HCF

HCF MYANMAR IN SINGAPORE

Sunday, May 16, 2010

ဘုရားသခင်၏ သိုးသငယ်တော် ယေရှူခရစ်


ဘုရားသခင်၏ သိုးသငယ်တော် ယေရှုခရစ်
Jesus Christ The Lamb of God
သင်ခန်းစာ (၄)

 


"  နက်ူဖန်နေ့၌ ယေ႟ြ့ကလာတော်မူသည်ကို ယောဟန်သည်ူမင်လ္တွင်၊ ဤလောက၏အူပစ်ကိုဆောင်သြားသော ဘုရားသခင်၏ သိုးသငယ် ကိုကည့်လော့။-
" (ယော၊ ၁း၂၉)

 
ချစ်စွာသော မိတ်ဆွေ၊

"ဤလောက၏ အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့''(ယော၊၁း၂၉)။ သခင်ယေရှု၌ အံ့ဘွယ် နာမ များစွာ ရှိပါသည်။ နာမတခုစီတိုင်း၌ သူ၏အကြောင်းအရာကို ပြောဆိုပြီးသူမည်သူနည်းနှင့် ကျွန်ုပ်တို့အတွက် ဘာပြုလုပ်ပေးခဲ့သနည်း စသည်တို့ဖြစ်ပါသည်။ ''ဘုရားသခင်၏သိုးသငယ်''ဖြစ်သော ယေရှု၏အကြောင်းကို စဉ်းစားကြပါစို့။
    နှစ်ခြင်းယောဟန်သည် ယေရှုကိုတွေ့စ၌''ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့''ဟု ပြောခဲ့သည်။ သမ္မာကျမ်းစာ၏နောက်ဆုံးစာအုပ်၌ ဘုရားသခင်၏သိုးသငယ်''ကို ဘုရားသခင်၏ ပလ္လင်ပေါ်တွင် ထိုင်တော်မူသောသူ အဖြစ် တွေ့မြင် ရသည်။ ဤနာမည်သည် ဘါကိုဆိုလိုပါသနည်း။
    ယေရှုကို သိုးသငယ်ဟုခေါ်ရခြင်းကို နားလည်ရန် ဓမ္မဟောင်းကျမ်းကို ပြန်သွားရပေမည်။ ဓမ္မဟောင်းကျမ်းစာ တလျှောက်လုံး ကျွန်ုပ်တို့၏ကယ်တင်ခြင်းဆိုင်ရာ ပုံရိပ်များစွာကို တွေ့နိုင်ပါသည်။ ပုံရိပ်တခုစီတိုင်းတွင် ဝိညာဉ်ရေးဆိုင်ရာ ရုပ်ပုံ(သို့) ရှင်လင်းချက်ကို တွေ့မြင် ရပါသည်။ ဥပမာ၊ လူတယောက်သည် မိမိ၏အပြစ်များအတွက် သိုးတကောင်ကို ယဇ်ပူဇော်ရာတွင် ဤပူဇော်မှု (သို့) ရုပ်ပုံသည် နောင်တနေ့သောအခါ သခင်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံလိမ့်မည်ကို ဖေါ်ပြခြင်း ဖြစ်သည်။
    ကယ်တင်ခြင်းဆိုင်ရာ ပုံရိပ်အမျိုးအစားများကို လေ့လာခြင်းဖြင့် ဘုရားသခင်က ကျွန်ုပ်တို့ကို ဘာတွေကို သွန်သင်ခြင်သနည်း စသည်ကို စဉ်းစားကြရမည်။ ယေရှုကို''ဘုရားသခင်၏သိုးသငယ်''ဟုခေါ်ရခြင်းကို ကျွန်ုပ်တို့ မြင်ရပေလိမ့်မည်။
အာဒံနှင့်ဧဝတို့အတွက် တရစ္ဆာန်များကို သေစေခြင်း
    ကျမ်းစာ၌ ပထမလူအာဒံသည် ဘုရားသခင်အားဖြင့်ဖန်ဆင်းခံရ၏။ ဘုရားက အာဒံအတွက်ဧဝဟုခေါ်သော ဇနီးတဦးကိုလည်း ဖန်ဆင်းခဲ့၏။ ကျမ်းစာကအာဒံနှင့်ဧဝကို ''ဘုရားသခင်၏ပုံသဏ္ဍာန်''နှင့်အညီ ဖန်ဆင်းခဲ့သည်။ ဤနေရာ၌ သာ၍အံ့ဘွယ်ရာကား ဘုရားသခင် ကိုယ်တော်တိုင် သူတို့၏ စိတ်နှလုံးအတွင်း ကျိန်းဝပ်နိုင်ရန် ဖန်ဆင်းခဲ့ခြင်းပင် ဖြစ်သည်။
    ဘုရားသခင်သည် အာဒံနှင့်ဧဝကို လှပသော''ဧဒင်ဥယျာဉ်''အတွင်းထားရှိခဲ့သည်။ ဥယျာဉ်၌ သီးပင်များစွာရှိပါသည်။ ဘုရားသခင်က သူ တို့ ကို အပင်တပင်၏အသီးမှ တပါးအပင်အားလုံး၏ အသီးကိုလွှတ်လပ်စွာစားနိုင်ကြောင်း ပြောခဲ့ပါသည်။''ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့ တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညတ်ထားတော်မူ၏''(က၊၂း၁၇)
