HCF

HCF MYANMAR IN SINGAPORE

Thursday, October 28, 2010

ခရစ်တော်သည်ဘာဋ္ဌေကာင့်ကျွန်ုပ်အတွက် အစစ်အမှန် မဖြစ်သနည်း?

Why Isn't Christ Real to Me?

Practical Christian Living Course

Lesson 6


သော့ချက်ကျမ်းပုဒ် ။ ။ ""ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား ငါ့နှင့် စပ်ဆိုင်သောအရာကိုယူ၍၊ သင်တို့အား ဘော်ပြ လိမ့်မည်။"" ယော ၁၆း ၁၄

သခင်ယေရှုသည် ဤလောက၌ ရှိစဉ်ကာလအတွင်း တပည့်တော်တို့နှင် အတူပြောဆိုသွားလာခဲ့သည်။ သူတို့သည် သခင်နှင့်အတူ ရှိရခြင်း ကို ၀မ်းမြောက်လိုက်သည့်ဖြစ်ခြင်း၊ သို့သော် တနေ့တွင် သူက သူတို့ထံမှထွက်ခွာတော့မည်ဟု ပြောခဲ့သည်။

တပည့်တော်များသည် သခင်ယေရှု သူတို့ထံမှ ထွက်ခွာတော့မည့်အကြောင်းကို စဉ်းစားသောအခါ အလွန်ပင်ဝမ်းနည်းကြသည်။ ""ဤအကြောင်းအရာတို့ကို ငါပြောသောကြောင့်၊ သင်တို့သည် အလွန်ဝမ်းနည်းခြင်းသို့ ရောက်ကြ၏။ ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျင် သင်တို့အကျိုးရှိလိမ့်မည်"" ဟုဆို ခဲ့သည်။

သခင်ယေရှုထွက်ခွာသွားပါက သူတို့အတွက် မည်သို့အကျိုးရှိလာနိုင်သည်ကို တပည့်တော်တို့သည် နားမလည်နိုင်ခဲ့ပါ။ သို့သော် ယေရှုက သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သူတို့ထံသို့ ပြန်လာနေမည်ဟု ရှင်းပြခဲ့သည်။ သူက ""ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှာ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်""ဟု ပြောခဲ့သည်။

ပင်တေကုတ္တေပွဲနေ့တွင် သခင်ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တပည့်တော်များ၌ နေထိုင်ရန် ပြန်လာခဲ့သည်။ သူတို့သည် အလွန်ပင် ၀မ်းမြောက်ခဲ့သည်။ သူတို့သည် နေရာအနှံ့ အပြားသို့သွား၍ သခင်ယေရှုသည် အသက်ရှင်လျက်ရှိကြောင်းနှင့် သူသည် အရာအားလုံးတို့၏ သခင်ဖြစ်ကြောင်း ၀မ်းမြောက်ဖွယ် သတင်းကောင်းကို ဟောပြောကြသည်။ အကောင်းဆုံးအရာမှာ ခရစ်တော်သည် သူတို့၌ အသက်ရှင်လျက် ရှိသည်ကို သိကြပြီး သူသည် သူတို့နှင့်အတူရှိမှုအတွက် ၀မ်းမြောက်ခဲ့ကြသည်။ သခင်သည် ကိုယ်ခန္ဓာအားဖြင့် သူတို့နှင့်အတူ ရှိခဲ့သောအချိန်ကဲ့သို့၊ သန့်ရှင်းသော ၀ိညာဉ်တော်သည် (သခင်သည် ကိုယ်ခန္ဓာအားဖြင့် သူတို့နှင့်အတူမရှိသော်လည်း) သခင်ယေရှုကို သူတို့အတွက် အစစ်အမှန် ဖြစ်စေခဲ့သည်။


ခရစ်တော်သည် ယုံကြည်သူတိုင်း၌ အသက်ရှင်နေထိုင်သည်။

သခင်ယေရှုသည် ထိုပထမဦးဆုံး တပည့်တော်များ၏ စိတ်နှလုံးအတွင်း၌ အသက်ရှင်နေထိုင်ခဲ့သလို ယနေ့တွင်လည်း ယုံကြည်သူတိုင်း၏ စိတ်နှလုံးအတွင်း၌ အသက်ရှင်နေထိုင်သည်။ ခရစ်တော် ကိုယ်၌က ကောင်းကင်ဘုံ၌ ရှိနေသော်လည်း သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ် အတွင်း၌ နေထိုင် အသက်ရှင်သည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အတွက် ဘာလုပ်ပေးသနည်း? သူသည် ခရစ်တော်ကို ကျွန်ုပ်တို့အတွက် အစစ်အမှန်ဖြစ်စေသည်။ သူက ခရစ်တော်သည် ကျွန်ုပ်တို့အတွင်း၌ အသက်ရှင်လျက်ရှိသည်ကို သိစေပြီး ကျွန်ုပ်တို့နှင့် သူ၏အတူရှိမှုကို ၀မ်းမြောက်စေသည်။ သူသည် ခရစ်တော်နှင့် သက်ဆိုင်သောအရာများကို ရယူ၍ ကျွန်ုပ်တို့အား ဖွင့်ပြသည်။ သခင်ယေရှုက သန့်ရှင်းသောဝိညာဉ်တော်နှင့် ပတ်သက်၍ ဤသို့ ပြောခဲ့သည်။ ""ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။ ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထို့ကြောင့် ငါနှင့်စပ်ဆိုင်သောအရာကို ယူ၍ သင်တို့အား ဘော်ပြလိမ့်မည်""ဟု ငါပြော၏။

သန့်ရှင်းသော ၀ိညာဉ်တော်၏ လုပ်ငန်းတာဝန်မှာ ခရစ်တော်သည် သူ၏ပထမဦးဆုံး တပည့်တော်များအတွက် အစစ်အမှန် ဖြစ်ခဲ့သလို ခရစ်တော်ကို ကျွန်ုပ်တို့အတွက် အစစ်အမှန် ဖြစ်စေရန်ဖြစ်သည်။ ဟုတ်ပါတယ်။ ဆုတောင်းပြီး ဘုရားကျောင်းလည်းသွားပါတယ်။ သို့သော် ခရစ်တော် သည် ကျွန်ုပ်အတွက် အစစ်အမှန် မဖြစ်ပါ။ ဘာကြောင့် ဒီလို ဖြစ်ရသနည်း?

