HCF

HCF MYANMAR IN SINGAPORE

Friday, September 10, 2010

အသစ်သောဆက်ွိံယ်တော်စပ်ခြင်း


A New Relationship

New Life in Christ Course III

Lesson 9

ဖတ်ရန်ကျမ်းချက်။ ယော၊ ၁၅း၁-၅။


သော့ချက်ကျမ်းပိုဒ်။

''ငါသည်စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည်ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏။ ထို သူသည် များစွာသော အသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင်သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်ကြ။'' (ယော၊ ၁၅း၅)

ယခင် သင်ခန်းစာ၌ ကျွန်ုပ်တို့သည် ခရစ်တော်၌ရှိခြင်း ဆိုင်ရာ အံ့ဘွယ်သစ္စာတရားတခုကို လေ့လာခဲ့ရသည်။ ကျွန်ုပ်တို့သည် အာဒံထဲ၌ မရှိတော့ပါ၊ သို့သော် ခရစ်တော်၌ ရှိပြီး ဖြစ်သည်။ ခရစ်တော်၌ ရှိခြင်းကြောင့် ဘုရားသခင့်ရှေ့မှောက် ကျွန်ုပ်တို့သည် ရပ်တည် ချက်(အဆင့်အတန်း) အသစ်၌ ရှိနေပြီး ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌ စုံလင် လျက်ရှိသည်ကို မြင်တော်မူ သည်။

ဤသင်ခန်းစာ၌ ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းကို ခံရပြီးနောက် ကျွန်ုပ်တို့၌ဖြစ်လာခဲ့သော အကြောင်းအရာများကို သာ၍ လေ့ လာကြမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့ ရပ်တည်ချက်(အဆင့်အတန်း)အသစ် ရရှိခြင်းမျှသာမက သခင်ယေရှု ခရစ်တော် နှင့်အတူ ဆက်နွယ်တော်စပ်မှု အသစ် လည်း ရရှိခဲ့ပြီး ဖြစ်သည်။ ဤဆက်နွယ်တော်စပ်မှုအသစ်ကို စာကြောင်းတို ဝါကျ နှစ်ကြောင်းဖြင့် ဖေါ်ပြနိုင်ပါ သည်။


၁။ ကျွန်ုပ်သည် ခရစ်တော်၌ ရှိသည်။

၂။ ခရစ်တော်သည် ကျွန်ုပ်၌ ရှိသည်။


ခရစ်တော်ကိုယ်တိုင်နှင့် ယုံကြည်သူများအကြား အသစ်သော ဆက်နွယ်တော်စပ်ခြင်းကို ကျွန်ုပ်တို့နားလည်ရန်အတွက် အထောက်အကူ ဖြစ်စေရန် သခင်ယေရှုသည် သဘာဝတရားမှ ရှင်းလင်းသော သရုပ်ဖေါ်ပုံကို အသုံးပြုခဲ့သည်။ သူက'' ငါသည် စပျစ်နွယ်ပင် ဖြစ်၏။ သင်တို့သည် အခက်များ ဖြစ်ကြ၏။''ဟု ဆိုသည်။ သခင်ယေရှုသည် စပျစ်နွယ်ပင် ဖြစ်ပြီ၊ ယုံကြည်သူများသည် အခက်များ ဖြစ်ကြ သည်။ ထို့ကြောင့် ဤသင်ခန်းစာ၌ စပျစ်ပင်ဟု ဖေါ်ပြသော် သခင်ယေရှုကို ရည်ညွှန်းကြောင်းနှင့် အခက်များဟု ဖေါ်ပြသော် ကျွန်ုပ်တို့ ကိုယ်ကို ဆိုလိုကြောင်း ကျွန်ုပ်တို့ ယူဆကြမည်။


