HCF

HCF MYANMAR IN SINGAPORE

Monday, January 17, 2011

ကျွန်ုပ်တို့၏အနက်ရှိုင်းဆုံး လိုအပ်ချက်များကို နားလည်ခြင်း

Understanding Our Deepest Needs Part 2
(Acceptance)
Practical Christian Living Course 4 Lesson 14

သော့ချက်ကျမ်းပုဒ် ။ ။ အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင် တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာ တန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ္တသော အရာဖြစ်စေ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမိ္မတအရာမျှသည်၊ ငါတို့ သခင်ယေရှု ခရစ်အားဖြင် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်ဟု ငါသည်သဘောကျလျက် ရှိ၏။ ရော ၈း ၃၈-၃၉။
ပြီးခဲ့သည်သင်ခန်းစာ၌၊ လူတိုင်း၏အနက်ရှိုင်းဆုံးအတွင်းပိုင် လိုအပ်ချက်မှာ မိမိကိုယ်ကို တန်ဖိုး ရှိသောလူသားတဦးအဖြစ် သတ်မှတ်နိုင်ရန် ဖြစ်သည်ဆိုသည့်အချက်ကို ကျွန်ုပ်တို့ သိရှိခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်၏ဘ၀တွင် ဤအချက်နှစ်ချက်ကို သိထားရမည်။ ပထမအချက်မှာ ကျွန်ုပ်သည် အရေး ပါရမည်။ ဤအချက်က ဆိုလိုသည်မှာ ကျွန်ုပ်၏ဘ၀သည် အရေးပါကြောင်း ကျွန်ုပ်အားခံစားရစေမည့် ရည်ရွယ် ချက်တစ်ခုသည် ကျွန်ုပ်ဘ၀တွင်ရှိရမည်။ ဒုတိယအချက်မှာ ကျွန်ုပ်တွင် လုံခြုံစိတ်ချမှုရှိရမည်။ ဤအချက် ကဆိုလိုသည်မှာ ကျွန်ုပ်အတွက် အရေးပါသော သူတဦးဦး၏ ချစ်မြတ်နိုးမှုနှင့် လက်ခံမှု ကို ကျွန်ုပ်ရရှိမည် ထိုမှသာ လုံခြုံစိတ်ချမှုကို ရရှိနိုင်မည်ဖြစ်သည်။
အကယ်၍ ကျွန်ုပ်တို့သည် လူတဦး၏ အတွေးများကို ထပ်မံ၍ နားထောင်နိုင်ပါက၊ ဤသို့သော အရာများကို ကြားရပေမည်။ ""တန်ဖိုးရှိသော လူအဖြစ် မိမိကိုယ်ကို လေးစားနိုင်ရန်အတွက်၊ ကျွန်ုပ်ဘ၀တွင် ရည်ရွယ်ချက်အချို့ရှိရမည်။ ကျွန်ုပ်၏ဘ၀သည် အရေးပါနိုင်ရန်အတွက်၊ အဓိပ္ပာယ် ရှိသော အရာတခုခုကို ကျွန်ုပ်သည် လုပ်နိုင်စွမ်းရှိရမည်။ သို့သော် ဤသို့လုပ်နိုင်တာတောင်မှ မလုံလောက်သေး ပါ။ ကျွန်ုပ်ကိုယ်ကို အရေးပါသော လူတဦးအဖြစ် သတ်မှတ်နိုင်ရန်အတွက် ကျွန်ုပ်အတွက် အရေးပါသော သူတဦး၏ ချစ်မြတ်နိုးမှုနှင့် လက်ခံမှုကို ရရှိရမည်။""


