သင်ခန်းစာ (၁၀)
သာ၍ကောင်းသော ယဇ်ကောင်
ကမ္ဘာဦးမှစ၍ ခရစ်တော်လက်ထက်တိုင်အောင် တိရစ္ဆာန်များကို ယဇ်ကောင်အဖြစ် ပူဇော်တတ်ကြသည်။ မုန့်  ညက်၊ မုန့်  အမျိုးမျိုးတို့ ကို လည်း ပူဇော် တတ်ကြသည်။ သို့ သော် ထိုအရာများသည် အရိပ်များသာဖြစ်၍ ထာဝရဘုရား အားရနှစ်သက်တော် မမူသောကြောင့် ကျမ်းစာက ဤသို့  ဆို ခဲ့သည်။ ထိုကြောင့် ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ အိုဘုရားသခင် ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍ အကျွန်ုပ်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။ မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြုရေးထားသည်နှင့်အညီ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည် ဟု အကျွန်ုပ် ၀န်ခံပါသည် ဟု လျှောက်ဆို၏။ (ဟေဗြဲ ၁၀း၅-၈)
ဘုရားသခင်သည် အဘယ်ကြောင့် ခရစ်တော်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူသနည်း ဟူမူကား သူ၏ ကိုယ်ခန္ဓွာကို ယဇ်ကောင် အဖြစ် သုံးဘို့  ရန်ဖြစ်သည်။ ခရစ်တော်သည် ကောင်းကင်၌ ရှိနေလျှင် ၀ိညာဉ်အားဖြင့် ရှိသဖြင့် ယဇ်ကောင် မဖြစ်နိင်ချေ။ အကြောင်းမှာ ၀ိညာဉ်သည် မသေ နိင်ချေ။ ထို့ကြောင့် ယဇ်ကောင်အဖြစ် ပူဇော်နိင်ရန် ခမည်းတော်ဘုရားက ခန္ဓာကိုယ် ပြင်ဆင်ပေးခြင်း ဖြစ်သည်၊ ထိုမျှ သာမက လူကို ကိုယ်စားပြု အသေခံမှာ ဖြစ်သော ကြောင့် လူကဲ့သို့  ကိုယ်ခန္ဓာ ရှိရခြင်းဖြစ်သည်။ ကျမ်းစာက-ထို အလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါ တည်း ပူဇော် သောအားဖြင့်၊ ငါတို့ သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။ (ဟေဗြဲ၊ ၁၀း၁၀)
ဘုရားသခင်သည် အရိပ်များဖြစ်သော တိရစ္ဆာန်နှင့် ပူဇော်ခြင်းကို အားရ နှစ်သက်တော်မမူသောအခါ သူ၏ သားတော် ယေရှုခရစ်ကို ကိုယ်ခန္ဓာ ပြင်ဆင်တော်မူသည်။ အဘယ် အတွက် ပြင်ဆင်တော်မူသနည်း။ ယဇ်ကောင် ဖြစ်ဘို့  ရန် ဖြစ်သည်။ ထိုသို့ ယဇ်ကောင်ဖြစ်ဘို့ ရန် ဘုရားသခင်သည် သားတော်ကို ကမ္ဘာ မတည်မရှိမှီ ကတည်းက ခွဲခန့်  မှတ်သားထားကြောင်း ရှင်ပေတရုက ဤသို့ ဆိုသည်။-ထို ခရစ်တော်ကား ဤ ကမ္ဘာ မတည် မရှိမှီ ခန့် ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့  အဘို့၊ ဤ နောက်ဆုံးသော ကာလ၌ ထင်ရှား တော်မူပြီ၊၊ (၁ ပေ ၁း၂၀)
ထိုကြောင့် အကြင်သူသည် ဘုရားသခင်ထံသို့ ချဉ်း၏။ ထိုသူသည် ယဇ်ကောင် အဖြစ် ယေရှုခရစ်ကို မယူ ဆောင်ဘဲ၊ အခြားအရာများ ဖြစ်သော၊ အကျင့်ကောင်းခြင်း၊ အလှူငွေ၊ ဆက်ကပ်ခြင်း၊ ဆုတောင်းခြင်း၊ နှိမ့်ချခြင်း၊ ချစ်ခြင်း မေတ္တာများကို ယူဆောင်လာ ပါက ဘုရားအမြင်၌ ထိုအရာများသည် ညစ်သော အ၀တ်စုတ် မျှသာဖြစ်၍ ကာဣနကဲ့သို့ ဘုရားသခင်၏ပယ်ခြင်းကို ခံရမည်သာ ဖြစ်သည်။ သို့သော် ဘုရားသခင် ကိုယ်တော်တိုင် ပြင်ဆင် ပေးသော သားတော် ယေရှုကို ယဇ်ကောင်အဖြစ်ယူဆောင် လာပါက ဘုရားသခင်၏စိတ်တော်နှင့်တွေ့  ၍ ထို သူ၏ ပူဇော်ခြင်းသည်လည်း လက်ခံ မည်သာ ဖြစ်သည်။
