သားအရာ
Sonship
Lesson 11
သော့ချက်ကျမ်းပိုဒ် - ဧဖက် ၁း၃-၎
ဖတ်ရန်ကျမ်းပိုဒ် - ဧဖက်အခန်းကြီး (၁)
ချစ်မိတ်ဆွေ
ဘုရားသခင်၏မိသားစုထဲသို့ကျွန်ုပ်တို့မွေးလာသည်နှင့်တစ်ပြိုင်နက်၊
ကောင်းကြီးမင်္ဂလာနှင့်ပြည့်စုံသော ကျေး ဇူးတော် အရပ်၊ သန့်ရှင်းသောအရပ်သို့ ရောက်လာခြင်းဖြစ်ပါသည်။
ကလေးငယ်တစ်ယောက်သည် အရေးကြီးသောသူ မဟုတ်ပါ။ သို့သော် သူမွေးလာသောမိသားစုအပေါ် မူတည်ပါသည်။
ကြီးမြတ်သောဘုရင်၏မိသားစုထဲသို့ မွေးဖွားလာသော
သားဦးသည် အိမ်ရှေ့ မင်းသားအရာကို ရ၏။ သူသည် ချက်ချင်းပင် ဘုရင်၏ချမ်းသာ ကြွယ်ဝခြင်း
နှင့် ဘုန်းတန်ခိုးတို့၏အမွေခံ ဖြစ်လာပါသည်။ သို့ဖြစ်လင့်ကစား၊ သူသည် ဘုရင်၏သားဦးဖြစ်သောကြောင့်
ထိုအရာ အားလုံးတို့ကို သူ ပိုင်ဆိုင် သည်။ တစ်နေ့ ထိုကြွယ်ဝခြင်းနှင့်ဘုန်းတန်ခိုးတို့ကို
တကယ်ပင် ပိုင်ဆိုင် လာမည်။
ယုံကြည်သူအတွက်
ထိုနည်းတူပင် ဖြစ်သည်။ ၀ိညာဉ်တော်အားဖြင့် ပြန် လည် မွေးဖွားသောသူသည် ဘုရားသား ဖြစ်၏။
ထိုသူသည် တစ်ပြိုင်နက် ဘုရားသခင်ကြွယ်ဝချမ်းသာမှု၏ အမွေခံဖြစ်လာသည်။ ယုံကြည်သူအသစ်တစ်ဦး
အနေဖြင့် သူသည် ထိုကြွယ်ဝခြင်း နှင့်အခွင့်အရေးများအကြောင်းမသိသေးပေမဲ့ ဘုရားသခင်မိသားစုအတွင်းသို့မွေးဖွား
လာခြင်းကြောင့် ထိုအရာအားလုံးကို သူပိုင်ဆိုင်ပြီးဖြစ်သည်။
ဘုရားသခင်၏ကြီးမြတ်သောကယ်တင်ခြင်း
ဤကယ်တင်ခြင်းတွင် နှစ်ဖက်ရှိပါသည်။
ကျွန်ုပ်တို့ဘက်၌ ကယ်တင်ခံရခြင်းကြောင့် ရရှိသောအရာ ဖြစ်သည်။ ဘုရားသခင်ဘက်၌ ဘုရားသခင်အလိုတော်အတိုင်း
ဖြစ်ရန် စီစဉ်လုပ်ဆောင်သောအရာ ဖြစ်ပါသည်။ ဘုရားသခင်၏ကြီး မြတ်သော ကယ်တင်ခြင်းအကြောင်းကို
ကောင်းစွာ သဘောပေါက်နားလည်ရန် ထာဝရကာလကိုပြန်ကြည့်ကြရမည်။
ပထမ လူသားအာဒံသည် ကျဆင်းပြီး လောကထဲသို့
အပြစ်နှင့်သေခြင်းတရားကို ယူဆောင်လာမည်ကို ဘုရားသခင် သိထား ပါသည်။ သို့သော် ထာဝရကာလကတည်းကပင်
ဘုရားသခင်သည် လူသားမျိုးတို့အား နောက် လူတစ်ယောက်၊ လူသား၊ ယေရှု ခရစ်တော်ကိုပေးဖို့စီစဉ်ထားပါသည်။
ဘုရားသခင်သည် ထိုလူသား၊ ခရစ်တော် ယေရှုကို ကျွန်ုပ်တို့ လက်ခံခြင်းဖြင့် သူ၏ရှေ့တော်၌ထာဝစဉ်ရှိစေဖို့အကြံအစည်ရှိခဲ့ပါသည်။
ကျမ်းစာက ““ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့် ကို ထောက်တော်မမူ၊ ရှေးကပ်ကာလမရောက်မှီ၊
ယေရှုခရစ်အားဖြင့် ငါတို့အဖို့ ကိုယ်တော်တိုင် ကြံစည်တော်မူသော ကျေးဇူးတော် နှင့်အညီငါတို့ကိုကယ်တင်၍၊
သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။”” ဟု ဆိုပါ သည်။ ၂တိ ၁း၉
ဤကြီးမြတ်ခြင်းကို သင်တွေ့ပြီလော၊
ဘုရားသခင်သည် ကျွန်ုပ်တို့၏အကျင့်ကြောင့်မဟုတ်ဘဲ၊ ရှေးကပ်ကာလ မတိုင်မီ ယေရှုခရစ်တော်အားဖြင့်သူ၏ကြံစည်တော်မူသောကျေးဇူးတော်ဖြင့်
ကျွန်ုပ်တို့ကို ကယ်တင်ခြင်းဖြစ်ပါသည်။
ဘုရားသခင်နှလုံးသားထဲ၌ အမြင့်မြတ်ဆုံးသော
အကြံအစည်တော်သည် အဘယ်နည်း။ ဘုရားသခင်ဝမ်းမြောက် ရန်အတွက် အထူးကောင်းကြီးခံစားရသည့်
လူတစ်စုရှိပါသလော။ ရှိပါသည်။ ယုံကြည်သူများပင်ဖြစ်သည်။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်
ယုံကြည်လက်ခံသူများကို ဘုရားသခင်သည် အထူးကောင်းကြီးပေးပါသည်။ ဧဖက်သြ၀ါဒစာတွင် ဘုရားသခင်သည်
သူဝမ်းမြောက်စွာ မွေ့လျော်ရန်အကြံအစည်ကိုပြောပြသည်။ ““ငါတို့သည် ဘုရားသခင်ရှေ့တော်၌
မေတ္တာအားဖြင့်သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက်ဖြစ်မည်အကြောင်း၊ ဤကမ္ဘာမတည်မရှိမှီ ငါတို့ကို