ကျွန်ုပ်တို့သည် လက်ခံမှုကို ရရှိရန် လိုအပ်သည်။

ကျွန်ုပ်တို့လူအများစုသည် အခြားသူများ၏ ချစ်ခင်မှုနှင့် လက်ခံမှုကို ရရန်အတွက် များစွာအား ထုတ်ကြိုးပမ်းကြသည်။ အခြားသူများ၏ လက်ခံမှုကို ရရှိရန်အတွက်၊ အကောင်းဆုံးပြုမူပြောဆိုလေ့ရှိ ကြသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ ကောင်းကွက်တို့အားဖြင့် အခြားသူတို့ကို အထင်ကြီး စေလေ့ရှိကြပြီး မိမိတို့၏ အားနည်းချက်များကိုမူ အများအားဖြင့် ဖုံးကွယ်ထားလေ့ရှိကြသည်။ မိမိက မည်သို့သောသူ ဖြစ်သည်ကို အခြားသူများက သိသွားလျှင်၊ သူတို့၏ ငြင်းပယ်ခြင်းခံရမှာကို စိုးထိတ်ကြသည်။
ဘုရားသခင်သည် လက်ခံမှုကို ရရန်လိုအပ်သော ကျွန်ုပ်တို့၏လိုအပ်ချက် သိနားလည်ပြီး ကျွန်ုပ်တို့အား သူကလက်ခံနိုင်ရန်အတွက်၊ နည်းလမ်းတစ်ခုကို ကျွန်ုပ်တို့အတွက် စီမံပေးခဲ့သည်။ ဘုရား သခင်က မည်သို့စီမံပေးခဲ့သနည်း? သူသည် ခရစ်တော်အတွင်းသို့ ကျွန်ုပ်တို့အား ထည့်ခြင်း အားဖြင့် စီမံ ပေးခဲ့သည်။ ကျမ်းစာက ""ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌တည်နေကြ၏"" ဟုဆိုသည်။ ၁ကော ၁း ၃၀။
ကျွန်ုပ်တို့သည် ခရစ်တော်အတွင်း၌ရှိသောကြောင့် ဘုရားသခင်၏ လုံးဝဥသုန်ထာဝရကာလ လက်ခံခြင်းကို ခံရကြသည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ကြည့်သောအခါ သူသည် ခရစ်တော်ကိုသာ မြင်သည်။ သူ၏ချစ်စွာသောသားကိုမြင်ပြီး သူ့၌ ကျွန်ုပ်တို့သည် လက်ခံခြင်းကို ရရှိသည်။ ကျမ်းစာက ""ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အားပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှာ၊ ...""ဟုဆိုသည်။ ဧဖက် ၁း ၆
သို့သော် ကျွန်ုပ်၏အပြစ်များနှင့် အားနည်းမှုများကရော? ကျွန်ုပ်သည် မကြာခဏ လဲကျရှုံးနိမ့် ချိန်တွင်၊ ဘုရားသခင်က မည်သို့ ဆက်ပြီး လက်ခံနိုင်မည်နည်း? ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ""ရပ်တည်မှု"" နှင့် ကျွန်ုပ်တို့၏ ""အခြေအနေ"" နှစ်ခု၏ ကွာခြားမှုကို နားလည်ရမည်။ ကျွန်ုပ်တို့၏ ရပ်တည်မှုဆိုသည်မှာ ဘုရားသခင်က ခရစ်တော်အတွင်း၌ရှိသော ကျွန်ုပ်တို့အားမြင်သည့်ပုံစံကို ဆိုလိုသည်။ ကျွန်ုပ်တို့၏ ရပ်တည်မှုမှာ အစဉ် အမြဲ ပြီးပြည့်စုံသည်။ အကြောင်းမှာ ခရစ်တော်က ပြီးပြည့်စုံပြီး သူ့အတွင်း၌ရှိသော ကျွန်ုပ်တို့အား ဘုရားသခင်က မြင်သောကြောင့်ဖြစ်သည်။ ကျမ်းစာက ""အကြောင်းမူကား၊ စင်ကြယ်သော သူတို့သည်(ခရစ်တော်၌သီးသန့်ထားသူ) ထာဝရစုံလင်ခြင်းအကျိုးကိုရစေခြင်းငှာ၊ တခါးတည်း ပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏""ဟုဆိုသည်။ ဟေဗြဲ ၁၀း ၁၄
ကျွန်ုပ်တို့၏ အခြေအနေဆိုသည်မှာ ဤကမ္ဘာပေါ်တွင် ကျွန်ုပ်တို့နေထိုင်သည့်ပုံစံကို ဆိုလိုသည်။ ကျွန်ုပ်တို့၏အခြေအနေမှာ ဤဘ၀တွင် ဘယ်တော့မှ မပြီးပြည့်စုံပါ။ ကျမ်းစာက ""ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင် ကိုယ့်ကိုကိုယ်လှည့်ဖြားကြ၏၊ ငါတို့၌ သစ္စာတရားမရှိ""ဟုဆိုသည်။ ၁ယော ၁း ၈
ကျွန်ုပ်တို့၏အပြစ်များနှင့် လဲကျရှုံးနိမ့်မှုများသည် ဘုရားသခင်အား မအံ့သြစေပါ။ ကျွန်ုပ်တို့အား ကယ်တင်ခဲ့ချိန်တွင်၊ ကျွန်ုပ်တို့၏အကြောင်း ကို အားလုံးသိပြီး ယခုတွင်လည်း ကျွန်ုပ်တို့နှင့် ပတ်သက် သမျှအားလုံးကိုသိသည်။ ကျွန်ုပ်တို့သည် သူဖြစ်စေလိုသောသူများ ဖြစ်လာနိုင်ရန်အတွက်၊ သူသည် ဒဏ်ခတ်ဆုံးမ ပဲ့ပြင်လျက်ရှိသည်။ ကျွန်ုပ်တို့အား ပြင်ဆင်မွမ်းမံနေသည့် အချိန်တလျှောက်လုံး၌ပင်၊ ခရစ်တော်၌ ကျွန်ုပ်တို့သည် ပြီးပြည့်စုံ လျက် ရှိသည်ဟု ဘုရားသခင်က မြင်သည်။
ကျွန်ုပ်တို့သည် ချစ်စွာသောသူအားဖြင့် လက်ခံမှုကို အမြဲရကြသည်။