တဖန်ကျမ်းစာက-ယခုမှာ လူလက်ဖြင့် မလုပ် ဤ လောကဓာတ်နှင့်မစပ်ဆိုင်၊ သာ၍ ကြီးမြတ် စုံလင်သော တဲတော်၌၊ နောက် မင်္ဂလာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည်၊ ငါတို့ အဘို့ ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိ အသွေးတော်နှင့် သန့် ရှင်းရာ ဌာန ထဲသို့  တခါတည်း ၀င်တော်မူ၏။ အကြောင်း မူကား၊ အညစ်အကြေးရှိသော သူတို့ အပေါ်၌ ဖြန်းသော နွား အသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ ပြာသည်၊ သူတို့ ကိုယ်ခန္ဓာ၌ စင်ကြယ်ြခင်းကို ပြုနိုင်သည် မှန်လျှင် ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို ထာဝရ ၀ိညာဉ်တော်အားဖြင့် ဘုရားသခင်၏ ရှေ့၌ တင်လှူ ပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သော အကျင့်ကို ပယ်ရှင်း၍ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ၀တ်ြပုမည် အကြောင်း သင်တို့ ကိုယ်ကိုကိုယ် သိသောစိတ် ကို စင်ကြယ်စေခြင်းငှါ၊ သာ၍ တတ်နိုင်တော်မူသည် မဟုတ်လော။ ထိုကြောင့် ပဌမ ပဋိညာဉ် တရားလက်ထက်၌ ပြစ်မှားသော အပြစ်ကိုလည်း လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံတော် မူသည်ဖြစ်၍ ခေါ်တော် မူသောသူတို့ သည် ဂတိတော်နှင့် ယှဉ်သော ထာဝရ အမွေကို ခံရမည် အကြောင်း ထိုသို့ သခင်သည် ပဋိညာဉ် တရားသစ်၏အာမခံ ဖြစ်တော်မူ၏။ (ဟေဗြဲ ၉း၁၁-၁၅)
အထက်ပါ ကျမ်းပိုဒ်များအရ ခရစ်တော်သည် လောကတဲတော်၌ မဟုတ်၊ ကောင်းကင် တဲတော်စစ်၌ ကိုယ်တိုင် ယဇ်ပုရောဟိတ်ဖြစ်လျက် နွားကလေး အသွေးနှင့် ဆိတ်အသွေးနှင့် မဟုတ် မိမိအသွေးတော်နှင့် သန့် ရှင်းရာ ဌါနထဲသို့ 
တခါ တည်း ၀င်တော်မူသည်ဟု ဆိုသည်။ အဘယ်ကြောင့် တခါတည်း ၀င်တော်မူသနည်း ဟူမူကား နောက်တဖန် ၀င်စရာ မလိုတော့သောကြောင့် ဖြစ်သည်။
ဓမ္မဟောင်းကာလ၌ လူသေကို ထိသောသူများသည် မသန့်ရှင်းသည်ဖြစ်၍ နွားကလေး၏ပြာနှင့် ဆေးကြော ရသည် (တော ၁၉)။ သို့ သော် ယခု အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရ၀ိညာဉ်တော်အားဖြင့်၊ ဘုရားသခင့် ရှေ့ တင်လှူ ပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်း နှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ၀တ်ပြုမည် အကြောင်း၊ သင်တို့၌ ကိုယ်ကို ကိုယ် သိသောစိတ်ကို စင်ကြယ် စေခြင်းငှါ၊ သာ၍ တတ်နိုင်တော်မူသည် ဟုဆိုသည်။ ခရစ်တော်၏ပူဇော်ခြင်းသည် ယုံကြည် သူ၏စိတ်ကို စင်ကြယ်စေ နိင်သည်။ ထို့ ကြောင့် ခရစ်တော်၏ပူဇော်ခြင်းသည် ယခင် တိရစ္ဆာန်များ ပူဇော်ခြင်းထက် သာ ၍ ကောင်းသည်။
သင်ခန်းစာ (၁၀) မေးခွန်းများ
၁။ ကမ္ဘာဦးမှစ၍ မည်သည့်အရာများကိုပူဇော်တတ်ကြသနည်။……………………………………………..။
၂။ ထိုပူဇော်သက္ကာများသည် ………………………….ဖြစ်သည်။
၃။ ဘုရားသခင်သည်အဘယ်ကြောင့်ခရစ်တော်ကို ကိုယ်ခန္ဓာပြင်ဆင်ပေးတော်မူသနည်း။………………………………။
၎။ ဘုရားသခင်သည် သားတော်ကို ယဇ်ကောင်ဖြစ်ဘို့ မည်သည့် အချိန်မှစ၍ သတ်မှတ်ခဲ့သနည်း။………………………။
၅၊ခရစ်တော်အားဖြင့် ဘုရားသခင်ကို ချဉ်းကပ်လျှင် ဘုရားသခင် လက်ခံတော်မူမည်လော။ ………………………………။
၆။ ယခင်နှင့်ယခု ယဇ်ကောင်တွင် မည့်သည့်ယဇ်ကောင်သည်သာ ၍ ကောင်းသနည်း။…………………………………..။
ရ၊ ဓမ္မဟောင်းခေတ်၌ လူသေထိသောသူများသည် မည်သည့်အရာအားဖြင့် သန့်ရှင်းစေကြသနည်း။…………………….။
၈၊ ခရစ်တော်၏ပူဇော်ခြင်းသည် ယုံကြည်သူ၌…………………ကိုသန့်  ရှင်းစေနိင်သည်။
0 comments:
Post a Comment