ခရစ်တော်၌ရွေး ကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့်ဆိုင်သောအရပ်တို့၌ ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို
ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့ သခင်ယေရှုခရစ်တော်၏ ခမည်းတော်ဘုရားသခင်သည်
မင်္ဂလာရှိတော်မူစေ သ တည်း။ ဧဖက် ၁း၃-၎
အံ့သြဘွယ်ရာပင်- ကမ္ဘာမတိုင်မှီဘုရားသခင်သည်
ခရစ်တော်၌ကျွန်ုပ်တို့ကို ရွေးနှုတ်ပြီးဖြစ်သည်။ ဤအချက်ကို ကျွန်ုပ်တို့ပြည့်ဝစွာနားမလည်နိုင်ပါ။
သို့သော် ကမ္ဘာမတိုင်မှီကတည်းကပင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၊ ကျေးဇူးတော် အကြံအစည်များအတွက်
ကျွန်ုပ်တို့သည် ဦးညွတ်၍ ရှိခိုးပူဇော်ရပါမည်။ ထိုထက်မက ဘုရားသခင်သည် ကျွန်ုပ်တို့အား
ခရစ်တော်၌ ၀ိညာဉ်ကောင်းကြီးအားလုံးကို ပေးသနားတော်မူသည်။ ဘုရင့်မိသားစုထဲ၌ မွေးလာသော
သားငယ်ကဲ့သို့ပင် ကျွန်ုပ်တို့အတွက် ခရစ်တော်၌ကြွယ်ဝခြင်း၊ အခွင့်အရေးများကို ကျွန်ုပ်တို့မသိကြပါ။
သို့သော်လည်း ထိုအရာအားလုံး သည် ကျွန်ုပ်တို့နှင့်သက်ဆိုင်ပါသည်။
ဘုရားသခင်၏အကြံစည်တော်၌ ကျွန်ုပ်တို့သည်
သူ၏ရှေ့တော်၌ သန့်ရှင်း၍ အပြစ်ကင်းစင်ရမည်။ ကမ္ဘာမတိုင် မှီ အလိုတော်အတိုင်း သန့်ရှင်း၍
အပြစ်မဲ့သောလူမျိုးရှိစေရန် ဘုရားသခင်စဉ်းစားဆင်ခြင်ခဲ့ရပုံကို တွေးကြည့်ပါ။ သခင် ခရစ်တော်၏အဖခမည်းတော်ဘုရားသည်
ကျွန်ုပ်တို့ကို သူ၏အလိုတော်အတိုင်းဖြစ်ရန် ထာဝရကာလတွင် စဉ်းစားဆင်ခြင် ခဲ့ပုံကို သိရှိသောအခါ
ဤအမှုသည် ကြီးမြတ်သောအမှုဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်လာပါသည်။ ““ထိုဘုရားသခင် သည်ချစ်တော်မူသောသားတော်ကြောင့်၊
ငါတို့အားပေးေးတ်ာမူသောကျေးဇူးတော်၏ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှါ၊ ငါတို့သည် ယေရှုခရစ်တော်အားဖြင့်
သားအရာကိုရမည်အကြောင်း အလိုတော်ရှိသောစေတနာအတိုင်း ရှေးမဆွကခွဲခန့် မှတ်သားတော်မူ၏။””
ဧဖက် ၁း၅
ဘုရားသခင်သည် ကျွန်ုပ်တို့အား
သန့်ရှင်း၍ အပြစ်မဲ့သောအစေခံများ မဟုတ်ဘဲ၊ သားများအဖြစ်ကြံစည်ခဲ့ပါ သည်။ ကျွန်ုပ်တို့သည်
ဘုရားသခင်၏အစေခံများအဖြစ် ထာဝစဉ်ကျေနပ်နိုင်သော်လည်း၊ ဤအရာသည် ဘုရားသခင် အလိုတော် မဟုတ်ပါ။
သူ၏အလိုတော်မှာ ကျွန်ုပ်တို့သည်ဘုရားသားများဖြစ်ကြရမည်။
ပျောက်သောသား
ပျောက်သောသား အကြောင်းပြန်လည်စဉ်းစားပြီး
ကျွန်ုပ်တို့အတွက် မြင့်မြတ်သောကယ်တင်ခြင်းနှင့် အမှန် တရားသစ်အချို့တို့အကြောင်းကို
သင်ယူကြပါစို့။
ပျောက်သောသားသည် ဝေးလံသောတိုင်းပြည်တွင်
ဝက်စာကျွေးနေရင်း သူ့ဖခင်၏အစေခံများဝလင်စွာ စား သောက်ရခြင်းကို စဉ်းစားမိနေသည်။ ထို့နောက်သူသည်
အဖေ့အိမ်သို့ ပြန်ပြီး““ကောင်းကင်ရော၊ အဖေ့ကိုပါ သားပြစ်မှား ခဲ့ပြီး၊ ကျွန်တော်ဟာ
သားအရာနှင့်မတန်ပါ။ ကျွန်တော့ကို အစေခံတစ်ယောက်အဖြစ် ငှါးရမ်းပါ””ဟု ပြောဖို့ ဆုံးဖြတ် လိုက်သည်။
သူသည်
အစေခံအဖြစ်ငှားရမ်းခံရမည်ကို ကျေနပ်သော်လည်း ထိုအချက်သည် သူ့အပေါ်ထားသော အဖေ၏ ချစ်ခြင်းမေတ္တာစိတ်ကိုတော့
မကျေနပ်စေနိုင်ပါ။ သူအိမ်ပြန်ရောက်သောအခါ အဖေက သူ့ကို ပွေ့ဖက်နမ်းပါသည်။ ထို အချိန်တွင်
ပျောက်သောသားသည် အပြစ်လွတ်ခြင်းခံရပြီး လက်ရှိအနေအထားအတိုင်း ပြန်လည်လက်ခံခြင်းရကြောင်း
သိ သွားသည်။
ဖခင်သည် ပျောက်သောသား၊ ညစ်ပေသောအ၀တ်များဝတ်ထားသည်ကို
ဒီအတိုင်း ကြည့်မနေပါ။ ဖခင် က အစေခံများကို ““မြတ်သောဝတ်ရုံကို ယူခဲ့၍သူ့ကိုခြုံကြ၊
သူ၏လက်၌လက်စွပ်တန်ဆာကို ဆင်ကြ။ ခြေနင်းကိုလည်း စီးစေကြ၊.........””ဟု အမိန့်ပေးသည်။