ကျွန်ုပ်တို့သည် ချစ်မြတ်နိုးမှုကိုခံရရန် လိုအပ်သည်။

လူတိုင်းသည် လက်ခံမှုကို ရရန်လိုအပ်သည်သာမက ချစ်မြတ်နိုးမှုကို ခံရရန်လည်း လိုအပ်သည်။ လူအများစုသည် မိဘမဲ့ဂေဟာတစ်ခု၌ ဖြစ်ပျက်ခဲ့သော အောက်ပါအကြောင်းအရာကို သိကြသည်။
ခန္ဓာပိုင်းအရ ကျန်းမာသော ကလေးများသည် ဆန်းကြယ်စွာ သေဆုံးသွားခဲ့သည်။ ခန္ဓာပိုင်းအရ ကောင်းမွန်စွာ စောင့်ရှောက်ခြင်းကို ခံခဲ့ရသော ဤကလေးများ သေဆုံးရခြင်း၏အကြောင်းအရင်းကို မည်သူကမှ အဖြေမရှာနိုင်ခဲ့ကြပါ။ နောက်ဆုံး၌ တစုံတဦးသည် ကိုယ်ဖိရင်ဖိ မြတ်နိုးစွာ ဂရုစိုက်ခံရမှုနှင် ခန္ဓာပိုင်းကျန်းမာရေးနှစ်ခုကြားတွင် တိုက်ရိုက်ဆက်စပ်မှုရှိကြောင်းကို လေ့လာသိရှိခဲ့သည်။ အသက်ရှင် ကျန်ရစ်ခဲ့သော ကလေးငယ်များ
56
သည် သေဆုံးခဲ့သောကလေးငယ်များထက် ပို၍ချစ်စရာကောင်းပြီး ဂေဟာ အလုပ်သမား၏ချစ်ခင်ယုယမှုကို မကြာခဏခံခဲ့ရသည်။ "Professional mothers" အမေများကို ငှားရမ်းပြီးကလေး များကို ပုခက်လွှဲစေ၊ ပွေ့ဖက်စေ၊ ငြင်သာစွာယုယစေခဲ့သောကြောင့် ထိုကလေးတို့သည် အသက်ရှင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ဆန်းကြယ်မှုကြီးကို အဖြေရှာနိုင်ခဲ့သည်။ လူသားများသည် ချစ်မြတ်နိုးခြင်းကို ခံရရန် အလွန်အမင်းလိုအပ်သည်။ (Basic Principles of Biblical Counseling by Lawrence J. Crabb, Jr. ရေးထားသောစာအုပ်မှ ကိုးကားချက်)
ချစ်မြတ်နိုးခြင်းကိုခံရရန် ကလေးများသာလိုအပ်ခြင်းမဟုတ်ပါ။ အသက်ကြီးငယ်မရွေးတို့သည် သူတို့အတွက် အရေးပါသောသူတဦး၏ ချစ်မြတ်နိုးမှုကိုခံရရန်လိုအပ်သည်။ ထိုမှသာ လုံခြုံစိတ်ချမှုကို ရနိုင်မည်ဖြစ်သည်။ ဆယ်ကျော်သက်တဦးက ဤသို့ရေးသားခဲ့သည်။ ပြီးခဲ့သည့်နှစ်၌၊ ကျွန်မ၏ သူငယ်ချင်းများထဲမှ ၃ဦးသည် မိမိကိုယ်ကိုအဆုံးစီရင်ရန် ကြိုးစားခဲ့သည်။ ဘ၀သည် သူတို့အတွက် မခံမရပ်နိုင်ဖြစ်ခဲ့သည်။ သူတို့၏ နောက်ဆုံး လွတ်မြောက်လမ်းမှာ သေခြင်းဖြစ်သည်ဟု ထင်ခဲ့ရလောက် အောင်လောကကြီးသည် သူတို့ကို ၀ါးမြိုချုပ်ကိုင်သွားခဲ့သည်။
အထီးကျန်ခြင်းသည် တကမ္ဘာလုံးတွင် ဖြစ်ပေါ်လျက်ရှိသည်။ ဤအရာသည် သင့်အစိတ်အပိုင်းဖွဲ့စည်းပုံ၏ အတွင်းပိုင်းကို လှိုက်စားပြီး ရင်ထဲ တွင် ဟာနေခြင်း၊ သေမှာကိုကြောက်ခြင်းနှင့် အခြားသူ တဦး၏ နားလည်လက်ခံခြင်းနှင့် ချစ်မြတ်နိုးခြင်းကို အလွန်အမင်းရလိုသော ခံစားမှုမျိုးကို ဖြစ်ပေါ်စေ သည်။ အထီးကျန်ခြင်းသည် သင့်အား နာကျင်စေသည်။ လူအချို့တို့အတွက်မူ၊ အထီးကျန်ခြင်းသည် နာကျင်ဖွယ် ကောင်းလွန်းသဖြင့်၊ ဤအရာမှ ရှောင်ပြေးနိုင်ရန်အတွက် သူတို့သည် ဘာကိုမဆို လုပ်ကြသည်။ သင့်တွင် ရင်းနှီးသောသူငယ်ချင်းတစ်သန်းခန့်ရှိသော်လည်း သင်သည် အထီးကျန် နေနိုင်သည်။ သင်သည် ရုပ် အဖြောင့်ဆုံး၊ လူကြိုက်အများဆုံးနှင့် အအောင်မြင်ဆုံး သူဖြစ်သော်ငြားလည်း၊ သင်သည် အထီးကျန်နေ နိုင်သည်။ သင်သည် ဘာဘဲလုပ်လုပ်၊ ဘယ်ပဲသွားသွား၊ မိမိဖြစ်စေလိုသော သူတဦး ဖြစ်လာရန် မည်သို့ပင်ကြိုးစားစေကာမူ၊ အထီးကျန်ခြင်းသည် သင်၏စိတ်နှလုံး ကို တိုက်စား နေဆဲပင်ဖြစ်သည်။
အထီးကျန်သူများသည် ချစ်ခြင်းမေတ္တာကိုလိုအပ်သည်။ နွေးထွေး၍ တရှိုက်မတ်မတ်စီးဆင်လျက် ရှိသော မေတ္တာမျိုးဖြစ်သည်။ ချစ်ခြင်း မေတ္တာသည်သာ အထီးကျန်ခြင်းအား ငြိမ်းသတ်နိုင်သည်။ ဤဖြစ်ရပ်မှန်အချက်က လူသားများသည် ချစ်ခြင်းကိုခံရရန် အလွန်အမင်း လိုအပ်ကြောင်းကို မီးမောင်း ထိုးပြသည်။ ကျွန်ုပ်တို့ တဦး စီးတိုင်းတွင် ချစ်ခြင်းကိုခံရရန်လိုအပ်သော နက်ရှိုင်းသည့် အတွင်းပိုင်းလိုအပ်ချက်တစ်ခုရှိကြသည်။