စပျစ်နွယ်ပင်နှင့်အခက်များသည် တပင်တည်း ဖြစ်သည်


ကျွန်ုပ်တို့ စပျစ်နွယ်ပင်နှင့် အခက်များကို ကြည့်သောအခါ ယင်းတို့သည် အပင်တပင်တည်းဖြစ်ကြောင်း မြင်ရသည်။ ယင်းတို့ သည် အသက်ရေ တခုတည်းကို ဝေမျှခံစားသည်။ တူညီသော အသက်ရေသည် စပျစ်နွယ်ပင်၌ စီးဆင်းသလို အခက်များ ၌လည်း စီးဆင်း သည်။ ဤအရာက ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တလုံးတဝတည်းဖြစ်ကြောင်း သင်တော်မူသည်။ ကျမ်းစာက ''ထိုဘုရားသခင် အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။'' သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ကျွန်ုပ် လက်ခံစဉ် တခဏတွင်း ကျွန်ုပ်တို့သည် သူနှင့် ဆက်ခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်သည် သူ၏အစိတ်အပိုင်း တခုအဖြစ် ပြုလုပ်ခြင်း ခံခဲ့ရပြီ။ အခက်များသည် စပျစ်ပင်နှင့် ဆက်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း သခင်ယေရှုနှင့် ဆက်ခဲ့ကြပြီ။ ကျွန်ုပ်တို့သည် သူနှင့် တလုံး တဝတည်း ဖြစ်ကြသည်။


အခက်သည် စပျစ်နွယ်ပင်၌ရှိသည်


စပျစ်နွယ်ပင်နှင့် ၄င်း၏အခက်များအကြောင်း ထိုထက် သာ၌ကြည့်ရှုသော် ကျွန်ုပ်တို့ အခြားသောအရာများကို မြင်ရ ပါသည်။ အခက်သည် စပျစ်နွယ်ပင်ထဲ၌ ရှိသည်ကို ကျွန်ုပ်တို့မြင်ရသည်။ ဤအရာက ကျွန်ုပ်တို့သည် ခရစ်တော်ထဲ၌ ရှိကြောင်းကို သင်တော်မူသည်။ ကျွန်ုပ်တို့သည် ခရစ်တော်ထဲ၌ရှိကြောင်း မဟာသစ္စာတရားကို လေ့လာခဲ့ရပြီ။ သို့သော် ယခု ကျွန်ုပ်တို့သည် ခရစ်တော်၌ အသက်ရှင်သော ပေါင်းစည်းခြင်း၌ သူနှင့် ကျွန်ုပ်တို့ တလုံးတဝတည်းဖြစ်ကြောင်း နားလည်ရသည်။ အခက်သည် အသက်ရှင်သောစပျစ်နွယ်ပင်နှင့် ဆက်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း အသက်ရှင်တော်မူသော ယေရှုခရစ်နှင့် ဆက်ခဲ့ကြရသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ ရှိတော်မူသည်။

ကျွန်ုပ်တို့သည် ခရစ်တော်၌ အစဉ်မရှိခဲ့ကြပါ။ ဘုရားသခင်၏သား မဖြစ်ခင်က ကျွန်ုပ်တို့သည် အာဒံ၌ရှိတော်မူသည်။ သူနှင့် ဆက်ခဲ့ကြသည်။ သူ၏အသက်ကို ဝေမျှခံစားရပြီး သူ၏ဇာတိပကတိသဘောသည် ကျွန်ုပ်တို့၌ ရှိတော်မူ၏။

ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ပြီးနောက် ဘယ်အရာများ ဖြစ်လာခဲ့ပါသနည်း။ ဘုရားသခင်သည် ကျွန်ုပ် တို့ကို အာဒံထဲမှ ထုတ်ပြီး ခရစ်တော်ထဲသို့ ကိုင်းဆက် တော်မူသည်။