ပထမဆုံးအနေဖြင့်၊ မိမိကိုယ်ကို ခရစ်ယာန်ဟု ထင်ရသော်လည်း ဒုတိယမွေးခြင်းကို အမှန်တကယ် မခံရသေးသူများစွာ ရှိနေသည် ဆိုသည့် အချက်ကို ထောက်ပြရမည်။ ခရစ်တော်သည် သူတို့အတွက် အစစ် အမှန် မဖြစ်ခြင်းအကြောင်းမှာ သူတို့သည် သူနှင့်မသက်ဆိုင်ဘဲ သန့်ရှင်းသော ၀ိညာဉ်တော်ကလည်း သူတို့ အတွင်း၌ အသက်မရှင်သောကြောင့်ဖြစ်သည်။ ကျမ်းစာက ""ခရစ်တော်၏၀ိညာဉ်ကို မရသောသူမည် သည်ကား ခရစ်တော်နှင့်မဆိုင်""ဟု ဆိုသည်။ ( ရော ၈း ၉ )

ဒုတိယအကြိမ်မွေးခြင်းကို အမှန်တကယ်ခံပြီးသူများအတွက် ခရစ်တော်သည် အစစ်အမှန် မဖြစ်ခြင်းအကြောင်းအရင်းမှာ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေသောကြောင့် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂိ္ဂုလ်တစ်ဦးဖြစ်သည်ဆိုသည့်အချက်ကို ကျွန်ုပ်တို့ သိရမည်။ သူသည် အခြားလူပုဂိ္ဂုလ်များကဲ့သို့ တွေးတောတက်သည်။ ချစ်တတ်၍ လိုချင်တောင့်တမှုရှိသည်။ ၀မ်းမြောက်တတ်သည်။ ဝေဒနာ ကို ခံစား တတ်သည်။ ထို့ပြင် သူသည် ပူဆွေးဝမ်းနည်းတတ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေသောအခါ၊ သူသည် ခရစ်တော်ကို ကျွန်ုပ်တို့အား ဖွင့်ပြောတော့မည်မဟုတ်ပဲ ကျွန်ုပ်တို့နှင့် သခင်အတူရှိသည်ဟု ခံစားရမှုကို ဆုံးရှုံးကြသည်။ ခရစ်တော်သည် ဘယ်တော့မှ ကျွန်ုပ်တို့ကို မစွန့်ပစ်သော်လည်း သူသည် ကျွန်ုပ်တို့အတွက် အစစ်အမှန် မဖြစ် တော့ပါ။ အကြောင်းမူကား ကျွန်ုပ်တို့သည် သန့်ရှင်းသော ၀ိညာဉ်တော်ကို စိတ်နာ စေကြသော ကြောင့်ဖြစ်သည်။

ခရစ်ယာန်များစွာတို့က သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေနေသည်ကို မသိကြပါ။ ထို့ကြောင့် ဘယ်အရာက သူ့ကို စိတ်နာ စေပြီး သူ့ကိုစိတ်နာစေခြင်းအား မည်သို့ရှောင်ရှား ရမည်ကို ကျွန်ုပ်တို့နားလည်ရန်လိုအပ်သည်။


သန့်ရှင်းသောဝိညာဉ်တော်ကို ဘယ်အရာက စိတ်နာစေသနည်း?

သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေသောအရာများစွာရှိသည်။ ၄င်းတို့ထဲမှ အချို့ကို ကြည့်ကြပါစို့။


(၁) ၀န်ချတောင်းပန်ခြင်း မရှိသောအပြစ်

ကျွန်ုပ်တို့အပြစ်လုပ်သောအခါ၊ ဘုရားသခင်က ကျွန်ုပ်တို့အတွက် ပြင်ဆင်စီမံပေးထားသောအရာ ရှိသည်။ ကျမ်းစာက ကျွန်ုပ်တို့သည် ကျွန်ုပ် တို့၏ အပြစ်များကို ၀န်ချတောင်းပန်၍ အပြစ်များကို ကျောခိုင်းပါက၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခွင့်လွှတ်မည်။ အကယ်၍ ကျွန်ုပ်တို့၏ အပြစ် များကို မ၀န်ချ မတောင်းပန်၊ မစွန့်လွှတ်ပါက ဤအပြစ်များသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ကြားထဲသို့ ရောက်လာပြီး သန့်ရှင်းသောဝိညာဉ်တော် ကို စိတ်နာစေသည်။ ကျမ်းစာက ""ငါသည်စိတ်နှလုံးထဲ မှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ""ဟု ဆိုသည်။ ဆာ ၆၆း ၁၈

ကျွန်ုပ်တို့သည် တစုံတဦးကို ကျူးလွန်စော်ကားခဲ့မိသော်လည်း ထိုသူကို တောင်းပန်ရန်နှင့် သူနှင့် သင့်မြတ်အောင်ပြုလုပ်ရန်အတွက် ငြင်းပယ်ခဲ့သည်။ သို့မဟုတ် တစုံတဦးက ကျွန်ုပ်တို့အပေါ်တွင် ကျူးလွန်စော်ကားခဲ့သောအခါ သူ့ကို ခွင့်လွှတ်ပေးရန် ငြင်းပယ်ခဲ့ပြီး သူ့အပေါ်တွင် နာကြည်းခဲ့သည်။ ကျွန်ုပ်တို့သည် အချို့သောကိစ္စများ၌ ဘုရားသခင်အား နာမခံနေခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ပြင် မာန်မာန၊ တကိုယ်ကောင်း ဆန်ခြင်း၊ (သို့) ပုန်ကန်လိုသောစိတ် စသည့် ကျွန်ုပ်တို့စိတ်သဘော၏ အပြစ်များသည်လည်း ကျွန်ုပ်တို့တွင်ရှိနိုင်ပါသည်။ မည်သို့သော အပြစ်ပင် ဖြစ်ပါစေ၊ ထိုအပြစ်ကို ဖက်တွယ်ထားပါက၊ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေပြီး သခင်၏ကျွန်ုပ်တို့နှင့်အတူ ရှိနေမှုကို ခံစားနိုင်၊ ၀မ်းမြောက်နိုင်မည် မဟုတ်ပါ။