ကျွန်ုပ်တို့သည် အကြွင်းမဲ့ ဖြစ်သော ချစ်ခြင်းမေတ္တာမျိုးကို လိုအပ်သည်။

ကျွန်ုပ်တို့အားလုံးသည် ချစ်မြတ်နိုးခြင်းကို ခံရရန်လိုအပ်သည်။ သို့သော် ကျွန်ုပ်တို့၏ အတွင်း ပိုင်းလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သော မေတ္တာမျိုးရှိသည်။ ဤသို့သော မေတ္တာမျိုးကို အခြေအနေနှင့် ဆိုင်သောမေတ္တာ (Conditional Love) ဟုခေါ်သည်။ အကြောင်းမှာ သင်သည် အခြေအနေတစ်ခုခုနှင့် ကိုက်ညီမှသာ ဤမေတ္တာမျိုးကို အခြားသူက ပေးသောကြောင့်ဖြစ်သည်။ ဤမေတ္တာမျိုးနှင့်ပတ်သက်၍ ဥပမာအချို့ကို ဖော်ပြပါမည်။
·""အကယ်၍"" သင်သည် ကောင်းလျှင်သင့်ကိုကျွန်ုပ်ချစ်မည်"။
·""အကယ်၍"" သင်သည် ကျွန်ုပ်၏ဂုဏ်ကိုတက်စေလျှင်၊ သင့်ကို ကျွန်ုပ် ချစ်မည်"
·""အကယ်၍""သင်သည် ကျွန်ုပ်လုပ်စေလို သောအရာကိုလုပ်လျှင်၊ သင့်ကိုကျွန်ုပ်ချစ်မည်""
အခြေအနေနှင့်ဆိုင်သော မေတ္တာမျိုးသည် ကျွန်ုပ်တို့၏ အတွင်းပိုင်းလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပါ။ အကြောင်းမှာ ဤမေတ္တာမျိုးကို ရအောင်လုပ်ဆောင်ရန် အတွက် ကျွန်ုပ်တို့တွင် ဖိအားများအမြဲတစေရှိနေသောကြောင့်ဖြစ်သည်။
ကျွန်ုပ်တို့သည် ဘာကိုလိုအပ်သနည်း? ကျွန်ုပ်တို့အား (ကျွန်ုပ်တို့၏) အခြေအနေနှင့် မဆိုင်ဘဲ ချစ်သောသူတဦးကို လိုအပ်သည်။ ကျွန်ုပ်တို့ သည်လဲ ကျရှုံးနိမ့်၍ အမှားများလုပ်မိသောအခါတွင် ကျွန်ုပ် တို့အား ဆက်လက်ချစ်နေမည့်သူ တဦးကိုလိုအပ်သည်။ မပြောင်းလဲသော ချစ်ခြင်း မေတ္တာ ရှိသည့် သူတဦး ကိုလိုအပ်သည်။ ဤသို့သောမေတ္တာမျိုးကို ပေးနိုင်သူမှာ ဘုရားသခင်တဦးတည်းသာရှိသည်။
ကျွန်ုပ်တို့အတွက် ဘုရားသခင်၏မေတ္တာသည် ဘယ်သောအခါမှ မပြောင်းလဲပါ။ သူက ကျွန်ုပ်တို့ အား ""ငါသင့်ကိုချစ်ပြီး အမြဲတမ်း ချစ်နေ မည်။ ဘယ်အရာကမှ ငါ၏မေတ္တာကို သင်နှင့်မကွာစေနိုင်ပါ""။ ဟုပြောခဲ့သည်။ ဤသို့သော မေတ္တာမျိုးသည် ကျွန်ုပ်လိုအပ်သော လုံခြုံစိတ်ချမှု ကိုပေးသည်။
ခရစ်ယာန်အချို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် စပ်လျဉ်း၍ မှားယွင်းသောသဘောထား များရှိကြသည်။ ဘုရားသခင်က သူတို့ လိုချင်သော မည်သည့်အရာကိုမဆို သူတို့အား ပေးခြင်းအားဖြင့် သူ၏မေတ္တာတော်ကိုပြသဖို့ မျှော်လင့်ကြသည်။ ဤအရာက ဘုရားသခင်အား ပြောနေသည်မှာ ""ကိုယ်တော်သည် ကျွန်ုပ်အား မိမိအလိုအတိုင်း လုပ်ခွင့်ပေးပြီး ကျွန်ုပ်လိုချင်သောအရာအားလုံးကို ပေးပါက၊ ကိုယ်တော်သည် ကျွန်ုပ်အားချစ်ကြောင်းကို ယုံကြည်ပါမည်။
""
အခြားမှားယွင်းစွာ ယူဆချက်တစ်ခုမှာ ဒုက္ခပြသနာများ၊ စုံစမ်းနှောက်ယှက်ခြင်းများမှ ကျွန်ုပ်တို့ အား ကာကွယ်ခြင်းအားဖြင့် ဘုရားသခင်က သူ၏မေတ္တာတော်ကို ပြသည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ဤအချက်ကို ယုံကြည်သူများမှာ ဒုက္ခပြသနာများနှင့် စုံစမ်းနှောင့်ယှက်ခြင်းများအား တွေ့ကြုံရသောအခါ သူတို့၏ယုံကြည်ခြင်းသည် လှုပ်ခါသွားသည်ကို တွေ့ကြရသည်။ ဘုရားသခင်က သူတို့ကို မချစ်တော့ ပါဟု သူတို့သည် ကောက်ချက်ချပေမည်။
အမှန်တရားမှာ ဘုရားသခင်၏ မေတ္တာတော်သည် ဤသို့သောယူဆချက်များထက် များစွာကြီးမား ၍ များစွာနက်ရှိုင်းသည်။ ဘုရားသခင် သည် ကျွန်ုပ်တို့အား ချစ်လွန်းသဖြင့် ကျွန်ုပ်တို့အား အကောင်းဆုံး အရာကိုသာရစေလိုသည်။ သူသည် ထာဝရကာလအတွက် ကျွန်ုပ်တို့အား ပြင်ဆင် ပေးနေသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ရှင်သန်ကြီးထွားလာနိုင်ရန်အတွက် ဆင်းရဲဒုက္ခတို့ကို ခံရန် ခွင့်ပြုပေးခြင်းဖြစ်သည်။ ယေရှုက ""သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောက ကိုအောင်ပြီ""ဟု မိန့်ခဲ့သည်။(ယော၊ ၁၆း၃၃)