လုကာ ၅း၂၂ ကျွန်ုပ်တို့သည် နောင်တရသောအပြစ်သားများအဖြစ် ဘုရားသခင် ထံပြန်လာပါက ဘုရားသခင်သည်
ဆိုးညစ်သော ကျွန်ုပ်တို့ကို အပြစ်လွတ်၍ ပြန်လည် လက်ခံပါသည်။ ထို့ပြင် သူနှင့် သင့်
လျော်အောင် ကျွန်ုပ်တို့သည်ပြုပြင်ပါသည်။
အကောင်းဆုံးသောဝတ်ရုံ
ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်
ကျွန်ုပ်တို့ယုံကြည်သည်နှင့်တစ်ပြိုင်နက် ဘုရား သခင် ရှေ့တော်၌ ဖြောင့်မတ်သူ များဖြစ်ကြပါတော့သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ ထဲသို့ ခရစ်တော်ကိုထည့်သွင်းလိုက်ပါသည်။ ကျွန်ုပ်တို့ဖြောင့်
မှန်ခြင်းအတွက် ဖြစ်သည်။ သို့ဖြစ်၍ ““အကောင်းဆုံးဝတ်ရုံ””မှာခရစ်တော်ဖြစ်ပါသည်။
ဘုရားသခင်သည် ခရစ်တော်၏အလုံးစုံသော
တန်ဖိုးနှင့် အဆုံးမရှိသော ကောင်းကြီးမင်္ဂလာအားဖြင့် ကျွန်ုပ်တို့ကို လက်ခံကြောင်း သိစေချင်သည်။
သို့ဖြစ်၍ ဘုရားသခင်၏အသစ်သောဖန်ဆင်းခြင်းတွင် ကျွန်ုပ်တို့ သည် အသစ်သောသူ များ ဖြစ်ကြသည်။
ကျွန်ုပ်တို့သည် ခရစ်တော်ထဲ၌ ရှိနေပြီး။ ခရစ်တော်ကို သင်၏ အကောင်း ဆုံး ၀တ်ရုံအဖြစ်
ရရှိသောအခါ သင် ဘယ်လောက် ကောင်းသည်၊ ဆိုးသည်တို့ကိုစဉ်းစားစရာမလိုတော့ပါ။ ခရစ်တော်
ကိုယ်တိုင်သင်၏ဖြောင့်မှန်ခြင်း ဖြစ်သည်။ ခရစ်တော်၏ကောင်းကြီးမင်္ဂလာအပေါင်းနှင့်ပတ်ခြုံခံရခြင်းထက်
အရေးကြီးသောအရာဘယ်အရာမှမရှိပါ။
““လက်စွပ်””
ကျွန်ုပ်တို့သည် ဘုရားသားများဖြစ်သည့်အလျောက်
ဘုရားသခင်သည် ကျွန်ုပ်တို့ကို““လက်စွပ်””ပေးထားသည်။ ဖာရောဘုရင်သည် ယောသကိုလက်စွပ်ပေးခြင်းအားဖြင့်
““မင်း ငါ့ကို ကိုယ်စားပြုရမယ်””ဟုပြောလိုက်ခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဤလောကတွင်
သူ၏ကိုယ်စားလှယ်များအဖြစ် ရွေးထားခြင်းဖြစ်သည်။
““ခြေနင်းများ””
ခြေနင်း(ဖိနပ်)ဆိုသည်မှာ သားအရာကို
ဆိုလိုပါသည်။ သားများသာ ခြေနင်း စီးရသည်။ အစေခံများ မစီးရပါ။ ဘုရားသခင် ဘာပြောနေပါသလဲ။
ဘုရားသခင်ပြောနေသည်မှာ ““မင်းတို့သည် ငါ့သားတွေ၊ ဘ၀ခရီးတစ်လျှောက်လုံးမှာ မင်းတို့သည်
ဘုရားသားဖြစ်ကြောင်း သတိမမေ့ပါနှင့်””။
ကျွနု်ပ်တို့သည် ယခု ဘုရားသားများဖြစ်ကြပြီး၊
““ချစ်သူတို့၊ ယခုတွင် ကျွန်တော်တို့သည် ဘုရားသခင်၏သား ဖြစ်ကြ၏။”” ၁ယော ၃း၂
ဘုရားသခင်သည် ကျွန်ုပ်တို့အား
သူပေးနိုင်သမျှသော ဂုဏ်သိက္ခာကို ပေးခဲ့ပါပြီး၊ ဤလောကတွင် လှုပ်ရှားသွား လာစဉ် ကျွန်ုပ်တို့သည်
ဘုရားသားများဖြစ်ကြောင်း သတိရစေချင်သည်။ ဘုရားသားဖြစ်ရခြင်း၏ဂုဏ်သိက္ခာကို စဉ်းစား ကြည့်ပါ။
ကျွန်ုပ်တို့သည် ကိုယ်ကို မည်သူဖြစ်သည်ကို နားလည်လာသောအခါ ဘုရားသခင်နှင့်မထိုက်တန်သောအမှု၊
ညံ့ဖျင်းသောအမှုများကို ဘယ်သောအခါမှ လုပ်တော့မည် မဟုတ်ပါ။
““သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊
ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့၊ သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ။ အဘယ် သူကိုမျှမပြစ်မှားဘဲနေ၍၊
မဖြောင့်မမှန်ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏ သား ဖြစ် ကြလိမ့်မည်။””
ဖိလိပ်္ပိ ၂း၁၄-၁၅
““
ပုံဆောင်သောပုံပြင်၏ လျှို့ဝှက်ချက်””
““ပျောက်သောသား”” ပုံပြင်တွင်ဖော်ပြခြင်းမရှိသော
လျှို့ဝှက်ချက်သည် အံ့သြစရာပင်၊ ထိုလျှို့ဝှက်ချက်မှာ ခရစ်တော်သေခြင်းပင် ဖြစ်သည်။
ကျွန်ုပ်တို့၌ ၀တ်ရုံ၊လက်စွပ်နှင့်ခြေနင်းတို့ကိုအဘယ်ကဲ့သို့ရနိုင်မည်နည်း။ ခရစ်တော်
သေခြင်းသည် ထိုအရာအားလုံးအတွက်ဖြေရှင်းချက်ဖြစ်သည်။ အဘယ်ကြောင့် ကျွန်ုပ်သည် ဘုရားသား