(၂) ဤလောက၏စိုးရိမ်စရာများ၏ ချုပ်ကိုင်ထားမှုကိုခံရခြင်း

သန့်ရှင်းသောဝိညာဉ်တော်က ခရစ်တော်၏အရာများကိုယူ၍ ကျွန်ုပ်တို့အား ဖွင့်ပြလိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ ခရစ်တော် နှင့် သက်ဆိုင်သောအရာများကို ကျွန်ုပ်တို့ သင်ယူကြသည်။ ထိုကြောင့် သန့်ရှင်းသော ၀ိညာဉ်တော်က ခရစ်တော်နှင့် သက်ဆိုင်သော အရာများကို ကျွန်ုပ်တို့အား သင်ကြားပေးနိုင်ရန်အတွက် ဆုတောင်းရန်နှင့် နှုတ်ကပတ်တော်ကို လေ့လာသင်ယူရန် အချိန်ပေးရမည် ဖြစ်သည်။

ဤလောက၏ ပြသနာများနှင့် စိုးရိမ်စရာများ၌ ပါဝင်ပတ်သတ်မှုရှိရန်မှာ အလွန်ပင်လွယ်ကူသောကြောင့်၊ ဘုရားသခင်နှင့်သက်ဆိုင်သော အရာများကို သင်ယူရန်အတွက် အချိန်မယူနိုင်ကြတော့ပါ။ ယေရှုက ""လောကီအမှု၌ စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ်တို့သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတက်သောကြောင့်၊ အသီးမသီးနိုင်ဟု ဆိုလိုသတည်း""ဟု ဆိုသည်။

ကျွန်ုပ်တို့သည် လောကအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်အား ""လွှမ်းမိုးညှင်းဆဲ"" စေရန် ခွင့်ပြုသောအခါ၊ သန့်ရှင်းသော ၀ိညာဉ်သည် ပူဆွေးဝမ်းနည်းသည်။ ဤသို့ မိမိကိုယ်ကို မေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ ၀ိညာဉ်ရေးရာ အတွေ့အကြုံများ၏ အဆင့်ကို သတ်မှတ်နိုင်သည်။ ""ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်မျှချစ်မြတ်နိုးသနည်း? တစ်ရက်လျှင် အချိန်မည်မျှယူ၍ သခင်နှင့် မိတ်သဟာယ ဖွဲ့သနည်း?


လောကီတပ်မက်စရာများ

စာတန်သည် ခရစ်ယာန်များကို ဘုရားသခင်နှင့် ဝေးရာသို့ခေါ်ဆောင်သွားရန်အတွက် တလက် လက်ထွန်းတောက်ပနေသော အရာများနှင့် စွဲမက်စရာများပြည့်လျက်ရှိသော လောကီရေးရာစနစ် (Worldly System) များကို အသုံးပြုသည်။ တစုံတဦးက ""လောကီရေးရာများ""ကို ဤသို့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။

""ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်၌ ၀မ်းမြောက်လိုခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်လိုခြင်းတို့မှ ကျွန်ုပ်အား တားဆီး မည့် မည်သည့်အရာကိုမဆို လောကီရေးရာစနစ် (Worldly System) ဟု ခေါ်ဆိုနိုင်သည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့အား ဖွင့်ပြပေးရန် မျှော်လင့်လျက်ရှိပြီး ခရစ်တော်၏ ကြွယ်ဝခြင်းကိုလည်း ကျွန်ုပ်တို့အား ပြသလိုသည်။ ကျွန်ုပ်တို့အတွင်း၌ သူအသက်ရှင်လျက်ရှိသည်ကိုလည်း ပြသလိုသည်။ သို့သော် ဘုရားသခင်၏ သားသမီးများစွာတို့သည် သူ့အတွက် အချိန်မပေးလိုကြပါ။ ထိုသို့ပေးရမည့်အစား၊ သူတို့သည် တီဗွီကြည့်ခြင်း၊ လောကီစာပေများကို ဖတ်ခြင်း၊ မှားသောနေရာများသို့သွားပြီး မှားသောအရာများကို လုပ်ခြင်းအားဖြင့် နာရီပေါင်းများစွာကို ကုန်ဆုံးစေကြသည်။ သူတို့သည် ဤလောကအရာ များကို ချစ်ခင်မြတ်နိုးကြပြီး သူတို့၏နာရီပေါင်းများစွာကို ထိုအရာတို့ကို လုပ်ရန်အတွက် ပေးအပ်ထားကြသည်။ သူတို့သည် ဘုရားသခင်ကို မသိ၊ ဂရုမစိုက်သောလူများ (သို့) ၀ိညာဉ်ရေးအရ ကြီးထွားရင့်ကျက်လာရန် ဆန္ဒမရှိ၍ မနာခံ တတ်သော ခရစ်ယာန်များနှင့် စဉ်ဆက်မပြတ် ပေါင်းဖော်ကြ သည်။ ကျမ်းစာက ""...ယောကီမိတ်သဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိတ်သဟာယဖွဲ့လို သောသူသည် ဘုရားသခင်နှင့် ရန်သူဖြစ်၏""ဟု ဆိုသည်။ ယာ ၄း ၎

ကျွန်ုပ်တို့၏စိတ်နှလုံးအတွင်း၌ သခင်ယေရှုခရစ်တော်၏အတူရှိမှုကို ၀မ်းမြောက်နိုင်ရန်အတွက်၊ သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာ စေသော အရာများအား လုပ်ခြင်းကိုရပ်တန့်ရမည်။ ထို့နောက် သူ့ကိုနှစ်သက်စေသောအရာများကို စတင်ပြုလုပ်ရမည်။ ကျမ်းစာက ""ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင်၊ သင်တို့ကိုတံဆိပ်ခပ်တော်မူသော၊ ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်"" ဟု ဆိုသည်။ ဧ ၄း ၃၀


