်တော် ၌ ပြုပြင်သော မဟာတန်ခိုး အာနုဘော် အရှိန်ကဲ့သို့ဖြစ်၏။- ခပ်သိမ်းသောအထွဋ် အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ ၍ ၊ယခုဘ၀နောင်ဘ၀ ၌ ခေါ်ဝေါ် သမုတ်သောဘွဲ့နာမ အလုံးစုံတို့ အထက်၊ ကောင်းကင်အရပ် ၌ မိမိလက်ျာတော်ဘက်မှာအလွန်မြင်မြတ်သောနေရာကို ခရစ်တော်အားပေးတော်မူ ၍။" (ဧ ၁း၂၀-၂၁)

ဘုရားသခင်က သားတော်ကိုပေးသော နေရာသည်။ အခြားသူများ၏အထက်တွင် သို့မဟုတ် စကြ၀ဠာရှိ ဘယ်စွမ်းရည်၏ အထက်တွင် ရှိသည်။ သမ္မာကျမ်းက ဘုရားသခင်က အရာအားလုံးကို သူ၏ ခြေထောက်အောက်တွင်ထားသည်။ အဓိပ္ပါယ် က ကောင်းကင်ဘုံနှင့် မြေကြီးပေါ် ရှိသော လူများနှင့် သက်ရှိသတ္တ၀ါများသည် သူ၏ အမိန့်အာဏာ အောက်၌ ရှိကြသည်။

ဘုရား က သခင်ခရစ်တော် အမည်ကို တရားဝင်ကြေညာသည်။ စကြ၀ဠာ ရှိ အမည် အာလုံးအပေါ်တွင် ဂုဏ်ပြုကြရန်။

ဘုရားက တရားဝင်ကြေညာသည်၊ တရက်တွင် အာလုံးသော ဥာဏ်ရည် ညာဉ်စွမ်းရှိသော သက်ရှိသတ္တ၀ါများသည်၊ ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၊ ဂုဏ်တော်ကိုချီးမွမ်းကြရန်။ ကျမ်းစာက"ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန် ချီးမြောက် ၍ ဘွဲ့နာမ တကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးသနားတော်မူ၏။- အကြောင်းမူကား၊ ကောင်းကင်သတ္တ၀ါ၊ မြေကြီးသတ္တ၀ါ၊ မြေကြီးအောက် ၌ ရှိသော သတ္တ၀ါ တည်း ဟူသော ခပ်သိမ်းသော သတ္တ၀ါ တို့သည်ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက် ၊- ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ ဟုနှုတ် နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကိုထင်ရှားစေကြမည်အကြောင်းတည်း။"(ဖိ ၂း၉-၁၁)

ခရစ်ယာန်များသည် လျှို့ဝှက်သောကြောင့်၊ ကမ္ဘာပေါ်ရှိ။ စိတ်မချရသောလူများသည်။ လုံးဝဘာမှမသိကြပါ။ လျှို့ဝှက်တာဘာလည်း။ ဒါက ခရစ်တော်သည် စကြ၀ဠာ တွင် မြင်မြတ်သောနေရာ၌ မြှင့်တင်ခြင်းခံရသည်။ ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည် အ၀တ်တော် ၌ ၄င်း။ ပေါင်တော် ၌ ၄င်းရေးထားလျက် ရှိ၏။ (ဗျာ ၁၉း၁၆)

ကျွန်ုပ်တို့ကို ဒီကမ္ဘာကြီးမှ ကောင်းကင်ဘုံသို့သယ်ယူသွားခြင်းကိုခံရလျှင် ၊ ကျွန်ုပ်တို့အများဆုံးစွဲမှတ် အထင်ကြီးစေသည့် အရာသည်၊ သခင်ယေရှုကို ဟိုမှာဂုဏ်ပြုခြင်းဖြစ်သည်။ သခင်ယေရှုသည် စကြ၀ဠာတွင် မြင့်မြတ်သောနေရာ၌ ဂုဏ်ပြုခြင်းခံရသည်။ သူသည် ယနေ့ ကောင်းကင်ဘုံ တွင် ခေါင်းတော်၌ ဘုန်းအသရေပတ်ရစ်လျက်ရှိသည်။ ကျမ်းစာက "ယေရှုသည်ဘရားသခင်၏ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့ အတွက်ကြောင့် အသေခံရ သောအခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမာန်တို့အောက် ၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော် ၌ ဘုန်းအသရေ ပတ်ရစ်လျက်ရှိသည်ကိုငါတို့မြင်ကြ၏။" (ဟေဗြဲ ၂း၉)

ကျွန်တော်တွင် ကောင်းကင်ဘုံ၌ ကယ်တင်ရှင်ရှိသည်။ ယခုအချိန်တွင် သခင်ခရစ်တော်သည် ဘုရားသခင်၏ ညာဘက် ဖက်တွင် ထိုင်နေသည်။ သခင်ခရစ်တော်သည် ကောင်းကင်နှင့် မြေကြီး ၏အခွင့်အာဏာ အားလုံး ရှိသည်။ သူသည် ကျွန်တော်ရဲ့ ကယ်တင်ရှင်၊ မိတ်ဆွေနှင့် သူဟာ ကျွန်တော်အတွက်ဖြစ်ပါတယ်။