အခက်တခု ကိုင်းဆက်ခြင်းဆိုသည်မှာ ၄င်းကို စပျစ်ပင်တပင်မှ အခက်ကို ဖြတ်ထုတ်ပြီး အခြားစပျစ်တပင်တွင် ကိုင်း ဆက်ခြင်း ဖြစ်သည်။ စပျစ်ပင်အိုမှ ပဌမ အခက်ကို ဖြတ်သည်။ ထိုနောက် ဖြတ်သောအခက်ကို စပျစ်ပင်အသစ်တွင် ဆက်မည့် နေရာ ခုတ်ထစ်ထားသောနေရာတွင် ထည့်သွင်းလျက် သေချာစွာပတ်စည်းထားခြင်း ဖြစ်သည်။ မကြာခင်အတွင်း စပျစ်ပင်သစ်၏ အသက်ရေသည် ၄င်းအခက်ထဲသို့ စတင်စီးသွားသည်။ အခက်သည် စပျစ်ပင်သစ်တွင် အသက်ရှင်ပေါင်းစည်းခြင်း၌ ဆက်သွား လေသည်။

ယခု ကျွန်ုပ်တို့၌ ဘုရားသခင် ပြုတော်မူသော အံ့ဘွယ်သောအမှုကို ကျွန်ုပ်တို့ နားလည်နိုင်ပြီ။ ကျွန်ုပ်တို့ ဒုတိယမွေး ခြင်း ခံရစဉ် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အာဒံမှနှုတ်ယူပြီး ခရစ်တော်၌ ကိုင်းကူး ဆက်တော်မူ၏။ ကျမ်းစာက ''ထိုဘုရား သခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏''ဟုဆိုသည်။ (၁ကော၊ ၁း၃ဝ)

ယခု ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်နှင့် အသက်ရှင်သော ပေါင်းစည်းခြင်း၌ ဆက်ခဲ့ကြပြီ။ သူသည် စပျစ်ပင်သစ်ဖြစ် ပြီ၊ ကျွန်ုပ်တို့သည် အသက်ရှင်သော အခက်များ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သူ၏အသက်ကို ခံစားရပြီ၊ သူ၏ဝိညာဉ်ပကတိ သဘောသည် ကျွန်ုပ်တို့၌ ရှိတော်မူသည်။ ကျမ်းစာက ''...ဘုရားပကတိကိုဆက်ဆံရသောသူ ဖြစ်မည့်အကြောင်းတည်း''ဟု ဆိုသည်။ (၂ပေ၊ ၁း၎)


စပျစ်ပင်သည် အခက်၌ရှိခြင်း


အခက်သည် စပျစ်ပင်၌သာရှိနေခြင်း မဟုတ်ပါ။ စပျစ်ပင်သည်လည်း အခက်၌ရှိသည်။ အခက်သည် စပျစ်ပင်၌ ကိုင်းဆက်ပြီး နောက် စပျစ်ပင်ရှိ မှန်သောအသက်ရေသည် ၄င်းအခက်သို့ စတင်စီးဆင်းတော်မူသည်။ ဤသို့ဖြင့် အခက်ကို အသက်ရှင်စေပြီး၊ အသီးကို သီးစေပါသည်။

ဤအကြောင်းအရာက ကျွန်ုပ်တို့ကို သင်သည်မှာ ခရစ်တော်သည် ကျွန်ုပ်တို့၌ ရှိတော်မူသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ ရှိခြင်းမျှသာ မဟုတ်ပါ သို့သော် သူသည်လည်း ကျွန်ုပ်တို့၌ ရှိတော်မူသည်။ ကျွန်ုပ်တို့၌ ခရစ်တော်၏မှန်သောအသက်ကို ကျွန်ုပ်တို့ ရရှိကြသည်။ ဤသည်ကား မည်ကဲ့သို့ ဖြစ်နိုင်သနည်း။ သခင်ယေရှု ကိုယ်တော်တိုင် တပည့်တော်များကို မည်ကဲ့သို့ ရှင်းပြခဲ့သည်ကို ကျွန်ုပ်တို့လေ့လာကြမည်။