    ညနေတိုင်း ဘုရားသခင်သည် ဆင်းလာပြီး အာဒံနှင့်ဧဝတို့နှင့်လမ်းလျောက်ခြင်း၊ စကားပြောခြင်းကို ပြုခဲ့သည်။ ဘယ်မျှ ပျော်ရွှင် ဘွယ် ကောင်းမည်နည်း။ သို့သော်တနေ့တွင် အခြားသောသူ၊ စာတန်သည် ဥယျာဉ်သို့လာခဲ့သည်။ သူသည် မြွေတကောင်၏ အသွင်ဖြင့် ဖြစ်သည်။ စာတန်က ဧဝအား၊သင်နှင့်သင်၏ယောင်္ကျားသည် တားမြစ်ထားသော အပင်၏အသီးကိုစားခဲ့သော် ဘုရားသခင်ပြောခဲ့သကဲ့သို့ သေရလိမ့်မည်မဟုတ်။ သို့သော် ဘုရားနှင့် တူလာပေလိမ့်မည်ဟု ပြောခဲ့သည်။ ဧဝသည် ဘုရားသခင်ထက် စာတန်ကိုယုံကြည်ပြီး အသီးကို ယူ၍ စားခဲ့သည်။ သူမသည်အသီးကို အာဒံကိုပေး၍ သူသည်လည်း စားခဲ့ပါသည်။ အာဒံနှင့်ဧဝသည် ဘုရားသခင်၏စကားကို နားမထောင် ခြင်းဖြင့် အပြစ်ပြုခဲ့ပါသည်။
    ဘုရားသခင်ကပြောခဲ့ပြီး ''စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏'' အာဒံနှင့်ဧဝသည် ထိုနေ့၌ ရုပ်ခန္ဓာ သေခဲ့ပါသလား။ သူတို့ မသေခဲ့ပါ။ သို့သော်သူတို့၏ ဝိညာဉ်ပိုင်းဆိုင်ရာ သေခဲ့ပါသည်။ ဘုရားသခင်နှင့် အဆက်ပြတ်သွားခြင်းကို ဆိုလိုပါသည်။ ဘုရားသခင်နှင့် သူတို့ အဆက်ပြတ်ခြင်းကား သူတို့၏အပြစ်ကြောင့် ဖြစ်သည်။
    အာဒံနှင့်ဧဝ အပြစ်မပြုလုပ်ခင် သူတို့၌ အဝတ်မလိုပါ။ ဘုရားသခင်၏ဘုန်းအလင်းရောင်နှင့် ဝတ်ခြုံထားခဲ့သည်။ ယခုသူတို့ အပြစ် ပြုခဲ့ခြင်းကြောင့် ဘုန်းအလင်း ကွယ်ပျောက်ခဲ့သည်။ ကျမ်းစာက''ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ် အချည်း စည်း ရှိသည်ကို သိမြင်လျှင်၊ မိမိတို့ဝတ်ရန်ဘို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်လေ၏။''ဟုဆိုသည်။(က၊၃း၇)
    ထိုနေ့ နေဧသောအချိန် ဘုရားသခင်သည် သူတို့နှင့်အတူ လမ်းလျှောက်ရန် ကြွလာစဉ်၊ အာဒံနှင့်ဧဝသည် ဘုရားသခင် ထံမှ ပုန်း ရှောင်ရန် ကြိုးစား ကြပါသည်။ သူတို့အပြစ်ပြုခဲ့ကြောင်းကို သူတို့ သိသောကြောင့် ဘုရားသခင်ကို ကြောက်ခဲ့ကြပါသည်။
ဘုရားသခင်က သူတို့ကို သူ့ထံသို့ ခေါ်ခဲ့သည်။ သင်္ဘောသဖန်းရွက်ဖြင့် ပြုလုပ်ခဲ့သောအဝတ်ကို ဘုရားသခင်က လက်ခံ၍မရပါ။ ကျမ်းစာက ဘုရားသခင်သည် သူတို့အဘို့''သားရေဖြင့်ဝတ်လုံ'' ကိုလုပ်၍ ဝတ်ခြုံစေတော်မူ၏။ သားရေဝတ်လုံ ဘယ်ကရပါသလဲ။ တရိစ္ဆာန်က ရပါသည်။ ဘုရားသခင်က အပြစ်မရှိသောတရိစ္ဆာန်ကို သေစေပြီး အာဒံနှင့်ဧဝအတွက် သားရေဝတ်လုံကို ပြင်ဆင်ပေးခဲ့ပါသည်။
    ဘုရားသခင်သည် အာဒံနှင့်ဧဝကိုအပြစ်အတွက် တစုံတရာသည် အသေခံရမည်ဖြစ်ကြောင်း သွန်သင်ခဲ့ပါသည်။ ကျမ်းစာ၌ ''အသွေး မသွန်း လောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ''(ဟေဗြဲ၊၉း၂၂)။ ဤအရာက ကျွန်ုပ်တို့အား အပြစ်သည် ဘုရားသခင်၏အမြင်၌ အလွန်ပင် ကြောက်ဖွယ်ကောင်းကြောင်း ဖေါ်ပြခဲ့ပါသည်။
    အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိကြောင်းကို သတိရပါ။ ဤအမှန်တရားကြီးသည် ကျမ်းစာတအုပ်လုံး၌ တလျှောက်လုံး သွန်သင် ထားခဲ့ပါသည်။