ဖြစ်ရပါသနည်း။ ကျွန်ုပ်တို့အတွက် ခရစ်တော်သေခြင်းကြောင့် ဖြစ်ပါသည်။
ဘုရားသခင်သည်
ကျွန်ုပ်တို့အား သန့်ရှင်း၍ အပြစ်ကင်းလွတ် လျက် မေတ္တာအားဖြင့် သူ၏ရှေ့တော်တွင် ဘုရားသားများဖြစ်စေဖို့
ကြံစည် ခဲ့ပါသည်။
ပထမလူသားမှဖြစ်ပေါ်လာသော
အိမ်ထောင်စုမှာ အပြစ်သားများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အာဒံ၏ကလေး များဖြစ်သောကြောင့်
ဘုရား အကြံအစည်နှင့်ဆန့်ကျင်ခဲ့သည်။““.....ငါတို့သည် ပညာမဲ့သောသူ၊ နားမ ထောင်သော သူ၊
မှားယွင်းသောသူ၊ အထူးထူးအပြားပြားသော တပ်မက်ခြင်း၊ ကာမဂုဏ်ခံစားခြင်းအမှုတို့ကို ဆောင်ရွက်သောသူ၊
မနာလိုခြင်း၊ ငြူစူခြင်း၌ ကျင်လည်သောသူ၊ စက်ဆုပ်ရွံရှာဘွယ်သောသူ၊ အချင်းချင်းမုန်းသောသူ
ဖြစ်ကြ၏။”” တိတု ၃း၃
ကျွန်ုပ်တို့သည် အပြစ်များကြောင့် ဘုရားသခင်နှင့်ကွဲကွာပြီး
သေခြင်း နှင့် တရားစီရင်ခြင်း တရားအောက်သို့ ရောက်ခဲ့ သည်။
ဤကဲ့သို့သော
အပြစ်သားများသည် ဘုရားသခင်အရှေ့တော်တွင် အဘယ်ကဲ့သို့ သန့်ရှင်းပြီး အပြစ်လွတ်နိုင်ပါ
မည်နည်း။ အဖြေကသည်၊ ကားတိုင်ပေါ်တွင် ခရစ်တော်သေခြင်းကြောင့်ဖြစ်ပါသည်။
““အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို
ငါတို့အတွက်ကြောင့်အပြစ်ရှိ သောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့်
ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ် မည် အကြောင်းတည်း။”” ၂ကော ၅း၂၁
ဘုရားသခင်သည် ခရစ်တော်အားဖြင့်
သူ၏အကြံတော်နှင့်ကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့ကို ကမ္ဘာမတိုင်မှီက ပင် ကယ်တင်ပြီး
ခေါ်ယူခဲ့ကြောင်း ကျမ်းစာက ပြောပါသည်။ ဘုရားသခင်၏အကြံတော်သည် ယခုအခါ အကောင်အထည် ပေါ်လာပါပြီး။
ခရစ်တော်သည် လောကသို့ဆင်းလာပြီး အပြစ်ကိစ္စတစ်ခုလုံးကို ကားတိုင်ပေါ်တွင် အသေခံခြင်းဖြင့်
ရှင်းခဲ့ ပါပြီး။ သူသည် သေဆုံးသူများထဲမှ ရှင်ပြန်ထမြောက်လာပြီး ဘုရားသခင်၏အသစ်ဖန်ဆင်းခြင်း၏ဦးခေါင်း
ဖြစ်ခဲ့သည်။
ခရစ်တော်အသေခံခြင်းသည် ဘုရားသခင်အကြံတော်ဖြစ်မြောက်ရေးအတွက်
မြတ်သောအမှုဖြစ်ပါသည်။ ““အထက်က ဘုရားသခင်နှင့်ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကိုကျင့်သဖြင့်
စိတ်နှလုံး၌ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ဓာ၌ အသေခံတော်မူသောအားဖြင့်၊ ယခုမိဿဟာယဖွဲ့စေတော်မူ၏။””
ကောလောသဲ ၁း၂၁-၂၂
ခရစ်တော်အားဖြင့်
ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ပြန်လည်မိဿဟာယဖွဲ့ခြင်း
ဘုရားသခင်နှင့်ပြန်လည်မိဿဟာယဖွဲ့ရခြင်းဆိုသည်မှာ
ဘုရားရှေ့တွင် လုံးဝ သင့်လျော်အောင် ပြုလုပ်ခံရခြင်း ကို ဆိုလိုပါသည်။ ““အကြောင်းမူကား၊
ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော်အသေခံတော်မူခြင်းအားဖြင့်၊ ငါတို့ သည် ဘုရားသခင်နှင့်မိဿဟာယဖွဲ့ခြင်း
ကျေးဇူးတော်ကိုခံရသည်......”” ရော ၅း၁၀
ပျောက်သောသားသည် ဖခင်အရှေ့တွင်
လုံးဝ သင့်လျော်အောင် ပြုပြင်ခံခဲ့ရသည်။ မေတ္တာအားဖြင့် ဖခင်ရှေ့တွင် သန့်ရှင်းအပြစ်ကင်းသူ
ဖြစ်ခဲ့သည်ဟု ပြောနိုင်ပါသည်။ သူသည် ဖခင်နှင့် သင့်လျော်ကြောင်းကို ၀တ်ရုံ၊ လက်စွပ်နှင့်ခြေ
နင်း တို့က သိစေသည်။ ဖခင်သည် သူ့ကို ချစ်ခင်မွေ့လျော်သည့် အသိဖြင့် ပျောက်သောသား
ဖြစ်နေရပါသည်။
““မင်း ပြန်ရောက်ကတည်းက
ဖခင်နဲ့ ဘယ်လို အခြေအနေရှိသလဲ””ဟု သူ့ကို မေးပါက ““အကောင်းဆုံး ဆက်ဆံရေး အခြေအနေ ရှိနေပါတယ်။