ဘုရားသခင်နှင့်သင့်မြတ်ခြင်း

ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်သောကြောင့် ကျွန်ုပ်တို့တွင် ၀န်မချထားသောအပြစ်များ ရှိပါက၊ သူသည် ကျွန်ုပ်တို့နှင့် မိတ်သဟာယ ဖွဲ့နိုင်မည် မဟုတ်ပါ။ အပြစ်သည် ကျွန်ုပ်တို့ကို ဘုရားသခင် နှင့်ကွဲကွာစေသည်။ ကျမ်းစာက ""ကြည့်ရှုလော့။ ဘုရားသခင်သည် မကယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်။ သင်တို့ဒုစရိုက်သည် သင်တို့ကို ဘုရားသခင် နှင့်ကွာစေပြီ။ ကြားတော် မမူစေခြင်းငှာ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။"" ဟုဆိုသည်။ ဟေ ၅၉း ၁-၂

ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရသောအခါ၊ ထာဝရကာလအပြစ်လွှတ်ခြင်းကို ခံရကြသည်။ ယေရှုသည် ကားတိုင်ပေါ်၌အသေခံခဲ့ချိန်တွင်၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ရှိ ကျွန်ုပ်တို့၏အပြစ်အားလုံးကို ထမ်းပိုးထားခဲ့သည်။ ကားတိုင်ပေါ်၌အသေခံခြင်းအားဖြင့် သူသည် ကျွန်ုပ်တို့၏ဘ၀ တစ်လျှောက်လုံးတွင် လုပ်မည့် အပြစ်အားလုံးအတွက် အဖိုးအခကို အပြည့်အ၀ပေးချေခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းကိုခံသောအခါ၊ ထာဝရကာလ ဘုရားသခင်၏ သားသမီးများဖြစ်လာကြသည်။

သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏မိသားစုအတွင်းသို့ ၀င်ရောက်လာသည်နှင့်တပြိုင်နက်၊ ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှိ ခမည်းတော်နှင့် မိတ်သဟာယဖွဲ့ခြင်းအမှုကိစ္စသည် တည်ရှိလာမည် ဖြစ်သည်။ အပြစ်သည် ကျွန်ုပ်တို့နှင့် သူ၏မိတ်သဟာယဖွဲ့ခြင်းကို ပျက်စီးသည်။ အကယ်၍ ဘုရားသခင်၏ သားသမီးတစ်ဦးသည် အပြစ်လုပ်မိပြီး ထိုအပြစ်ကိုဘုရားသခင်ထံ မ၀န်ချမတောင်းပန်ဘဲ ထိုအပြစ်၌ ဆက်လက်ကျင်လည်ပါက သူသည် ဘုရားသခင်၏သားသမီးအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သော်လည်း၊ သူ့အပြစ်များက ခမည်းတော်နှင့် မိတ်သဟာယကိုဖျက်ဆီးပစ်လိုက်သည်။ သူသည် မိတ်သဟာယ ပြန်လည်ဖွဲ့နိုင်ရန်အတွက်၊ အပြစ်လွှတ်ခြင်းခံရရန် လိုအပ်သည်။ ကျွန်ုပ်တို့နှင့် ခမည်းတော်ကြားသို့ ရောက်လာသော အပြစ်များ ကို ကျွန်ုပ်တို့ကိုင်တွယ်ဖြေရှင်းရမည်။

ဤသို့ဆုတောင်းခြင်းအားဖြင့် ကျွနု်ပ်တို့၏အပြစ်ပြဿနာများကို တစ်စုတစ်စည်းတည်း မကိုင်တွယ်နိုင်ပါ။ ""သခင်၊ ကျွန်ုပ်၏အပြစ် အားလုံးကို ခွင့်လွှတ်တော်မူပါ။"" ကျွန်ုပ်တို့၏အပြစ်များကို တစ်ခုချင်းစီကျူးလွန်ထားခြင်းဖြစ်သောကြောင့် တစ်ခုချင်းစီပြန်လည်ကိုင်တွယ်ဖြေရှင်းရမည်။

ယခုတွင် စာရွက်တစ်ရွက်ကိုယူပါ။ (မှတ်စုစာအုပ်တစ်အုပ်၏ စာရွက်တစ်ရွက်ဆိုလျှင်လည်း အဆင်ပြေပါသည်။) သင့်ဘ၀တွင် သင် မှတ်မိ ရသမျှ သင်ကျူးလွန်ထားသောအပြစ်အားလုံးတို့ကို နံပါတ် စဉ်တပ်၍ စတင်ချရေးပါ။ ဘုရားသခင်အပေါ်တွင်ရိုးသားပါ။ ကျမ်းစာက ""ကိုယ့်အပြစ်မရှိဟု ငါတို့သည် ဆိုလျှင် ကိုယ့်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ။ ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသားအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်သည်လည်း ငါတို့၌မရှိ။"" ဟူ၍ဆိုသည်။

ဤသို့လုပ်ခြင်းကို ပေါ့ပျက်ပျက်သဘောမထားပါနှင့်။ သင်သည် ဘုရားသခင်နှင့် အလုပ်လုပ် နေခြင်းဖြစ်သည်။ သင့်ဘ၀ကို သေသေချာချာ ပြန်တွေးတောပြီး သင်မှတ်မိသမျှသောအပြစ်တိုင်းကိုချရေးပါ။ သင့်ကိုသင်လည်း ရိုးသားပါ။ ဘုရားသခင်နှင့်သင်မှလွဲ၍ မည်သူကမှ ဤစာရင်းကို ကြည့်ရန် မလိုအပ်ပါ။ အချိန်အတန်ကြာ သင်သည် သင်၏စာရင်းကိုပြုစုလိုပေလိမ့်မည်။

သင်တွေးလို့ရသမျှသော အပြစ်များကိုချရေးပြီးပါက သင့်ဘ၀တွင် သင်မမှတ်မိသောအပြစ်တို့ကို ပြသပေးရန်အတွက် ဘုရားသခင်ထံ တောင်းခံပါ။ ဆာလံဆရာသည် ဤသို့ဆုတောင်းခြင်းအားဖြင့် တောင်းခံခဲ့သည်။ ""ကျွန်ုပ်ကိုစစ်ကြောရန် ကျွန်ုပ်၏နှလုံးကိုသိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များ ကိုလည်းသိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည်၊ မလိုက်သည်ကိုကြည့်ရှု၍၊ ထာဝရ လမ်းထဲသို့ သွေးဆောင် တော် မူပါ။"" ဆာ ၁၃၉း ၂၃-၂၄