ကာဣနနှင့်အာဗေလတို့၏ ပူဇော်ခြင်းများ
    အခြားသောကယ်တင်ခြင်းဆိုင်ရာ ပုံရိပ်(သို့)အမျိုးအစားကို ကာဣနနှင့်အာဗေလတို့၏ အကြောင်းအရာတွင် ဖေါ်ပြထားပါသည်။ သူတို့သည် အာဒံနှင့်ဧဝတို့၏ သားနှစ်ယောက်ဖြစ်သည်။ ကာဣနသည် လယ်သမားဖြစ်ပြီး စိုက်ပျိုးစားသောက်သည်။ အာဗေလသည် သိုးကျောင်းခြင်းဖြင့် အသက် မွေးသည်။ ဤသားနှစ်ယောက်သည် ဘုရားသခင်အား မှန်သောနည်းလမ်းနှင့် ကိုးကွယ်ရန် သွန်သင်ခြင်းကို ခံရပါသည်။ သူတို့သည်မိမိတို့၏ အပြစ်အတွက် သိုးသငယ်ယဇ်ကို ပူဇော်ရမည်ကို သိကြသည်။ ဘုရားသခင်ထံ ယဇ်ပူဇော်ရန်လာချိန်ရောက်သောအခါ အာဗေလသည် သိုးသငယ် တကောင်ကို ယူလာပြီး သူ၏အပြစ်အတွက် ပူဇော်ခဲ့သည်။ ကာဣနကား သိုးကိုမယူလာဘဲ ယင်းအစား မိမိစိုက်ခင်းမှ လှပသော အသီးများကိုသာ ယူလာသည်။
ကျမ်းစာက ဘုရားသခင်သည် အာဗေလ၏ပူဇော်ခြင်းကိုသာ လက်ခံပြီးကာဣန၏ပူဇော်မှုကိုငြင်းပယ်သည်။ ဘုရားသခင်သည် တဦး၏ ယဇ်ကို နှစ်သက်ပြီး အခြားတဦးကို မနှစ်သက်ခြင်းကို ကျွန်ုပ်တို့နားလည်ရန် အလွန်အရေးကြီးပါသည်။
    အာဗေလ၏ယဇ်ကို ဘုရားကလက်ခံရခြင်းသည် အာဗေလသည် နာခံခြင်းနှင့် ကျွန်ုပ်တို့၏အပြစ်များအတွက် သခင်ယေရှု အသေ ခံခြင်း၏ပုံရိပ်ဖြစ်သော သိုးသငယ်ကိုပူဇော်သောကြောင့်ဖြစ်သည်။ ဘုရားကကာဣန၏ယဇ်ကို ငြင်းပယ်ရခြင်းမှာ သူသည် ဘုရားကို နာခံခြင်း မရှိ။ သိုးကိုပူဇော်ရမည့်အစား မိမိမှန်တယ်ထင်သောအရာအားဖြင့် ပြုလုပ်ခဲ့သည်။
    ကာဣနနှင့်အာဗေလတို့၏ အကြောင်းအရာအားဖြင့် ဘုရားကကျွန်ုပ်တို့အား ဘာကိုသွန်သင်ပါသလဲ။ ကျွန်ုပ်တို့အား အပြစ်သား လူသည် သန့်ရှင်းသောဘုရားသခင်ထံ ချဉ်းကပ်ရန် လမ်းတလမ်းတည်းသာ ရှိသည်။ ကျွန်ုပ်တို့၏ အပြစ်များအတွက် သွန်းတော်မူသော ခရစ်တော်၏အသွေးကို ယုံကြည်ကိုးစားခြင်းဖြင့် လာရပေမည်။ ကျမ်းစာ၌ ''လူအပြစ်ကို ဖြေသောအရာကား၊ အသွေးဖြစ်သတည်း'' ဟုဆို သည်။ (ဝတ်၊၁၇း၁၁)
ပသခါသိုး
    ကျွန်ုပ်တို့၏ ကယ်တင်ခြင်းနှင့်ဆိုင်သော အခြားအံ့ဘွယ်အမျိုးအစား(သို့)ပုံရိပ်ဖြစ်သော ပသခါအကြောင်းကိုကြည့်ကြပါစို့။ ဘုရားသခင်၏ လူမျိုးတော် ဂျူးလူမျိုးမျာသည် အီဂျစ်ပြည်၌ရှိစဉ်၊ ဖါရောဘုရင်၌ ကျွန်ခံကြရပါသည်။ ဖါရောသည် အလွန်မှကြမ်းကြုပ်ခြင်းကြောင့် ဣသရေလ လူတို့သည် ဘုရားသခင်ထံ ငိုကြွေးးခဲ့ကြပါသည်။ ဘုရားသခင်သည် သူတို့၏ငိုကြွေးးသံကို ကြား၍ သူတို့ကို အီဂျစ် ပြည်မှ ခေါ်ထုတ်ခြင်းကိုဦးဆောင်ရန် မောရှေကို စေလွှတ်ခဲ့သည်။ ဘုရားသခင်က မောရှေအား ဖါရောဘုရင်ထံသွား၍ ပြောခိုင်းသည်မှာ ''ဘုရားသခင်ထာဝရဘုရားက ငါ၏လူတို့သည် တော၌ပွဲခံစေခြင်းငှါ လွှတ်ရမည်ဟု မိန့်တော်မူကြောင်း''ဟူ၍ ဖြစ်သည်။ ဖါရောသည် ခွင့်မပြုပါ။ သူပြောသည်မှာ ''ထာဝရဘုရား၏စကားကို နားထောင်ခြင်းငှါ ထိုဘုရားကား အဘယ်သူနည်း''ဟု ဆို၏။
    ဘုရားသခင်သည် မောရှေအား အီဂျစ်မြေပေါ် ဘေးဒဏ်ကိုးခု(သို့)တရားစီရင်ခြင်းများကို ပြုလုပ်ရန် တန်ခိုးကို ပေးခဲ့သည်။ ဘေးဒဏ် တခုကျရောက်တိုင်း ဖါရောသည် ဣသရေလလူတို့အား ထွက်ခွါရန် ဂတိပြုပါသည်။ မောရှေသည် ဘေးဒဏ်ကို ဖယ်ရှားပေးပြီးနောက် ဖါရောသည် စိတ်ပြောင်းလဲပြီး ထွက်သွားခွင့်မပြုတော့ပါ။
    ထိုနောက် တနေ့တွင် ဘုရားသခင်ကမောရှေအား နောက်ဆုံးဘေးဒဏ်တခု ပြုလုပ်မည်ဖြစ်ကြောင်း ပြောပါသည်။ သေမင်း တမန်တပါး စေလွှတ်ပြီး အိမ်တိုင်းရှိသားဦးများကို ဒဏ်ခတ် သေစေလိမ့်မည်။ ''ထိုအမှုနောက် ဖါရောသည် သင်တို့ကို ဧကန်လွှတ်လိမ့်မည်''
    ဘုရားသခင်သည် သူ၏လူများ၏သားဦးများ မသေရန် စီမံပြုလုပ်ပေးခဲ့ပါသည်။ မိသားစုတစုတိုင်း သိုးသငယ်တကောင်ကို သီးသန့် ထားရန် နှင့်သိုးသည် အပြစ်အနာလုံးဝမရှိရ၊ စုံလင်ရမည် ဖြစ်သည်။ သိုးကိုလေးရက်ထားပြီး သတ်ရမည်။ အသွေးကိုအိမ်၏ တခါး ထုပ်နှင့် တခါးတိုင် တဘက် တချက်တွင် သုတ်ထားရမည်။ ဤအသွေးသည် သားဦးများ သေစေခြင်းမှ ကွယ်ကာလိမ့်မည်။ ဘုရားသခင် ပြောခဲ့ပါသည်။''...ထိုအသွေးကို ငါမြင်သော အခါ၊ သင်တို့ကိုငါလွန်သွားမည်''(ထွက်၊၁၂း၁၃)
    ဘုရားသခင်ပြောခဲ့သည့်အတိုင်း ဖြစ်ခဲ့ပါသည်။ သေမင်းတမန်သည် ထိုပြည်ကို ဖြတ်သွားသောအခါ တခါးတိုင်၌ သိုးအသွေး သုတ်ထားခြင်း မရှိသော အိမ်တိုင်း၏သားဦးများ သေခဲ့ပါသည်။ သိုးအသွေးသုတ်ထားသော အိမ်တိုင်းရှိသားဦးများ မသေပါ။ သူတို့ ဘေးလွှတ်ခြင်း သို့ရောက်ကြသည်။ ဘုရားသခင်၏တရားစီရင်ခြင်းမှ သိုးသငယ်၏အသွေးသည် ကွယ်ကာတော်မူ၏။
    ဘုရားသခင်သည် ကျွန်ုပ်တို့အား ပသခါပွဲအကြောင်းအရာအားဖြင့် ဘာသွန်သင်ပါသနည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သခင်ယေရှု၏ အသွေးတော်သည် သူ၏အပြစ်ဒဏ်စီရင်ခြင်းမှ ကွယ်ကာတော်မူကြောင်းကို သင်တော်မူ၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ သိုးသငယ် ဖြစ်တော်မူသည်။ ကျမ်းစာက ''အကြောင်းမူကား၊ ခရစ်တော်တည်းဟူသော ငါတို့ ပသခါသိုးသငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာ ဖြစ်၏။''ဟု ဆိုသည်။(၁ကော၊၅း၇)
    သခင်ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံသောအခါ ကျွန်ုပ်တို့သည် သူ၏အသွေးအားဖြင့် ကွယ်ကာခြင်းကို ခံရပါသည်။ ဘုရားက ကျွန်ုပ်တို့ ၏နှလုံးသားအတွင်းကို ကြည့်သောအခါ ခရစ်တော်၏အသွေးတော်အား ယုံကြည်ကိုးစားခြင်းကို တွေ့မြင်ပြီး သူက ''သင်၌ ငါ၏ စီရင်ခြင်းသည် မကျရောက်ရ။ ငါသည် သင့်ကို လွန်သွားတော်မူမည်။''ဟုဆိုပါသည်။