ကျွန်တော်ဟာ သူ့အတွက် ပျော်ရွှင်မွေ့လျော်ရာဖြစ်တယ်။ သူ ကျွန်တော်ကို သိပ်ချစ်တဲ့အတွက်
သူနဲ့နေရတာ ၀မ်းသာပါတယ်””လို့ပြန်ဖြေခဲ့မှာပါ။
မိတ်ဆွေ၊ သင်သည် ခရစ်တော်အားဖြင့်
ဘုရားသခင်နှင့်ပြန်လည်မိဿဟာယဖွဲ့ခံရပြီး ဆိုတာ သိရဲ့လား၊ သင် ဟာ ဘုရားသခင်အတွက်ပျော်ရွင်မွေ့လျော်ရာဖြစ်ကြောင်းသိပါသလား၊
ဘုရားသခင်၏မြတ်သော ကယ်တင်ခြင်းကြောင့် သင် ၀မ်းမြောက်နေပါသလား။
ချစ်သော
သား အားဖြင့်ကျွန်ုပ်တို့ကို ဘုရားသခင် လက်ခံခဲ့ပါသည်။
ဘုရားသည်သူ၏မြင့်မြတ်သော ကယ်တင်ခြင်းတွင်
မေတ္တာဖြင့် သူ့ရှေ့တော်၌ယုံကြည်သူအားလုံးကို သန့်ရှင်း၍ အပြစ်ကင်းသောသားများအဖြစ် ထားပါသည်။
““ထိုဘုရားသခင်သည် ချစ်တော်မူသောသားတော်ကြောင့် ငါတို့အား
ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှါ၊ ငါတို့သည် ယေရှုခရစ်တော်အားဖြင့်
သားအရာကို ရမည်အကြောင်း၊ အလိုတော် ရှိသော စေတနာ အတိုင်းရှေးမဆွကပင် ခွဲခန့်မှတ်သား
တော်မူ၏။”” ဧ ၁း၆-၇
““ချစ်သောသား”” မှာခရစ်တော်ဖြစ်သည်။
ဘုရားသခင်သည်သူ၏““ချစ်သောသား”” ကဲ့သို့ပင် ကျွန်ုပ်တို့ကို နေရာ ပေးပါသည်။ သူ၏““ချစ်သောသား””
ကိုချစ်သကဲ့သို့ ကျွန်ုပ်တို့ကိုလည်း ချစ်ခြင်းမေတ္တာ၌ မွေ့လျော်၍ လက်ခံ ပါသည်။ ကျွန်ုပ်
တို့ကိုဘုရားသခင်က ချစ်သောသား၌လက်ခံပြီဖြစ်သည်။
သားအရာ၏၀မ်းမြောက်ခြင်းအေးကြာင်း
သားတော်ကိုယုံကြည်သူများအတွက်
ဘုရားသခင်ချပေးသောကောင်းကြီးမင်္ဂလာများသည် ကျွန်ုပ်တို့တွေးဆနိုင် သည်ထက် သာလွန်ပါသည်။
ကျွန်ုပ်တို့အပြစ်များလွတ်သည်။
ဖြောင့်မတ်သူများအဖြစ် ထင်ရှားစေသည်။ ဘုရားသခင်အရှေ့တော်၌ ဖြောင့် မတ်သူများ အဖြစ်
မှတ်ယူခံရသည်။ ခရစ်တော်၌အသစ်သောလူဖြစ်သည်။ ခရစ်တော်ကိုယ်တိုင် ကျွန်ုပ်တို့၏ ဖြောင့်မတ်
ခြင်း ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်လည်း ကျွန်ုပ်တို့အတွင်း၌ကိန်းဝပ်သည်။ ကျွန်ုပ်တို့အတွက်
ဘုရားသခင် လုပ်ပေး သောအရာများအထဲမှအထွဋ်အထိပ်ဆုံးကတော့ သားအရာပင်ဖြစ်သည်။ ကျွန်ုပ်တို့ကိုသူ၏သားဖြစ်စေသည်။
ဤအံ့သြဖွယ် ကောင်းကြီးမင်္ဂလာများ၏အခြေအမြစ်သည်
ခရစ်တော်၏ကားတိုင်ပေါ်တွင် အသေခံခြင်းပင် ဖြစ် သည်။ ကျွန်ုပ်တို့သည် အသွေးတော်အားဖြင့်
ရွေးနှုတ်ခြင်း ခံရသည်။ မြင့်မြတ်သောသူ ခရစ်တော်၏ အသွေးသွန်းခံရ သည်။ ဘုရားသခင်သည် သူ၏စိတ်ထဲ၌ရှိသောအကြံစည်တော်ဖြစ်မြောက်ဖို့အတွက်
မည်မျှပင် အဖိုးအခကြီးသည် ဖြစ်ပါ စေ၊ တကယ်ပင်လုပ်ပါသည်။ဘုရားသခင်သည် ကျွန်ုပ်တို့အားသားအရာထက်ကြီးသောဆုမပေးနိုင်တော့ပါ။
ဘုရားသား ဖြစ်ခြင်းဆိုသည်မှာ အဘယ်နည်း။ အဓိပ္ပါယ်ကတော့ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို
သိမြင်စေနိုင်သော အရာပင်ဖြစ်ပါ သည်။ သားအရာဆို သည်မှာ အဖဘုရားရှေ့တော်တွင် ခရစ်တော်ပျော်ရွင်မှုခံစားသလို
ခံစားရခြင်း၊ ခရစ်တော်ချစ်ခြင်း ခံရ သလို အချစ်ခံရခြင်း၊ ခရစ်တော်၏အပေါင်းအဖော်ဖြစ်ခြင်းတို့
ဖြစ်သည်။
ခရစ်တော်တွင် ဘုရားသခင်အတွက်
ဂုဏ်ထူးနှင့်ဘုန်းအသရေချီးမြောက်ခြင်း ရှိသည်။ ဤအရာကို အခြား မည် သူ မျှ မသိနိုင်ပါ။
သို့ဖြစ်လင့်ကစား၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းအာနုဘော်တွင် ပျော်မွေ့ပါဝင်မည်။
အဖဘုရား သည် ခရစ်တော်ကို ချစ်သည်နည်းတူ ကျွန်ုပ်တို့ကိုလည်း ချစ်ပါသည်။ ခရစ်တော်သည်
အဖခမည်းတော်ထံ ဆုတောင်းရာ တွင်““ငါတို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့၊ အကျွနု်ပ်သည်