ကျွန်ုပ်တို့သည် ဘုရားသခင်၏မေတ္တာတော်အား မည်သို့ တွေ့ကြုံခံစားနိုင်သနည်း?

ဘုရားသခင်သည် ကျွန်ုပ်တို့အားချစ်သည်။ သမ္မာကျမ်းစာက ဤကြီးမြတ်သောအချက်ကို ရိုးရှင်း စွာ ကြေငြာထားသည်။ သို့သော် ကျွန်ုပ်တို့ ၏ အနက်ရှိုင်းဆုံးအတွင်းပိုင်း လိုအပ်ချက်သည် ဖြည့်ဆည်း ခြင်းကို ခံရရန်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်၏ မေတ္တာတော်ကို တွေ့ကြုံ ခံစားရန်

57
လိုအပ်သည်။ ဧဖက်အသင်းတော်ရှိ ယုံကြည်သူများသည် သူတို့၏ဘ၀ အတွေ့အကြုံများ၌ ဥာဏ်ပညာအားလုံး တို့ကို ပေးဝေသော ဘုရားသခင်၏ မေတ္တာတော်ကို သိရှိနိုင်ကြရန်အတွက် ပေါလုကဆုတောင်းပေးခဲ့သည်။
ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော် တွေ့ကြုံခံစားစေရမည့် နည်းလမ်းအချို့ကိုလေ့လာကြပါစို့

(၁) ကျွန်ုပ်တို့သည် ဘုရားသခင်အား ချစ်ကြသောအခါ၊ သူ၏မေတ္တာတော်ကို တွေ့ကြုံခံစားရသည်။
ဘုရားသခင်သည် ပုဂိ္ဂုလ်တဦးဖြစ်သည်။ သူသည် တွေးတောသည်။ အလိုတော်ရှိတတ်သည်။ ချစ် တတ်သည်။ သူသည် လုံးဝဥသုန် ပြည့်စုံ လုံလောက်မှုရှိသော်လည်း ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာကို ရရန် အလွန်အမင်းလိုလားသည်။ ကျွန်ုပ်တို့အားသူ့ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်စေလိုသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်အား စိတ်နှလုံး အကြွင်းမဲ့ချစ်ကြသောအခါ၊ သူ၏မေတ္တာတော်နှင့် ကျွန်ုပ်တို့အပေါ်တွင် ချပေးသော ကောင်းချီး မင်္ဂလာတို့ကို တွေ့ကြုံခံစားရမည်ဖြစ်သည်။ ဘုရားသခင်က ""သူသည် ငါ့ကိုချစ်သောကြောင့်၊ သူ့ကိုငါကယ်နှုတ်မည်။ ငါ၏နာမကို သိသော ကြောင့် သူ့ကိုငါ ချီးမြှောက်မည်။ သူသည် ငါ့ကိုခေါ်သောအခါ သူ့ကိုငါထူးမည်။ ဒုက္ခခံရသောအခါ သူဘက်မှာ ငါနေ၍ ချမ်းသာပေးမည်။ သူ၏ဘုန်းကို လည်း ထင်ရှားစေမည်။ ရှည်သောအသက်နှင့် သူ့ကိုငါရောင့်ရဲစေ၍ ငါ၏ကယ်တင်ခြင်းကျေးဇူးကို သူ့အားငါပြမည်။""ဟုဆိုသည်။ ဆာ ၉၁း ၁၄-၁၆