သခင်ယေရှု ဤလောက၌ရှိခဲ့စဉ် သူသည် တပည့်တော်များနှင့်အတူ လမ်းလျှောက်ခြင်း စကားပြောခြင်းကို အတူပြုခဲ့ သည်။ တပည့်တော်များ သခင်ယေရှုနှင့်အတူ ရှိနေစဉ် အဘယ်မျှ ပျော်ရွှင်သောအချိန် ဖြစ်မည်နည်း။ သို့သော် တနေ့သောအခါ သခင်သည် သူတို့ကို အလွန်ဝမ်းနည်းစေသော အကြောင်းအရာကို ပြောခဲ့သည်။ သူသည် မကြာခင် သူတို့နှင့်ခွဲခွါမည့်အကြောင်း ပြောခဲ့သည်။ သို့သော် ယေရှုသည် သူ၏တပည့်တော်များကို ဤနှုတ်ကပတ်စကားဖြင့် နှစ်သိမ့်တော်မူ၏။ ကျမ်းစာက '' ခမည်း တော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော် တည်း ဟူသော တပါးသောဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည် နေစေခြင်းငှါ သင်တို့အား ပေးတော်မူမည်။-ထိုဝိညာဉ်တော်ကို လောကီသား တို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထို ဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ရှိတော်မူသောကြောင့် သင်တို့သိရကြ၏'' ဟု ဆိုသည်။(ယော၊၁၄း၁၆-၁၇)

သခင်ယေရှုသည် တပည့်တော်တို့၌ အံ့ဘွယ်သော ကတိတော်ကို ပြုခဲ့သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်ကို သူတို့နှင့်အတူ အစဉ်တည်နေစေခြင်းငှါ စေလွှတ်တော်မည်အကြောင်း သခင်ယေရှု ကတိပြုခဲ့သည်။ သူသည် သူတို့နှင့်အတူ ရှိနေ လိမ့်မည်။ ထိုမျှမက သူတို့၏ အထဲ၌လည်း ရှိနေတော်မူလိမ့်မည်။ ထိုနောက် သူသည် ဤစကားများကို ထပ်၍ဖြည့်စွက်ကာ ''ငါသည် သင်တို့ ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည် မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။''ဟု ဆိုသည်။ ထို့ကြောင့် သန်ရှင်း သောဝိညာဉ်တော် ကြွလာခြင်းသည် သခင်ယေရှု ကိုယ်တော်တိုင် သူတို့၌နေရန် ကြွလာခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည် ရသည်။

သခင်ယေရှုသည် ဤကဲ့သို့အနေဖြင့် ပြောခဲ့ခြင်း ဖြစ်သည်။''ငါသည် သွားရမည်၊ သို့သော် ငါသည် အသစ်သော အသွင်ဖြင့် သင်တို့ထံသို့ တဖန်ပြန်လာမည်။ သန်ရှင်းသောဝိညာဉ်တော် ပုဂ္ဂိုလ်အဖြစ်နှင့် သင်တို့နှင့်အတူ နေရန် ငါပြန်လာပြီး၊ သင်တို့ကို ဘယ်သော အခါမျှ မစွန့်ခွါ သွား တော့ပါ။'' ယေရှုက''ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ သင်တို့သည် ငါ၌ ရှိသည်ကို၎င်း၊ ငါသည် သင်တို့၌ ရှိသည် ကို၎င်း၊ ထိုနေ့၌ သင်တို့သည် သိရကြလိမ့်မည်။''ဟု ဆိုသည်။(ယော၊ ၁၄း၂ဝ)

ယေရှုသည် ဤ စကားများကို ပြောဆိုပြီးနောက် မကြာခင်မှာပင် သူသည် လက်ဝါးကပ်တိုင်၌အသေသတ်ခံခြင်းနှင့် မြုတ်နှံခြင်းကို ခံရ၏။ သုံးရက်နေ့မြောက်တွင် သူသည်ထမြောက်ခဲ့ပြီ၊ တပည့်တော်များကို သူ၏ရှင်ပြန်ထမြောက်ခြင်း ကိုယ်ခန္ဓာ ဖြင့် ထင်ရှားပြခဲ့သည်။ ရက်ပေါင်း(၄ဝ)ပြီး နောက် သူသည် စင်္ကြာဝဠာရှိ သူ၌အမြင့်ဆုံးသော ချီးမြောက်ခြင်းခံရာနေရာ ရှိရာ ကောင်းကင်ဘုံထဲသို့ ပြန်လည် တက်ကြွ သွားခဲ့သည်။ ကျမ်းစာက ''ထိုတန်ခိုးတော်ကား၊ခရစ်တော်ကို သေခြင်းမှ ထမြောက်စေ တော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာတန်ခိုး အာနု ဘော်အရှိန်ကဲ့သို့ ဖြစ်၏။-ခပ်သိမ်းသော အထဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍၊ယခုဘဝ နောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သော ဘွဲ့နာမအလုံးစုံတို့အထက်၊ ကောင်းကင် အရပ်၌ မိမိလက်ျာ တော်ဘက်မှာ အလွန်မြင့်မြတ်သောနေရာကို ခရစ်တော်အား ပေးတော်မူ၍၊''ဟု ဆိုသည်။(ဧ၊ ၁း၂ဝ-၂၁)


သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ကြွလာခြင်း


သခင်ယေရှု ကောင်းကင်သို့ တက်ကြွပြီးနောက် (၁ဝ)ရက်နေ့မြောက်တွင် တပည့်တော်များသည် အတူတကွ တွေ့ဆုံ လျက် ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအမှုကို ပြုကြ၏။ ပင်တေကုတ္တေပွဲနေ့တွင် သခင်ယေရှုသည် သူ၏တပည့်တော်များဆီ သို့ အံ့ဘွယ်ရာ အသွင်သစ်ဖြင့် ပြန်လာခဲ့၏။ သူတို့အထဲ၌ နေရန် သူသည် ပြန်လာခဲ့သည်။


ထိုနေ့မှစ၍ လူတစ်ဦးသည် ဒုတိယမွေးခြင်းကို ခံရပြီးသော် တခဏခြင်းမှာပင် ခရစ်တော်၏ဝိညာဉ်သည် သူ၏အထဲ၌ ဝင်ရောက် ၍ ကျိန်းဝပ်တော်မူသည်။ ကျမ်းစာက''ထိုသို့ သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့၏ စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏''ဟု ဆိုသည်။(ဂလာ၊ ၄း၆)

ခရစ်တော်သည် ကျွန်ုပ်တို့၌ သူ၏ဝိညာဉ်တော်အားဖြင့် ရှင်တော်မူသည်။ ထိုကြောင့် ''ခရစ်တော်သည် အကျွန်ုပ်၌ ရှင်တော်မူ သည်''ကို ကျွန်ုပ်တို့ အမှန်ပြောဆို နိုင်ပါသည်။


ခရစ်ယာန်အသက်တာ၏ လျှို့ဝှက်ချက်


ကျွန်ုပ်တို့သည် ယခု ခရစ်ယာန်အသက်တာ၏ မဟာ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ခဲ့ရ၏။ ဤလျှို့ဝှက်ချက်မှာ ''ခရစ် တော်သည် ကျွန်ုပ်တို့၌ရှင်တော်မူခြင်း'' ဖြစ်သည်။ တမန်တော်ပေါလုက ဤအရာကို ကြီးစွာသော နက်နဲခြင်းဟု ခေါ်ဆိုပါသည်။ သူသည် ကောလောသဲရှိ ခရစ်ယာန်များသို့ ရေးသားခဲ့သည်မှာ ''တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာနှင့်ဆိုင်သော မဟာ စည်းစိမ်ကား၊ အဘယ်မျှလောက် ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော်ရှိ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်း အကြောင်း တည်းဟူသော သင်တို့အထဲ၌ တည်နေတော်မူသော ခရစ်တော်ပေတည်း။''ဟု ဆိုသည်။ (ကော၊ ၁း၂၇)

ခရစ်ယာန်အသက်တာဆိုသည်မှာ အဘယ်နည်း။


ခရစ်ယာန်အသက်တာသည် ကောင်းလာဘို့ရန် ကြိုးစားခြင်းလား။ မဟုတ်ပါ။ အခြား ကောင်းသော ခရစ်ယာန်များနှင့် တူအောင် အတုယူ ကြိုးစားခြင်းလား။ မဟုတ်ပါ။ သခင်ယေရှုကို အတုယူ၍ သူကိုယ်တိုင်နှင့်တူလာအောင် ကြိုးစားခြင်းလား။ မဟုတ်ပါ။ ခရစ်ယာန် အသက်တာသည် ဤအရာများ တခုမျှ မဟုတ်ပါ။ သို့ဖြစ်သော် ခရစ်ယာန်အသက်တာသည် အဘယ်နည်း။