ယဇ်ပူဇော်ခြင်းအဖြစ် သိုးသငယ်ယဇ်
    ဣသရေလလူများ အီဂျစ်ပြည်မှထွက်ခွါပြီးနောက် သူတို့ပင်လယ်နီကိုဖြတ်ခဲ့၏။ သိနတောင်တွင် ဘုရားက သူတို့ကိုပညတ်တော် ဆယ်ပါးကို ပေးခဲ့၏။ ပညတ်တော်များက ဘုရားသခင်၏အမြင်၌ အမှားနှင့်အမှန်ကို ဖေါ်ပြခြင်းဖြစ်သည်။ ဣသရေလလူများသည် ဘုရား၏ သန့်ရှင်းသော ပညတ်တော်ကို မစေါင့်ထိန်းပါ။ သူတို၏စိတ်နှလုံး ဆိုးညစ်ကြ၏။ အဓိပ္ပါယ်မှာ သူတို့သည် အပြစ်သားဖြစ်ပြီး သေပြစ်သင့်သော သူ များဖြစ်ကြ၏။ သို့သော် ဘုရားသခင်က သူတို့၏အပြစ်များကို ခွင့်လွှတ်နိုင်ရန် စီမံပြုလုပ်ခဲ့ပါသည်။
    အပြစ်ခွင့်လွှတ်ခြင်း ခံလိုသောသူသည် တဲတော်သို့ သိုးတကောင်ကို ယဇ်ပူဇော်ရန် ယူလာနိုင်ပါသည်။ ထိုသူသည် သူ၏လက်များကို သိုး၏ အပေါ်သို့တင်ပြီး ဤကဲ့သို့သော ''ကျွန်ုပ်သည် အပြစ်ပြုခဲ့သည်။ သို့သော် ဘုရားက ဤသိုးသငယ်ကို ကျွန်ုပ်၏နေရာ၌ အသေခံရန် ခွင့်ပြုတော်မူသည်။'' ဟု ပြောဆိုရပါသည်။ ထိုသိုးသငယ်သည် ထိုသူ၏အပြစ်များအတွက် သေခဲ့ရပါသည်။
    နှစ်ထောင်ပေါင်းများစွာ လူတို့သည် ဘုရားကပြောခဲ့သည့်အတိုင်း တရိစ္ဆာန်ယဇ်များကို ပူဇော်ခဲ့၏။ တရိစ္ဆာန်များ၏အသွေးသည် သူတို့၏အပြစ်များကို မဖယ်နိုင်ခဲ့ပါ။ ဤပူဇော်ခြင်းများက ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံခြင်း၏ ရိုးရှင်းသော ပုံရိပ်များဖြစ်သည်။ ထိုများစွာသောပူဇော်ခြင်းများသည် နောင်တွင်လက်ဝါးကပ်တိုင်ပေါ် ပူဇော်ခဲ့သူ ခရစ်တော်ကို ညွှန်ပြခြင်းသာဖြစ်သည်။
    ဓမ္မဟောင်းခေတ် ယုံကြည်သူများသည် ကျွန်ုပ်တို့ကဲ့သို့ပင် ခရစ်တော်၏လက်ဝါးကပ်တိုင်အပေါ် အသေခံခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ခဲ့ပါသည်။ သို့သော်ခြားနားခြင်း တခုရှိပါသည်။ သူတို့သည် ခရစ်တော်၏အသေခံခြင်းကို ယုံကြည်ခြင်းဖြင့် ရှေ့သို့ မျှော် ကြည့်ပြီး ကယ်တင်ခြင်း သို့ ရောက်ခဲ့ကြပါသည်။ ကျွန်ုပ်တို့ကား ခရစ်တော်အသေခံခဲ့ခြင်းကို နောက်သို့ပြန်ကြည့်၍ သိမှတ်ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းသို့ ရောက်ခဲ့ကြသည်။