(၂) ကျွန်ုပ်တို့သည် ဘုရားသခင်အား နာခံကြသောအခါ သူ၏မေတ္တာတော်ကို တွေ့ကြုံခံစား ရသည်။

ချစ်ခြင်းမေတ္တာနှင့် နာခံခြင်းသည် တိုက်ရိုက်အချိုးကျသည်။ ယေရှုက ""ငါ့ကိုချစ်လျှင်၊ ငါ့ပညတ် တို့ကို စောင့်ရှောက်လော့"" ဟုပြောခဲ့သည်။ သခင်သည် သူ၏မေတ္တာတော်ကို သူ့အားချစ်၍ နာခံသော သူများ၌ ပြသသည်။ သခင်ယေရှုက ""ငါ့ပညတ်တို့ကို ရ၍စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူ ဖြစ်၏၊ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကို ချစ်၍ သူ့အား ကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော်မူ၏။"" ဟုဆိုသည်။ ယော ၁၄း ၂၁

(၃) ကျွန်ုပ်တို့သည် ဘုရားသခင်၏ မေတ္တာတော်ကို ဒေသန္တရအသင်းတော်၌ တွေ့ကြုံခံစား ရသည်။

ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ မေတ္တာတော်ကို သိရန်နှင့် တွေ့ကြုံခံစားရရန် အကောင်းဆုံး နေရာများထဲမှတစ်ခုမှာ ဒေသန္တရ အသင်းတော်ပင်ဖြစ်သည်။ ဤနေရာ၌ခရစ်တော်၌ ကျွန်ုပ်တို့၏ညီအစ်ကို ညီအစ်မများက ဘုရားသခင်၏မေတ္တာတော်ကို ထုတ်ဖော်ပြသပြီး သူတို့ကပြသသော ဘုရားသခင်၏ မေတ္တာတော်၌လည်း ကျွန်ုပ်တို့ဝမ်းမြောက်နိုင်သည်။ တမန်တော်ပေါလုသည် ဧဖက်အသင်းတော်ရှိ ယုံကြည်သူများ အတွက် ဤသို့ဆုတောင်းခဲ့သည်။ ""ယုံကြည်ခြင်းအားဖြင့်၊ ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊ ဘုန်းတော် ကြွယ်ဝပြည့်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးသနား တော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်းရှိသဖြင့်၊ သင်တို့သည် သန့်ရှင်း သူအပေါင်းတို့၏ နည်းတူ အနံ၊ အလျား၊ အနက်၊ အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှာ၎င်း၊ ကိုယ်ဥာဏ်နှင့် မသိနိုင် သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှာ၎င်း၊ ...""ဟု ဆုတောင်း ခဲ့သည်။ ဧဖက် ၃း၁၇-၁၉


ကျွန်ုပ်တို့သည် ဘုရားသခင်၏ မေတ္တာတော်ကို ယုံကြည်ရမည်။

ကျွန်ုပ်တို့၏ ဘ၀ရှိအပြစ်၏အကျိုးရလဒ်ကြောင့် ဘုရားသခင်က ကျွန်ုပ်တို့အား အမှန်တကယ် ချစ်ကြောင်းကို ယုံကြည်ရန်မှာ ကျွန်ုပ်တို့ အတွက် ခက်ခဲလေ့ရှိသည်။ ကျွန်ုပ်တို့၏ ရန်သူစာတန်သည် ကျွန်ုပ်တို့အား ရှုပ်ထွေးစေလိုပြီး ဘုရားသခင်၏မေတ္တာတော်ကို သံသယရှိစေလိုသည်။ ကျွန်ုပ်တို့သည် တနည်းနည်းအားဖြင့် ဘုရားသခင်၏ စကားကို နားထောင်ရန် ပျက်ကွက်ခဲ့သော အခြေအနေမျိုးတွင် စာတန်သည်ကျွန်ုပ်တို့အား အထူးသဖြင့် ညှင်းဆဲလေ့ရှိသည်။ သူက ဤသို့သောအတွေးများကို ကျွန်ုပ်တို့ ၏စိတ်ထဲသို့ ထည့်ရန်ကြိုးပမ်းသည်။ ဘုရားသခင်က သင့်ကို မချစ်တော့ ဘူး၊ သင်ဟာ တကယ့်အရှုံး သမားပဲ၊ ဘုရားသခင်က သင့်လိုလူမျိုးကို လုံးဝချစ်နိုင်မှာ မဟုတ်ဘူး။""
အမှန်တရားမှာ ဘုရားသခင်က ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ချိန်၌ ကျွန်ုပ်တို့၏အကြောင်းကို ကောင်း ကောင်းသိသည်။ သူသည်အဆိုးဆုံး အခြေအနေ၌ရှိနေသော ကျွန်ုပ်တို့အား မြင်ခဲ့သော်လည်း ကျွန်ုပ်တို့ အား အလွန်ချစ်သဖြင့်သားတော်ကို စွန့်ခဲ့သည်။ ကျမ်းစာက ""ငါတို့သည် အပြစ် ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော် မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏""ဟုဆိုသည်။ ရော ၅း ၈
ကျွန်ုပ်သည် ပုန်ကန်တတ်ပြီး သူနှင့်ရန်သူများဖြစ်နေစဉ်၌ပင် ကျွန်ုပ်အား ချစ်ခဲ့၊ ရွေးချယ်ခဲ့ပြီး သူဆီသို့ခေါ်ဆောင်ခဲ့သည်။ ထို့ကြောင့် ယခုတွင် ကျွန်ုပ်သည် သူနှင့် သက်ဆိုင်သူဖြစ်သွားချိန်၌ ကျွန်ုပ် အား ချစ်မြတ်နိုးခြင်းကို သေချာပေါက်ရပ်တန့်မည် မဟုတ်ပါ။