ခရစ်တော်သည် သူ၏အသက်တာဖြင့် ကျွန်ုပ်တို့၏အထဲ၌ ရှင်နေခြင်း ဖြစ်သည်။


တမန်တော်ပေါလုက'' ငါအသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏''ဟု ဆိုသည်။ သူက ''ငါအသက်ရှင်သည်မှာ ခရစ်တော်နှင့် တူလာရန် ကြိုးစားခြင်းဖြစ်သည်''ဟု မပြောဆိုပါ။ ရှင်ပေါလုဆိုသည်မှာ'' ငါအသက်ရှင်သည့်အရာမှာ ခရစ်တော် ဖြစ်၏။'' ရှင်ပေါလု အဘယ်အရာကို အမှန် ဆိုလိုပါသနည်း။ သူ ပြောဆိုသည်မှာ'' ငါအသက်ရှင်သည်မှာ ခရစ်တော်သည် သူ၏အသက်တာအားဖြင့် ငါ့အထဲ၌ ရှင်နေသည်''ဟူ၍ ဖြစ်သည်။ '' ငါအသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။''(ဖိ၊၁း၂၁)


သို့ဖြစ်သော် ခရစ်ယာန်အသက်တာ၌ ကျွန်ုပ်တို့ ဘယ်ကဲ့သို့ အသက်ရှင်ရကြမည်နည်း။


ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ကိုးစားခြင်းဖြင့် သူ၏အသက်တာသည် ကျွန်ုပ်တို့၏အထဲ၌ရှင်ရန် ဖြစ်သည်။ ကျွန်ုပ်တို့ သည် ကြိုးစားခြင်းဖြင့် ခရစ်ယာန်အသက်တာကို ရှင်ရမည့်အစား ခရစ်တော်၏အသက်တာကို ကျွန်ုပ်တို့အထဲ၌ ရှင်ရန် ခွင့်ပြု ရပေမည်။ ခရစ်တော်၏ အသက်တာသည် ခမည်းတော်ကို အစဉ်ကျေနပ်စေသော အသက်တာ ဖြစ်သည်။ ယေရှုက ''အကြောင်းမူကား၊ နှစ်သက်တော်မူ သော အမှုကို အစဉ်မပြတ် ငါပြုသည်''ဟု မိန့်တော်မူ၏။

သခင်ယေရှုသည် ပြောင်းလဲခြင်း မရှိပါ။ သူသည် ယနေ့တိုင် ထို့အတူသော ပုဂ္ဂိုလ်ပင်ဖြစ်သည်။ သူ၏အသက်တာ ဖြင့် ကျွန်ုပ်တို့၏အထဲ၌ သူ ရှင်ရန် အလိုရှိသည်။ သူ၌ယုံကြည်ကိုးစားလျှင် သူသည် ဤအမှုကို ပြုလိမ့်မည်။

သခင်ယေရှု ပြောခဲ့သော ဤအံ့ဘွယ်နှုတ်ကပတ်တော်စကားကို တကြိမ်ထပ်မံ၍ ကျွန်ုပ်တို့ ကြားနာ ကြပါစို့။ ''ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များ ဖြစ်ကြ၏။'' ကျွန်ုပ်တို့ကိုယ်တိုင် အခက်ဖြစ်လာအောင် ကျွန်ုပ်တို့ ကြိုးစား ပြုလုပ် ၍ မရပါ။ ကျွန်ုပ်တို့သည် ခရစ်တော်ယေရှုနှင့် အသက်ရှင်သော ပေါင်းစည်းခြင်း၌ ထာဝစဉ် ပေါင်းဆက်နေသော အခက် များ ဖြစ်ကြသည်။