သင်သည် ဤသို့ဆုတောင်းရာတွင် ရိုးသားမှုရှိပါက ဘုရားသခင်သည် သင့်ဘ၀ထဲရှိ အခြားအပြစ်တို့ကိုပါ ပြသလိမ့်မည်။ ဤအပြစ်များ ကိုလည်း သင့်အပြစ်စာရင်းထဲသို့ ထည့်လိုက်ပါ။ သင်၏ဘ၀ကို ကြည့်ရှုစစ်ဆေးပြီး အပြစ်တို့ကို သင့်အားမှတ်မိသတိရလာအောင် ပြုလုပ်ပေးရန်အတွက် ဘုရားသခင်အား အချိန်ပေးပါ။

သင်၏ပထမစာရင်းကို ချရေးပြီးပါက၊ ဒုတိယစာရင်းကို စတင်ရေးပါ။ ဤတစ်ကြိမ်တွင်မူ၊ ဘုရား သခင်၏ စိတ်နှလုံးကို ၀မ်းမမြောက်စေသော သင်လက်ရှိလုပ်နေသောအရာများကို စဉ်းစား၍ ချရေးပါ။ အပြစ်ဟု သင်မသတ်မှတ်သော်လည်း ဘုရားသခင်အား ပျော်ရွှင်မှု ၀မ်းမြောက်မှုကို မပေးနိုင် သော အရာများစွာတို့သည် သင့်ဘ၀ထဲတွင် ရှိနိုင်သည်။ ဘုရားသခင်၏ သားသမီးများအနေဖြင့် ဘုရားသခင်၏စိတ်နှလုံး ထံသို့ ၀မ်းမြောက်ခြင်းကို ယူဆောင်လာရန်အတွက် ကျွန်ုပ်တို့တွင် တာဝန်ရှိသည်။


ကျွန်ုပ်တို့၏အပြစ်များနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ဘာလုပ်ကြသနည်း?

သင်ကျူးလွန်ခဲ့သောအပြစ်များစာရင်းနှင့် ဘုရားသခင်ကို ၀မ်းမြောက်မှုကို မပေးစွမ်းနိုင်သော အရာတို့ကို ချရေးပြီးပါက၊ သင်သည် ထိုအပြစ် တို့အား ခွင့်လွှတ်ပေးရန်အတွက် ဘုရားသခင်အား တောင်းဆိုရန်အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ ကျမ်းစာက ""ကိုယ်အပြစ်တို့ကို ဘော်ပြ တောင်းပန် လျင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ၊ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော် မူ၏ "" ဟု ဆိုသည်။ ၁ယော ၁း ၉

ဘုရားသခင်နှင့် သင့်မြတ်အောင်လုပ်ရန်အတွက် တခုတည်းသောနည်းလမ်းမှာ သူထံသို့သွား၍၊ ကျွန်ုပ်တို့၏အပြစ်များကို နှိမ့်ချစွာ ၀န်ချ တောင်းပန်ရန်ဖြစ်သည်။ ""ကျွန်ုပ်တို့၏အပြစ်များကို ၀န်ချတောင်း ပန်သည်""ဟုဆိုရာတွင် ဘာကိုဆိုလိုသနည်း? ""၀န်ချတောင်းပန်သည်"" ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ ""တူညီသောအကြောင်းအရာတစ်ခုတည်းကို ပြောသည်""ဟု အဓိပ္ပာယ်ရသည်။ ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင်ထံ ၀န်ချတောင်းပန်သည်ဟုဆိုရာတွင် အပြစ်များနှင့်ပတ်သက်၍ ဘုရားသခင်ပြောသလိုမျိုး ကျွန်ုပ်တို့လည်း ပြောသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့လိမ်ညာပါက၊ လိမ်ညာသည်ဟု ပြောရန်လိုအပ်သည်။ ကျွန်ုပ်တို့သည် အပြစ်များကို ၀န်ချတောင်းပန်ပါက၊ ခရစ်တော်ယေရှု၏ အသွေးတော် သည် အပြစ်ရှိသမျှကို ဆေးကြောမည်ဖြစ်သော်လည်း၊ ဆင်ခြေပေး၍ အပြစ်ကိုမ၀န်ချ၊ မတောင်းပန်ပါက ဆေးကြောပေးမည်မဟုတ်ပါ။

ကျွန်ုပတို့၏အပြစ်များကို လွှတ်ပေးရန်အတွက် ဘုရားသခင်သည် သစ္စာတရားနှင့်ပြည့်စုံသည်ဟူသော စကားစု၏အဓိပ္ပာယ်မှာ အဘယ်နည်း။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကတိတည်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူက ကျွန်ုပ်တို့အား အပြစ်လွှတ်ပေးမည်ဟု ပြောထားပြီး ပြောထားသည့် အတိုင်း အမြဲတမ်း လုပ်ဆောင်မည်ဖြစ်သည်။

ကျွန်ုပ်တို့၏ အပြစ်များကို လွှတ်ပေးရန်အတွက် ""ဘုရားသခင်သည် ဖြောင့်မတ်ခြင်းတရားနှင့် ပြည်စုံသည်"" ဟူသောစကားစု၏ အဓိပ္ပာယ် မှာ အဘယ်နည်း။ အဓိပ္ပာယ်မှာ ခရစ်တော်က ကျွန်ုပ်တို့အပြစ် များ၏ အဖိုးအခကို ပေးချေခဲ့ပြီးဖြစ်သောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်မှန်ကန်စွာ အပြစ်လွှတ်ပေးနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်က ထိုအပြစ်များသည် ကားတိုင်ထက်ရှိ ခရစ်တော်ပေါ်၌ စုပုံ တင်ထားခြင်းခံရသည်ဟု မြင်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသေခံခဲ့သောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဖြောင့်မတ်စွာ အပြစ်လွှတ်ပေးနိုင်သည်။