ယေရှုသည် ကျွန်ုပ်တို့၏သိုးသငယ် ဖြစ်တော်မူသည်
    ဤသင်ခန်းစာ၌ သင်ခဲ့ရသော အမှန်တရားကြီးတခုမှာ''အသွေး သွန်းလောင်းမရှိလျှင် အပြစ်များခွင့်လွှတ်ခြင်း မရှိ''ဖြစ်သည်။ အဘယ်ကြောင့် သိုးသငယ်တကောင်ကို ကျွန်ုပ်တို့၏ အပြစ်များအတွက် မပူဇော်ရသနည်း။ သင်သည် မေးကောင်းမေးမည်။ အဘယ် ကြောင့်ဆိုသော် ယေရှုသည် ဘုရားသခင်၏ သိုးသငယ်ဖြစ်ပြီး သူသည်ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံခဲ့သောကြောင့် ဖြစ်သည်။ ယေရှုသည် သိုးစစ် ဖြစ်တော်မူပြီး ဓမ္မဟောင်း၏ ပူဇော်မှုပုံရိပ်များ အားလုံးကို ပြည့်စုံစေခဲ့သည်။ နှစ်ခြင်းယောဟန်သည် ယေရှုကို မြင်သော အခါ ''ဤလောက၏အပြစ်ကို ဆောင် သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။''(ယော၊၁း၂၉)။ ဤနေရာ၌ ''ဘုရားသခင်၏ သိုးသငယ်''ကား အဘယ်နည်း။ ယေရှုသည် အပြစ် ဆိုဘွယ်မရှိ၊ စုံလင်ပြည့်စုံသော ကျွန်ုပ်တို့၏ အပြစ်အတွက် ယဇ်ဖြစ်တော်မူသည်။ ယေရှုသည် ကျွန်ုပ်တို့အပြစ်များအတွက် အသေခံခဲ့သော ကြောင့် ယဇ်ကောင်ကို ပူဇော်ရန် ကျွန်ုပ်တို့အတွက် မလိုအပ်တော့ပါ။
    အဘယ်ကြောင့်ဆိုသော် ယေရှုသည် အပြစ်မရှိ၊ အပြစ်နှင့်ကင်းစင်သောကြောင့် ကျွန်ုပ်တို့ကိုယ်စား၊ ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံ နိုင် ခဲ့ပါသည်။ သူသည်ဘုရားသားတော်ဖြစ်ပြီး တလောကလုံး၏အပြစ်များအတွက် အသေခံနိုင်ခဲ့ပါသည်။ ကျမ်းစာက''ထိုသခင်သည် ငါတို့၏အပြစ် မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။''ဟုဆိုသည်။(၁ယော၊၂း၂)
    သခင်ယေရှုသည် နံနက်ကိုးနာရီတွင် လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်းကိုခံရပြီး မွန်းလွှဲသုံးနာရီ၌ သေတော်မူ၏။ ယေရှု မသေမှီ ''အမှုပြီးပြီ''ဟု မိန့်တော်မူခဲ့၏။ ''အမှုပြီးပြီ''ဟု မိန့်တော်မူခြင်းသည် အဘယ်နည်း။ သူသည်လာ၍လုပ်ဆာင်ရန်ရှိသော အလုပ်များကို ပြုလုပ် ပြီးစီးခြင်း ဖြစ်သည်။ သူသည်ကိုယ်တိုင် အပြစ်နှင့်ပတ်သက်၍ အပြစ်ဆိုဘွယ်မရှိ၊ စုံလင်ပြည့်စုံသောယဇ်အဖြစ် ပူဇော်ခဲ့သည်။ အပြစ်များ အတွက် နောက် တခါပူဇော်ရန် ဘယ်သောအခါမျှ မလိုအပ်တော့ပါ။ ကျမ်းစာက''ထိုသခင်မူကား အပြစ်ကို ဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ ၍၊ဘုရားသခင်၏ လင်္ကျာတော်ဘက်၌ အစဉ်အမြဲထိုင်၍၊...အကြောင်းမူကား စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်း အကျိုးကိုရစေခြင်းငှါ၊ တခါတည်း ပူဇော်ခြင်း အားဖြင့် ပြုတော်မူ၏။''ဟု ဆိုသည်။(ဟေဗြဲ၊၁ဝး၁၂၊၁၄)
ကျွန်ုပ်တို့သည် အစဉ်အမြဲ ဖြောင့်မတ်ရာသို့ ရောက်ရပြီး
    ကျမ်းစာက ခရစ်တော်၏အသွေးအားဖြင့် ဖြောင့်မတ်ခြင်းသို့ ရောက်ရ၏။ ဤကား သူ၏လက်ဝါးကပ်တိုင်ပေါ် ကျွန်ုပ်အတွက် အသေခံခြင်း ကြောင့် ဖြစ်သည်။ ဘုရားသခင်၏အမြင်၌ ဖြောင့်မတ်ကြောင်း ကြေညာခြင်းကိုခံရပြီး။ ဘုရားသခင်က အပြစ်မရှိကြောင်း ကြေညာခြင်းဖြစ်သည်။