ခရစ်ယာန်အကြံပေးပုဂိ္ဂုလ်တဦးသည် ဤအဖြစ်အပျက်ကို ပြောပြခဲ့သည်။

မကြာမီက ကျွန်ုပ်သည် ဘုရားသခင်၏ မေတ္တာကို လုံးဝဆုံးရှုံးခဲ့ပြီဟု ယုံကြည်လျက်ရှိသော ခရစ်ယာန်မိန်းမတဦးနှင့် စကားပြောဖြစ်ခဲ့သည်။ သူမသည် အလွန်အမင်း လုံခြုံမှုကင်းမဲ့သော ခံစားမှုမျိုး ကို ခံစားခဲ့ရသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်က သူမ၏ပြုမှုလုပ်ဆောင်မှုတို့သည် ကျွန်ုပ်အား စိတ်ပျက် စေသည်အထိ ဖြစ်စေခဲ့သည်။ သို့သော် အကြောင်းအားလျှော်စွာပင် ကျွန်ုပ်ထက်သာ၍ သစ္စာရှိပြီး မေတ္တာတော်ကြီးမားသောသူတဦးသည် သူမတွင် ရှိခဲ့သည်။ ကျွန်ုပ်သည် သူမအား ရော ၈း ၃၂-၃၃ ကိုဖတ်စေ ခဲ့သည်။
သူမဟာ ရည်ရွယ်ချက်ထား၍ သူမဘ၀တလျှောက်လုံး လုပ်ဆောင်တာတောင်မှ ဘုရားသခင်က သူမအား မချစ်အောင် မလုပ်နိုင်ကြောင်းကို ထိုကျမ်းပုဒ်တို့အား ဖတ်ရှုခြင်းအားဖြင့် တဖြည်းဖြည်း နားလည်ခဲ့ချိန်တွင် သူမသည် ငိုကြွေးခဲ့သည်။
ကျွန်ုပ်နားလည်းထားရမည့်အရာမှာ ဘုရားသခင်၏ မေတ္တာတော်နှင့် လက်ခံမှုသည် ကျွန်ုပ်မည်သူ မည်ဝါဖြစ်သည်၊ ဘာကို လုပ်ဆောင်သည် ဆိုသည့်အပေါ်တွင် မမူတည်ပါ။ ကျွန်ုပ်သည် ခရစ်တော်အားဖြင့် ချစ်မြတ်နိုးမှုနှင့် လက်ခံမှုကို ရရှိသည်။ ကျွန်ုပ်သည် ဆိုးဆိုးဝါးဝါး လဲကျရှုံးနိမ့်သောအခါ၊ လဲကျရှုံးနိမ်မှု၏ လွှမ်းမိုးမှုကို အကြီးအကျယ်ခံရချိန်တွင် ကျွန်ုပ်က ဤသို့ပြောနိုင်သည်။ ""သခင်၊ ကျွန်ုပ်အပေါ်တွင် ထားသော သခင်၏မေတ္တာတော် သည် အစဉ်အမြဲ နက်ရှိုင်းပြီး ထူးခြားကောင်းမွန်ပါ၏။ ကျွန်ုပ်သည် ခရစ်တော်အတွင်း၌ ဆက်ရှိနေပြီး ကိုယ်တော်၏ချစ်စွာသောသားတော်၌ ကျွန်ုပ်အား