ဤအချက်ကို နားလည်ပါက ကျွန်ုပ်တို့၏ အပြစ်များအား တစ်ခုချင်းဆီ ဘုရားသခင်ထံ ၀န်ချ တောင်းပန်ရန်အတွက် အသင့် ဖြစ်နေပြီ ဖြစ်သည်။ သင့်အပြစ်စာရင်းမှ ပထမဦးဆုံးအပြစ်ကို ယူ၍ ဤသို့ ပြောပါ။ ""အဖဘုရားသခင်၊ ဤ (အပြစ်ကိုပြောပါ) ကိုလုပ်ခြင်းအားဖြင့် ကိုယ်တော် အပေါ်တွင် အပြစ်ကျူး လွန်ခဲ့သည်။ ယခုတွင် ကျွန်ုပ်သည် ဤအပြစ်ကို ၀န်ချတောင်းပန်၍ အပြစ်လွှတ်ပေးရန်အတွက် ကိုယ်တော်ကိုတောင်းခံပါ၏။ ယေရှုခရစ်တော်သည် ကျွန်ုပ်အတွက် အဖိုးထိုက်စွာသော အသွေးတော်ကို သွန်းခဲ့သည့်အတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါ၏။""

ဤသို့ဆုတောင်းခြင်းဖြင့် ကားတိုင်ထက်ရှိခရစ်တော်ပေါ်သို့ သင်၏အပြစ်များကို စုပုံတင်ထားပြီး ဖြစ်ကြောင်းကို သင့်အားသိစေရန် ကူညီ ပေးလိမ့်မည်။ ထိုအပြစ်သည် ယခုအချိန်၌ သင်ထံမှ ခရစ်တော် ဆီသို့ ကူးပြောင်းသွားပြီဖြစ်သည်။ သူ၏သေခြင်းအားဖြင့် ထိုအပြစ်၏ အဖိုးအခကို ပေးချေခဲ့ပြီး ဖြစ်ကာ၊ သင့်ထံတွင် လုံးဝမရှိတော့ပါ။

အကယ်၍သင်သည် ဘုရားသခင်၏ သားသမီးတစ်ဦးဖြစ်ပါက သန့်ရှင်းသောဝိညာဉ်တော်သည် သင့်စိတ်နှလုံးအတွင်း၌ ရှိသည်။ သင် ဒုတိယအကြိမ်မွေးခဲ့စဉ်ကတည်းက၊ သူသည် ထိုနေရာ၌ရှိနေခဲ့သည် သို့သော် သင့်ဘ၀တွင် အပြစ်များရှိခဲ့ပါက၊ သူသည် သင့်ဘ၀ကို ဖြည့်ပေးရန် အတွက် မတတ်စွမ်းနိုင်ဘဲ သူသည် ပူဆွေးဝမ်းနည်းနေမည်ဖြစ်သည်။ အကယ်၍သင်သည် သူ့အား သင့်ဘ၀ကို ဖြည့်ပေးစေလိုပါက၊ သူထံဆုတောင်း၍ ဤသို့ပြောပါ။ ""ကျေးဇူးပြုသော သန့်ရှင်းသောဝိညာဉ်တော်၊ ကျွန်ုပ်သည် အချိန်အတန်ကြာ သင့်ကို ပူဆွေးဝမ်းနည်းစေခဲ့ပါတယ်။ .... ကျွန်ုပ်၏ အပြစ်များကို ၀န်ချတောင်းပန်ခဲ့ပြီးဖြစ်သောကြောင့် ကျွန်ုပ်စိတ်နှလုံး၏ ဒေါင့်ဘက်အမှောင်ခန်းလေးထဲမှထွက်ပြီး ကျွန်ုပ်၏ဘ၀ကို ဖြည့်တော်မူပါ။ ခရစ်တော်ကို ကျွန်ုပ်အတွက် အစစ်အမှန်ဖြစ်စေပြီး သူ့အား ကျွန်ုပ်ဘ၀၏ သခင်ဖြစ်စေလိုပါ၏။


စစ်မှန်သော နောင်တရမှုဆိုသည်မှာ သင့်အသက်တာတွင် ပြောင်းလဲမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။

ဘုရားသခင်၏ သားသမီးများသည် သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေကြသောအခါ၊ ဘုရားသခင်က သူတို့အား နောင်တရကြရန် တိုက်တွန်းသည်။ ဘုရားသခင်က ""ငါချစ်သမျှသောသူတို့၏ အပြစ်ကို ငါစစ်ဆေး၍၊ သူတို့ကို ဆုံးမတတ်၏"" ဟုဆိုသည်။ ဗျာ၊၃း၁၉

သင်၏အပြစ်များကို နောင်တရသည်ဟုဆိုရာ၌၊ ထိုအပြစ်များအတွက် သင်သည်အလွန်အမင်း ၀မ်းနည်းပြီး ထိုအပြစ်တို့ကို လုပ်ခြင်းမှ ရပ်တန့်လိုသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဒါဝိတ်က ""ကိုယ်လိုက် ရာလမ်းကို ဆင်ခြင်သောအခါ၊ သက်သေခံတောမူချက်တို့ကို လှည့်၍ လိုက်ပါ၏""ဟု ဆိုသည်။ ဆာ ၁၁၉း၅၉

ဒါဝိတ်က သူသည် လမ်းမှားသို့သွားနေပြီး ဘုရားသခင်၏ နှလုံးသားကို နာကျင်စေခဲ့သည်ကို နားလည်ခဲ့သည်။ သူသည် ကိုယ်သွားရာ လမ်းကိုစွန့်ပြီး ဘုရားသခင်၏လမ်းတော်၌ လျှောက်လှမ်းခဲ့သည်။ ဤအခြင်းအရာသည် စစ်မှန်သော နောင်တရမှုပင်ဖြစ်သည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် မည်မျှနောင်တရကြောင်းနှင့် ဘုရားသခင်ကို အမှန်တကယ် ကျေနပ်နှစ်သက်စေလိုကြောင်း၊ ကြိမ်ဖန်များစွာ ပြောတတ်ကြသည်။ သို့သော် မေးရမည့် အဓိကမေးခွန်းမှာ ""ကျွန်ုပ်တို့သည် ဤအရာကို တကယ်အလေးအနက်ထားပြီး ပြောခြင်းဖြစ် သလော? ဘာသာရေးကိုင်းရှိုင်းယောင်ဆောင်သောစကားများနှင့် နှစ်လိုဖွယ်ဆုတောင်းခြင်းများသည် ဘုရားသခင်အား ဘ၀င်ကျစေမည်မဟုတ်ပါ။ သူက ကျွန်ုပ်တို့၏လုပ်ဆောင်မှုများ၌ အပြောင်းအလဲတစုံတရာရှိ မရှိကို ကြည့်သည်။ ကျမ်းစာက ""ကိုယ်ကိုကိုယ် မချီးမြှောက်ကြနှင့်။ ၀ါကြွား စော်ကားသော စကားကို မပြောကြ နှင့်။ အဓမ္မစကားကို နှုတ်ထဲကမထွက်စေကြနှင့်။ အကြောင်းမူကား ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ် တော်မူ၏။ အမှုအရာတို့ကို ညီညွတ်စေတော်မူ၏""ဟုဆိုသည်။ ၁ရာ ၂း ၃