သခင်ခရစ်တော်လို အောင်မြင်သူဖြစ်ကြပါစေ

လူငယ်များ အဖွဲ့လိုက် တောင်တက်ကြရန် ဆုံးဖြတ်သည်။ တောင်ခြေသို့ရောက်သောအခါ၊ တချို့ကအလွန်ပင်ပန်းသည် ဆုံးဖြတ်၍ ပြန်သွားကြသည်။

အချို့ကစ၍တက်ကြသည်။ ခရီးက ကြမ်းသည်၊ မတ်စောက်သည်။ နှင်းဆီရိုင်းချုံ နှင့် ချုံပုတ်များ လမ်းတွင်ရှိသည်။ လမ်း တ၀က်ရောက်ပြီ၊ တချို့က လမ်းသည်အလွန်ခက်ခဲ ကြမ်းကြုတ်သောကြောင့် ပြန်ဆင်းကြသည်။

တချို့ကဆက်တက်ကြသသည်၊ အထက်သို့၊ အထက်သို့နှင့် နောက်ဆုံးတွင် တောင်ထိတ်သို့ရောက်ကြသည်။ သူတို့သည်၊ အောင်မြင်သူများဖြစ်ကြရသည်။

"သင်တို့သည် ငါ့ကိုအမှီပြု ၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက ၌ ဆင်းရဲ ဒုက္ခ ကို ခံရကြ လိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟုမိန့်တော်မူ၏။။" (ယော ၁၆း၃၃)

သခင်ခရစ်တော်သည် အောင်မြင်သူ သူသည်ဘုရားသခင်၏ အလိုတော် များကိုလုပ်ဆောင်ရန်လာခဲ့သည်။ သူသည် နောက်သို့ မပြန်ပါ။ ဘုရားသခင် လုပ်စေခြင်တာများကို ဆောင်ရွက်ပါသည်။

ခင်ဗျားနှင့် ကျွန်တော် တို့သည် အောင်မြင်သူများ ဖြစ်ကြသည်။ ဘုရားသခင် ဖြစ်စေခြင်တာများကို လုပ်ဆောင်ခြင်းအားဖြင့်၊ ဖြစ်သည်။ သခင်ခရစ်တော်သည် ကျွန်တော်တို့အတွက်ဖြစ်ပါသည်။ သူသည် ကျွန်တော်တို့နှင့်အတူ၊ ခြေလှမ်းတိုင်းတွင် ရှိမည်ဟု ဂတိပြုထားသည်။ သူက၊ "…ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ် ၍ မထားး ဟု ဂတိတော်ရှိ၏။" (ဟေဗြဲ ၁၃း၅)

သင်သည် အောင်မြင်သူ ဖြစ်ပြီလား။ ကျွန်တော်သည် သခင်ခရစ်တော် နောက်ကိုလိုက်တော့မည်ဟု ဆုံးဖြတ်ထားသည်။ နောက်သို့ ပြန်၍မလှည့်တော့ပါ။ နောက်သို့ပြန်၍မလှည့်တော့ပါ။ သခင်ခရစ်တော်က "ငါသည်အောင်မြင် ၍ ငါ့ခမည်း တော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော် နှင့် အတူထိုင်နေသကဲ့သို့၊ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာငါနှင့်အတူ ထိုင်နေရသောအခွင့်ကိုငါပေးမည်။" ( ဗျာ ၃း၂၁)


မှတ်ချက်း သင်ခန်းစာပြီးတိုင်း အောင်မြင်သူများ အတွက် အပိုင်း (၂) ပိုင်းပါမည်။ တစ်ခုသည် ဘုရားသခင်၏
အမှန်တရား--- သင်ခန်းစာမှ သင်ယူခဲ့သည့် အကြောင်းအရာ။ နောက်တစ်ခုသည် ငါယုံကြည်သည်။ နှစ်ပိုင်းစလုံးကို သတိရှိစွာဖတ်ပါ။ စိတ်နှလုံးတွင်းရှိသည်ကို ဆုတောင်းရန် ဖေါ်ပြလျှင်၊ သခင်ခရစ်တော်ကို သိမ်မွေ့ ညင်သာစွာ ဆုတောင်းပါ။


ဘုရားသခင်၏အမှန်တရား

သခင်ခရစ်တော်သည် ဘုရားသခင်၏သားတော်၊ ကျွန်တော်၏ ကြီးမြတ်သောကယ်တင်ရှင်ဖြစ်ပါသည်။ သခင်ခရစ်တော်သည် ကောင်းကင် နှင့် မြေကြီး ၏အခွင့်အာဏာ အားလုံး သူ့မှာရှိသည်။ သူသည် ကျွန်တော်ရဲ့ မိတ်ဆွေ၊၊ သူကျွန်တော် ကိုချစ်သည်၊ သူသည် ကျွန်တော် အတွက် ဖြစ်ပါသည်၊ သူသည်ကျွန်တော်နှင့်ထာဝစဉ်ရှိမည်။