58
လက်ခံဆဲဖြစ်ပါ၏။"" ကျမ်းစာက ဤဘ၀နှင့် နောင်ဘ၀ရှိ မည်သည့်အရာကမှ ခရစ်တော်အားဖြင့် ခံရသော ဘုရားသခင်၏ မေတ္တာတော်နှင့် ကျွန်ုပ်တို့ကို မကွာစေနိုင်ဟု ပြောထားသည်။ ပေါလုက ""အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ္တသော အရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမိ္မတ အရာမျှ သည် ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသော ဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည် သဘောကျလျက် ရှိ၏"" ဟုရေးခဲ့သည်။ ရော ၈း ၃၈-၃၉
အထက်ပါအရာများထဲမှ မည်သည့်အရာကမှ ကျွန်ုပ်တို့အား ဘုရားသခင်၏ မေတ္တာတော်နှင့် မကွာ စေပါ။ အကြောင်းမှာ သူသည် ခရစ်တော်၌ ကျွန်ုပ်တို့ကို ချစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်က သန်းပေါင်းများစွာသော လူများထဲမှ ကျွန်ုပ်တို့အား ဘာကြောင့် ရွေးချယ်ပြီး သူ၏မေတ္တာတော် ကို ဘာကြောင့်ကျွန်ုပ်တို့အပေါ်သို့ သွန်းလောင်းခဲ့သည်ကို ကျွန်ုပ်တို့မသိပါ။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်က ကမ္ဘာကြီး မဖြစ် မတည်မီကပင် ခရစ်တော်၌ ကျွန်ုပ်တို့အား ရွေးချယ်ထားခဲ့သည်ဟု ဆိုသည်။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့် တလုံးတ၀တည်းဖြစ်သည်။ ဘုရားသခင်က သူ၏ ချစ်စွာသော သားတော်ကို ချစ်သောမေတ္တာမျိုးအားဖြင့် ကျွန်ုပ်တို့ကို ချစ်သည်။ သခင်ယေရှုက ""အကျွန်ုပ်သည် သူတို့၌ ရှိ၍ ကိုယ်တော်သည်လည်း အကျွန်ုပ်၌ရှိတော်မူသောအားဖြင့် သူတို့သည် တလုံးတ၀တည်ဖြစ်၍၊ တလုံး တ၀တည်း၌ စုံလင်စေခြင်းငှာ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့်၊ အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့၊ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှာ ၄င်း၊...""ဟု ဆိုသည်။ ယော ၁၇း ၂၃
ဘုရားသခင်အပါအ၀င် မည်သူကမှ ကျွန်ုပ်တို့အား မချစ်တော့ပါဟု ခံစားရသောအချိန်များသည် ရောက်လာနိုင်သည်။ သို့သော် ခံစားချက်များ သည် ဖြစ်ရပ်မှန်များ မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းအသက်ရှင်သည်။ စိတ်ခံစားချက် အားဖြင့် မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ကြပါစို့။ ခံစားချက်ရှိသည်ဖြစ်စေ သို့မဟုတ် ခံစားချက် မရှိသည်ဖြစ်စေ ဘုရားသခင် ပြောသည့် အရာတိုင်း ယင်းအတိုင်း ဖြစ်သည်။
တမန်တော်ယောဟန်က ""ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကို ငါတို့သည် သိ၍ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူ သည် ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏""ဟု ဆိုခဲ့သည်။ ၁ ယော ၄း ၁၆


ရှာဖွေတွေ့ရှိရသော အဖိုးထိုက်ရတနာ

ကျွန်ုပ်သည် ဘုရားသခင်၏ ချစ်မြတ်နိုးမှုနှင့် လက်ခံမှုကို ရရှိရန်အတွက် စိတ်ချမှုအပြည့်ရှိသည်။ အကြောင်းမှာ ကျွန်ုပ်သည် ခရစ်တော်၌ ရှိသောကြောင့်ဖြစ်သည်။

မေးခွန်းများ
မှန်/မှား

(၁) ဘုရားသခင်သည် ကျွန်ုပ်တို့အား လုံးဝဥသုန်လက်ခံနိုင်ရန် နည်းလမ်းတစ်ခုကို ပြင်ဆင်စီမံခဲ့သည်

(၂) ကျွန်ုပ်၏ ရပ်တည်မှု (Standing) သည် အမြဲတစေ ပြီးပြည့်စုံပါသလား? (က) Yes (ခ) No

(၃) ကျွန်ုပ်တို့၏အခြေအနေ (State) သည် ဤဘ၀တွင် အမြဲတစေ ပြီးပြည့်စုံမည်လား?

(၄) အခြေအနေနှင့်ဆိုင်သော ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်၏အနက်ရှိုင်းဆုံးအတွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်လော့?

(၅) အခြေအနေနှင့် မဆိုင်သောချစ်ခြင်းမေတ္တာ (Unconditional Love) ကို ပေးစွမ်းနိုင်သူမှာ ဘုရား သခင်တဦးတည်းသာရှိသည်။

(၆) ဘုရားသခင်က ကျွန်ုပ်တို့အား ကယ်တင်ခဲ့ချိန်တွင် ကျွန်ုပ်တို့၏အကြောင်းကို ကောင်းကောင်း သိခဲ့သလား?

(၇) ကျွန်ုပ်သည် အဆိုးဝါးဆုံး အခြေအနေ၌ ရှိနေစဉ်ပင်၊ ဘုရားသခင်ဟာ ကျွန်ုပ်အား ချစ်ခဲ့၊ ကယ်တင်ခဲ့သောကြောင့်၊ ယခုကျွန်ုပ်သည် သူနှင့်သက်ဆိုင်သွားချိန်၌၊ ကျွန်ုပ်အပေါ်တွင်ထားသော သူ့မေတ္တာကို ရုပ်သိမ်းမည်လော?

(၈) လူတိုင်းသည် လက်ခံခြင်းကိုခံရရန် လိုအပ်သည်သာမက၊ ချစ်မြတ်နိုးခြင်းကို ခံရရန်လည်း လိုအပ်သည်။

(၉) ဘုရားသခင်က ကျွန်ုပ်တို့အား အမှန်တကယ်ချစ်ကြောင်းကို သိသည့်အချိန်မှာ ကျွန်ုပ်တို့လိုချင် သောအရာအားလုံးကို သူက ချပေးသော အချိန် ဖြစ်သည်။

(၁၀)ဘုရားသခင်၏မေတ္တာတော်အား သိရန်နှင့် တွေ့ကြုံခံစားရရန်အတွက် အကောင်းဆုံးနေရာများထဲ မှ တစ်ခုမှာ ဒေသန္တရအသင်းတော်ဖြစ်သည်။

ရဲလင်းထွန်း (အင်းစိန်)





59
Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support