သင်သည် အမှန်တကယ် နောင်တရပြီး သင့်ဘ၀တွင် အမှန်တကယ် ခရစ်တော်ကို အစစ်အမှန်ဖြစ် စေလိုပါက သင်သည် အောက်ပါ အရာအချို့ကို ပြုလုပ်လိမ့်မည်။


(၁) သင်သည် သင့်ဘ၀တွင် ဘုရားသခင်ကို အဦးဆုံးနေရာ၌ထားရလိမ့်မည်။

ဘုရားသခင်ကို အဦးဆုံးနေရာ၌ထားမည်ဟု ပြောတာကသက်သက်၊ ပြောသည့် အတိုင်းလက်တွေ့ အသက်ရှင်တာကသက်သက်ဖြစ်သည်။ ဘုရားသခင်သည် ပထမနေရာမှလွဲ၍ မည်သည့်နေရာကိုမျှ လက်ခံမည်မဟုတ်ပါ။ သူသည် သူ၏အသွေးတော်အားဖြင့် ကျွန်ုပ်တို့ကို ၀ယ်ယူ ထားပြီး ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည်။ ကျွန်ုပ်တို့သာ ဘုရားသခင်ကို အဦးဆုံးနေရာ၌ ထားပါက ကျွန်ုပ်တို့သည် စီးပွားရေး၊ အပျော်အပါး၊ အလုပ်နှင့်အခြားမည်သည့်အရာကိုမျှ ကျွန်ုပ်တို့၏ အဓိကစိတ်ဝင်စားမှုအဖြစ် သတ်မှတ်မည်မဟုတ်ပါ။ ဘုရားသခင်ကို ဦးထိပ်ထားပါက၊ သူသည် ကျွန်ုပ်တို့ လိုအပ်သောအရာအားလုံးတို့ကို ပြင်ဆင်ပေးမည်ဖြစ်သည်။ ယေရှုက ""ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှထိုအရာများကိုထပ်၍ ပေးတော်မူလတံ္တ""ဟု ဆိုသည်။ မသဲ ၆း ၃၃


(၂) သင်သည် သခင့်ကို ချစ်ရလိမ့်မည်

သခင်အားမချစ်ပဲ သူအားအစေခံရန်ကြိုးစားခြင်းသည် ကိုယ်မချစ်သော သူတစ်ဦးကို လက်ထပ်ရသည်နှင့်တူသည်။ ပေါင်းသင်းဆက်ဆံမှု တစ်ခု၌ အဓိကအရေးကြီးသောအရာဖြစ်သည့် ချစ်ချင်းမေတ္တာမှာ ပျောက်ဆုံးနေသည်။

သခင်ယေရှုသည် ကျွန်ုပ်တို့ကို စိတ်နှလုံးအကြွင်းမဲ့ချစ်သလိုမျိုး ကျွန်ုပ်တို့ကလည်းသူ့ကို စိတ်နှလုံး အကြွင်းမဲ့ချစ်စေလိုသည်။ သခင်ယေရှုက ပထမဦးဆုံးနှင့် အကြီးမြတ်ဆုံး ပညတ်ချက်မှာ ""သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့်ချစ်လော့""ဖြစ်သည်ဟု ဆိုသည်။ မသဲ ၂၂း ၃၇


(၃) သင်သည် လောကအရာများကို ကျောခိုင်းရလိမ့်မည်။

သခင်ယေရှုသည် သင့်အတွက်အသေခံရန် သင့်ကို သူ ချစ်ခြင်းသည် လုံလောက်လျက်ရှိသည်။ သင့်နှလုံးသားမှ သူ့ကိုချစ်ရန် ခိုးယူသွားမည့် မည်သည့်အရာကိုမဆို မုန်းတီးသည်။ ဘုရားသခင်၏ ကြီးမြတ်သော ပုဂိ္ဂုလ်တစ်ဦး ဖြစ်သူ၊ ၀ီဘာချက်မန်က ဤသို့ပြောခဲ့သည်။ ""ခရစ်တော်ကိုရှင်းရှင်း လင်းလင်း မမြင်နိုင် အောင် တားဆီးထားမည့်အရာများ (သို့) ကျွန်ုပ်၏ဆုတောင်းခြင်း အသက်တာကို အသေသတ်မည့်အရာများသည် ကျွန်ုပ်အတွက် မှားယွင်းသော အရာများ ဖြစ်သောကြောင့်၊ ကျွန်ုပ်သည် ခရစ်ယာန်တဦးအနေဖြင့် ထိုအရာတို့ကို ကျောခိုင်းစွန့်ခွာရမည်။""


(၄) သင်သည် ဘုရားသခင်နှင့် အချိန်ယူမိတ်သဟာယဖွဲ့ရလိမ့်မည်။

အလွန်အလုပ်ရှုပ်သောကြောင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် အချိန်မရှိသော ခရစ်ယာန်သည် မိုက်မဲသော ခရစ်ယာန်တဦးသာ ဖြစ်သည်။ မော်တော်ကားဖြင့် ခရီးရှည်ထွက်ခွာနေစဉ် အလျင်လိုနေသည့်အတွက် ဓာတ်ဆီဖြည့်ဖို့ရပ်တန့်ရန် အချိန်မရှိပါဟူ၍ ပြောသောသူနှင့် ထိုသူသည် တူသည်။