ငါယုံကြည်သည်။

သခင်ခရစ်တော် ယခု အဖ ဘုရားသခင်၏ ညာဘက်လက် အနည်းတွင်ထိုင်နေသည်။ သင်ဟာကျွန်တော်၏ ကြီးမြတ်သော ကယ်တင်ရှင် နှင့် မိတ်ဆွေ၊ ကျွန်တော် အောင်နိုင်သူ ဖြစ်ခြင်သည်။ သခင်ခရစ်တော်ဖြစ်စေခြင်တာတွေအာလုံးဖြစ်နိုင်ရန်၊ ကျွန်တော်ကို ကူညီမစ လမ်းပြ တော်မူပါ။


သင်ခန်စာ(၁)၏ မေးခွန်းများ

အမှား အမှန် ရွေးပါ။


၁။ လက်ဝါးကားတိုင်ပေါ်မှ သခင်ခရစ်တော်၏အလုပ်သည်။

က) ပကတိပြည့်စုံကောင်းမွန် သော ဆောင်ရွက်ချက် ဖြစ်ပါသည်။

ခ) ပကတိမပြည့်စုံကောင်းမွန်သော ဆောင်ရွက်ချက် ဖြစ်ပါသည်။


၂။ ကျွန်ုပ်တို့ အတွက် ဘုရားသခင်၏ ဆောင်ရွက်ချက်များကို သင်ကြားရပါသည်။

က) သူအသက်တာ အကြောင်းရေးထားသော ပုံပြင်များထဲမှ။

ခ) ဘုရားသခင် နှုတ်ကပတ်တော်မှ


၃။ ဒါကကျွန်ုပ်တို့အပိုင်း

က) ဘုရားသခင်ပြောသော စကားများကို ယုံကြည်လက်ခံ နိုင်ကြရန်။

ခ) တစုံတခု လုပ်ပေးရန်ဘုရားသခင်ကိုတောင်းသည်။


၎။ ကျွန်တော် ဘုရားသခင်၏ စကားကို လက်ခံ ယုံကြည်သောအခါ၊

က) ကျွန်တော် အလွယ်တကူ ပညာ ပိုမိုရရှိပါသည်။

ခ) သန့်ရှင်းသောဝိညာဉ်တော်ကကျွန်တော်ထံ၌အမှန်တ ကယ် ပြုလုပ်သည်။ သခင်ခရစ်တော် ကျွန်တော် အတွက်ပြုလုပ်ပေး ထားသည့် များကို။ ဆောင်ရွက်သည်။


၅။ စကြ၀ဠာ

က) ကြီးကြယ်သောပေါက်ကွဲမှု ကြောင့် ဖြစ်ပေါ်လာသည်။

ခ) ဘုရားသခင်၏သားတော်၊ သခင်ခရစ်တော် ဖန်တည်းသည်။


၆။ သခင်ခရစ်တော် ကျွန်ုပ်တို့အပြစ်များအတွက် အသေခံခြင်းကို ဘုရားသခင်က အပြစ်ဆိုဖွယ်မရှိသော ကျေနပ်ခြင်း ကိုပြသည်။

က) သားတော်ကို သေခြင်းမှ ထမြောက်စေသည်။

ခ) ကောင်းကင်ဘုံမှ စကားပြောသည်။


၇။ သခင်ခရစ်တော် ကောင်ကင်ဘုံသို့ ပြန်သောအခါ၊ သူ၏ဖခင် ထာဝရဘုရားသခင်က

က) ကြီးသော ဂုဏ် ရှိသည်နေရာပေးသည်။

ခ) မြင့်မြတ်သော၊ ဂုဏ် ရှိသောနေရာကိုပေး၍ ဂုဏ်ပြုသည်။


၈။ ကျွန်ုပ်တို့ကို ဒီကမ္ဘာကြီးမှ ကောင်းကင်ဘုံသို့သယ်ယူသွားခြင်းကိုခံရလျှင် ၊ ကျွန်ုပ်တို့အများဆုံးစွဲမှတ် အထင်ကြီးစေ သည့်အရာသည်၊

က) ရွှေဖြင့်အစစ်ဖြင့်တည်ဆောက်ထားသောမြို့

ခ) သခင် ယေရှုကို ဟိုမှာမည်ကဲ့ ဂုဏ်ပြုခြင်း


၉။ ခင်ဗျားနှင့် ကျွန်တော် တို့သည် အောင်မြင်သူများ ဖြစ်ကြသည်။

က) ကမ္ဘာ ပေါ်မှာ အောင်မြင်မှုရခြင်း

ခ) ဘုရားသခင်ဖြစ်စေခြင်တာများကိုလုပ်ဆောင်ခြင်းအားဖြင့်၊


၁၀။ အောင်မြင်သူများကို သခင်ခရစ်တော်ဂတိပေးသည်။

က) အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာငါနှင့်အတူ ထိုင်နေရသောအခွင့်ကိုငါပေးမည်။

ခ) ကမ္ဘာပေါ်တွင် သက်သာသောအချိန်ရမည်


စံဝင်းချို


Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support