သူတို့၌ရှိ၍၊ ကိုယ်တော်သည်လည်း အကျွန်ုပ်၌ရှိ တော်မူ သောအားဖြင့် သူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍၊
တစ်လုံးတစ်ဝတည်း၌စုံလင်စေခြင်းငှါ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ် ကိုစေလွှတ်တော်မူကြောင်းနှင့်
အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကိုလည်း ချစ်တော် မူ ကြောင်း ကို လောကီသားတို့သည်
သိစေခြင်းငှါ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည်
သူတို့အား ပေးပါပြီ”” ယော ၁၇း၂၁-၂၂
ကျွန်ုပ်တို့သည် ကိုယ်ကိုကြည့်၍သော်၎င်း၊
အခြားယုံကြည်သူများကို ကြည့်ခြင်းဖြင့်သော်၎င်း၊ သားအရာ၏ အဓိပ္ပါယ် ကို မသင်ယူနိုင်ပါ။
ချီးမြှင့်ခြင်းခံရသော ခရစ်တော်ကို ကြည့်ခြင်းဖြင့်သာ သင်ယူနိုင်ပါသည်။ ဘုရားရှေ့တော်တွင်
ချီးမြှင့်ခြင်းခံရသောလူသား ယေရှုသည်၊ ဘုရားရှေ့တွင် ပြည့်စုံသော လက်ခံခြင်းကို ရမည့်နေရာကို
ကျွန်ုပ်တို့အားပြသပါ သည်။ သူသည် ““သားတော်”” ဖြစ်သည်။ ကျွန်ုပ်တို့လည်း သားများဖြစ်ပြီး
ခရစ်တော်၏ပြည့်စုံခြင်းကြောင့် ဘုရားသခင် က ကျွန်ုပ်တို့ကို လက်ခံပါသည်။
““ငါက အားနည်းပြီး ဆင်းရဲသူ၊
ဘုရားသားလို့ ကိုယ်ကို မထင်ပါဘူး”” ဟု ရံဖန်ရံခါ ခံစားရပါမည်။ သို့သော်ခံ စားချက်ဆိုသည်မှာ
ဖြစ်ရပ်မှန် မဟုတ်ပါ။ ဘုရားရှင်အရှေ့မှာ ငါ၏ဖြစ်ရပ်မှန်ကား အဘယ်နည်း။ ဖြစ်ရပ်မှန်က
ငါသည် ဘုရားသားဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သားအရာပေးရခြင်းကို ၀မ်းမြောက်သည်ဆိုသည့်အချက်
ကျွန်ုပ်တို့ ရင်ဝယ် ပိုက်ထားရန် အချိန်အတော်ကြာ ယူရပါသည်။ သားအရာသည် ဘုရားအတွက်ဖြစ်ပြီး၊
ထိုအရာတွင် ဘုရားသခင် ၀မ်းမြောက်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်တွင် သားအရာရခြင်းထက်
အခြား ဘယ်အရာမှ သူ၏စိတ်ကို မထိတွေ့ပါ။
““ဘုရား၏သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို
ငါတို့သည် ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။
ယခုတွင် ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏...”” ၁ယော၃း၁-၂
ကျွန်ုပ်တို့၏““သားအရာ””ကို သိရန်အတွက်
ကျွန်ုပ်တို့ကို ဘုရားသခင်သည် သူ၏၀ိညာဉ်တော်ကို ပေးထား သည်။ ထိုဝိညာဉ်သည် ကျွန်ုပ်တို့အား
ကျွန်များကဲ့သို့ ချည်နှောင်သော ၀ိညာဉ် မဟုတ်ဘဲ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်၍
သူ ထံသို့ ကြောက်ရွံ့ခြင်းမရှိဘဲ ချဉ်းကပ်နိုင်သည်ကို သိစေသော ၀ိညာဉ် ဖြစ်ပါသည်။
““ဘုရားသခင်၏သားဖြစ်ကြ၏။ အကြောင်းမူကား၊
သင်တို့သည် တဖန် ကြောက်ရွံ့တတ်သော ကျွန်၏ သဘောကို ရကြသည်မဟုတ်။ အဗ္ဗအဘဟု ခေါ်ရသော အခွင့်နှင့်သားဖြစ်ခြင်း၏သဘောကိုရကြပြီ။””
ရော ၈း၁၄-၁၅
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းအသရေစံနစ်နှင့်ဆိုင်သည်။
ထိုဘုန်းအသရေစံနစ်ကို ခရစ်တော်ပြန်ကြွလာ ပြီး လောကကြီးကိုအုပ်ချုပ်သောအခါ၌ ဖွင့်ဟခြင်းခံရမည်။““ငါတို့သည်
ဘုရားသခင်၏သားဖြစ်ကြသည်ဟု ၀ိညာဉ်တော် သည် ငါတို့၏၀ိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ သားဖြစ်လျှင်အမွေခံ၊
ဘုရားသခင်၏အမွေခံဖြစ်ကြ၏။ ခရစ်တော် နှင့် အတူဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်
အတူဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံ လည်း ဖြစ်ကြ၏။ ရော ၈း၁၆-၁၇
ဘုရားသခင် အခု ဘာလုပ်နေပါသနည်း။
““သားအရာ””ရသူ၊ ကျွန်ုပ်တို့သည် မကြာခင်အချိန်တွင် ပိုင်ဆိုင်တော့ မည့် ကောင်းကင်၌ပေါ်ထွန်းလတံ့သောဘုန်းကို