တနေ့နောက်တနေ့ ကျွန်ုပ်တို့ အသက်ရှင်စဉ် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် တလုံးတဝတည်းဖြစ်ကြောင်း ဤအမှန်တ ရားကို သိမှတ်ယုံကြည်ရမည်။ သတိရရန်မှာ ကျွန်ုပ်တို့၏ရပ်တည်ချက်၌ ယုံကြည်ခြင်းရှိပါ။ ကျွန်ုပ်တို့အသက်တာ၌ ၄င်းအတိုင်း အမှန်ဖြစ်လာရန် ပြုလုပ်ပါ။


ဤအရာသည် ဘာကို ဆိုလိုပါသနည်း။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ခရစ်တော်၌ ရှိတော်မူပြီ၊ သူသည်လည်း ကျွန်ုပ်တို့၌ ရှိသည်ဟူသော အမှန်တရားကို ကျွန်ုပ်တို့ အစဉ် သိမှတ်ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏သားများ ရှင်သင့်သော အသက်ရှင်ခြင်း၏တန်ခိုးကို ကျွန်ုပ်တို့ ရရှိပေလိမ့်မည်။


ရှာဖွေတွေ့ရှိခဲ့ရသော ရတနာ

စပျစ်ခက်သည် စပျစ်ပင်၌ရှိသကဲ့သို့ ကျွန်ုပ်သည်လည်း ခရစ်တော်၌ ရှိတော်မူသည်။ သူ၌ ကျွန်ုပ် ယုံကြည်ကိုးစား ခြင်းကြောင့် သူ၏အသက်တာသည် ကျွန်ုပ်၏အထဲ၌ သူ ရှင်လိမ့်မည်။


ဆုတောင်းချက်။ သခင်ယေရှု အကျွန်ုပ်သည် ကိုယ်တော်၌ အခက် ဖြစ်ပါသည်။ အကျွန်ုပ်သည် ကိုယ်တော်၌ရှိပြီး ကိုယ်တော်သည် ကျွန်ုပ်၌ရှိတော်မူသောကြောင့် ကိုယ်တော်ကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်ထင်ခဲ့သော ခရစ်ယာန်အသက်ရှင်ခြင်း ၌ ရုန်းကန်၍ အသက်မရှင်တော့ပါ။ ကျွန်ုပ်၏အသက်တာထဲ၌ တနေ့နောက်တနေ့ ကိုယ်တော်၏အသက်တာသည် ကျွန်ုပ်၌ ရှင် ရန် ကိုယ်တော်ကိုသာလျှင် အကျွန်ုပ် ယုံကြည်ကိုးစား ပါတော့မည်။ အာမင်။


မေးခွန်းများ


၁။ အောက်ပါ ၀ါကျ နှစ်ကြောင်းသည် ကျွန်ုပ်တို့ ခရစ်တော်နှင့်အတူ အသစ်သော ဆက်နွယ်တော်စပ်ခြင်း၌ မှန်သည် ဟု ဖေါ်ပြပြောဆိုရာ၌ ဟုတ်ပါသလား။

+ ကျွန်ုပ်သည် ခရစ်တော်၌ ရှိသည်။

+ ခရစ်တော်သည် ကျွန်ုပ်၌ ရှိသည်။

(က) ဟုတ်သည်။

(ခ ) မဟုတ်ပါ။


၂။ စပျစ်နွယ်ပင်နှင့် အကိုင်းအခက် ဥပမာ၌ မည်သူသည် စပျစ်နွယ်ပင် ဖြစ်ပြီး၊ မည်သူသည် အကိုင်းအခက် ဖြစ်ပါသနည်း။

(က) သခင်ယေရှုသည် စပျစ်နွယ်ပင် ဖြစ်ပြီး၊ ယုံကြည်သူများသည် အကိုင်းအခက်များဖြစ်ကြသည်။

(ခ ) ယုံကြည်သူများသည စပျစ်နွယ်ပင် ဖြစ်ပြီး၊ သခင်ယေရှုသည် အကိုင်းအခက်များ ဖြစ်ကြသည်။