    ကျွန်ုပ်တို့သည် အပြစ်များစွာပြုခဲ့စဉ် ဘုရားသခင်က ဘယ်ကဲ့သို့ ကျွန်ုပ်တို့၏အပြစ်ကို ခွင့်လွှတ်ခဲ့ပြီး၊ ဖြောင့်မတ်ကြောင်း ကြေညာ နိုင်ခဲ့သနည်း။ ဘုရားသခင်သည် အပြစ်လွှတ်နိုင်ခဲ့ရခြင်းမှာ ခရစ်တော်သည် ကျွန်ုပ်တို့အတွက် အပြစ်အနာအဆာမရှိ၊ စုံလင်ပြည့်စုံသော ယဇ် ဖြစ်ခြင်းကို သူ မြင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်များကို မမြင်ဘဲ နေတော်မမူ။ အပြစ်များကို ခွင့်လွှတ်တော်မူသည်။ အဘယ်ကြောင့် ဆိုသော် အပြစ်အတွက် သွန်းသော သူ၏သားတော်၏အသွေးကို သူ မြင်သောကြောင့် ဖြစ်သည်။ ကျမ်းစာက''...ထိုသားတော်၏အသွေးအားဖြင့် အပြစ် လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။'' ဟုဆိုသည်။(ကော၊၁း၁၄)
    ''သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟု သာ၍မြော်လင့်စရာရှိ၏။''(ရော၊၅း၉)
    ကျွန်ုပ်တို့၏ရန်သူ စာတန်သည် ကျွန်ုပ်တို့အား အပြစ်နှင့်ရှုံးနှိမ့်ခြင်းကို အမှတ်ရစေရန် အလိုရှိသည်။ သူသည် ကျွန်ုပ်တို့အား အပြစ်တင် စွတ်စွဲလိုသည်။ စိတ်တွင်အပြစ်ရှိကြောင်း ခံစားလာအောင်ပြုလုပ်သည်။ ကျွန်ုပ်တို့၌ အပြစ်ရှိသည်မှာ အမှန်ဖြစ်သည်။ ကျွန်ုပ်တို့ ကယ်တင်ခြင်းသို့ ရောက်ခဲ့ပြီးသည် နောက်တိုင်အောင် အမှားများကို ပြောဆိုပြုမူတတ်ပါသည်။ ဘုရားသခင်က ကျွန်ုပ်တို့အပြစ်အတွက် ဘာပြုလုပ်ရမည်ကိုပြောခဲ့ပါသည်။ ကျွန်ုပ်တို့သည်အပြစ်များအတွက် အပြစ်ဝန်ချရမည်။ ခရစ်တော်၏ အသွေးတော်မြတ်ဖြင့် ဆေးကြောပေးရန် ပြောဆိုရပေမည်။ ထိုနောက် ဘုရားသခင် သည် ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်ပြီး ဖြစ်ကြောင်းကို ယုံကြည်ရမည်။ ကျမ်းစာက ''ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။''ဟုဆိုသည်။ (၁ယော၊၁း၇)။ လက်ဝါးကပ်တိုင် ပေါ်တွင် သခင်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များ အားလုံးကို ပေးဆပ်ခဲ့ပြီး။ ကယ်တင်ခြင်းသို့ ရောက်ပြိးနောက် ပြုလုပ်သော အပြစ်များလည်း ပါဝင်သည်။
    စာတန်သည် အပြစ်များအတွက် ညွှန်ပြ၊ပြစ်တင်စွတ်စွဲလာပါက ခရစ်တော်၏အသွေးကို ညွှန်လျှက် ပြန်လည် ချေပနိုင်သည်။ ကျွန်ုပ်တို့သည် ''ဟုတ်တယ်၊ငါအပြစ်ပြုလုပ်တယ်၊သို့သော် ဘုရား၏သားတော် ယေရှုခရစ်၏အသွေးတော်သည် ငါ၏အပြစ်ရှိသမျှကို ဆေးကြောခဲ့ပြီး''ဟု ပြောဆိုနိုင် သည်။ ခွင့်လွှတ်ခဲ့ပြီးသော အပြစ်များကို နောက်တဖန် အပြစ်တင်ခြင်းကို တဖန်ပြန်လည် ဖေါ်ပြလိမ့်မည်မဟုတ်ဟု ဘုရားသခင်က ပြောခဲ့ပြီး။ ထိုသို့ ဘုရားသခင်သည် အခြားသူက အပြစ်တင်ခြင်းကိုလည်း ခွင့်ပြုလိမ့်မည်မဟုတ်ပေ။ ကျမ်းစာက''ဘုရားသခင် ရွေးကောက်တော် မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း။''ဟု ဆို၏။(ရော၊၈း၃၃)
    ဘုရားသခင်၏သိုးသငယ် ယေရှုသည် လက်ဝါးကပ်တိုင်ပေါ် အသေခံခဲ့ခြင်းကြောင့် ကျွန်ုပ်တို့သည် အစဉ်အမြဲ ဖြောင့်မတ်ရာသို့ ရောက်ခဲ့ပြီး။ ဘုရားသခင်ထံသို့လာရန် ကြောက်စရာမလိုတော့ပါ။ ခရစ်တော်၏အသွေးတော်မြတ်ဖြင့် ဘုရားသခင်ထံ ရဲရင့်စွာ ရှေ့တော် မှောက်သို့ လာနိုင်ပေပြီး။ ကျမ်းစာက''ထိုကြောင့် ညီအစ်ကိုတို့...ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီး အတား မရှိ၊ ဝင်ရသောအခွင့် ရှိသဖြင့်၎င်း၊...ငါတို့သည် သစ္စာနှင့်ပြည့်စုံသောသဘောရှိ၍၊ ဝိစိကိစ္ဆာနှင့်ကင်းသော ယုံကြည်ခြင်း၌ တည် လျက် ...အထံတော်သို့ တိုးဝင် ချည်းကပ် ကြကုန်အံ့။''ဟုဆိုသည်။။(ဟေဗြဲ၊၁ဝး၁၉-၂၂)