လောကီစိုးရိမ်စရာများနှင့် တာဝန်ကိုလည်း ကျွန်ုပ်တို့တွင် မည်မျှရှိစေကာမူ၊ ထိုအရာများက ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ မိတ်သဟာယ ဖွဲ့ခြင်းကို မတားဆီးပါစေနှင့်။ ကျွန်ုပ်တို့သည် ဆုတောင်းခြင်း နှင့် နှုတ်ကပတ်တော်ကို သင်ယူလေ့လာခြင်းအားဖြင့် ဘုရားသခင်နှင့်နေ့စဉ် မိတ်သဟာယ ဖွဲ့ရမည်။ ဤမိတ်သဟာယဖွဲ့ခြင်း၏ အရေးပါမှုကို ဒီထက်ပိုပြီး အလေးအနက်ထား၍ မပြောနိုင်တော့ပါ။ သခင်ယေရှုနှင့် ပတ်သက်၍ ကျမ်းစာက ""နံနက်အချိန်၊ မိုးမလင်းမှီ ကိုယ်တော်သည်ထပြီးလျှင် တော အရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏""ဟုဆိုသည်။ မာ ၁း ၃၅

ဘုရားသခင်၏ သားတော်ကိုယ်တိုင်တောင်မှ ကောင်းကင်ဘုံရှိ ခမည်းတော်နှင့် မိတ်သဟာယဖွဲ့ ရန် မရှိမဖြစ်လိုအပ်သည်ကို သိရှိခဲ့သော ကြောင့်၊ ကျွန်ုပ်တို့ဆိုလျှင် မိတ်သဟာယဖွဲ့ရန်သာ၍ လိုအပ်မည်။ Robert Murray Mc Cheyne က ""ဘုရားသခင်နှင့်အစပြုခြင်းက များစွာ ပိုကောင်း သည် ကို ခံစားရသည်။ ကျွန်ုပ်၏စိတ်နှလုံးသည် အခြားသူတစ်ဦးနှင့် နီးကပ်ရာသို့ မရောက်သွားမီ သူနှင့်နီးကပ်အောင်ပြုလုပ်ရန် နှင့် သူ၏မျက်နှာတော် ကို အရင်ဦးဆုံးကြည့်ရန်အတွက် နေ့တစ်နေ့ကို ဘုရားသခင်နှင့်အစပြုသင်သည်။ အကောင်းဆုံးအချိန်များကို ဘုရားသခင်နှင့် ပြောဆို ဆက်သွယ်ခြင်း အားဖြင့် ကုန်ဆုံးစေသင့်သည်။ ဤသို့ မိတ်သဟာယဖွဲ့ခြင်းသည် ကျွန်ုပ်အတွက် အကောင်းဆုံးနှင့် အမြင့်မြတ်ဆုံး လုပ်ငန်းဆောင်တာပင်ဖြစ် သည်။"" အကယ်၍ ကျွန်ုပ်တို့သည် သခင်ကိုချစ်၍ သူ၏ပညတ်တော်တို့ကို လိုက်နာပြီး၊ သခင်နှင့်အချိန်ယူပါက သူသည် ကျွန်ုပ်တို့အတွက် အစစ်အမှန် ဖြစ်လာ မည်။ သခင်ယေရှုက ""ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော် မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အား ကိုယ်တိုင်ထင်ရှားမည်"" ဟု မိန့်ခဲ့သည်။ ယော၊ ၁၄း၂၁


တွေ့ရှိရသော ရတနာ

သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်ကို ကျွန်ုပ်တို့အတွက် အစစ်အမှန်ဖြစ်စေရန် ပြုလုပ်ပေးသည်။ သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်မနာစေရန် ကျွန်ုပ်၌ တာဝန်ရှိကြောင်း သိရမည်။


မေးခွန်းများ

၁။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်ုပ်တို့အတွက် ဘာလုပ်ပေးသနည်း?

(က) ဘာမှမလုပ်ပေးပါ။ ထိုနေရာ၌ သူရှိနေကြောင်းကိုမူ ကျွန်ုပ်တို့သိသည်။

(ခ) ခရစ်တော်ကို ကျွန်ုပ်တို့အတွက် အစစ်အမှန်ဖြစ်စေသည်။


၂။ သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂိ္ဂုလ်တစ်ဦး ဟုတ်ပါသလား?

(က) ဟုတ်သည် (ခ) မဟုတ်ပါ


၃။ သူသည် တွေးတောတတ်ပါသလား?

(က) တတ်သည် (ခ) မတတ်ပါ


၎။ သူသည်ချစ်တတ်လား?

(က) ချစ်တတ်သည် (ခ) မချစ်တတ်ပါ


၅။ သူသည် ခံစားတတ်ပါသလား?

(က) ခံစားတတ်သည် (ခ) မခံစားတတ်ပါ


၆။ သူသည်ပူဆွေးဝမ်းနည်းတတ်ပါသလား?

(က) ပူဆွေးဝမ်းနည်းတတ်သည် (ခ) မပူဆွေးဝမ်းနည်းတတ်ပါ။

မှန်မှား


၇။ သန့်ရှင်းသောဝိညာဉ်တော်ကို ပူဆွေးဝမ်းနည်းစေသောအရာတို့မှာ ၀န်ချတောင်းပန်ထားခြင်းမရှိ သောအပြစ်၊ ဤလောက၏ စိုးရိမ်စရာများ၏ ချုပ်ကိုင်ထားမှုကိုခံရခြင်း၊ လောကီတပ်မက်ခြင်း စသည်တို့ ဖြစ်ကြသည်။

(က) မှန် (ခ) မှား


၈။ ကျွန်ုပ်တို့က ""သခင် ကျွန်ုပ်၏အပြစ်အားလုံးကို ခွင့်လွှတ်တော်မူပါ""ဟူ၍ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ကိုင်တွယ် ဖြေရှင်း နိုင်ပါသလား။

(က) ဖြေရှင်းနိုင်ပါတယ်။ (ခ) မဖြေရှင်းနိုင်ပါ။


၉။ ဘုရားသခင်နှင့် သင့်မြတ်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ။

(က) ဘုရားကျောင်းသို့ စတင်သွားပြီး ကျမ်းစာကိုဖတ်ရန်။

(ခ) ဘုရားသခင်ထံသို့ ကျွန်ုပ်တို့၏အပြစ်များကို ၀န်ချတောင်းပန်ရန်။


၁၀။ သင်၏ခရစ်ယာန်အသက်တာကို အသက်ရှင်နိုင်ရန်အတွက် သင့်အားများစွာအထောက်အကူပေး မည့်အရာများကို ဤသင်ခန်းစာထဲတွင် သင်ယူသိရှိခဲ့သလား?


ရဲလင်းထွန်း (အင်းစိန်)

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support