၃။ စပျစ်ပင်နှင့် အကိုင်းအခက်သည် တခုနည်း ဖြစ်သည်။ သူတို့ အသက် တခုတည်းကို ဝေမျှခံစားသည်။ ဤသည်ကား ကျွန်ုပ်တို့ကို သင်သည်မှာ ကျွန်ုပ်တို့သည်………………………။

(က) စပျစ်ပင်နှင့်အကိုင်းအခက်သည် တ၀ိညာဉ်တည်း ဖြစ်သည်။

(ခ ) စပျစ်ပင်နှင့်အကိုင်းအခက်သည် သခင်ယေရှုနှင့် တလုံးတ၀တည်းဖြစ်ကြသည်။

(ဂ ) အထက်ပါအရာ အားလုံး။


၎။ အကိုင်းအခက်သည် စပျစ်ပင်၌ ရှိသည်။ ဤ ကား ကျွန်ုပ်တို့အားသင်သည်မှာ……………။

(က) အာဒံ၌ရှိသည်။

(ခ ) ခရစ်တော်၌ရှိသည်။

(ဂ ) အထက်ပါ အားလုံး။


၅။ ကျွန်ုပ်တို့သည် ခရစ်တော်၌ အစဉ်ရှိကြပါသလား။

(က) ရှိသည်။

(ခ ) မရှိပါ။


၆။ အကိုင်းအခက်သည် စပျစ်ပင်၌ရှိနေခြင်းသာမဟုတ်ပါ စပျစ်ပင်သည်လည်း အကိုင်းအခက်၌ရှိသည်။ ဤ ကား ကျွန်ုပ်တို့အားသင်သည်မှာ ………။

(က) ခရစ်တော်သည် ကျွန်ုပ်တို့၌ ရှိသည်။

(ခ ) ကျွန်ုပ်တို့သည် အပင်တပင်ထဲ၌ ရှိကြသည်။


၇။ ခရစ်တော်သည် သူ၏တပည့်တော်များထံ အသစ်သော၊ အံ့ဘွယ်သော အသွင်ဖြင့် ပြန်လာခဲ့သည်။ သူလာခြင်းသည်……….။

(က) ဟဲလို ဟု နှုတ်ဆက် ပြောဆိုရန်။

(ခ ) သူတို့ထဲ၌ နေရန်။


၈။ ခရစ်ယာန်အသက်တာ၏အကြီးဆုံးသော လျှို့ဝှက်ချက်တခုမှာ……………..။

(က) ခရစ်တော်အကြောင်း မည်သူတယောက်ကိုမျှ မပြောကြားခြင်း။

(ခ ) ခရစ်တော်သည် ကျွန်ုပ်တို့၌ ရှင်တော်မူသည်။

(ဂ ) ယေရှု လက်ဝါးကပ်တိုင်ပေါ် အသေခံခဲ့သည်။


၉။ ခရစ်ယာန်အသက်တာသည် ကျွန်ုပ်တို့ကိုယ်တိုင် ကောင်းလာအောင် ကြိုးစားခြင်းလား။ အချို့ ကောင်းသော ခရစ်ယာန်များကို အတုယူ ကြိုးစား လုပ်ဆောင်ခြင်းလား။ ခရစ်တော်၏အတုကိုယူ၍ ကြိုးစား အတုယူခြင်းလား။

(က) ဟုတ်သည်။

(ခ ) မဟုတ်ပါ။


၁၀။ ခရစ်ယာန်အသက်တာကို ကျွန်ုပ်တို့ မည်ကဲ့သို့ အသက်ရှင်ကြမည်နည်း။

(က) သခင်ယေရှု၏အသက်တာ ကျွန်ုပ်တို့၌ ရှင်ရန် သူ့ကို ယုံကြည်ကိုးစားရမည်။

(ခ ) ကျမ်းစာကို အချိန်တိုင်း ဖတ်ရှုခြင်း။


၁၁။ ဤ သင်ခန်းစာအတွပ် သင်သည် အလွတ် ကျက်မှတ်ခဲ့ပါသလား။

(က) ကျက်မှတ်သည်။

(ခ ) မကျက်မှတ်ပါ။






Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support