 
ရှာဖွေတွေ့ရှိခဲ့ရသော သမ္မာကျမ်းစာ ရတနာ
    ယေရှုခရစ်သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် အပြစ်အနာအဆာမရှိ၊ စုံလင်ပြည့်စုံသော ယဇ်တည်းဟူသော ဘုရားသခင်၏ သိုးသငယ် ဖြစ်တော်မူသည်။

 
သင်ခန်းစာ (၄) မေးခွန်းများ
အဖြေမှန်ကို ရွေးပါ။ မေးခွန်းတခုအတွက် ( က သို့ ခ သို့ ဂ ) ဖြစ်ပါသည်။

 
၁။ ဓမ္မဟောင်း ယဇ်ပူဇော်ခြင်း ပုံစံတခုသည်
(က) ဘုရားသခင်၏ ပညတ်ထားသောအရာတပါး ဖြစ်သည်။
(ခ ) သမိုင်းဆိုင်ရာ အမှန်တရား ကို အဓိကပြောဆိုသော အကြောင်းအရာ တခု ဖြစ်သည်။
(ဂ ) တစုံတရာသော ၀ိညာဉ်ရေးရာ သစ္စာတရား သရုပ်ဖေါ်ပုံများ (သို့) ရုပ်ပုံများ ဖြစ်သည်။

 
၂။ အာဒံနှင့်ဧ၀တို့အတွက် သားရေ၀တ်လုံကို ပြုလုပ်ပေးရာ၌ ဘုရားက အပြစ်မဲ့ တိရစ္ဆာန်ကို သေစေခဲ့ပြီး၊ သူတို့၌ သင်ခဲ့သော မဟာ ကျမ်းစာဆိုင်ရာ သစ္စာတရားမှာ
(က) တိရစ္ဆာန်များ၏အသွေးသည် ဒုစရိုက်အပြစ်များကို ဖြေလွှတ်နိုင်သည်။
(ခ ) အသွေးမသွန်းလောင်းလျှင် အပြစ်များ ဖြေလွှတ်ခြင်း မရှိပါ။
(ဂ ) အပြစ်သည် အရေးတကြီး မဟုတ်သလို၊ ဘုရားသခင် လည်း အပြစ်ကို လစ်လျှူ ပြုလိမ့်မည်။

 
၃။ ဘုရားသည် အာဗေလ၏ယဇ်ကို လက်ခံပြီး၊ ကာဣနကို ငြင်းပယ်၏။ ဤ အကြောင်းအရာ၌ ဘုရားက ကျွန်ုပ်တို့ကို သင်သည်မှာ၊
(က) လူ၌ ကောင်းသည်ဟု ယူဆပြီး ပြုလေသမျှသောအရာ အားလုံးကို ဘုရားက လက်ခံလိမ့်မည်။
(ခ ) လူသည် ဘုရားထံ ချည်းကပ်ရာ၌ တလမ်းတည်းသာရှိသည်။ အပြစ်များအတွက် သွန်းတော်မူသော ခရစ်တော်၏အသွေး၌ ကိုးစားခြင်း ဖြစ်သည်။
(ဂ ) အာဗေလသည် ကာဣန ထက်သာ၍ ကောင်းရပေမည်။