ဘုရားသခင်ထုတ်ပေးနေပါသည်။ ကျွန်ုပ်တို့သည် လောကတွင် ဆင်းရဲ ဒုက္ခ ခံရမည်ဖြစ်သော်လည်း
ဘုရားသားများအနေဖြင့် ရကြမည့် ဘုန်းအသရေနှင့် နှိုင်းးယှဉ်ပါက ထိုဆင်းရဲဒုက္ခခြင်းများ
သည် ဘာမှ မဟုတ်တော့ပါ။ တမန်တော်ရှင်ပေါလုက ““ငါတို့အား ပေါ်ထွန်းလတံ့သောဘုန်းကို ထောက်သော်၊
ယခု မျက်မှောက် ကာလ၌ခံရသောဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။”” ရော ၈း၁၈
အတိုချုပ်သော်
ဘုရားသခင်သည် သူ၏စိတ်ပျော်မွေ့ကျေနပ်မှုအတွက်
ကျွန်ုပ်တို့ကို““သားအရာ””ပေးပါပြီး။ ကျွန်ုပ်တို့သည် မေတ္တာဖြင့် ဘုရားသခင်၏ရှေ့တော်တွင်
သန့်ရှင်း၍အပြစ်ကင်းစင်သောသားများဖြစ်ကြပြီး။
ပြန်လည်သုံးသပ်ချက်
အခွင့်အရေးနှင့်တာဝန်
ယုံကြည်သူများအနေဖြင့် ကြီးသောအခွင့်အရေး
ရှိသလို၊ တာဝန်များလည်း ပါလာပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပထမဦးဆုံး အခွင့်အရေး
ပေးသည်။ ထို့နောက် ကျွန်ုပ်တို့လုပ်ရမည့် တာဝန်များကို ပြောပါသည်။ ဘုရားသ ခင်သည် ကျွန်ုပ်တို့ကို
သားအရာနှင့်ခရစ်တော်၏၀ိညာဉ်တော်ကို ပေးထားပါသည်။ ကျွန်ုပ်တို့ကို ဘုရားသခင် ပေးနိုင်
သမျှသည် ခရစ်တော်နှင့်ဝိညာဉ်တော်တို့ထဲ၌ ထုပ်ပိုးထားပါသည်။
ဤအချက်အတွက် ဘုရား၏အကြံစည်တော်က
အဘယ်နည်း။ ဘုရားသခင်၏အကြံစည်တော်မှာ ကျွန်ုပ်တို့ သည် ဘုရားသားများအဖြစ်၊ အယောက်စီတိုင်း
လောကတွင် ခရစ်တော် နေခဲ့သော အသက်တာအတိုင်း ဆက်လက် နေသွားရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည်
ဘုရားသခင်အကြောင်းကို လူအများတို့အား ပြောပြရန်ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းနှင့် လောကတွင်
သက်သေခံချက်များကို သူကဲ့သို့ ပြုမူသော သားသမီးအတွင်း၌ပြသရမည်။ ကျွန်ုပ်တို့ကို ဘုရားသခင်က
ပြောနေရာတွင် ““မင်းတို့ဟာ ငါရဲ့သားတွေ၊ မင်းတို့ဟာ ငါနဲ့ တူရမည် ဖြစ်ပြီး ငါ၏သဘောသဘာဝကို
ကယ်တင်ခြင်း မရရှိသေး သောသူများအားပြသရမည်။””
ယေရှုက ““ကိုယ်နှင့်စပ်ဆိုင်သောသူကို
ချစ်လော့။ ရန်သူကိုမုန်းလော့ဟူသော ပညတ်စကားကို သင်တို့ကြားရ ပြီ။ ငါပညတ်သည်ကား၊ သင်တို့သည်
ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သားဖြစ်လိုသောငှါ၊ သင်တို့ ရန်သူတို့ကို ချစ်ကြလော့။
သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။
သင်တို့ကို နှောင့်ယှက်ညှင်းဆဲသောသူတို့အဖို့ ဘုရားသခင်ကိုဆုတောင်းကြလော့။ အကြောင်းမူ
ကား၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖသည် ကောင်းသောသူ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏
နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုဃ်းကိုရွာစေတော်မူ၏။””
မဿဲ ၅း၄၃-၄၅။ အရင်ကကျွန်ုပ်တို့သည် ““နာမခံသော ကလေးများ”” ဖြစ်ပြီး၊ ယခုအခါ““နာခံသောကလေးများ””ဖြစ်လာသည်။
““အထက်က သင်တို့သည် မှောင်မိုက်ထဲမှာ
ကျင့်သောတပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင် တတ်သောသူငယ်ကဲ့သို့ဖြစ်၍၊........ငါသည်
သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ ကျမ်းစာလာသတည်း””
၁ပေ ၁း၁၄-၁၆
ဓမ္မသစ်ကျမ်းထဲတွင် ဘုရားသခင်သည်
ကျွန်ုပ်တို့ကို ထပ်ခါတလဲလဲ အလုပ်တာဝန်ကို အရင်ပေးပါသည်။ ကျွန်ုပ် တို့သည် ခရစ်တော်နှင့်အတူ
ထမြောက်ကြပြီလော၊ ဘုရားနှုတ်ကပတ်တော်က““....သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည် မှန်လျှင်၊
ဘုရားသခင်၏လက်ျာတော်ဘက်မှာ ခရစ် တော်သည် ထိုင်နေတော်မူရာအရပ်၌ရှိသော အထက် အရာတို့ကို