 
၎။ ပဿခါ အကြောင်းအရာသည် ကျွန်ုပ်တို့ကို သင်သည်မှာ၊
(က) ယေရှုခရစ်၏အသွေးတော်သည် ဘုရား၏အရားစီရင်ခြင်းမှ ကျွန်ုပ်တို့ကို ကွယ်ကာသည်။
(ခ ) ယုဒလူများအားလုံး သေမင်းတမန်၏ ဖျက်ဆီးခြင်းမှ ကယ်တင်ခြင်း ခံရ၏။
(ဂ ) သားဦးများ ကောင်းသောအသက်တာ၌ အသက်ရှင်သောကြောင့် သေခြင်းမှ ကယ်တင်ခြင်း ခံရ၏။

 
၅။ ဓမ္မဟောင်း ယုံကြည်သူများနှင့် ဓမ္မသစ် ယုံကြည်သူများ တို့ ကယ်တင်ခြင်း ခံရခြင်းမှာ၊
(က) ကောင်းသောအသက်ရှင်ခြင်း၊ ကောင်းသောအသက်တာများ ကြောင့်။
(ခ ) ယေရှုခရစ်၏ ကားတိုင်ပေါ် အသေခံခြင်းကြောင့်။
(ဂ ) ထာဝရဘုရား တပါး၌ ယုံကြည်ခြင်းကြောင့်။

 
၆။ ယနေ့ ကျွန်ုပ်တို့အပြစ်များအတွက် သိုးတကောင်ကို ယဇ်အဖြစ် မပူဇော်တော့ပါ။ အကြောင်းမှာ၊
(က) ယေရှုသည် ဘုရားသခင်၏သိုးစစ် ဖြစ်သည်။ ကျွန်ုပ်တို့အပြစ်များ အားလုံးအတွက် သူ အသေခံ ခဲ့သည်။
(ခ ) အသင်းတော်များ၌ တိရစ္ဆာန် ယဇ်ပြုရန် ပလ္လင်များ မရှိပါ။
(ဂ ) ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဘုရားဖြစ်ပြီး၊ ကျွန်ုပ်တို့၏အပြစ်များကို လစ်လျှူ ပြု၍ ရသည်။

 
၇။ ယေရှုကို ဘုရား၏သိုးသငယ်ဟု ခေါ်ရခြင်းသည်၊
(က) ယေရှုသည် သိုးများကို ကျွန်ုပ်တို့အတွက် ပူဇော်ပေးခဲ့သည်။
(ခ ) သူသည် သိုးထိန်းမရှိသော သိုးတကောင်ကဲ့သို့ ဖြစ်သည်။
(ဂ ) သူသည် ကျွန်ုပ်တို့၏အပြစ်များအတွက် ဘုရားသခင်၏စုံလင်ပြည့်စုံသော၊ အလုံးစုံသော ယဇ် ဖြစ်သည်။

 
၈။ ယေရှု လက်ဝါးကပ်တိုင်ပေါ် "အမှုပြီးပြီ" ဟု ကြွေးကြော်ခဲ့၏။ သူ၏လောကကို ကြွလာရခြင်း အဓိကရည်ရွယ်ကို ကျွန်ုပ်တို့အား ဖေါ်ပြခဲ့၏။
(က) သူ့ကိုယ်ကို ကျွန်ုပ်တို့၏အပြစ်များအတွက် စုံလင်ပြည့်စုံသော၊ အလုံးစုံသော ယဇ် အဖြစ် ပူဇော်ရန် ဖြစ်သည်။
(ခ ) စရိုက်ကောင်းသော ဆရာတဦး ဖြစ်ရန် ဖြစ်သည်။
(ဂ ) နိမိတ် လက္ခဏာများကို ပြုရန် ဖြစ်သည်။

 
၉။ "ဖြောင့်မတ်ရာသို့ရောက်ခြင်း" ဟူသော အဓိပ္ပါယ်မှာ၊
(က) ကောင်းသောအသက်တာ၌ အသက်ရှင်ရန်၊
(ခ ) ကျွန်ုပ်တို့၏အပြစ်များသည် အရေးကြီးကြောင်း ဘုရားသခင်က မမှတ်ယူခြင်း ဖြစ်သည်။
(ဂ ) ဘုရားသခင် ကိုယ်တော်တိုင်က "အပြစ် မရှိ" ဟု ကြော်ညာ စေသည်။

 
၁၀။ ကျွန်ုပ်တို့ အပြစ်လုပ်နေသည့်တိုင် ဘုရားက ကျွန်ုပ်တို့ကို အပြစ်လွှတ်ရခြင်းမှာ၊
(က) ကျွန်ုပ်တို့၏အပြစ်များကို ဘုရားက မမြင်ဟန်ဆောင်နေခြင်း။
(ခ ) ကျွန်ုပ်တို့အတွက် ခရစ်တော်၏စုံလင်ပြည့်စုံသော၊ အလုံးစုံသော ပူဇော်ခြင်းကို ဘုရားသခင်က မြင်တော်မူခြင်းကြောင့်။
(ဂ ) ကျွန်ုပ် မှန်သောအရာများကို အကောင်းဆုံး ကျွန်ုပ် ကျိုးစားလုပ်ဆောင်နေသောကြောင့်။

 
သင်သည် ဤ သင်ခန်းစာကို လေ့လာခဲ့ရပြီး၊ ဘယ်အရာသည် အရေးကြီးဆုံး ဖြစ်ပါသနည်း။




 
Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support