ရှာကြ လော့။ မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်းသောစိတ်မရှိကြနှင့်။ အထက်အရာတို့ကိုသာ
စိတ်စွဲလမ်း ခြင်းရှိကြလော့။””ဟုဆိုပါသည်။ ကောလောသဲ ၃း၁-၂
ကျွန်ုပ်တို့သည် ဘုရားသခင်၏ခေါ်တော်မူခြင်းခံရသော
လူ အစည်း အဝေး ဖြစ်သလော၊ ကျွန်ုပ်တို့သည် ၀ိညာဉ် တစ်ခုတည်းတွင် ပါဝင်သူများဖြစ်သလော၊
ခရစ်တော်ခန္ဓာကိုယ်၏ အင်္ဂါအသီးသီး ဖြစ်ကြ သလော။ ထိုသို့ဖြစ်ပါက ပြောခဲ့သည့်အတိုင်း လုပ်ရပါလိမ့်မည်။
ဧဖက် သန့်ရှင်းသူ တို့ထံ တမန်တော်ရှင်ပေါ်လုရေးခဲ့ရာတွင် ““ခေါ်တော်မူခြင်း ကျေးဇူးတော်ကို
သင့်တို့ခံရသည် နှင့် အထိုင်အလျောက် ကျင့်ဆောင် မည် အကြောင်း၊ သခင်ဘုရားအတွက်ကြောင့်
အကျဉ်းခံရ သော ငါသည် သင်တို့ကို တိုက်တွန်း နှိုးဆော်၏။ အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့
သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း နှင့် ပြည့်စုံသဖြင့် မေတ္တာစိတ်နှင့် တစ်ယောက်ကို တစ်ယောက် သည်းခံခြင်း ရှိကြ၍၊ အသင့် အတင့် ပေါင်းဖော်ခြင်း၊
အဖွဲ့ အစည်း အားဖြင့်၊ သင် တို့သည် အချင်းချင်း စိတ်သဘောမခြားမနား တစ်လုံးတစ်ဝတည်း
ဖြစ်အံ့သောငှါ ကြိုးစား အားထုတ်ကြလော့”” ဟု ဆိုပါ သည်။ ဧဖက် ၄း၁-၃
မေးခွန်းများ
၁။ ဘုရားသခင် ကျွန်ုပ်တို့ကိုကယ်တင်၍ ခေါ်ယူခြင်းအကြောင်းမှာ
(က) ကျွန်ုပ်တို့ စွမ်းရည်နှင့်ကောင်းသောအလုပ်များကြောင့်
(ခ) ကမ္ဘာမတိုင်မှီ ခရစ်တော်ယေရှု၌ပေးသောကျေးဇူးတော်နှင့်ဘုရားအကြံအစည်ကြောင့်ဖြစ်ပါသည်။
၂။ ဘုရားသခင်သည် သူ၏ချစ်ခြင်းနှင့်ပျော်ရွင်မှုကိုကျေနပ်စေရန်
မည်သို့သောလူစုကို အထူးကောင်းကြီးပေးခဲ့ပါသနည်း။
(က) ဓမ္မဟောင်းယုံကြည်သူများ
(ခ) ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်ယုံကြည်သူများ
၃။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြင့် ကျွန်ုပ်တို့ကို
သန့်ရှင်း၍ အပြစ်ကင်းသူများဖြစ်အောင် ကြံစည်ခဲ့ရခြင်း အကြောင်းမှာ
(က) ဘုရားသားများဖြစ်ရန်
(ခ) ဘုရားအစေခံများဖြစ်ရန်
၎။ ““ပျောက်သောသား”” ပုံပြင်ထဲမှ ““၀တ်ရုံ””သည်
(က) ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဖြောင့်မှန်ခြင်း
(ခ) ခရစ်တော် ဖြစ်သည်။
၅။ ““ လက်စွပ် ”” ဆိုသည်မှာ
(က) ဂုဏ်အသရေနှင့်အာဏာကိုပုံဆောင်သည်။
(ခ) တန်ဆာဆင် လက်ဝတ်ရတာနာ
၆။ ““ခြေနင်း”” သည်
(က) သားအရာကိုဆိုလိုသည်။
(ခ) ကာကွယ်ခြင်းကို ဆိုလိုသည်။
၇။ ကျွန်ုပ်တို့သည် အကောင်းဆုံးဝတ်ရုံ၊ လက်စွပ်နှင့်
ခြေနင်းရှိခြင်းအကြောင်းမှာ
(က) ကျွန်ုပ်တို့အတွက် ခရစ်တော်အသေခံခြင်းကြောင့်
(ခ) ဘုရားသခင်သည် ကျွန်ုပ်တို့ကို သနားသောကြောင့်
၈။ ဘုရားသခင်နှင့်ပြန်လည်မိဿဟာယရခြင်းဆိုသည်မှာ
(က) ကျွန်ုပ်တို့အပေါ်ဘုရားသခင် အမျက်ဒေါသ မရှိတော့ပါ။
(ခ) ဘုရားသခင်သည် ကျွန်ုပ်တို့ကိုသူနှင့်သင့်လျော်အောင်ပြုပြင်သည်။
၉။ ယုံကြည်သူများကို ဘုရားသခင် ဂတိပေးသောကောင်းကြီးများမှာ
(က) ပြည့်စုံသောကျန်းမာရေး၊ လောကစည်းစိမ်းနှင့်သက်သာသောဘဝ
(ခ) အပြစ်လွှတ်ငြိမ်းခြင်း၊ ဖြောင့်မှန်ကြောင်းထင်ရှားစေခြင်း၊ သန့်ရှင်းသော
ဝိညာဉ်တော် ကိန်းဝပ်ခြင်းနှင့် သား
အရာ တို့ ဖြစ်သည်။
၁၀။ ယခုဘုရားသခင် ကျွန်ုပ်တို့အတွက် ဘာလုပ်နေပါသလဲ။
(က) ကမ္ဘာမြေပေါ်တွင် သက်တောင့်သက်သာ နေရအောင် လုပ်နေပါသည်။
(ခ) ဘုရားသားများအနေဖြင့် ကိုယ်ပိုင်ရမည့် ကောင်းကင်ပေါ်မှာ ပေါ်ထွန်းလတံ့သောဘုန်းကို
ပြုလုပ်နေပါသည်။
0 comments:
Post a Comment